Salmos 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် လျှို့ဝှက်စွာ ပူးပေါင်းကြံစည်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အကျိုးမဲ့ လျှို့ဝှက်ကြံစည်ကြသနည်း။-
1 Por que se amotinam as nações, e os povos imaginam coisas vãs?
2 လောကီဘုရင်တို့သည် ပုန်ကန်ထကြွကြ၍ မင်းညီမင်းသားတို့သည်လည်း ထာ၀ရဘုရားသခင်နှင့် ကိုယ်တော် ဘိသိက် ပေးတော်မူသောအရှင်ကို ပုန်ကန်ရန် လျှို့ဝှက်စွာ ကြံစည်ကြလျက် ပြောဆိုကြသည်မှာ၊-
2 Os reis da terra se levantam, e os príncipes juntos se mancomunam contra o Senhor e contra o seu ungido, dizendo:
3 သူတို့၏ချုပ်နှောင်မှုကို ငါတို့ချိုးဖျက်ကြစို့၊ သူတို့၏ချုပ်ကိုင်မှုကို ဖယ်ရှားပစ်ကြစို့ ဟူ၍ဖြစ်၏။
3 Rompamos as suas ataduras e sacudamos de nós as suas cordas.
4 ကောင်းကင်ဘုံရှိ ပလ္လင်တော်ပေါ်၌ ထိုင်နေတော်မူသောအရှင်သည် ပြုံးရယ်တော်မူ၏။ ထာ၀ရဘုရားသခင်သည် သူတို့ကို ပြက်ရယ်ပြုတော်မူ၏။-
4 Aquele que habita nos céus se rirá; o Senhor zombará deles.
5 ထို့နောက် ကိုယ်တော်သည် သူတို့ကို အမျက်တော်နှင့် ဆုံးမ၍ မိမိ၏အမျက်တော်အရှိန်ဖြင့် သူတို့ကို ကြောက်ရွံ့တုန်လှုပ် စေလျက် မိန့်တော်မူသည်ကား၊-
5 Então, lhes falará na sua ira e no seu furor os confundirá.
6 ငါ၏သန့်ရှင်းမြင့်မြတ်သော ဇီအွန်တောင်ပေါ်တွင် ငါ၏ဘုရင်ကို ငါကိုယ်တော်တိုင် တင်မြှောက်တော်မူပြီဟူ၍ဖြစ်၏။
6 Eu, porém, ungi o meu Rei sobre o meu santo monte Sião.
7 ထာ၀ရဘုရားသခင်၏ အမိန့်တော်ကို ငါကြေညာမည်။ ကိုယ်တော်က ငါ့အား သင်သည် ငါ၏သားဖြစ်၏၊ ယနေ့ပင် သင့်ကိုငါဖွားမြင်လေပြီ။-
7 Recitarei o decreto: O Senhor me disse: Tu és meu Filho; eu hoje te gerei.
8 ငါ့ထံမှတောင်းလော့။ ငါသည် လူမျိုးအပေါင်းတို့ကို သင်၏အမွေအနှစ်ဖြစ်စေမည်။ သင်သည် ကမ္ဘာမြေကြီးစွန်းတိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။-
8 Pede-me, e eu te darei as nações por herança e os confins da terra por tua possessão.
9 သင်သည် ထိုသူတို့ကို သံတောင်ဝှေးဖြင့် အုပ်စိုးလိမ့်မည်။ သင်သည် မြေအိုးကိုခွဲသကဲ့သို့ သူတို့အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေမည်ဟု မိန့်တော်မူ၏။
9 Tu os esmigalharás com uma vara de ferro; tu os despedaçarás como a um vaso de oleiro.
10 ထို့ကြောင့် အချင်းရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဤသတိပေးချက်ကို နားထောင်ကြလော့။-
10 Agora, pois, ó reis, sede prudentes; deixai-vos instruir, juízes da terra.
11 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သောစိတ်ဖြင့် အစေခံကြလော့။-
11 Servi ao Senhor com temor e alegrai-vos com tremor.
12 ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် ရှေ့တော်၌ ပျပ်ဝပ်ဦးညွတ်ကြလော့။ ထိုသို့မပြုလုပ်လျှင် ထာ၀ရဘုရားသခင်သည် အမျက်တော်ထွက်၍ သင်တို့သည် လမ်း၌ သေကြေပျက်စီးကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကြာမီပင် အမျက်ထွက်တော်မူလိမ့်မည်။ ကိုယ်တော်၌ ခိုလှုံအားကိုးသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
12 Beijai o Filho, para que se não ire, e pereçais no caminho, quando em breve se inflamar a sua ira. Bem-aventurados todos aqueles que nele confiam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.