1 Coríntios 10
dnv (DNV) vs ARIB
1 ညီအကို မောင်နှမလို့၊ မောရှေ ယိုးသော ငါလို့ရဲ့ ဘိုးဘေးများ အကျောန်းဟို သတိရစေလိုအယ်။ သူလို့ဟ မိုးချေးသားတုန်းရဲ့ အကွယ်အကာ ရယွေ့ ပင်လယ်နီဟို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခဲ့ကြအယ်။
1 Pois não quero, irmãos, que ignoreis que nossos pais estiveram todos debaixo da nuvem, e todos passaram pelo mar;
2 သူလို့ဟ အေးမိုးချေးသားတုန်းနဲ့ ပင်လယ်ထဲနှိုက် မောရှေရဲ့ တဘဲ့များအဖြစ် နှစ်ခြင်း ခံယူကြအယ်။
2 e, na nuvem e no mar, todos foram batizados em Moisés,
3 သူလို့အားလုံးပင် ဓမ္မအစာတမျိုးတည်းဟို စားရကြအယ်။
3 e todos comeram do mesmo alimento espiritual;
4 ဓမ္မယေတမျိုးတည်းဟို သောက်ရကြအယ်။ သူလို့အားလုံးပင် မိမိလို့နဲ့ လိုက်ပါလာသော ဓမ္မကျောက်မှ ယေဟို သောက်သုံးကြအယ်၊ အဲကျောက်ဟ ခရစ်တော်ပင် ဖြစ်အယ်။
4 e beberam todos da mesma bebida espiritual, porque bebiam da pedra espiritual que os acompanhava; e a pedra era Cristo.
5 အားပေမဲ့ အဲသူလို့အနက် များစွာသော လူလို့ဟို ဘုရားသခင် နှစ်သက်တော်မမူ။ အဲကျောန့် သူလို့ဟ တောကန္တာရနှိုက် သေကြေပျက်စီးကြအယ်။
5 Mas Deus não se agradou da maior parte deles; pelo que foram prostrados no deserto.
6 ဟေဥပမာဟ ဆိုးညစ်မှုများဟို အဲသူလို့ ပြုလုပ်သလို ငါလို့ မပြုလုပ်ကြစေရန်၊
6 Ora, estas coisas nos foram feitas para exemplo, a fim de que não cobicemos as coisas más, como eles cobiçaram.
7 ကျမ်းစာတွင် “လူလို့ဟ ထိန်ယွေ့ စားသောက်ကြပင်းနောက် သောက်ကြူးလျက် မြူးတူးပျော်ပါးကြအယ်” ဟု ပါဆိတာနဲ့အညီ၊ အချို့လို့ဟ ရုပ်တုဟို ပူဇော်ပသကြသလို ငါလို့ မပူဇော်မပသကြစေရန် သတိပေးခြင်းပင် ဖြစ်အယ်။
7 Não vos torneis, pois, idólatras, como alguns deles, conforme está escrito: O povo assentou-se a comer e a beber, e levantou-se para folgar.
8 ငါလို့ဟ အဲသူအချို့လို့ကဲ့သို့ မတရားသောမေထုန်ဟို မပြုကြနဲ့။ အဲအပစ်ဟို ကျူးလွန်သောသူလို့အနက် တရက်အတွင်း လူ ၂၃,၀၀၀ မျှ သေကြအယ်။
8 Nem nos prostituamos, como alguns deles fizeram; e caíram num só dia vinte e três mil.
9 ငါလို့ဟ အေးသူအချို့လို့ကဲ့သို့ သခင်ဘုရားဟို မစုံစမ်းကြနဲ့။ သူလို့ဟ မြွေကိုက်ယွေ့ သေခဲ့ကြလေပီ။
9 E não tentemos o Senhor, como alguns deles o tentaram, e pereceram pelas serpentes.
10 နင်လို့ဟ အေးသူတချို့လို့ကဲ့သို့ အပစ်မတင်ကြနဲ့။ သူလို့ဟ သေမင်းတမန် လက်ချက်ဖြင့် ပျက်စီးရကြအယ်။
10 E não murmureis, como alguns deles murmuraram, e pereceram pelo destruidor.
11 အဲသူလို့နှိုက် ဟေသို့ ဖြစ်ပျက်ရခြင်းမှာ အခြားသူလို့ ပုံဥပမာ ရဆိစေရန် ဖြစ်အယ်။ ငါလို့ဟ ကပ်ကမ္ဘာကုန်ဆုံးရန် နီးချိန်နှိုက် အသက်ဆှင်ရကြသူများ ဖြစ်သောကျောန့် ငါလို့အား သတိပေးလဲ့ အနေဖြင့် ကျမ်းစာတွင် ရေးသားထားခြင်း ဖြစ်အယ်။
11 Ora, tudo isto lhes acontecia como exemplo, e foi escrito para aviso nosso, para quem já são chegados os fins dos séculos.
12 အဲကျောန့် နင်လို့ဟ မိမိတည်ကြည်လျက် နေတာဟု မိမိထင်မှတ်အယ်။ အဲသူဟ မလဲစေခြင်းငှာ သတိပြုစေ။
12 Aquele, pois, que pensa estar em pé, olhe não caia.
13 နင်လို့ တွေ့ကြုံရလဲ့ စုံစမ်းနှောင့်ယှက်ခြင်းများဟ လူအပေါင်းလို့ တွေ့ကြုံနေကြသော သာမန် စုံစမ်းနှောင့်ယှက်ခြင်းသာ ဖြစ်အယ်။ ဘုရားသခင်ဟ သစ္စာဆိသောသူ ဖြစ်သဖြင့် နင်လို့အား မိမိလို့ ခံနိန်တာထက် ပိုယွေ့ စုံစမ်းနှောင့်ယှက်ခြင်းဟို ခံစေလိမ့်မယ် မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်နှိုက် ခံနိန်သော ခွန်အားဟို ပေးပင်း အဲစုံစမ်းနှောင့်ယှက်ခြင်းမှ ထွက်မြောက်သော လမ်းဟိုလည်း စီရင်ပြုပြင်ပေးလိမ့်မယ်။
13 Não vos sobreveio nenhuma tentação, senão humana; mas fiel é Deus, o qual não deixará que sejais tentados acima do que podeis resistir, antes com a tentação dará também o meio de saída, para que a possais suportar.
14 အဲကျောန့် ငါ့ချစ်သူလို့၊ ရုပ်တုကိုးကွယ်ခြင်း အမှုဟို ကြဉ်ဆှောင်ကြလော့။
14 Portanto, meus amados, fugi da idolatria.
15 နင်လို့အား ပညာဆိကဲ့သို့ မှတ်ယွေ့ ငါပြောခြင်း ဖြစ်အယ်။ ငါ့စကားဟို ဆင်ခြင်ကြလော့။
15 Falo como a entendidos; julgai vós mesmos o que digo.
16 ငါလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ပွဲတော် မုတ်မှ စပျစ်ယေဟို သောက်ကြသောအခါ ခရစ်တော်ရဲ့ အသွေးတော်ဟို ဆက်ဆံသုံးဆောင်ကြအယ် မဟုတ်လော။ မုန့်ဟို စားသောအခါ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို ဆက်ဆံသုံးဆောင်ကြတာ မဟုတ်လော။
16 Porventura o cálice de bênção que abençoamos, não é a comunhão do sangue de Cristo? O pão que partimos, não é porventura a comunhão do corpo de Cristo?
17 ပစာကို့ မုန့်တလုံးတည်း ဆိတာ ဖြစ်ယွေ့ အဲမုန့်တလုံးတည်းဟို ဆက်ဆံ သုံးဆောင်ကြသောကျောန့် ငါလို့ဟ အရေအတွက်အားဖြင့် များသော်လည်း တကိုယ်တည်း ဖြစ်ကြအယ်။
17 Pois nós, embora muitos, somos um só pão, um só corpo; porque todos participamos de um mesmo pão.
18 ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူလို့ဟို ကျေ့ရှုဆင်ခြင်ကြလော့။ သူလို့ဟ ယဇ်ကောင်ရဲ့ အသားဟို စားသဖြင့် ယဇ်ပလ္လင်ပေါ် ပူဇော်ခြင်းတွင် ပါဝင်ကြသူများ ဖြစ်အယ်။
18 Vede a Israel segundo a carne; os que comem dos sacrifícios não são porventura participantes do altar?
19 အဲကျောန့် ပစာဟို ငါဆိုလိုလုန်း။ ရုပ်တု အဲဟာမဟုတ်ရင် ရုပ်တုအား ပူဇော်လဲ့ အစားအစာဟ အရေးကြီးတာဟု ငါဆိုလိုသလော။
19 Mas que digo? Que o sacrificado ao ídolo é alguma coisa? Ou que o ídolo é alguma coisa?
20 ဟေသို့ ငါ မဆိုလို၊ သူလို့ ပူဇော်သောအရာများဟို ဘုရားသခင်ဆေ ပူဇော်ခြင်း မဟုတ်ဘဲ နတ်ဆိုးများဆေ ပူဇော်ခြင်း ဖြစ်အယ်။ ငါဟ နင်လို့ဟို နတ်ဆိုးလို့နဲ့ စပ်ဆိုင်သောသူ မဖြစ်စေလို။
20 Antes digo que as coisas que eles sacrificam, sacrificam-nas a demônios, e não a Deus. E não quero que sejais participantes com os demônios.
21 နင်လို့ဟ သခင်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်ယွေ့ နတ်ဆိုးရဲ့ မုတ်မှ စပျစ်ယေဟိုလည်း မသောက်နိန်။ သခင်ဘုရားရဲ့ စားပွဲနှိုက် စားယွေ့ နတ်ဆိုးများရဲ့ စားပွဲနှိုက်လည်း မစားနိန်။
21 Não podeis beber do cálice do Senhor e do cálice de demônios; não podeis participar da mesa do Senhor e da mesa de demônios.
22 သခင်ဘုရားအား မနာလိုစေခြင်းငှာ ငါလို့ ပြုလိုကြသလော၊ ငါလို့ဟ သခင်ဘုရားထက် ပိုပင်း တန်ခိုးကြီးတာဟု ငါလို့ ထင်မှတ်ကြသလော။
22 Ou provocaremos a zelos o Senhor? Somos, porventura, mais fortes do que ele?
23 “ငါလို့တွင် ပစာအမှုဟို မဆို ပြုပိုင်ခွင့် ဆိအယ်” ဟု သူလို့ဆိုလဲ့အတိုင်း မန်သော်လည်း အရာခပ်သိမ်းဟ ကောင်းမွန်တာ မဟုတ်။ “ငါလို့တွင် ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” အားပေမဲ့ အရာခပ်သိမ်းဟ ငါလို့အကျိုးဟို ပြုစုပေးတာ မဟုတ်။
23 Todas as coisas são lícitas, mas nem todas as coisas convêm; todas as coisas são lícitas, mas nem todas as coisas edificam.
24 စသူမျှ ကိုယ်အကျိုးဟို မဆာကြစေနဲ့။ သူတပါးရဲ့ အကျိုးဟိုသာ ဆာစေ။
24 Ninguém busque o proveito próprio, antes cada um o de outrem.
25 နင်လို့ရဲ့ ဩတ္တပ္ပစိတ်ဟို ထောက်ယွေ့ ဆေးတွင် ရောင်းလဲ့ စလိုအသားဟို မဆို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ဝယ်ယွေ့ စားကြလော့။
25 Comei de tudo quanto se vende no mercado, nada perguntando por causa da consciência.
26 အကျောန်းမှာ “ဟေလောကနဲ့ လောကနှိုက် ဆိသမျှသောအရာလို့ဟို သခင်ဘုရား ပိုင်အယ်” ဟု ကျမ်းစာဟ ဆိုအယ်။
26 Pois do Senhor é a terra e a sua plenitude.
27 မယုံကြည်သူ လူတယောက်ဟ နင်လို့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်ရင် နင်လို့ လိုက်သွားကြလော့။ မိမိလို့ရဲ့ ဩတ္တပ္ပစိတ်ဟို ထောက်ယွေ့ နင်လို့ဆေ့နှိုက် ကျွေးမွေးသမျှလို့ဟို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ စားကြလော့။
27 Se, portanto, algum dos incrédulos vos convidar, e quiserdes ir, comei de tudo o que se puser diante de vós, nada perguntando por causa da consciência.
28 အားပေမဲ့ လူတစုံတယောက်သည် “ဟေအရာဟ ယဇ်ပူဇော်သော အသားဖြစ်အယ်” ဟု ဆိုလျှင် ဟေသို့ပြောဆိုသူနဲ့ ဩတ္တပ္ပစိတ်ဟို လည်းကောင်း ထောက်ယွေ့ အေးအသားဟို မစားကြနဲ့။
28 Mas, se alguém vos disser: Isto foi oferecido em sacrifício; não comais por causa daquele que vos advertiu e por causa da consciência;
29 ဩတ္တပ္ပစိတ် ဆိုရာနှိုက် နင်လို့ရဲ့ ဩတ္တပ္ပစိတ်ဟို မဆိုလို၊ လာပြောသူရဲ့ ဩတ္တပ္ပစိတ်ဟို ဆိုလိုအယ်။
29 consciência, digo, não a tua, mas a do outro. Pois, por que há de ser julgada a minha liberdade pela consciência de outrem?
30 ငါဟ မိမိအစားအစာအတွက် ဘုရားသခင်ဟို ကျေးဇူးတင်ရင်၊ ငါချီးမွန်းလဲ့အရာအတွက် အစားအစာနဲ့ ပတ်သက်ယွေ့ ငါ့အား သူတပါးဟ ပစာကျောန့် ကဲ့ရဲ့ပစ်တင်ရလုန်း” ဟု မေးလိမ့်မယ်။
30 E, se eu com gratidão participo, por que sou vilipendiado por causa daquilo por que dou graças?
31 နင်လို့ဟ စားသော် လည်းကောင်း၊ သောက်သော် လည်းကောင်း၊ စလိုအမှုဟို ပြုသော် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် ခပ်သိမ်းသောအမှုလို့ဟို ပြုကြလော့။
31 Portanto, quer comais quer bebais, ou façais, qualquer outra coisa, fazei tudo para glória de Deus.
32 ယုဒအမျိုး ဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ဘုရားသခင်ရဲ့ အသင်းတော်ဝင် ဖြစ်စေ ထိမိယွေ့ လဲစရာအကျောန်း မဖြစ်စေကြနဲ့။
32 Não vos torneis causa de tropeço nem a judeus, nem a gregos, nem a igreja de Deus;
33 နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
33 assim como também eu em tudo procuro agradar a todos, não buscando o meu próprio proveito, mas o de muitos, para que sejam salvos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.