Salmos 149

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။ ထာ၀ရဘုရားသခင်အား သီချင်းအသစ်ကို သီဆိုချီးမွမ်းကြလော့။ ယုံကြည်သောသူတို့၏ အစုအဝေး၌ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြလော့။-
1 Aleluia! Cantem ao um cântico novo; cantem o seu louvor na assembleia dos santos.
2 အစ္စရာအဲလ်လူမျိုးသည် မိမိ၏ဖန်ဆင်းရှင်၌ ဝမ်းမြောက်ကြပါစေ။ ဇီအွန်မြို့သူမြို့သားတို့သည် မိမိတို့၏ဘုရင်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေ။-
2 Alegre-se Israel no seu Criador; exultem no seu Rei os filhos de Sião.
3 သူတို့သည် ကခုန်ကြလျက် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းထောမနာပြုကြပါစေ။ ဗုံနှင့်စောင်းကိုတီးလျက် ကိုယ်တော်အား သာယာသောအသံဖြင့် ကျူးရင့်ကြပါစေ။-
3 Louvem o nome do Senhor com danças; cantem-lhe salmos ao som de tamborins e harpas.
4 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို နှစ်သက်မြတ်နိုးတော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို အောင်ပွဲခံစေခြင်းဖြင့် ချီးမြှောက်တော်မူ၏။-
4 Porque o Senhor se agrada do seu povo e exalta os humildes com a salvação.
5 ယုံကြည်သောသူတို့သည် ဘုန်းဂုဏ်တော်၌ ဝမ်းမြောက်ကြပါစေ။ သူတို့သည် မိမိတို့၏အိပ်ရာများပေါ်၌ ဝမ်းမြောက် ဝမ်းသာ သီချင်းသီဆိုကြပါစေ။-
5 Que os santos exultem de glória, e no seu leito cantem de júbilo.
6 သူတို့၏နှုတ်မှ ဘုရားသခင်ကိုချီးမွမ်း၍ သူတို့၏လက်များတွင် ထက်မြက်သောသံလျက်များကို ကိုင်ကြလျက်၊-
6 Nos seus lábios estejam os altos louvores de Deus, e, nas suas mãos, uma espada de dois gumes,
7 သူတို့သည် တိုင်းနိုင်ငံများကို နှိမ်နင်းပြီး လူမျိုးတကာတို့ကို ဒဏ်ခတ်ကြပါစေ။-
7 para exercer vingança entre as nações e castigo sobre os povos;
8 သူတို့သည် ထိုသူတို့၏ဘုရင်များကို သံကြိုးဖြင့် ချည်နှောင်ကြ၍ ထိုသူတို့၏ခေါင်းဆောင်များကို သံခြေချင်းခတ်ကြပါစေ။-
8 para prender os seus reis com correntes e os seus nobres, com cadeias de ferro;
9 ထိုသူတို့အတွက် ရေးသားချမှတ်ထားသော တရားစီရင်ချက်အတိုင်း ဆောင်ရွက်ကြ ပါစေ။ ဤသည်ကား ဘုရားသခင်ကို ယုံကြည်သောသူ အပေါင်းတို့၏ဘုန်းဂုဏ်တော်ပင်ဖြစ်သတည်း။ ထာ၀ရ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။
9 para executar contra eles a sentença escrita, o que será honra para todos os seus santos. Aleluia!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 149, comparar traduções ou montar um estudo — tudo direto pelo WhatsApp.