1 Timóteo 1
dnv (DNV) vs VC
1 ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်နဲ့ ငါလို့ရဲ့ မျော်လင့်ရာဖြစ်သော ခရစ်တော် ယေရှုရဲ့ အမိန့်အတိုင်း ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —
1 Paulo, apóstolo de Jesus Cristo por ordem de Deus, nosso Salvador, e de Jesus Cristo, nossa esperança,
2 ယုံကြည်ခြင်းအားဖြင့် ငါ့သားအစစ်ဖြစ်သော တိမောသေဆေဟို စာရေးလိုက်အယ်၊
2 a Timóteo, meu verdadeiro filho na fé: graça, misericórdia, paz da parte de Deus Pai e de Jesus Cristo, nosso Senhor!
3 မာကေဒေါနိပြေဟို သွားစဉ်ဟ နင့်ဟို ငါတိုက်တွန်းနှိုးဆော်ခဲ့လဲ့အတိုင်း နင်ဟ ဧဖက်မြို့နှိုက် ဆက်လက်နေထိန်ယွေ့ လူအချို့လို့အား ခြားနားသော ဩဝါဒဟို မသွန်သင်ကြရန် လည်းကောင်း၊
3 Torno a lembrar-te a recomendação que te dei, quando parti para a Macedônia: devias permanecer em Éfeso para impedir que certas pessoas andassem a ensinar doutrinas extravagantes,
4 ဒဏ္ဍာရီများနဲ့ မဆုံးနိန်သော ဆွေစဉ်မျိုးဆက်စာရင်းများဟို အာရုံမစိုက်ကြရန် လည်းကောင်း ညွှန်ကြားလော့။ အဲအရာလို့ဟ ယုံကြည်ခြင်းနှိုက် တည်သော ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများဟိုသာ ဖြစ်စေအယ်။
4 e a preocupar-se com fábulas e genealogias. Essas coisas, em vez de promoverem a obra de Deus, que se baseia na fé, só servem para ocasionar disputas.
5 ဟေလို့ ပညတ်ရခြင်း ရည်ရွယ်ချက်မှာ စင်ကြယ်သော စိတ်နေလုံး၊ ကောင်းသော အသိစိတ်နဲ့ စစ်မန်သော ယုံကြည်ခြင်းလို့မှ ဖြစ်ပေါ်လာလဲ့ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။
5 Esta recomendação só visa a estabelecer a caridade, nascida de um coração puro, de uma boa consciência e de uma fé sincera.
6 လူအချို့လို့ဟ အဲအရာများမှ လွဲချော်ယွေ့ အကျိုးမဲ့သော စကားပြောဆိုခြင်းဘက်ဟို လှည့်သွားကြပီ။
6 Apartando-se desta norma, alguns se entregaram a discursos vãos.
7 သူလို့ဟ မိမိလို့ ပြောဆိုသောအရာများ အဲဟာမဟုတ်ရင် မိမိလို့ အခိုင်အမာ ခံယူထားသောအရာများဟိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြအယ်။
7 Pretensos doutores da lei, que não compreendem nem o que dizem nem o que afirmam.
8 ပညတ်တရားဟို အသုံးပြုသင့်လဲ့အတိုင်း အသုံးပြုရင် ပညတ်တရားဟ ကောင်းမြတ်ကျောန်းဟို ငါလို့ သိကြအယ်။
8 Sabemos que a lei é boa, contanto que se faça dela uso legítimo,
9 ပညတ်တရားဟ ဖြောင့်မတ်သောသူအတွက် ဆိတာမဟုတ်ဘဲ တရားမဲ့သောသူများနဲ့ နာခံမှုမဆိသောသူများ၊ ဘုရားတရားမဲ့သောသူများနဲ့ အပစ်သားများ၊ မသန့်ဆှင်းသောသူများနဲ့ ဘုရားတရားဟို မထီမဲ့မြင်ပြုသောသူများ၊ အဖဟို သတ်သောသူများနဲ့ အမေ့ဟို သတ်သောသူများ၊ လူသတ်သမားများ၊
9 e se tenha em conta que a lei não foi feita para o justo, mas para os transgressores e os rebeldes, para os ímpios e os pecadores, para os irreligiosos e os profanadores, para os que ultrajam pai e mãe, os homicidas,
10 တရားနဲ့မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ ဝါသောသူများ၊ မမန်မကန် သက်သေထွက်ဆိုသောသူများနဲ့ မန်ကန်ပြေ့စုံသော ဩဝါဒဟို ဆန့်ကျင်လဲ့ အခြားအရာအားလုံးအတွက် ဆိကျောန်းဟို ငါလို့ သိကြအယ်၊
10 os impudicos, os infames, os traficantes de homens, os mentirosos, os perjuros e tudo o que se opõe à sã doutrina
11 ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။
11 e ao Evangelho glorioso de Deus bendito, que me foi confiado.
12 ငါ့ဟို ခွန်အားနဲ့ ပြေ့စုံသော ငါလို့ သခင် ခရစ်တော် ယေရှုရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်၊ ပစာကို့ ကိုယ်တော်ဟ ငါ့ဟို အမှုတော် ဆောင်ရွက်ခြင်းအတွက် ခန့်ထားယွေ့ သစ္စာဆိသောသူအဖြစ် မှတ်ယူသောကျောန့် ဖြစ်အယ်။
12 Dou graças àquele que me deu forças, Jesus Cristo, nosso Senhor, porque me julgou digno de confiança e me chamou ao ministério,
13 ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
13 a mim que outrora era blasfemo, perseguidor e injuriador. Mas alcancei misericórdia, porque ainda não tinha recebido a fé e o fazia por ignorância.
14 ငါလို့ သခင်ဘုရားဟ မိမိရဲ့ ကြွယ်ဝသော ကျေးဇူးတော်ဟို ငါ့အပေါ်ဟို သွန်းလောင်းယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါလို့ ရဆိလဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းဟို ငါ့အား ပေးအယ်။
14 E a graça de nosso Senhor foi imensa, juntamente com a fé e a caridade que está em Jesus Cristo.
15 ခရစ်တော် ယေရှုဟ အပစ်သားလို့ဟို ကယ်တင်ရန် ဟေလောကဟို ကြွလာအယ်ဟူသော စကားဟ သစ္စာစကားဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သောစကား ဖြစ်အယ်၊ အဲအပစ်သားများထဲတွင် ငါဟ အဆိုးဆုံး ဖြစ်အယ်။
15 Eis uma verdade absolutamente certa e merecedora de fé: Jesus Cristo veio a este mundo para salvar os pecadores, dos quais sou eu o primeiro.
16 အားပေမဲ့ ငါဟ ကရုဏာတော်ဟို ခံစားရလဲ့အကျောန်းမှာ ခရစ်တော် ယေရှုဟ အဆိုးဆုံးဖြစ်သော ငါနှိုက် ခပ်သိမ်းသော စိတ်ဆှည်သည်းခံခြင်းဟို ပြသခြင်းအားဖြင့် ကိုယ်တော်ဟို ယုံကြည်ယွေ့ ထာဝရ အသက်ရဆိမဲ့သူများအတွက် ငါ့ဟို စံနမူဖြစ်စေရန် ဖြစ်အယ်။
16 Se encontrei misericórdia, foi para que em mim primeiro Jesus Cristo manifestasse toda a sua magnanimidade e eu servisse de exemplo para todos os que, a seguir, nele crerem, para a vida eterna.
17 ထာဝရ ဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကင်းသော မမျော်ရလဲ့ တပါးတည်းသော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းတော်နဲ့ ဂုဏ်တော်ဆိမန့်စေ။ အာမင်။
17 Ao Rei dos séculos, Deus único, invisível e imortal, honra e glória pelos séculos dos séculos! Amém.
18 ငါ့သား တိမောသေ၊ နင်နဲ့ ပတ်သက်ယွေ့ မခင် ပရောဖက်တွေ ဟောထားလဲ့အရာများနဲ့အညီ ဟေညွှန်ကြားချက်ဟို နင့်အား ငါပေးအယ်၊ ဟေဟာဟ နင်သည် ယုံကြည်ခြင်းနဲ့ ကြည်လင်သော အသိစိတ်လို့ဟို စွဲကိုင်လျက် အဲပရောဖက်တွေ ဟောထားလဲ့အရာအားဖြင့် ကောင်းသော တိုက်ပွဲဟို တိုက်ခိုက်နိန်မဲ့အကျောန်း ဖြစ်အယ်။
18 Eis aqui uma recomendação que te dou, meu filho Timóteo, de acordo com aquelas profecias que foram feitas a teu respeito: amparado nelas, sustenta o bom combate,
19 အချို့သောသူလို့ဟ အဲကောင်းသော အသိစိတ်ဟို ပစ်လောကြလဲ့အတွက် ယုံကြည်ခြင်းအရာနှိုက် ပျက်စီးဆုံးရှုံးမှုဟို ခံရကြပီ။
19 com fidelidade e boa consciência, que alguns desprezaram e naufragaram na fé.
20 အဲသူလို့တွင် ဟုမေနဲနဲ့ အလက်ဇန္ဒြားလို့ ပါဝင်ကြအယ်၊ သူလို့ဟ ဘုရားသခင်ဟို ပစ်မားပြောဆိုခြင်း မပြုမဲ့အကျောန်း ဆုံးမခြင်းဟို ခံရကြရန် သူလို့ဟို စာတန်လက်ဟို ငါအပ်လိုက်အယ်။
20 É o caso de Himeneu e Alexandre, que entreguei a Satanás, para que aprendam a não blasfemar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.