Salmos 146
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့။ အိုငါ့ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုလော့။-
1 Louvai ao Senhor. Ó minha alma, louva ao Senhor.
2 ငါသည် အသက်ရှင်သမျှကာလပတ်လုံး ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုမည်။ ငါသည် အသက်ရှင်သမျှ ကာလပတ်လုံး ငါ၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုမည်။
2 Louvarei ao Senhor durante a minha vida; cantarei louvores ao meu Deus enquanto viver.
3 လူသားသက်သက်ဖြစ်၍ ကယ်တင်နိုင်စွမ်းမရှိသော မင်းညီမင်းသားများကို ယုံကြည်အားကိုးခြင်းမပြုကြနှင့်။-
3 Não confieis em príncipes, nem em filho de homem, em quem não há auxílio.
4 သူတို့သည် သေဆုံးသောအခါ မြေကြီးသို့ပြန် သွားကြရ၏။ ထိုနေ့၌ပင် သူတို့၏အကြံအစည်တို့သည် ပျက်စီးကြကုန်၏။
4 Sai-lhe o espírito, e ele volta para a terra; naquele mesmo dia perecem os seus pensamentos.
5 ယာကုပ်ဘုရားသခင်၏ ကူညီစောင်မတော်မူခြင်းခံရသူ၊ မိမိ၏ဘုရားဖြစ်သော ထာ၀ရဘုရားသခင်ကို မျှော်လင့်ကိုးစားသော သူသည် မင်္ဂလာရှိ၏။-
5 Bem-aventurado aquele que tem o Deus de Jacó por seu auxílio, e cuja esperança está no Senhor seu Deus
6 ကိုယ်တော်သည် ကောင်းကင်၊ ကမ္ဘာမြေကြီး၊ ပင်လယ်နှင့်တကွ ယင်းတို့တွင် ရှိသမျှအရာအားလုံးတို့ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည် အစဉ်ထာ၀ရသစ္စာတည်တော်မူ၏။-
6 que fez os céus e a terra, o mar e tudo quanto neles há, e que guarda a verdade para sempre;
7 ကိုယ်တော်သည် ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူတို့အတွက် တရားသဖြင့် စီရင်ပေးတော်မူ၏။ ကိုယ်တော်သည် ငတ်မွတ်သော သူတို့အား စားစရာကို ပေးတော်မူ၏။ ထာ၀ရဘုရားသခင်သည် အကျဉ်းချခံနေရသောသူတို့ကို လွတ်မြောက်စေတော်မူ၏။-
7 que faz justiça aos oprimidos, que dá pão aos famintos. O Senhor solta os encarcerados;
8 ထာ၀ရဘုရားသခင်သည် မျက်စိမမြင်သောသူတို့အား မျက်စိမြင်စေတော်မူ၏။ ကိုယ်တော်သည် လဲကျနေသူတို့ကို ထူမ၍ ဖြောင့်မတ်သူတို့ကိုချစ်မြတ်နိုးတော်မူ၏။-
8 o Senhor abre os olhos aos cegos; o Senhor levanta os abatidos; o Senhor ama os justos.
9 ထာ၀ရဘုရားသခင်သည် ဧည့်သည်အာဂန္တုတို့ကို ကြည့်ရှုစောင့်ရှောက်၍ မုဆိုးမနှင့်မိဘမဲ့တို့ကို ကူညီစောင်မတော်မူ၏။ သို့သော် ကိုယ်တော်သည် ဆိုးယုတ်သူတို့၏လမ်းစဉ်ကို ပျက်စီးစေတော်မူ၏။
9 O Senhor preserva os peregrinos; ampara o órfão e a viúva; mas transtorna o caminho dos ímpios.
10 ထာ၀ရဘုရားသခင်သည် ကာလအဆက်ဆက် စိုးစံတော်မူလိမ့်မည်။ အိုဇီအွန်၊ သင်၏ဘုရားသခင်သည် လူမျိုးအဆက်ဆက်တိုင်အောင် အစဉ်ထာ၀ရ အုပ်စိုးတော်မူလိမ့်မည်။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုကြလော့။
10 O Senhor reinará eternamente: o teu Deus, ó Sião, reinará por todas as gerações. Louvai ao Senhor!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 146, comparar traduções ou montar um estudo — tudo direto pelo WhatsApp.