Tiago 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ချမ်းသာကြွယ်၀သောသင်တို့၊ ယခုလာကြ၍ သင်တို့အပေါ်သို့ကျရောက်မည့်ဆင်းရဲဒုက္ခများအတွက် အော်ဟစ်ငိုကြွေး ကြလော့။-
1 Atendei, agora, ricos, chorai lamentando, por causa das vossas desventuras, que vos sobrevirão.
2 သင်တို့၏ဥစ္စာဓနတို့သည် ပုပ်ပျက်လျက် သင်တို့၏အဝတ်အစားများမှာလည်း ပိုးစားခြင်းခံရလေပြီ။-
2 As vossas riquezas estão corruptas, e as vossas roupagens, comidas de traça;
3 သင်တို့၏ ရွှေငွေများလည်း သံချေးတက်လေပြီ။ ထိုသံချေးသည် သင်တို့ကို ဆန့်ကျင်၍သက်သေခံပြီးလျှင် မီးကဲ့သို့ သင်တို့၏အသား ကို စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက် များအတွက် ဘဏ္ဍာကို ဆည်းပူးခဲ့ကြလေပြီတကား။-
3 o vosso ouro e a vossa prata foram gastos de ferrugens, e a sua ferrugem há de ser por testemunho contra vós mesmos e há de devorar, como fogo, as vossas carnes. Tesouros acumulastes nos últimos dias.
4 ကြည့်လော့၊ သင်တို့လယ်များတွင် ရိတ်သိမ်းပေးသော သူတို့ကို လှည့်ဖြား၍ သင်တို့ထိမ်ချန်ထားသော သူတို့၏ လုပ်ခများသည် အော်ဟစ်ကြွေးကြော်လေပြီ။ သီးနှံရိတ်သိမ်းသူတို့၏အော်ဟစ်သံသည်လည်း ကောင်းကင်ဗိုလ်ခြေတို့၏ အရှင် ထာ၀ရဘုရားသခင်၏ရွှေနားတော် သို့ရောက်လေပြီ။-
4 Eis que o salário dos trabalhadores que ceifaram os vossos campos e que por vós foi retido com fraude está clamando; e os clamores dos ceifeiros penetraram até aos ouvidos do Senhor dos Exércitos.
5 သင်တို့သည် ကမ္ဘာပေါ်တွင် စည်းစိမ်ခံလျက် သာယာပျော်မွေ့ခဲ့ကြ၏။ သင်တို့သည် အသတ် ခံရမည့်နေ့အတွက် သင်တို့၏ နှလုံးသားများကို ဆူဖြိုးစေခဲ့ကြ၏။-
5 Tendes vivido regaladamente sobre a terra; tendes vivido nos prazeres; tendes engordado o vosso coração, em dia de matança;
6 သင်တို့သည် ဖြောင့်မတ်သူကို အပြစ်စီရင်၍ သတ်ဖြတ်ခဲ့ကြ၏။ သူသည် သင်တို့ကို မခုခံခဲ့ပေ။
6 tendes condenado e matado o justo, sem que ele vos faça resistência.
7 ထို့ကြောင့် ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာ တော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ကြည့်လော့၊ လယ်သမားသည် မိုးဦးနှင့် မိုးနှောင်းရွာပြီး သည့်တိုင်အောင် အဖိုးတန်သောမြေထွက်သီးနှံတို့ကို သည်းခံ၍စောင့်နေ၏။-
7 Sede, pois, irmãos, pacientes, até à vinda do Senhor. Eis que o lavrador aguarda com paciência o precioso fruto da terra, até receber as primeiras e as últimas chuvas.
8 သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သခင်ဘုရားကြွလာတော်မူမည့် အချိန်သည် နီးလာပြီဖြစ်၍ သင်တို့၏ စိတ်နှလုံးများကို တည်ကြည်မြဲမြံစေကြလော့။-
8 Sede vós também pacientes e fortalecei o vosso coração, pois a vinda do Senhor está próxima.
9 ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းမခံရစေရန် သင်တို့အချင်းချင်း အပြစ်တင်ငြင်းခုံခြင်းကို မပြုကြနှင့်။ ကြည့်လော့၊ တရားသူကြီးသည် တံခါး၀၌ ရပ်နေလေပြီ။-
9 Irmãos, não vos queixeis uns dos outros, para não serdes julgados. Eis que o juiz está às portas.
10 ညီအစ်ကိုတို့၊ ထာ၀ရဘုရား သခင်၏နာမတော်၌ ဟောပြောခဲ့ကြသော ပရောဖက် များ၏ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ ကို စံနမူနာယူကြလော့။-
10 Irmãos, tomai por modelo no sofrimento e na paciência os profetas, os quais falaram em nome do Senhor.
11 ကြည့်လော့၊ သည်းခံနိုင်သော သူတို့သည် မင်္ဂလာရှိကြ၏ဟု ငါတို့ဆိုကြ၏။ သင်တို့သည် ယောဘ၏စိတ်ရှည်သည်းခံခြင်း ကိုကြားခဲ့ကြရလေပြီ။ ထာ၀ရဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုယ်တော်သည် မည်မျှသနားကြင်နာ၍ ကရုဏာတော်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်း သင်တို့သိမြင် ခဲ့ကြပြီ။
11 Eis que temos por felizes os que perseveraram firmes. Tendes ouvido da paciência de Jó e vistes que fim o Senhor lhe deu; porque o Senhor é cheio de terna misericórdia e compassivo.
12 ငါ၏ညီအစ်ကိုတို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ ကမ္ဘာမြေကြီးကိုဖြစ်စေ၊ တခြားသော ကျမ်းသစ္စာတို့ကိုဖြစ်စေ တိုင်တည်၍ ကျိန်ဆိုခြင်းမပြုကြနှင့်။ သင်တို့၏စကားဟုတ်မှန်လျှင် ဟုတ် မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မှန်လျှင် မဟုတ်မှန်ပါဟူ၍လည်းကောင်း ပြောဆိုလော့။ သို့ဖြစ်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းမှကင်းလွတ်ကြ လိမ့်မည်။
12 Acima de tudo, porém, meus irmãos, não jureis nem pelo céu, nem pela terra, nem por qualquer outro voto; antes, seja o vosso sim sim, e o vosso não não, para não cairdes em juízo.
13 သင်တို့ထဲတွင် ဒုက္ခဝေဒနာခံနေရသူရှိသလော။ ထိုသူအားဆုတောင်းစေလော့။ ပျော်ရွှင်ဝမ်းမြောက်သူ တစ်စုံတစ်ဦး ရှိသလော။ သူ့အား ချီးမွမ်းထောမနာကျူး အေးစေလော့။-
13 Está alguém entre vós sofrendo? Faça oração. Está alguém alegre? Cante louvores.
14 သင်တို့ထဲတွင် မကျန်းမာသူရှိသလော။ သူ့အား အသင်းတော်၏အကြီးအကဲများကိုခေါ်စေ၍ ထိုသူတို့သည် သူ့အပေါ် ၌ ဆုတောင်းပေးလျက် သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီနှင့်လူးပေးကြပါစေ။-
14 Está alguém entre vós doente? Chame os presbíteros da igreja, e estes façam oração sobre ele, ungindo-o com óleo, em nome do Senhor.
15 ထိုသို့ပြုလျှင် ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သော ဆု တောင်းပတ္ထနာသည် မကျန်းမာသူကို ကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကို ပျောက်ကင်းကျန်းမာလာစေလိမ့်မည်။ အကယ်၍ သူသည် အပြစ်တို့ကိုပြုမိခဲ့ပါလျှင် သူသည် ခွင့်လွှတ် ခြင်းခံရလိမ့်မည်။-
15 E a oração da fé salvará o enfermo, e o Senhor o levantará; e, se houver cometido pecados, ser-lhe-ão perdoados.
16 ထို့ကြောင့် သင်တို့သည် တစ်ဦးနှင့်တစ်ဦး အပြစ်များကိုဝန်ခံကြလျက် အချင်းချင်းဆုတောင်းပေးကြလော့။ ဤသို့ပြုလျှင် သင်တို့သည် ပျောက်ကင်းချမ်းသာရကြလိမ့်မည်။ ဖြောင့်မတ်သောသူ၏ဆုတောင်းပတ္ထနာ၌ ကြီးမားသောတန်ခိုး သက်ရောက် မှုရှိ၏။-
16 Confessai, pois, os vossos pecados uns aos outros e orai uns pelos outros, para serdes curados. Muito pode, por sua eficácia, a súplica do justo.
17 ဧလိယသည် ငါတို့ကဲ့သို့ သာမန်လောကသားဖြစ်သော်လည်း မိုးမရွာစေရန် စိတ်အား ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လပတ်လုံး ကမ္ဘာမြေပြင်ပေါ်၌ မိုးမရွာသွန်းဘဲရှိခဲ့၏။-
17 Elias era homem semelhante a nós, sujeito aos mesmos sentimentos, e orou, com instância, para que não chovesse sobre a terra, e, por três anos e seis meses, não choveu.
18 ထို့နောက်သူသည် တစ်ဖန်ပြန်လည်၍ ဆုတောင်းသောအခါ ကောင်းကင်မှ မိုးရွာသွန်း၍ မြေကြီးသည်လည်း မိမိ ၏အသီးများကိုသီးစေ၏။
18 E orou, de novo, e o céu deu chuva, e a terra fez germinar seus frutos.
19 ငါ၏ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက် သည် သမ္မာတရားမှလမ်းလွဲသွားသဖြင့် အခြားသူတစ် ယောက်က သူ့ကို လမ်းမှန်သို့ပြန်လည်ခေါ်ဆောင်ခဲ့ပါ လျှင်၊-
19 Meus irmãos, se algum entre vós se desviar da verdade, e alguém o converter,
20 အပြစ်သားတစ်ဦးကို လမ်းမှားမှ ပြန်လည်ခေါ်ဆောင်ခဲ့သူသည် ထိုသူ၏ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသော အပြစ်တို့ကို ခွင့်လွှတ်ခြင်းခံရစေ မည်ဖြစ်ကြောင်း သူသိပါစေ။
20 sabei que aquele que converte o pecador do seu caminho errado salvará da morte a alma dele e cobrirá multidão de pecados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tiago 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.