Salmos 144

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 အကျွန်ုပ်၏ခိုလှုံရာ ကျောက်ဆောင်တည်းဟူသော ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်များကို စစ်တိုက်ရန်အတွက်လည်းကောင်း၊ အကျွန်ုပ်၏လက်ချောင်းများကို တိုက်ပွဲဝင်ရန်အတွက် လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။-
1 Bendito seja o Senhor, a minha Rocha, que treina as minhas mãos para a guerra e os meus dedos para a batalha.
2 ကိုယ်တော်သည် အကျွန်ုပ်၏ ခိုလှုံရာကျောက်ဆောင်၊ အကျွန်ုပ်၏ခံတပ်၊ အကျွန်ုပ်၏ရဲတိုက်၊ အကျွန်ုပ်၏ကယ်တင်ရှင်နှင့် အကျွန်ုပ်၏ဒိုင်းလွှားဖြစ်တော်မူပါ၏။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အကျွန်ုပ်၏လက်အောက်သို့ ရောက်စေတော်မူ၏။
2 Ele é o meu aliado fiel, a minha fortaleza, a minha torre de proteção e o meu libertador, é o meu escudo, aquele em quem me refugio. Ele subjuga a mim os povos.
3 အိုထာ၀ရဘုရားသခင်၊ လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် ဤမျှအရေးတယူ တန်ဖိုးထားတော်မူပါသနည်း။ သာမန်လူသားသည် မည်သူဖြစ်၍ ကိုယ်တော်သည် သူ့ကိုဂရုစိုက်တော်မူပါသနည်း။-
3 Senhor, que é o homem para que te importes com ele, ou o filho do homem para que por ele te interesses?
4 လူသည် အသက်ရှူသွင်းသော လေနှင့်တူပါ၏။ သူ၏အသက်တာသည် ဖြတ်သန်းသွားသော အရိပ်နှင့်တူပါ၏။
4 O homem é como um sopro; seus dias são como uma sombra passageira.
5 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏မိုးကောင်းကင်ကိုညွတ်၍ ဆင်းကြွလာတော်မူပါ။ တောင်များကို တို့ထိတော်မူပါ။ ယင်းတို့မှ မီးခိုးထွက်ကြပါလိမ့်မည်။-
5 Estende, Senhor, os teus céus e desce; toca os montes para que fumeguem.
6 ကိုယ်တော်၏လျှပ်စီးကို လက်စေတော်မူ၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူပါ။ ကိုယ်တော်၏ လေးမြားတော်တို့ကို ပစ်သဖြင့် သူတို့ကို ရှုံးနိမ့်ပြိုကွဲစေတော်မူပါ။-
6 Envia relâmpagos e dispersa os inimigos; atira as tuas flechas e faze-os debandar.
7 ကိုယ်တော်၏လက်တော်ကို အထက်အရပ်မှဆန့်တန်းတော်မူပါ။ အကျွန်ုပ်ကို ရေနက်ရာမှလည်းကောင်း၊ တိုင်းတစ်ပါး သားတို့၏ လက်ထဲမှလည်းကောင်း ကယ်ဆယ်တော်မူပါ။-
7 Das alturas, estende a tua mão e liberta-me; salva-me da imensidão das águas, das mãos desses estrangeiros,
8 ထိုသူတို့သည် လိမ်ညာလှည့်ဖြားသောစကားကို နှုတ်မှပြောဆိုကြ၍ မမှန်ကန်ရာတို့ကို လက်ယာလက်ဖြင့် ပြုလုပ်ကြပါ၏။
8 que têm lábios mentirosos e com a mão direita erguida juram falsamente.
9 အိုဘုရားသခင်၊ အကျွန်ုပ်သည် သီချင်းအသစ်ကိုသီဆို၍ ကိုယ်တော်အား ချီးမွမ်းပါမည်။ ကြိုးဆယ်ပင်ပါသော စောင်းကိုတီးလျက် ကိုယ်တော့်ကို ချီးမွမ်းပါမည်။-
9 Cantarei uma nova canção a ti, ó Deus; tocarei para ti a lira de dez cordas,
10 ကိုယ်တော်သည် ဘုရင်တို့အား စစ်အောင်နိုင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်၏ကျွန် ဒါဝိဒ်ကိုလည်း ကယ်တင် တော်မူပါ၏။-
10 para aquele que dá vitória aos reis, que livra o seu servo Davi da espada mortal.
11 ရက်စက်ကြမ်းကြုတ်သော ဓား၏ဘေးရန်မှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏ လက်ထဲမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ထိုသူတို့သည် လိမ်လည်လှည့်ဖြားသော စကားများကို နှုတ်မှပြောဆိုကြ၍ မမှန်ကန်ရာတို့ကို လက်ယာလက်ဖြင့် ပြုမူကြပါ၏။
11 Dá-me libertação; salva-me das mãos dos estrangeiros, que têm lábios mentirosos e que, com a mão direita erguida, juram falsamente.
12 အကျွန်ုပ်တို့၏ သားများသည် သူတို့၏ပျိုရွယ်ချိန်၌ သန်မာကြီးထွားလာသော အပင်ပေါက်များကဲ့သို့ ဖြစ်ကြပါစေ။ အကျွန်ုပ်တို့၏ သမီးများသည် နန်းတော်ထောင့်တွင် စိုက်ထူမည့် ကျောက်တိုင်များကဲ့သို့ ဖြစ်ကြပါစေ။-
12 Então, na juventude, os nossos filhos serão como plantas viçosas, e as nossas filhas, como colunas esculpidas para ornar um palácio.
13 အကျွန်ုပ်တို့၏ ရိက္ခာတိုက်များသည် အသီးအနှံအမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေပါစေ။ အကျွန်ုပ်တို့၏ သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များတွင် ထောင်သောင်းမက တိုးပွားကြပါစေ။-
13 Os nossos celeiros estarão cheios das mais variadas provisões. Os nossos rebanhos se multiplicarão aos milhares, às dezenas de milhares em nossos campos;
14 အကျွန်ုပ်တို့၏ နွားအုပ်များသည်လည်း ရင်သွေးကိုလွယ်ပိုက်၍ ၀ဖြိုးလေးလံကြပါစေ။ မြို့ရိုးကျိုးပေါက်ခြင်း သော်လည်းကောင်း၊ အတင်းအဓမ္မ သိမ်းယူခေါ်ဆောင်သွားခြင်းသော်လည်းကောင်း မရှိပါစေနှင့်။ အကျွန်ုပ်တို့၏လမ်းများ ပေါ်တွင်လည်း အော်ဟစ်ငိုကြွေးခြင်း မရှိပါစေနှင့်။
14 o nosso gado dará suas crias; não haverá praga alguma nem aborto. Não haverá gritos de aflição em nossas ruas.
15 ဤကဲ့သို့ ကောင်းချီးမင်္ဂလာခံစားရသော လူမျိုးသည် မင်္ဂလာရှိ၏။ ထာ၀ရဘုရားသခင်ကို ဘုရားအဖြစ် ရှိခိုးကိုးကွယ်သော လူမျိုးသည် မင်္ဂလာရှိ၏။
15 Como é feliz o povo assim abençoado! Como é feliz o povo cujo Deus é o Senhor!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 144, comparar traduções ou montar um estudo — tudo direto pelo WhatsApp.