Salmos 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ရူးမိုက်သောသူက ဘုရားမရှိဟု မိမိ၏စိတ်ထဲ၌ ပြောဆို၏။ သူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသော အမှုတို့ကို ပြုကြလေပြီ။ ကောင်းသောအရာကို ပြုကျင့်သူတစ်ယောက်မျှမရှိချေ။
1 Disse o néscio no seu coração: Não há Deus. Têm-se corrompido, fazem-se abomináveis em suas obras, não há ninguém que faça o bem.
2 ထာ၀ရဘုရားသခင်သည် သတိပညာရှိစွာ ပြုမူသူများနှင့် မိမိအား ရှာဖွေသူများရှိ၊ မရှိကို သိမြင်ရန်အတွက် ကောင်းကင်မှငုံ့၍ လူသားတို့ကို ကြည့်တော်မူ၏။
2 O Senhor olhou desde os céus para os filhos dos homens, para ver se havia algum que tivesse entendimento e buscasse a Deus.
3 သို့သော် လူအားလုံးတို့သည် လမ်းလွဲကြလေပြီ။ သူတို့အားလုံးသည် အတူတကွ ပျက်စီးနေကြ၏။ သူတို့တွင် ကောင်းမှုပြုသူ မရှိပေ။ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
3 Desviaram-se todos e juntamente se fizeram imundos: não há quem faça o bem, não há sequer um.
4 မကောင်းမှုပြုသော ထိုသူအပေါင်းတို့သည် အသိပညာ မရှိကြသလော။ သူတို့သည် ငါ၏လူမျိုးတော်ကို ပေါင်မုန့်စားသကဲ့သို့ ဝါးမျိုကြ၍ ထာ၀ရဘုရားသခင်ထံတော်သို့လည်း ဆုတောင်းပတ္ထနာမပြုကြ။
4 Não terão conhecimento os que praticam a iniqüidade, os quais comem o meu povo, como se comessem pão, e não invocam ao Senhor?
5 သူတို့သည် ကြောက်ရွံ့စိတ်၏ လွှမ်းမိုးမှုကို ခံကြရ၏။ အကြောင်းမူကား ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဆက်နှင့်အတူ ရှိတော်မူသောကြောင့်ပင်ဖြစ်၏။-
5 Ali se acharam em grande pavor, porque Deus está na geração dos justos.
6 မကောင်းမှုကို ပြုသောသင်တို့သည် ဆင်းရဲသူ၏ အစီအစဉ်များကို ပျက်ပြားစေသော်လည်း ထာ၀ရဘုရားသခင်သည် သူ၏ခိုလှုံရာဖြစ်တော်မူ၏။
6 Vós envergonhais o conselho dos pobres, porquanto o Senhor é o seu refúgio.
7 အစ္စရာအဲလ်လူမျိုး၏ လွတ်မြောက်ခြင်းသည် ဇီအွန်တောင်ပေါ်မှ ထွက်ပေါ်လာလျှင် ကောင်းပေစွ။ ထာ၀ရဘုရား သခင်သည် မိမိ၏လူမျိုးတော်အား တစ်ဖန်ပြန်၍ စည်ပင်၀ပြောစေသောအခါ ယာကုပ်သည် ရွှင်လန်းဝမ်းမြောက်၍ အစ္စရာအဲလ်သည် ပျော်ရွှင်ချမ်းမြေ့လိမ့်မည်။
7 Oh, se de Sião tivera já vindo a redenção de Israel! Quando o Senhor fizer voltar os cativos do seu povo, se regozijará Jacó e se alegrará Israel.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.