Salmos 63
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ရှာဖွေပါ၏။ အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော့်ကို ဆာငတ်ပါ၏။ ရေမရှိသည့်မြေဆီလွှာသည် ခြောက်သွေ့နွမ်းလျနေ၍ ရေကိုတမ်းတ သကဲ့သို့ပင် အကျွန်ုပ်၏ကိုယ်ခန္ဓာသည်လည်း ကိုယ်တော့်ကို တမ်းတပါ၏။-
1 Salmo de Davi, quando ele estava no deserto de Judá. Ó Deus, tu és o meu Deus; cedo te buscarei. Minha alma tem sede de ti, minha carne anseia por ti em uma terra seca e sedenta, onde não há água;
2 အကျွန်ုပ်သည် ကိုယ်တော့်ကို သန့်ရှင်းရာဌာနတွင် မျှော်ကြည့်ခဲ့ရပြီး ကိုယ်တော်၏ တန်ခိုးတော်နှင့် ဘုန်းဂုဏ်တော်ကို ဖူးမြင်ခဲ့ရပါပြီ။-
2 Para ver o teu poder e a tua glória, assim como te vi no santuário.
3 ကိုယ်တော်၏ ခိုင်မြဲသောချစ်မေတ္တာသည် အသက်ထက်ပင် သာလွန်သောကြောင့် အကျွန်ုပ်၏ နှုတ်ခမ်းများသည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါမည်။-
3 Porque a tua benignidade é melhor do que a vida, os meus lábios te louvarão.
4 အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော့်ကို ကောင်းချီးပေးပါမည်။ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ခေါ်တ၍ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါမည်။
4 Assim eu te bendirei enquanto eu viver. Levantarei as minhas mãos em teu nome.
5 အကျွန်ုပ်၏ ဝိညာဉ်သည် ခဲဖွယ်ဘောဇဉ်တို့ကို စားသုံးရသကဲ့သို့ ပြည့်၀လျက်ရှိပြီး အကျွန်ုပ်၏နှုတ်သည်လည်း သီဆိုကျူးအေးသော နှုတ်ခမ်းများဖြင့် ကိုယ်တော့်ကို ချီးမွမ်းပါ၏။-
5 Minha alma ficará satisfeita com tutano e gordura; e a minha boca te louvará com lábios alegres.
6 အကျွန်ုပ်သည် မိမိ၏အိပ်ရာပေါ်တွင် ကိုယ်တော့်ကို အောက်မေ့သတိရပါ၏။ ညကင်းစောင့်ချိန် တစ်လျှောက်လုံး၌ အကျွန်ုပ်သည် ကိုယ်တော့်ကို ထောက်ရှုဆင်ခြင်လျက်နေပါ၏။-
6 Quando eu me lembrar de ti sobre a minha cama, e meditar sobre ti nas vigílias da noite.
7 ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကူညီမစသူ ဖြစ်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်အတောင်တော်များ၏ အရိပ်၌ ဝမ်းမြောက်ဝမ်းသာ သီဆိုကျူးအေးပါ၏။-
7 Porque tu tens sido meu socorro, portanto, na sombra das tuas asas eu me regozijarei.
8 အကျွန်ုပ်သည် ကိုယ်တော့်ကို ဖက်တွယ်ပါ၏။ ကိုယ်တော်၏ ညာလက်ရုံးတော်သည် အကျွန်ုပ်ကို ထောက်မတော်မူပါ၏။
8 Minha alma te segue de perto; tua mão direita me sustém.
9 အကျွန်ုပ်၏ အသက်ဘေးကို ရန်ရှာကြသောသူတို့သည် ဖျက်ဆီးခြင်းခံကြရလိမ့်မည်။ သူတို့သည် ကမ္ဘာမြေကြီး၏ အောက်နက်ရှိုင်းရာသို့ ဆင်းရကြလိမ့်မည်။-
9 Mas aqueles que buscam a minha alma, para destruí-la, irão para as partes mais baixas da terra.
10 သူတို့သည် ဓားဖြင့် အဆုံးစီရင်ခြင်းခံရန် အပ်နှံခံရပြီး တောခွေးတို့၏အစာ ဖြစ်ကြရလိမ့်မည်။-
10 Eles cairão pela espada; eles serão uma porção para as raposas.
11 ဘုရင်မင်းမြတ်မူကား ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ ကိုယ်တော့်ကို တိုင်တည်၍ ကျိန်ဆိုသူအပေါင်းတို့ သည်လည်း ထင်ပေါ်ကျော်ကြားကြလိမ့်မည်။ မုသားပြောသူတို့၏ နှုတ်များကိုလည်း ပိတ်စေလိမ့်မည်။
11 Mas o rei se regozijará em Deus; todo aquele que jura por ele se gloriará; mas a boca daqueles que falam mentiras será parada.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 63, comparar traduções ou montar um estudo — tudo direto pelo WhatsApp.