Salmos 36

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အပြစ်သည် လူယုတ်မာ၏ နက်ရှိုင်းသော နှလုံးသားအတွင်း၌ တီးတိုးစကား ပြောဆိုလျက်နေ၏။ သူ၏အမြင်၌ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမှန်း မသိပေ။-
1 A transgressão fala ao ímpio no íntimo do seu coração; não há temor de Deus perante os seus olhos.
2 အကြောင်းမူကား သူသည် သူ၏အမြင်၌ မိမိကိုယ်ကို အထင်ကြီးလွန်းသဖြင့် အပြစ်ကို မတွေ့မြင်နိုင်၊ မမုန်းတီးနိုင်ချေ။-
2 Porque em seus próprios olhos se lisonjeia, cuidando que a sua iniqüidade não será descoberta e detestada.
3 သူပြောဆိုသမျှတို့သည် ဆိုးညစ်၍ မုသားအတိပြီး၏။ သူသည် ပညာရှိသူ၊ ကောင်းမှုပြုသူ မဟုတ်တော့ပေ။-
3 As palavras da sua boca são malícia e engano; deixou de ser prudente e de fazer o bem.
4 သူသည် အိပ်ရာပေါ်တွင် ရှိနေစဉ်ပင် မကောင်းမှုကိုကြံစည်ပြီး အပြစ်ဒုစရိုက်လမ်းစဉ်ကို ကျင့်သုံး၍ မကောင်းမှုကို မစွန့်ပစ်ပေ။
4 Maquina o mal na sua cama; põe-se em caminho que não é bom; não odeia o mal.
5 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ကရုဏာမေတ္တာတော်သည် ကောင်းကင်သို့ တိုင်အောင်လည်းကောင်း၊ ကိုယ်တော်၏ သစ္စာတော်သည် မိုးတိမ်သို့တိုင်အောင်လည်းကောင်း ရောက်ပါ၏။-
5 A tua benignidade, Senhor, chega até os céus, e a tua fidelidade até as nuvens.
6 ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းသည် ကြီးမားသော တောင်တန်းများကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏ တရားစီရင်တော်မူချက်တို့သည် နက်ရှိုင်းသော သမုဒ္ဒရာကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ ကိုယ်တော်သည် လူသားနှင့် သားရဲ တိရစ္ဆာန်တို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။
6 A tua justiça é como os montes de Deus, os teus juízos são como o abismo profundo. Tu, Senhor, preservas os homens e os animais.
7 အိုဘုရားသခင်၊ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာအဖိုးထိုက်တန်ပါ၏။ လူသားတို့သည် ကိုယ်တော့် အတောင်တော်များ၏ အရိပ်အောက်တွင် ခိုလှုံကြပါ၏။-
7 Quão preciosa é, ó Deus, a tua benignidade! Os filhos dos homens se refugiam à sombra das tuas asas.
8 သူတို့သည် ကိုယ်တော့်အိမ်တော်၏ ကြွယ်၀ခြင်း၌ ပွဲခံကြလျက် ကိုယ်တော်သည် သူတို့အား ဝမ်းမြောက်ရွှင်လန်းခြင်း၏ စမ်းရေကို သောက်သုံးရန် ပေးတော်မူ၏။-
8 Eles se fartarão da gordura da tua casa, e os farás beber da corrente das tuas delícias;
9 အကြောင်းမူကား ကိုယ်တော်သာလျှင် အသက်ရှင်ခြင်းစမ်းရေ ဖြစ်တော်မူ၍ ကိုယ်တော်၏ အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကိုမြင်ကြရပါ၏။
9 pois em ti está o manancial da vida; na tua luz vemos a luz.
10 ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ စိတ်နှလုံး ဖြောင့်မတ်သောသူတို့အား ကိုယ်တော်၏ ကယ်တင်ခြင်းကို ပေးတော်မူပါ။-
10 Continua a tua benignidade aos que te conhecem, e a tua justiça aos retos de coração.
11 မာနထောင်လွှားသူတို့၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ ဆိုးယုတ်သူတို့၏လက်သည် အကျွန်ုပ်ကို နှင်ထုတ်ခွင့် မရပါစေနှင့်။-
11 Não venha sobre mim o pé da soberba, e não me mova a mão dos ímpios.
12 ဒုစရိုက်ကိုပြုသော သူတို့သည် မည်ကဲ့သို့ လဲကျသည်ကို ကြည့်ကြလော့။ သူတို့သည် လဲကျပြီး ထိုနေရာမှ တစ်ဖန်ပြန်၍ မထနိုင်ကြတော့ပေ။
12 Ali caídos estão os que praticavam a iniqüidade; estão derrubados, e não se podem levantar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 36, comparar traduções ou montar um estudo — tudo direto pelo WhatsApp.