1 Coríntios 7
dnv (DNV) vs VC
1 အခု၊ နင်လို့ဟ ငါ့ဆေ ပေးလိုက်သော စာနှိုက် ပါဆိလဲ့အရာနဲ့ ပတ်သက်ပင်း ဖြေကြားမယ်။
1 Agora, a respeito das coisas que me escrevestes. Penso que seria bom ao homem não tocar mulher alguma.
2 အားပေမဲ့ မတရားသော မေထုန်မှု ရမ်းဆာ့များပြား နေသဖြင့်၊ ယောက်ျားတိုင်း မိမိမယား ဆိစေလော့။ မိန်းမတိုင်း လင်ဆိစေလော့။
2 Todavia, considerando o perigo da incontinência, cada um tenha sua mulher, e cada mulher tenha seu marido.
3 ဖိုးအိုဟ ဆက်ဆံခြင်းဝတ်ဟို မိမိပေါင်အိုမအား ပြုသင့်အယ်။ ပေါင်အိုမဟလည်း မိမိဖိုးအိုအား အဲတိုင်းတိုင်း ပြုရမယ်။
3 O marido cumpra o seu dever para com a sua esposa e da mesma forma também a esposa o cumpra para com o marido.
4 ပေါင်အိုမဟ မိမိကိုယ်ခန္ဓာဟို မပိုင်၊ ဖိုးအိုဟ ပိုင်အယ်။ အဲတိုင်းတိုင်း ဖိုးအိုဟလည်း မိမိကိုယ်ခန္ဓာဟို မပိုင်၊ ပေါင်အိုမဟ ပိုင်အယ်။
4 A mulher não pode dispor de seu corpo: ele pertence ao seu marido. E da mesma forma o marido não pode dispor do seu corpo: ele pertence à sua esposa.
5 နင်လို့ဟ ဆုတောင်းခြင်းအတွက် အချိန်ပေးရန် ကြိုတင် သဘောတူညီချက်အရ ခဏငံ့ခြင်းမှ တပါး မိမိလို့ရဲ့ လင်မယားဝတ်များဟို မပျက်မကွက်ကြစေနဲ့။ အဲပင်းရင် ပုံမန်တိုင်း လင်မယားဝတ်ဟို ပြန်လည်စတင်မန့်။ ဟေနည်းအားဖြင့် မိမိလို့ရဲ့ စိတ်ဟို ချုပ်တည်းနိန်လျက် စာတန် စုံစမ်းသွေးဆောင်ခြင်းဟို ခံနိန်လိမ့်မယ်။
5 Não vos recuseis um ao outro, a não ser de comum acordo, por algum tempo, para vos aplicardes à oração; e depois retornai novamente um para o outro, para que não vos tente Satanás por vossa incontinência.
6 ဟေသို့ဆိုရာ ငါဟ နင်လို့အား အမိန့်ပေးခြင်း မဟုတ်၊ ခွင့်ပြုခြင်းသာ ဖြစ်အယ်။
6 Isto digo como concessão, não como ordem.
7 အမန်စင်စစ် ငါဟ လူတိုင်းဟို ငါ့လိုပင် ဖြစ်စေလိုအယ်။ အားပေမဲ့ ဘုရားသခင်ဟ လူတဦးစီအား ထူးခြားလဲ့ ဆုကျေးဇူး အသီးသီးဟို ပေးအယ်။
7 Pois quereria que todos fossem como eu; mas cada um tem de Deus um dom particular: uns este, outros aquele.
8 အဲလိုမို့ အိုင်ထောင်မဆိသူများနဲ့ မုဆိုးမများအား ငါတိုင်းတိုင်း တကိုယ်တည်း ဆက်လက် နေထိန်နိန်ရင် ပိုပင်း ကောင်းလိမ့်မယ်။
8 Aos solteiros e às viúvas, digo que lhes é bom se permanecerem assim, como eu.
9 အားပေမဲ့ နင်လို့ရဲ့ စိတ်ဟို မချုပ်တည်းနိန်ရင် အိုင်ထောင်ပြုသင့်အယ်။ ကိလေသာစိတ် ပူလောင်ခြင်း ဆိတာထက် အိုင်ထောင်ပြုခြင်းဟ ပိုပင်း ကောင်းအယ်။
9 Mas, se não podem guardar a continência, casem-se. É melhor casar do que abrasar-se.
10 အိုင်ထောင်သည်များအား ငါပညတ် လိုအယ်။ ဟေပညတ်မှာ ငါရဲ့ ပညတ် မဟုတ်ဘဲ သခင်ဘုရားရဲ့ ပညတ်ဖြစ်အယ်။ ပေါင်အိုမဟ မိမိဖိုးအိုနဲ့ ခွဲခွာယွေ့ မနေရ။
10 Aos casados mando {não eu, mas o Senhor} que a mulher não se separe do marido.
11 ခွဲခွာယွေ့ နေလျှင်လည်း နောက်ထပ် အိုင်ထောင်မပြုဘဲ နေရမယ်၊ အဲဟာမဟုတ်ရင် မိမိဖိုးအိုနဲ့ ပြန်လည်ယွေ့ ပေါင်းသင်းရမယ်။ ဖိုးအိုဟလည်း မိမိပေါင်အိုမဟို မကွာဆှင်းရ။
11 E, se ela estiver separada, que fique sem se casar, ou que se reconcilie com seu marido. Igualmente, o marido não repudie sua mulher.
12 သခင်ဘုရားရဲ့ ပညတ်ချက် မဟုတ်သော်လည်း အခြားသူလို့အား ငါပညတ်လိုတာဟ ယုံကြည်သူ အမျိုးသားတယောက်ဟ မယုံကြည်သူ ပေါင်အိုမ ဆိပင်း အဲပေါင်အိုမဟ သဘောတူပေါင်းသင်း နေထိန်လိုရင် သူ့အား မကွာစေနဲ့။
12 Aos outros, digo eu, não o Senhor: se um irmão desposou uma mulher pagã {sem a fé} e esta consente em morar com ele, não a repudie.
13 အဲတိုင်းတိုင်း ယုံကြည်သူအမျိုးသမီးဟ မယုံကြည်သူ ဖိုးအို ဆိယွေ့ အဲဖိုးအိုဟ ဆက်လက် ပေါင်းသင်းနေထိန်လိုရင် သူ့အား မကွာစေနဲ့။
13 Se uma mulher desposou um marido pagão e este consente em coabitar com ela, não repudie o marido.
14 အကျောန်းမှာ ယုံကြည်သူ မဟုတ်သော ယောက်ျားဟ မိမိပေါင်အိုမအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ ယုံကြည်သူ မဟုတ်သော မိန်းမဟလည်း မိမိဖိုးအိုအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ အားမဟုတ်ရင် သူလို့ရဲ့ လူပဲ့သငယ်လို့ဟ ညစ်ညူးကြလိမ့်မယ်။ အားပေမဲ့ သူလို့ဟ သန့်ဆှင်းကြအယ်။
14 Porque o marido que não tem a fé é santificado por sua mulher; assim como a mulher que não tem a fé é santificada pelo marido que recebeu a fé. Do contrário, os vossos filhos seriam impuros quando, na realidade, são santos.
15 အားပေမဲ့ မယုံကြည်သူဖက်မှ ကွဲကွာလိုရင် ကွဲကွာစေ။ အဲသို့သော အခြေနေမျိုးတွင် ယုံကြည်သူယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ အနှောင်အဖွဲ့ ကင်းအယ်။ ဘုရားသခင်ဟ နင်လို့အား ငြိမ်းချမ်းမှု ရဆိစေရန် ခေါ်ယူထားအယ်။
15 Mas, se o pagão quer separar-se, que se separe; em tal caso, nem o irmão nem a irmã estão ligados. Deus vos chamou a viver em paz.
16 အချင်းမိန်းမ၊ နင်ဟ မိမိဖိုးအိုဖြစ်သူဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။ အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။
16 Aliás, como sabes tu, ó mulher, se salvarás o teu marido? Ou como sabes tu, ó marido, se salvarás a tua mulher?
17 လူအသီးသီးလို့ဟ သခင်ဘုရား ပေးတော်မူလဲ့ ဆုကျေးဇူးများနဲ့အညီ ဘုရားသခင် ခေါ်စဉ် ဆိခဲ့လဲ့ အခြေနေအတိုင်း ဆက်လက်ယွေ့ အသက်ဆှင်ရာ ဖြစ်အယ်။ ဟေနည်းအတိုင်း အသင်းတော်တိုင်းဟို ငါသွန်သင်အယ်။
17 Quanto ao mais, que cada um viva na condição na qual o Senhor o colocou ou em que o Senhor o chamou. É o que recomendo a todas as igrejas.
18 အရေဖျားလှီးခြင်းဟို ခံရသောသူဟ ရွေးကောက်ခြင်း ခံရရင် အရေဖျားလှီးခြင်းဟို ပယ်ဆှားရန် မလို။ အရေဖျားလှီးခြင်းဟို မခံယူခဲ့သူဟ ရွေးကောက်ခြင်း ခံရရင် အရေဖျားလှီးခြင်းဟို ခံယူရန် မလို။
18 O que era circunciso quando foi chamado {à fé}, não dissimule sua circuncisão. Quem era incircunciso, não se faça circuncidar.
19 အရေဖျားလှီးခြင်းအားဖြင့် အကျိုးမဆိ၊ အရေဖျားလှီးခြင်းဟို မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမဆိ။ ဘုရားသခင်ရဲ့ ပညတ်တော်များဟို နာခံခြင်းအားဖြင့်သာ အကျိုးဆိအယ်။
19 A circuncisão de nada vale, e a incircuncisão de nada vale, o que importa é a observância dos mandamentos de Deus.
20 လူတိုင်းပင် ဘုရားသခင် ခေါ်ခြင်း ခံရလဲ့ အခြေနေနှိုက် ဆက်ယွေ့ တည်နေပါစေ။
20 Cada um permaneça na profissão em que foi chamado por Deus.
21 အစေခံ ဖြစ်ယွေ့ ခေါ်ခြင်းဟို ခံရသောအခါ စိုးရိမ်ခြင်း မဆိနဲ့။ အားပေမဲ့ လွတ်ခြင်းသို့ ရောက်နိန်ရင် လွတ်ရသောအခွင့်ဟို ယူလော့။
21 Eras escravo, quando Deus te chamou? Não te preocupes disto. Mesmo que possas tornar-te livre, antes cuida de aproveitar melhor o teu chamamento.
22 အကျောန်းမှာ ကျွန်ဖြစ်စဉ် သခင်ဘုရား ခေါ်ခြင်းဟို ခံရသောသူဟ သခင်ဘုရားရဲ့ လူလွတ် ဖြစ်အယ်။ အဲတိုင်းတိုင်း လူလွတ်ဖြစ်စဉ် ခေါ်ခြင်းဟို ခံရသောသူဟ ခရစ်တော်ရဲ့ ကျွန် ဖြစ်အယ်။
22 Pois o escravo, que foi chamado pelo Senhor, conquistou a liberdade do Senhor. Da mesma forma, quem era livre por ocasião do chamado, fez-se escravo de Cristo.
23 နင်လို့ဟို ဘုရားသခင်ဟ အဖိုးအခ ပေးယွေ့ ဝယ်ယူထားသဖြင့် လူလို့ဆေ ကျွန်မခံကြနဲ့။
23 Por alto preço fostes comprados, não vos torneis escravos de homens.
24 ညီအကို မောင်နှမလို့၊ နင်လို့ဟ ခေါ်ခြင်းဟို ခံရစဉ်ဟ ဆိခဲ့လဲ့ အခြေအနေနှိုက်ပင် ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့လျက် ဆက်လက် နေထိန်ရကြအယ်။
24 Irmãos, cada um permaneça diante de Deus na condição em que estava quando Deus o chamou.
25 နင်လို့ စာရေး မေးမြန်းလဲ့ အိုင်ထောင်မပြုသူများနဲ့ ပတ်သက်ယွေ့ ငါပြောမဲ့စကားဟ ငါ့အား သခင်ဘုရား မိန့်ချက်အရ ပြောသောစကား မဟုတ်၊ အားပေမဲ့ သခင်ဘုရားရဲ့ သနားခြင်းကျောန့် သစ္စာဆိသူ တယောက်အနေဖြင့် ငါရဲ့ ထင်မြင်ချက်ဟို ဖော်ပြလိုက်အယ်။
25 A respeito das pessoas virgens, não tenho mandamento do Senhor; porém, dou o meu conselho, como homem que recebeu da misericórdia do Senhor a graça de ser digno de confiança.
26 အခု ကြုံတွေ့နေရလဲ့ စိတ်ပင်ပန်းခြင်းကျောန့် လူတယောက်ဟ ဆိမြဲ အခြေနေအတိုင်း ဆက်လက် နေထိန်ရင် ကောင်းအယ်။
26 Julgo, pois, em razão das dificuldades presentes, ser conveniente ao homem ficar assim como é.
27 နင်ဟ ပေါင်အိုမဆိရင် လွတ်စေခြင်းဖို့ မကြံစည်နဲ့။ ပေါင်အိုမ မဆိရင် ပေါင်အိုမဟို မဆှာနဲ့။
27 Estás casado? Não procures desligar-te. Não estás casado? Não procures mulher.
28 အားပေမဲ့ အိုင်ထောင်ပြုရင် အပစ်တစုံတရာ ကျူးလွန်ခြင်း မဟုတ်၊ အိုင်ထောင်မဆိလဲ့ မိန်းမဟ အိုင်ထောင်ပြုခဲ့သော် စလို အပစ်ဟိုမျှ မကျူးလွန်။ အားပေမဲ့ အိုင်ထောင်သည်လို့ နေ့စဉ် တွေ့ကြုံရမဲ့ ဆင်းရဲဒုက္ခများနဲ့ နင်လို့အား ကင်းစေလိုယွေ့ ဟေသို့ ငါပြောရခြင်း ဖြစ်အယ်။
28 Mas, se queres casar-te, não pecas; assim como a jovem que se casa não peca. Todavia, padecerão a tribulação da carne; e eu quisera poupar-vos.
29 ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့တည်း အချိန်ကာလ ကုန်ဆုံးတော့မယ်။ အခုမှစယွေ့ အိုင်ထောင်သည်ယောက်ျားများဟ အိုင်ထောင်မဆိသလို နေရမယ်။
29 Mas eis o que vos digo, irmãos: o tempo é breve. O que importa é que os que têm mulher vivam como se a não tivessem;
30 ငိုကြွေးသူများဟ မငိုကြွေးသလို၊ ရယ်မောသူများဟ မရယ်မောသလို လည်းကောင်း ဖြစ်ရမယ်။ ဥစ္စာပစ္စည်း ဝယ်ယူသူများဟ အဲဥစ္စာပစ္စည်းဟို မပိုင်သလို ဖြစ်ရမယ်။
30 os que choram, como se não chorassem; os que se alegram, como se não se alegrassem; os que compram, como se não possuíssem;
31 ဟေလောကအရာဟို သုံးသောသူဟ မသုံးသလို ဖြစ်ရမယ်။ ပစာကို့ ဟေလောကရဲ့ အဆင်းသဏ္ဌာန်ဟ ရွေ့သွားကွယ်ပျောက် တတ်အယ်။
31 os que usam deste mundo, como se dele não usassem. Porque a figura deste mundo passa.
32 နင်လို့ဟ စိုးရိမ်ခြင်းနဲ့ ကင်းလွတ်စေဖို့ ငါ အလိုဆိအယ်။ ဖိုးအို မဆိသောသူဟ သခင်ဘုရားရဲ့ စိတ်တော်နဲ့ တွေ့စေခြင်းငှာ သခင်ဘုရားရဲ့ အမှုတော်ဟို အလေးနက် ထားတတ်အယ်။
32 Quisera ver-vos livres de toda preocupação. O solteiro cuida das coisas que são do Senhor, de como agradar ao Senhor.
33 အားပေမဲ့ အိုင်ထောင်သည်ယောက်ျားဟတော့ မိမိရဲ့ ပေါင်အိုမ နှစ်သက်စေရန် စိတ်ဆန္ဒ ဆိသဖြင့် လောကီအမှုဟို အလေးအနက် ထားတတ်အယ်။
33 O casado preocupa-se com as coisas do mundo, procurando agradar à sua esposa.
34 အဲကျောန့် သူဟ စိတ်နေခွ ဖြစ်ယွေ့ နေအယ်။ အိုင်ထောင်မဆိလဲ့ မိန်းမ အဲဟာမဟုတ်ရင် အပျိုဖြစ်သူဟ သခင်ဘုရားအား မိမိရဲ့ ခန္ဓာနဲ့ စိတ်ဝိညာဉ်ဟိုပါ ဆက်ကပ်လိုသဖြင့် သခင်ဘုရားရဲ့ အမှုတော်ဟို အလေးနက် ထားတတ်အယ်။ အားပေမဲ့ အိုင်ထောင်သည်မိန်းမဟတော့ မိမိဖိုးအို နှစ်သက်စေရန် စိတ်ဆန္ဒ ဆိသဖြင့် လောကီအမှုဟို အလေးနက် ထားတတ်အယ်။
34 A mesma diferença existe com a mulher solteira ou a virgem. Aquela que não é casada cuida das coisas do Senhor, para ser santa no corpo e no espírito; mas a casada cuida das coisas do mundo, procurando agradar ao marido.
35 ဟေသို့ပြောရခြင်းမှာ နင်လို့ရဲ့ အကျိုးဟို လိုလားသောကျောန့် ပြောခြင်းဖြစ်အယ်။ နင်လို့အား ချုပ်ချယ်သောစိတ်နဲ့ ပြောတာ မဟုတ်။ နင်လို့ဟ သခင်ဘုရားအား အကြွင်းမဲ့ ဆက်ကပ်ဝတ်ပြုခြင်းအားဖြင့် မန်ကန်သော နည်းလမ်းဖြင့် အသက်ဆှင်နိန်ဖို့ ပြောခြင်း ဖြစ်အယ်။
35 Digo isto para vosso proveito, não para vos estender um laço, mas para vos ensinar o que melhor convém, o que vos poderá unir ao Senhor sem partilha.
36 စေ့စပ်ပင်းနောက် ထိမ်းမြားခြင်း မပြုရန် သဘောတူ စိတ်ပိုင်းဖြတ်ထားသူနေဦးနဲ့ ပတ်သက်ယွေ့ ပြောရလျှင် ယောက်ျားဟ မိန်းမအပေါ်တွင် မိမိပြုမူပုံ မသင့်တာဟို သိသောအခါနှိုက် လည်းကောင်း၊ မိမိစိတ်ဟို မထိန်းချုပ်နိန်သောအခါနှိုက် လည်းကောင်း ထိမ်းမြားခြင်းဟို ပြုသင့်အယ်။ ဟေသို့ပြုခြင်းနှိုက် အပစ်မဆိ။
36 Se alguém julga que é inconveniente para a sua filha ultrapassar a idade de casar-se e que é seu dever casá-la, faça-o como quiser: não há falta alguma em fazê-la casar-se.
37 အားပေမဲ့ ယောက်ျားဟ မိမိတတ်တိုင်း အိုင်ထောင်မပြုဘဲနေရန် စိတ်ပိုင်းဖြတ်ပင်း မိမိရဲ့ စိတ်ဟိုလည်း လုံးဝချုပ်ထိန်းနိန်သဖြင့် မိမိနဲ့ဆိုင်သော ငယ်ရွယ်သော မိန်းမနဲ့ အိုင်ထောင်ပြုခြင်းဟို ထိန်းသိမ်းထားရန် မိမိစိတ်ထဲနှိုက် ဆုံးဖြတ်ထားပါဟ သူဟ ပိုယွေ့ ကောင်းအယ်။
37 Mas aquele que, sem nenhum constrangimento e com perfeita liberdade de escolha, tiver tomado no seu coração a decisão de guardar a sua filha virgem, procede bem.
38 အဲလိုမို့ မိမိနဲ့ စေ့စပ်ထားသူ မိန်းမပျိုနဲ့ လက်ထပ်ခြင်းအမှုဟ ကောင်းအယ်၊ အားပေမဲ့ ထိမ်းမြားခြင်းမပြုသူဟလည်း သာယွေ့ ကောင်းအယ်။
38 Em suma, aquele que casa a sua filha faz bem; e aquele que não a casa, faz ainda melhor.
39 မိန်းမဖြစ်သူဟ မိမိရဲ့ ဖိုးအို အသက်ဆှင်စဉ် ကာလပတ်လုံး ချည်နှောင်မှု ဆိအယ်။ အားပေမဲ့ ဖိုးအိုဆုံးသွားသောအခါနှိုက် မိမိနှစ်သက်သောသူ စသူနဲ့မဆို ထိမ်းမြားလက်ထပ်နိန်အယ်။ အားပေမဲ့ လက်ထပ်မှုဟ ယုံကြည်သူအချင်းချင်း လက်ထပ်မှုသာ ဖြစ်ရမယ်။
39 A mulher está ligada ao marido enquanto ele viver. Mas, se morrer o marido, ela fica livre e poderá casar-se com quem quiser, contanto que seja no Senhor.
40 အဲမိန်းမဟ အိုင်ထောင်မပြုဘဲနေရင် သာယွေ့ မင်္ဂလာဆိအယ်။ ဟေဟ ငါရဲ့ ထင်မြင်ယူဆချက် ဖြစ်အယ်။ ငါဟလည်း ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူဖြစ်အယ်ဟု ငါ ထင်မှတ်အယ်။
40 Contudo, na minha opinião, ela será mais feliz se permanecer como está. E creio que também eu tenho o Espírito de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.