1 Pedro 5

dnv (DNV) vs VC

Sair da comparação
VC Versão Católica
1 သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။
1 Eis a exortação que dirijo aos anciãos que estão entre vós; porque sou ancião como eles, fui testemunha dos sofrimentos de Cristo e serei participante com eles daquela glória que se há de manifestar.
2 နင်လို့ဟ မိမိလို့နှိုက် အပ်ထားသော ဘုရားသခင်ရဲ့ သိုးများဟို ဂရုစိုက်ကြလော့။ တာဝန်ဝတ္တရားအရ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အမှုတော်ဟို ဆောင်ရွက်လဲ့ အနေဖြင့် ဝမ်းသာစွာ စောင့်ထိန်းကြလော့။ အဖိုးအခ ရဆိရန်အတွက် မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြလော့။
2 Velai sobre o rebanho de Deus, que vos é confiado. Tende cuidado dele, não constrangidos, mas espontaneamente; não por amor de interesse sórdido, mas com dedicação;
3 နင်လို့အား ခွဲဝေပေးအပ်ထားသော သူလို့အပေါ် စိုးမိုးချယ်လှယ်ခြင်း မလုပ်ဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
3 não como dominadores absolutos sobre as comunidades que vos são confiadas, mas como modelos do vosso rebanho.
4 အေးလို့လုပ်ရင် သိုးထိန်းကြီး ပေါ်လာသောအခါ မှေးမှိန်ခြင်း မဆိသော ဘုန်းအသရေနဲ့ပြေ့စုံလဲ့ သရဖူဟို နင်လို့ ရဆိလိမ့်မယ်။
4 E, quando aparecer o supremo Pastor, recebereis a coroa imperecível de glória.
5 အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။
5 Semelhantemente, vós outros que sois mais jovens, sede submissos aos anciãos. Todos vós, em vosso mútuo tratamento, revesti-vos de humildade; porque Deus resiste aos soberbos, mas dá a sua graça aos humildes {Pr 3,34}.
6 အဲလိုမို့ အချိန်တန်လာသောအခါ နင်လို့ဟို ချီးမြှောက်မဲ့အကျောန်း ဘုရားသခင်ရဲ့ တန်ခိုးကြီးသော လက်တော်အောက်နှိုက် မိမိကိုယ်ကို နှိမ့်ချကြလော့။
6 Humilhai-vos, pois, debaixo da poderosa mão de Deus, para que ele vos exalte no tempo oportuno.
7 ကိုယ်တော်ဟ နင်လို့ဟို ဂရုစိုက်တာ ဖြစ်သောကျောန့် နင်လို့ရဲ့ စိုးရိမ်ပူပန်ခြင်း ဆိသမျှလို့ဟို အထံတော်နှိုက် အပ်နှံကြလော့။
7 Confiai-lhe todas as vossas preocupações, porque ele tem cuidado de vós.
8 သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြလော့။ နင်လို့ရဲ့ ရန်သူတည်းဟူသော မာရ်နတ်ဟ ဟောက်သော ခြင်္သေ့လိုမျိုး ဝါးမျိုရမယ့်သူဟို လှည့်လည်ဆှာဖွေလျက် ဆိအယ်။
8 Sede sóbrios e vigiai. Vosso adversário, o demônio, anda ao redor de vós como o leão que ruge, buscando a quem devorar.
9 နင်လို့ဟ ယုံကြည်ခြင်းနှိုက် ခိုင်ခံ့စွာရပ်တည်လျက် အေးမာရ်နတ်ဟို တားဆီးကြလော့။ ပစာကို့ ကမ္ဘာပေါ်နှိုက်ဆိသော နင်လို့ရဲ့ ညီအကိုများဟလည်း အေးလိုမျိုးသော ဆင်းရဲဒုက္ခများဟို ရင်ဆိုင်ဖြတ်သန်းနေရကျောန်း သိမှတ်ကြလော့။
9 Resisti-lhe fortes na fé. Vós sabeis que os vossos irmãos, que estão espalhados pelo mundo, sofrem os mesmos padecimentos que vós.
10 နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
10 O Deus de toda graça, que vos chamou em Cristo à sua eterna glória, depois que tiverdes padecido um pouco, vos aperfeiçoará, vos tornará inabaláveis, vos fortificará.
11 ကိုယ်တော်ဟ ထာဝရအစဉ် တန်ခိုးကြီးပါစေသော။ အာမင်။
11 A ele o poder na eternidade! Amém.
12 ငါဟ သစ္စာဆိသော ညီအကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတဆင့် စာကတစ်ဟို ရေးလိုက်ခြင်းအားဖြင့် နင်လို့ဟို တိုက်တွန်းနှိုးဆော်ကာ အေးအရာဟ ဘုရားသခင်ရဲ့ စစ်မန်သော ကျေးဇူးတော်ဖြစ်ကျောန်း သက်သေခံအယ်။ နင်လို့ဟ အေးကျေးဇူးတော်နှိုက် ရပ်တည်ကြလော့။
12 Por meio de Silvano, que estimo como a um irmão fiel, vos escrevi essas poucas palavras. Minha intenção é de admoestar-vos e assegurar-vos que esta é a verdadeira graça de Deus, na qual estais firmes.
13 ဘုရားသခင် ရွေးချယ်ခြင်းဟို နင်လို့နည်းတူ ခံရမယ့် ဗာဗုလုန်မြို့အသင်းတော်ဝင်များဟ နင်လို့အား နှုတ်ဆက်လိုက်အယ်။ ငါ့သား မာကုဟလည်း နှုတ်ဆက်လိုက်အယ်။
13 A igreja escolhida de Babilônia saúda-vos, assim como também Marcos, meu filho.
14 နင်လို့ အချင်းချင်း တယောက်ဟို တယောက် ခရစ်ယာန် မေတ္တာဖြင့် နမ်းလျက် နှုတ်ဆက်ကြလော့။
14 Saudai-vos uns aos outros com o ósculo afetuoso. A paz esteja com todos vós que estais em Cristo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Pedro 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.