Tiago 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ငါ၏ညီအစ်ကိုတို့၊ သင်တို့သည်ဘုန်းဂုဏ်တော်ရှင်ဖြစ်သော ငါတို့၏သခင် ယေဇူးခရစ်တော်၌ ယုံကြည်ရာတွင် အဆင့်အတန်း ခွဲခြားခြင်းမပြုဘဲ ယုံကြည်ကြလော့။-
1 Meus irmãos, vocês não podem ter fé em nosso Senhor Jesus Cristo, o Senhor da glória, e ao mesmo tempo tratar as pessoas com parcialidade.
2 အကယ်၍ သင်တို့စည်းဝေးသောနေရာသို့ ရွှေလက်စွပ်နှင့် တောက်ပြောင်သောအဝတ်အစား များကို ဝတ်ဆင်ထားသော လူတစ်ဦးဝင်လာပြီး ဟောင်းနွမ်းစုတ်ပြဲနေသောအဝတ်များကို ဝတ်ဆင်ထားသည့် ဆင်းရဲနွမ်းပါးသူတစ်ဦးလည်း ဝင်လာသော အခါ၊-
2 Porque, se entrar na sinagoga de vocês um homem com anéis de ouro nos dedos, vestindo roupa luxuosa, e entrar também um pobre muito malvestido,
3 သင်တို့သည် အဝတ်အစားကောင်းများဝတ်ဆင်ထားသူကို ကြည့်လျက် ကျေးဇူးပြု၍ ဤနေရာတွင် ထိုင်ပါဟုဆိုပြီးမှ ဆင်းရဲသောသူအား ထိုနေရာ၌ ရပ်နေပါ၊ သို့မဟုတ် ငါ့ခြေရင်း၌ ထိုင်ပါဟု ပြောဆိုသည်ဆိုပါစို့။-
3 e vocês derem um tratamento especial ao que está vestido com a roupa luxuosa, dizendo: “Você, sente-se aqui no lugar de honra”, e disserem ao pobre: “Você, fique em pé” ou “Sente-se ali, abaixo do estrado dos meus pés”,
4 ထိုသို့ပြုလျှင် သင်တို့သည် အချင်းချင်းအဆင့်အတန်းခွဲခြား၍ ဆိုးညစ် သောအတွေးအခေါ်များနှင့် စီရင်ဆုံးဖြတ်သောသူများ ဖြစ်ကြပြီမဟုတ်လော။-
4 será que vocês não estarão fazendo distinção entre vocês mesmos e julgando as pessoas com critérios errados?
5 ငါချစ်ရသောညီအစ်ကိုတို့၊ နားထောင်ကြလော့။ဘုရားသခင်သည် ဆင်းရဲသားတို့ကို ယုံကြည်ခြင်း၌ ကြွယ်၀ချမ်းသာ စေရန်နှင့် မိမိကိုချစ် သောသူများအား ကတိထားသော နိုင်ငံတော်ကို အမွေခံစေရန် ရွေးချယ်တော်မူသည်မဟုတ်လော။-
5 Escutem, meus amados irmãos. Por acaso Deus não escolheu os que para o mundo são pobres para serem ricos em fé e herdeiros do Reino que ele prometeu aos que o amam?
6 သို့သော် သင်တို့သည် ဆင်းရဲသားတို့ကို ဂုဏ်သရေညှိုးနွမ်းစေကြ၏။ သင်တို့ကို ဖိနှိပ်အနိုင်ကျင့်ပြီး တရားရုံးသို့ ဆွဲခေါ် သွားသောသူတို့မှာ ချမ်းသာသောသူတို့ပင်ဖြစ်ကြသည် မဟုတ်လော။-
6 No entanto, vocês desprezam os pobres. Por acaso não são os ricos que oprimem vocês e não são eles que os arrastam para os tribunais?
7 သင်တို့အဖို့ တိုင်တည်ဆုတောင်းပေးရာ နာမတော်ကို ထိခိုက်စော်ကားကြသောသူတို့မှာလည်း ချမ်းသာသော သူတို့ပင် မဟုတ်ပါလော။
7 Não são eles os que blasfemam o bom nome que foi invocado sobre vocês?
8 သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟူ၍ ကျမ်းစာတော်မြတ်တွင်ရေးသား ထားသည့်အတိုင်း သင်သည် အမှန်ပင် ထိုပညတ်တော်ကို လိုက်နာစောင့်ထိန်းပါလျှင် သင်သည် ကောင်းသော အကျင့်ကိုကျင့်၏။-
8 Se vocês, de fato, observam a lei do Reino, conforme está na Escritura: “Ame o seu próximo como a si mesmo”, fazem bem.
9 သို့သော် သင်သည် မျက်နှာလိုက်လျှင် အပြစ်ကျူးလွန်ရာရောက်သဖြင့် ပညတ်တရားအရ ဥပဒေချိုးဖောက်သူအဖြစ် ပြစ်ဒဏ်စီရင်ခြင်းခံရပေလိမ့်မည်။-
9 Se, no entanto, vocês tratam as pessoas com parcialidade, cometem pecado, sendo condenados pela lei como transgressores.
10 အကြောင်းမူကား မည်သူမဆို ပညတ်တရားအား လုံးကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက် တစ်ခုကို ချိုးဖောက် မိလျှင်ပညတ်တရားအလုံးစုံကို ချိုးဖောက်ရာရောက်၏။-
10 Pois quem guarda toda a lei, mas tropeça em um só ponto, se torna culpado de todos.
11 အဘယ်ကြောင့်ဆိုသော် သူတစ်ပါး၏မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောအရှင်သည် လူ၏အသက်ကို မသတ်နှင့်ဟူ၍လည်း ပညတ် တော်မူ၏။ သင်သည် သူ့မယားကို မပြစ်မှားသော်လည်း လူ့အသက်ကိုသတ်လျှင် ပညတ်တော်ကို ချိုးဖောက်သူ ဖြစ်လေပြီ။-
11 Porque, aquele que disse: “Não cometa adultério”, também ordenou: “Não mate.” Ora, se você não comete adultério, porém mata, acaba sendo transgressor da lei.
12 သို့ဖြစ်၍ သင်တို့သည် လွတ်လပ်ခြင်းနှင့် ဆိုင်သောတရားတော်အတိုင်း စီရင်ခြင်းခံရမည့်သူတို့ ကဲ့သို့ ပြောဆိုကျင့်ကြံကြ လော့။-
12 Assim, falem e vivam como pessoas que serão julgadas pela lei da liberdade.
13 အဘယ်ကြောင့်ဆိုသော် သနားကြင်နာမှုမရှိသောသူအပေါ်၌ သနားကြင် နာခြင်းကင်းမဲ့စွာ တရားစီရင်မည်ဖြစ်သော ကြောင့်တည်း။ သို့သော် သနားကြင်နာခြင်းသည် တရားစီရင် ချက်အပေါ် အနိုင်ယူတတ်၏။
13 Porque o juízo é sem misericórdia sobre quem não usou de misericórdia. A misericórdia triunfa sobre o juízo.
14 ငါ၏ညီအစ်ကိုတို့၊ လူတစ်ဦးက သူ၌ ယုံကြည်ခြင်းရှိသည်ဟုဆိုသော်လည်း သူသည် ကျင့်ကြံမှုမရှိလျှင် မည်သည့်အကျိုးကို ရရှိမည်နည်း။ သူ၏ယုံကြည်ခြင်းသည် သူ့ကို ကယ်တင်နိုင်ပါသလော။-
14 Meus irmãos, qual é o proveito, se alguém disser que tem fé, mas não tiver obras? Será que essa fé pode salvá-lo?
15 ညီအစ်ကို၊ သို့မဟုတ် နှမသည် အဝတ်အစားလိုအပ်၍ အစားအစာ လည်း ချို့တဲ့နေပါလျှင်၊-
15 Se um irmão ou uma irmã estiverem com falta de roupa e necessitando do alimento diário,
16 သင်တို့တွင် တစ်ဦးက ငြိမ်းချမ်း သာယာခြင်းဖြင့်သွားလော့။ နွေးထွေးစွာနေ၍ ၀လင်စွာ စားပါလော့ဟုပြောလျက် သူတို့အား ခန္ဓာကိုယ်အတွက် လိုအပ်သောအရာများကို မပေးပါက အဘယ်အကျိုးရှိ မည်နည်း။-
16 e um de vocês lhes disser: “Vão em paz! Tratem de se aquecer e de se alimentar bem”, mas não lhes dão o necessário para o corpo, qual é o proveito disso?
17 ထို့ကြောင့် ကျင့်ကြံမှုမရှိသောယုံကြည်ခြင်း သည် အသေဖြစ်၏။
17 Assim, também a fé, se não tiver obras, por si só está morta.
18 သို့သော် အချို့က သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌ ကျင့်ကြံမှုများရှိ၏ဟု ဆိုကြလိမ့်မည်။ သင်သည် ကျင့်ကြံမှုမရှိသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြပါလော့။ ငါသည်လည်း ငါ၏ကျင့်ကြံမှုများဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။-
18 Mas alguém dirá: “Você tem fé, e eu tenho obras.” Mostre-me essa sua fé sem as obras, e eu, com as obras, lhe mostrarei a minha fé.
19 ဘုရားတစ်ဆူတည်းရှိသည်ကို သင်ယုံကြည်၏။ သင့်မြတ်လှပေ၏။ သို့သော် နတ်ဆိုးများပင် လျှင် ထိုသို့ယုံကြည်ကြ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။-
19 Você crê que Deus é um só? Faz muito bem! Até os demônios creem e tremem.
20 အသင်လူမိုက်၊ ကျင့်ကြံမှုမရှိသောယုံကြည်ခြင်းသည် အချည်နှီးသက်သက်ဖြစ်ကြောင်း သင့်အား ပြသစေလိုသလော။-
20 Seu tolo, você quer ter certeza de que a fé sem as obras é inútil?
21 ငါတို့၏အဖ အာဘရာဟံသည် မိမိ၏သားအီဇတ်ကို ယဇ်ပလ္လင်ပေါ်တွင် ဆက်ကပ်ပူဇော်သောအခါ ကျင့်ကြံမှုအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။-
21 Por acaso não foi pelas obras que Abraão, o nosso pai, foi justificado, quando ofereceu o seu filho Isaque sobre o altar?
22 ယုံကြည်ခြင်းသည် သူ၏ကျင့်ကြံမှုများနှင့်အတူ သက်ဝင်လှုပ်ရှားလျက် ထိုကျင့်ကြံမှုအားဖြင့် စုံလင်ခြင်း သို့ရောက်သည်ကို သင်မြင်ရ၏။-
22 Você percebe que a fé operava juntamente com as suas obras e que foi pelas obras que a fé se consumou.
23 ကျမ်းစာတော်မြတ်သည်လည်း ထိုနည်းဖြင့် ပြည့်စုံခြင်းသို့ရောက်လေ၏။ ယင်း၌ ဆိုထားသည်ကား အာဘရာဟံသည် ဘုရားသခင်၌ ယုံကြည်၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အားဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏ဟူ၍ဖြစ်၏။ သူ သည်လည်း ဘုရားသခင်၏မိတ်ဆွေဟုခေါ်ဆိုခြင်းခံရလေ၏။-
23 E se cumpriu a Escritura, que diz: “Abraão creu em Deus, e isso lhe foi atribuído para justiça”, e ele foi chamado amigo de Deus.
24 သို့ဖြစ်၍ လူတစ်ဦးသည် ယုံကြည်ခြင်းတစ်ခု တည်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့မရောက်နိုင်ဘဲ အကျင့်အကြံအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည်ကို သင်တို့သိကြ၏။-
24 Assim, vocês percebem que uma pessoa é justificada pelas obras e não somente pela fé.
25 ထိုနည်းတူပင် ပြည့်တန်ဆာမရာဟပ်သည် အစ္စရာအဲလ်လူမျိုးအထောက်တော်များကိုလက်ခံပြီးနောက် အခြားသော လမ်းမှပြန်လွှတ်လိုက်သောကြောင့် ထိုအပြုအမူအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည် မဟုတ်လော။-
25 De igual modo, será que não foi também pelas obras que a prostituta Raabe foi justificada, quando acolheu os emissários e os fez partir por outro caminho?
26 အကြောင်းမူကား ဝိညာဉ်နှင့်ကင်းသော ခန္ဓာကိုယ်သည် အသေဖြစ်သကဲ့သို့ ကျင့်ကြံမှုမရှိသော ယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။
26 Porque, assim como o corpo sem espírito é morto, assim também a fé sem obras é morta.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Tiago 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.