1 Timóteo 4

dnv (DNV) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 နောင်ကာလနှိုက် လူအချို့လို့ဟ ဝါပြောလဲ့ ဝိညာဉ်များရဲ့ စကားဟို နာခံလျက် နတ်ဆိုးလို့ရဲ့ သွန်သင်ချက်များဟို လိုက်နာကာ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို စွန့်လွှတ်ကြလိမ့်မယ်ဟု ဝိညာဉ်တော်ဟ အတိအလင်း ဖော်ပြအယ်။
1 Mas o Espírito expressamente diz que nos últimos tempos apostatarão alguns da fé, dando ouvidos a espíritos enganadores, e a doutrinas de demônios;
2 မိမိလို့ရဲ့ အသိစိတ်တွင် သံပူခတ်ခြင်း ခံရသလို အသိစိတ် ကင်းမဲ့သော သူတော်ကောင်းယောင်ဆောင်တတ်သူလို့ဟ အဲဩဝါဒများဟို ပေးကြအယ်။
2 Pela hipocrisia de homens que falam mentiras, tendo cauterizada a sua própria consciência;
3 အဲသူလို့ဟ လူလို့အား ထိမ်းမြားခြင်း မပြုရန်နဲ့ အချို့သော အစားအစာများဟို ဆှောင်ကြဉ်ကြစေရန် သွန်သင်ကြအယ်။ အားပေမဲ့ ယုံကြည်ယွေ့ သမ္မာတရားဟို သိကျွမ်းသူလို့ဟ ကျေးဇူးတော်ဟို ချီးမွန်းလျက် စားသောက်နိန်ကြစေရန် ဟေအစားအစာများဟို ဘုရားသခင် ဖန်ဆင်းထားအယ်။
3 Proibindo o casamento, e ordenando a abstinência dos alimentos que Deus criou para os fiéis, e para os que conhecem a verdade, a fim de usarem deles com ações de graças;
4 ဘုရားသခင် ဖန်ဆင်းထားသောအရာ ဆိသမျှဟ သုံးဆောင်ထိုက်တာ ဖြစ်ယွေ့ စလို အစားအစာဟိုမျှ ဆှောင်ကြဉ်ရန် မလိုဘဲ အစားအစာ ဆိသမျှဟို ကျေးဇူးတော် ချီးမွန်းလျက် ခံယူရကြမယ်။
4 Porque toda a criatura de Deus é boa, e não há nada que rejeitar, sendo recebido com ações de graças.
5 အကျောန်းမှာ အဲအရာလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း၊ သန့်ဆှင်းစေခြင်းဟို ခံရကြသောကျောန့် ဖြစ်အယ်။
5 Porque pela palavra de Deus e pela oração é santificada.
6 ဟေအကျောန်းအရာများဟို ညီအကိုလို့အား ညွှန်ပြရင် နင်ဟ ယုံကြည်ခြင်းနဲ့ဆိုင်သော တရားစကားနဲ့ နင်လိုက်ဆှောက်လဲ့ ကောင်းသော သွန်သင်ချက်ရဲ့ တရားစကားလို့ဖြင့် ပြုစုပျိုးထောင်ခြင်းဟို ခံရလျက် ခရစ်တော် ယေရှုရဲ့ ကောင်းသော အစေခံ ဖြစ်လိမ့်မယ်။
6 Propondo estas coisas aos irmãos, serás bom ministro de Jesus Cristo, criado com as palavras da fé e da boa doutrina que tens seguido.
7 အားပေမဲ့ ဘုရားတရားနဲ့ မဆိုင်လဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများဟို ဆှောင်လော့။ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအတွက် နင့်တတ်တိုင်း လေ့ကျင့်ပေးလော့။
7 Mas rejeita as fábulas profanas e de velhas, e exercita-te a ti mesmo em piedade;
8 အကျောန်းမှာ ကိုယ်ခန္ဓာနဲ့ဆိုင်သော လေ့ကျင့်မှုဟ ကတစ် အကျိုးဆိအယ်၊ အားပေမဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းမူ အခုဖဝါ့၊ နောင်ဖဝါ့နဲ့ဆိုင်သော ကတိတော် ပါဆိတာဖြစ်ယွေ့ အလုံးစုံလို့အတွက် အကျိုးဆိအယ်။
8 Porque o exercício corporal para pouco aproveita, mas a piedade para tudo é proveitosa, tendo a promessa da vida presente e da que há de vir.
9 ဟေစကားဟ သစ္စာစကား ဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သော စကားဖြစ်အယ်။
9 Esta palavra é fiel e digna de toda a aceitação;
10 အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။
10 Porque para isto trabalhamos e somos injuriados, pois esperamos no Deus vivo, que é o Salvador de todos os homens, principalmente dos fiéis.
11 ဟေအရာလို့ဟို ညွှန်ကြားလျက် သွန်သင်လော့။
11 Manda estas coisas e ensina-as.
12 နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။
12 Ninguém despreze a tua mocidade; mas sê o exemplo dos fiéis, na palavra, no trato, no amor, no espírito, na fé, na pureza.
13 ငါလာလဲ့တိုင်အောန် ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းအားပေးခြင်းနဲ့ သွန်သင်ခြင်းလို့ဟို ဂရုစိုက် လုပ်ဆောင်လော့။
13 Persiste em ler, exortar e ensinar, até que eu vá.
14 အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။
14 Não desprezes o dom que há em ti, o qual te foi dado por profecia, com a imposição das mãos do presbitério.
15 နင်ရဲ့ တိုးပွားမှုဟ လူအပေါင်းလို့ဆေ့နှိုက် ထင်ဆှားရန် အဲအမှုအရာလို့ဟို ကြိုးစားအားထုတ်ယွေ့ ဟေအရာလို့နှိုက် မိမိတတ်တိုင်း နှစ်မြှုပ်ထားလော့။
15 Medita estas coisas; ocupa-te nelas, para que o teu aproveitamento seja manifesto a todos.
16 နင့်တတ်တိုင်း လည်းကောင်း၊ နင်ရဲ့ သွန်သင်ချက်ဟို လည်းကောင်း ဂရုစိုက်ယွေ့ အဲသွန်သင်ချက်လို့နှိုက် အမြဲတည်နေလော။ အကျောန်းမှာ နင်ဟ အဲလိုပြုခြင်းဖြင့် နင့်တတ်တိုင်းနဲ့ နားထောင်သောသူလို့ဟို ကယ်တင်လိမ့်မယ်ဖြစ်သောကျောန့် ဖြစ်အယ်။
16 Tem cuidado de ti mesmo e da doutrina. Persevera nestas coisas; porque, fazendo isto, te salvarás, tanto a ti mesmo como aos que te ouvem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.