Salmos 51

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အိုဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် အကျွန်ုပ်၏ အပြစ်ကျူးလွန်မှုများကိုလည်း ပယ်ဖျက်တော်မူပါ။-
1 Compadece-te de mim, ó Deus, segundo a tua benignidade; apaga as minhas tansgressões, segundo a multidão das tuas misericórdias.
2 အကျွန်ုပ်၏ အပြစ်ဒုစရိုက်ကို အကုန်အစင် ဆေးကြောတော်မူပါ။ အကျွန်ုပ်ကိုအပြစ်မှ စင်ကြယ်စေတော်မူပါ။
2 Lava-me completamente da minha iniqüidade, e purifica-me do meu pecado.
3 အကျွန်ုပ်သည် အကျွန်ုပ်၏ ပြစ်မှားကျူးလွန်မှုများကို သိမှတ်ဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်သည် အကျွန်ုပ်၏ ရှေ့မှောက်တွင် အမြဲရှိပါ၏။-
3 Pois eu conheço as minhas transgressões, e o meu pecado está sempre diante de mim.
4 အကျွန်ုပ်သည် ကိုယ်တော့်ကို ပြစ်မှားမိပါ၏။ ကိုယ်တော်ကိုသာ ပြစ်မှားမိခြင်း ဖြစ်ပါ၏။ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ဒုစရိုက်အမှုကို အကျွန်ုပ်ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်တော်မူသည်မှာ လျော်ကန် သင့်မြတ်ပါ၏။ အကျွန်ုပ်အား ဒဏ်ခတ်တော်မူသည်မှာလည်း အပြစ်ဆိုဖွယ်မရှိပါ။-
4 Contra ti, contra ti somente, pequei, e fiz o que é mau diante dos teus olhos; de sorte que és justificado em falares, e inculpável em julgares.
5 အကျွန်ုပ်သည် မွေးဖွားချိန်မှစ၍ အပြစ်ကျူးလွန်သူ ဖြစ်ခဲ့ပါ၏။ အမိဝမ်းတွင်း သန္ဓေတည်သည့် အချိန်မှစ၍ အပြစ်အတွင်း၌ ကျရောက်လျက်ရှိပါ၏။
5 Eis que eu nasci em iniqüidade, e em pecado me concedeu minha mãe.
6 အမှန်စင်စစ် ကိုယ်တော်သည် အတွင်းစိတ်၌ ရိုးသားဖြောင့်မတ်ခြင်းကို လိုလားတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်၏ အတွင်းစိတ်နှလုံး၌ ဉာဏ်ပညာတော်ကို သွန်သင်ပေးတော်မူပါ။-
6 Eis que desejas que a verdade esteja no íntimo; faze-me, pois, conhecer a sabedoria no secreto da minha alma.
7 အကျွန်ုပ်ကို ဟစ်ဆုပ်ပင်အခက်နှင့် ဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် သန့်ရှင်းစင် ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကို ဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက်ပင် ပို၍ဖြူလာပါလိမ့်မည်။-
7 Purifica-me com hissopo, e ficarei limpo; lava-me, e ficarei mais alvo do que a neve.
8 ရွှင်လန်းခြင်းနှင့် ပျော်ရွှင်မြူးထူးသံများကို ကြားခွင့်ပြုတော်မူပါ။ ကိုယ်တော်ချေမွခဲ့သည့် အရိုးများကို ရွှင်လန်းဝမ်းမြောက် စေတော်မူပါ။-
8 Faze-me ouvir júbilo e alegria, para que se regozijem os ossos que esmagaste.
9 အကျွန်ုပ်၏ အပြစ်များကို မျက်ကွယ်ပြုတော်မူ၍ အကျွန်ုပ်၏ ဒုစရိုက်များအားလုံးကို ဖယ်ရှားတော်မူပါ။
9 Esconde o teu rosto dos meus pecados, e apaga todas as minhas iniqüidades.
10 အိုဘုရားသခင်၊ အကျွန်ုပ်၏ အတွင်းစိတ်၌ ဖြူစင်သောနှလုံးသားကို ဖန်ဆင်းတော်မူပါ။ ခိုင်မာသော စိတ်ဓာတ်သစ်ကို အကျွန်ုပ်၌ ထည့်သွင်းပေးတော်မူပါ။-
10 Cria em mim, ó Deus, um coração puro, e renova em mim um espírito estável.
11 ရှေ့တော်မှောက်မှ အကျွန်ုပ်ကို နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဝိညာဉ်တော်မြတ်ကို အကျွန်ုပ်ထံမှ ရုပ်သိမ်းတော် မမူပါနှင့်။-
11 Não me lances fora da tua presença, e não retire de mim o teu santo Espírito.
12 ကိုယ်တော်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကြောင့် ခံစားရသည့် ရွှင်လန်းခြင်းကို အကျွန်ုပ်အား ပြန်လည် ပေးသနားတော်မူပါ။ စေတနာထက်သန်သောစိတ်ကို အကျွန်ုပ်၌ ဆက်လက်ထိန်းသိမ်းထားတော်မူပါ။
12 Restitui-me a alegria da tua salvação, e sustém-me com um espírito voluntário.
13 ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သူတို့အား ကိုယ်တော်၏ တရားလမ်းတို့ကို သင်ကြားပေးပါမည်။ အပြစ်သားတို့ သည်လည်း ကိုယ်တော့်အထံတော်သို့ ပြန်လာကြပါလိမ့်မည်။-
13 Então ensinarei aos transgressores os teus caminhos, e pecadores se converterão a ti.
14 အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ သွေးထွက်သံယိုဖြစ်ပွားမှုမှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏ လျှာသည်လည်း ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို သီဆိုကျူးအေးပါမည်။
14 Livra-me dos crimes de sangue, ó Deus, Deus da minha salvação, e a minha língua cantará alegremente a tua justiça.
15 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏နှုတ်ခမ်းများကို ဖွင့်တော်မူပါ။ အကျွန်ုပ်၏နှုတ်သည်လည်း ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါမည်။-
15 Abre, Senhor, os meus lábios, e a minha boca proclamará o teu louvor.
16 ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို နှစ်မြို့တော်မမူပေ။ အကျွန်ုပ်သည် မီးရှို့ပူဇော်ရာယဇ်ကို ယူဆောင်လာလျှင်လည်း ကိုယ်တော်နှစ်သက်တော်မူမည်မဟုတ်။-
16 Pois tu não te comprazes em sacrifícios; se eu te oferecesse holocaustos, tu não te deleitarias.
17 ဘုရားသခင် နှစ်သက်တော်မူသောယဇ်သည်ကား ကြေကွဲသောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကြေကွဲ၍ နောင်တရသော စိတ်နှလုံးကို ပစ်ပယ်တော်မူလိမ့်မည်မဟုတ်ပါ။
17 O sacrifício aceitável a Deus é o espírito quebrantado; ao coração quebrantado e contrito não desprezarás, ó Deus.
18 ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းအားဖြင့် ဇီအွန်မြို့ကို ကြီးပွားတိုးတက်စေတော်မူပါ။ ဂျေရုဆလင်၏ မြို့ရိုးများကိုလည်း ပြန်လည်တည်ဆောက်တော်မူပါ။-
18 Faze o bem a Sião, segundo a tua boa vontade; edifica os muros de Jerusalém.
19 ထိုအခါ ကိုယ်တော်သည် စစ်မှန်သောယဇ်၊ မီးရှို့ပူဇော်ရာယဇ်များနှင့် တစ်ကိုယ်လုံး မီးရှို့ပူဇော်သောယဇ်များကို နှစ်သက်တော်မူပေလိမ့်မည်။ ထို့နောက် နွားလားများကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပေလိမ့်မည်။
19 Então te agradarás de sacrifícios de justiça dos holocaustos e das ofertas queimadas; então serão oferecidos novilhos sobre o teu altar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 51, comparar traduções ou montar um estudo — tudo direto pelo WhatsApp.