1 Pedro 4

dnv (DNV) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။
1 Ora, pois, já que Cristo padeceu por nós na carne, armai-vos também vós com este pensamento: que aquele que padeceu na carne já cessou do pecado,
2 အေးဟာဟ လောကတွင် အသက်ဆှင်ရမဲ့ ကျန်ဆိသေးသော အချိန်ကာလဟို လူလို့ရဲ့ တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် အသက်ဆှင်နိန်ရန် ဖြစ်အယ်။
2 para que, no tempo que vos resta na carne, não vivais mais segundo as concupiscências dos homens, mas segundo a vontade de Deus.
3 အကျောန်းမှာ လူမျိုးခြားလို့ရဲ့ ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယဇ်ခြင်း၊ အပျော်လွန်ကျုးခြင်း၊ သောက်စားခြင်းနဲ့ ပညတ်တရားဟ တားမြစ်ထားလဲ့ ရုပ်တုကိုးကွယ်ခြင်းလို့တွင် ကျင်လည်ခဲ့လဲ့ လွန်ခဲ့သောအချိန်ဟ နင်လို့အတွက် လောက်ပေအယ်။
3 Porque é bastante que, no tempo passado da vida, fizéssemos a vontade dos gentios, andando em dissoluções, concupiscências, borracheiras, glutonarias, bebedices e abomináveis idolatrias;
4 အခုမှာ နင်လို့ဟ အေးလိုမျိုးသော လွန်ကဲလဲ့ အပျော်ကြူးခြင်းနှိုက် သူလို့နဲ့အတူ မပါဝင်ကြသောကျောန့် သူလို့ဟ အံ့ဩလျက် စော်ကားပြောဆိုကြအယ်။
4 e acham estranho não correrdes com eles no mesmo desenfreamento de dissolução, blasfemando de vós,
5 အဲလိုလဲ အသက်ဆှင်သောသူနဲ့ သေသောသူလို့ကို တရားစီရင်ရန် အသင့်ဆိသော ဘုရားသခင်အား သူလို့တတ်တိုင်း ဖြေဆှင်းချက်ပေးရမယ်။
5 os quais hão de dar conta ao que está preparado para julgar os vivos e os mortos;
6 အေးအကျောန်းကျောန့် သေသောသူလို့ဟိုလည်း သတင်းကောင်းဟို ဟောပြောလေအယ်။ အေးဟာဟ သူလို့သည် သွေးသားနှိုက် လူသားအနေဖြင့် တရားစီရင်ခြင်းဟို ခံရပေမဲ့လည်း ဝိညာဉ်ဟ ဘုရားသခင်အားဖြင့် အသက်ဆှင်ကြရန် ဖြစ်အယ်။
6 porque, por isto, foi pregado o evangelho também aos mortos, para que, na verdade, fossem julgados segundo os homens, na carne, mas vivessem segundo Deus, em espírito.
7 ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
7 E já está próximo o fim de todas as coisas; portanto, sede sóbrios e vigiai em oração.
8 ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။
8 Mas, sobretudo, tende ardente amor uns para com os outros, porque o amor cobrirá a multidão de pecados,
9 ညည်းညူခြင်း မဆိဘဲ အချင်းချင်း ဧည့်ဝတ်ကျေပွန်ကြလော့။
9 sendo hospitaleiros uns para os outros, sem murmurações.
10 နင်လို့ တဦးစီဟ မိမိခံစားရဆိလဲ့ ဆုကျေးဇူးအလျောက် ဘုရားသခင်ရဲ့ အမျိုးမျိုးသော ကျေးဇူးတော်နဲ့ဆိုင်လဲ့ ကောင်းသော ဘဏ္ဍာစိုးများလိုမျိုး အေးဆုကျေးဇူးအားဖြင့် အချင်းချင်း ကူညီဆောင်ရွက် ပေးကြလော့။
10 Cada um administre aos outros o dom como o recebeu, como bons despenseiros da multiforme graça de Deus.
11 ဟောပြောသောသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူဟ ဘုရားသခင် ပြင်ဆင်ပေးသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ အေးစာဟ ဘုရားသခင်သည် အရာအားလုံးနဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုန်းတော်ထင်ဆှားမဲ့အကျောန်း ဖြစ်အယ်။ အေးသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေနဲ့ တန်ခိုးအရှိန်အဝါ ဆိပါစေသော။ အာမင်။
11 Se alguém falar, fale segundo as palavras de Deus; se alguém administrar, administre segundo o poder que Deus dá, para que em tudo Deus seja glorificado por Jesus Cristo, a quem pertence a glória e o poder para todo o sempre. Amém!
12 ချစ်လှစွာသော မိတ်ဆွေလို့၊ နင်လို့ဟို စစ်ဆေးရန် နင်လို့ဆေ ကျရောက်လာမဲ့ ဆင်းရဲဒုက္ခမီးဟို နင်လို့နှိုက် ထူးဆန်းသောအရာ ဖြစ်ပျက်လာသလိုမျိုး အံ့ဩခြင်း မဆိကြနဲ့။
12 Amados, não estranheis a ardente prova que vem sobre vós, para vos tentar, como se coisa estranha vos acontecesse;
13 ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။
13 mas alegrai-vos no fato de serdes participantes das aflições de Cristo, para que também na revelação da sua glória vos regozijeis e alegreis.
14 နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။
14 Se, pelo nome de Cristo, sois vituperados, bem-aventurados sois, porque sobre vós repousa o Espírito da glória de Deus.
15 နင်လို့တွင် လူသတ်သမားအဖြစ် ဖြစ်စေ၊ သူခိုးအဖြစ် ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ် ဖြစ်စေ၊ သူတပါးအမှုနှိုက် ဝင်ရောက်စွက်ဖက်သူအဖြစ် ဖြစ်စေ၊ ဆင်းရဲဒုက္ခခံရမယ့်သူ တစုံတဦးမှ မဆိစေနဲ့။
15 Que nenhum de vós padeça como homicida, ou ladrão, ou malfeitor, ou como o que se entremete em negócios alheios;
16 စလိုဖြစ်ဖြစ် တစုံတယောက်ဟ ခရစ်ယာန်အဖြစ် ဆင်းရဲဒုက္ခခံစားရရင် ဆှက်ကြောက်ခြင်း မဆိစေဘဲ အေးနာမကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွမ်းပါစေ။
16 mas, se padece como cristão, não se envergonhe; antes, glorifique a Deus nesta parte.
17 အကျောန်းမှာ တရားစီရင်ခြင်းဟို ဘုရားသခင်ရဲ့ အိုင်တော်မှ အစပြုမဲ့အချိန် ရောက်လေပီ။ အေးလို့ ငါလို့ဆေမှ အစပြုမယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းဟို နားမထောင်သော သူလို့ရဲ့ အဆုံးဟ စလိုဖြစ်လိမ့်မလုန်း။
17 Porque já é tempo que comece o julgamento pela casa de Deus; e, se primeiro começa por nós, qual será o fim daqueles que são desobedientes ao evangelho de Deus?
18 ကျမ်းစာနှိုက်
18 E, se o justo apenas se salva, onde aparecerá o ímpio e o pecador?
19 အေးလိုမို့ ဘုရားသခင်ရဲ့ အလိုတော်အရ ဆင်းရဲဒုက္ခ ခံစားရသောသူဟ ကောင်းသောအမှု ပြုလုပ်ရာနှိုက် မိမိလို့ရဲ့ စိတ်ဝိညာဉ်ဟို သစ္စာနဲ့ပြေ့စုံသော ဖန်ဆင်းဆှင်ဆေဟို အပ်နှံထားကြစေ။
19 Portanto, também os que padecem segundo a vontade de Deus encomendem- lhe a sua alma, como ao fiel Criador, fazendo o bem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Pedro 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.