Salmos 46

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် ခွန်အားဖြစ်တော်မူ၍ ဘေးဒုက္ခရောက်ချိန်၌ ကူညီမစရန် အဆင်သင့်ရှိတော်မူ၏။-
1 Ao mestre de canto. Dos filhos de Coré. Cântico para voz de soprano. Deus é nosso refúgio e nossa força, mostrou-se nosso amparo nas tribulações.
2 ထို့ကြောင့် ကမ္ဘာမြေကြီးသည် အသွင်ပြောင်း၍ တောင်တို့သည်လည်း တုန်လှုပ်လျက် ပင်လယ်ရေနက်ထဲသို့ ပြိုကျခဲ့လျှင်သော်လည်းကောင်း၊-
2 Por isso a terra pode tremer, nada tememos; as próprias montanhas podem se afundar nos mares.
3 ပင်လယ်ရေတို့သည် မြည်ဟည်းပွက်ထလျက် တောင်တို့သည်လည်း ဆူညံကာ တုန်လှုပ်ခဲ့လျှင်သော်လည်းကောင်း ငါတို့သည် ကြောက်ရွံ့လိမ့်မည်မဟုတ်။
3 Ainda que as águas tumultuem e estuem e venham abalar os montes, está conosco o Senhor dos exércitos, nosso protetor é o Deus de Jacó.
4 အမြင့်ဆုံးသောဘုရား ကိန်းဝပ်စံပယ်တော်မူရာ သန့်ရှင်းသောမြို့တော်ကို ရွှင်လန်းဝမ်းမြောက်စေသည့် ရေစီးကြောင်းများ ရှိသော မြစ်တစ်ခုရှိ၏။-
4 Os braços de um rio alegram a cidade de Deus, o santuário do Altíssimo.
5 ဘုရားသခင်သည် ထိုမြို့တော်အလယ်တွင် ကိန်းဝပ်စံပယ်တော်မူသောကြောင့် ယင်းသည် ဖယ်ရှားခံရလိမ့်မည်မဟုတ်။ နံနက်မိုးသောက်ချိန်၌ ဘုရားသခင်သည် ထိုမြို့ကိုကူညီ မစတော်မူလိမ့်မည်။-
5 Deus está no seu centro, ela é inabalável; desde o amanhecer, já Deus lhe vem em socorro.
6 လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြ၏။ တိုင်းနိုင်ငံတို့သည် ယိမ်းယိုင်ပြိုလဲသွားကြ၏။ ကိုယ်တော်သည် ဗျာဒိတ်တော်အသံကို မိန့်ဆိုတော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။-
6 Agitaram-se as nações, vacilaram os reinos; apenas ressoou sua voz, tremeu a terra.
7 ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။
7 Está conosco o Senhor dos exércitos, nosso protetor é o Deus de Jacó.
8 လာကြ၊ ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုတို့ကို ထောက်ရှုကြလော့။ ကမ္ဘာမြေပေါ်တွင် ကိုယ်တော် လုပ်ဆောင်တော်မူခဲ့သည့်၊ အလွန်အံ့အားသင့်ဖွယ်ကောင်းသော အမှုတို့နှင့် ဘုရားသခင် ကျရောက်စေတော်မူခဲ့သော ဖျက်ဆီးခြင်းတို့ကို ကြည့်ရှုကြလော့။-
8 Vinde admirar as obras do Senhor, os prodígios que ele fez sobre a terra.
9 ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် စစ်ကိုငြိမ်းစေတော်မူ၏။ လေးကိုချိုးလျက် လှံတို့ကို အပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကို မီးရှို့တော်မူ၏။-
9 Reprimiu as guerras em toda a extensão da terra; partiu os arcos, quebrou as lanças, queimou os escudos.
10 ငြိမ်သက်စွာနေကြလော့။ ငါသည် ဘုရားသခင် ဖြစ်တော်မူသည်ကို သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့ တွင်လည်းကောင်း၊ မြေကြီးပေါ်တွင်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ဟု ဘုရားသခင်မိန့်တော်မူ၏။-
10 Parai, disse ele, e reconhecei que sou Deus; que domino sobre as nações e sobre toda a terra.
11 ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုလှုံရာ ဖြစ်တော်မူ၏။
11 Está conosco o Senhor dos exércitos, nosso protetor é o Deus de Jacó.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 46, comparar traduções ou montar um estudo — tudo direto pelo WhatsApp.