Salmos 142

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါသည် ထာ၀ရဘုရားသခင်ကို အော်ဟစ်၍ ခေါ်တပါ၏။ ငါ၏အသံကိုမြှင့်၍ ထာ၀ရဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ပါ၏။-
1 Hino de Davi, quando estava na caverna. Oração. Minha voz lança um grande brado ao Senhor, em alta voz imploro ao Senhor.
2 ငါသည် ငါ၏အခက်အခဲရှိသမျှကို ကိုယ်တော်၏ရှေ့တော်၌ ဖော်ပြတိုင်တန်း၍ ငါ၏ဒုက္ခရှိသမျှကို ကိုယ်တော်အား လျှောက် ထားပါ၏။-
2 Ponho diante dele a minha inquietação, eu lhe exponho toda a minha angústia.
3 အကျွန်ုပ်သည် စိတ်ပျက်အားလျော့နေသောအခါ ကိုယ်တော်သည် အကျွန်ုပ်သွားသောလမ်းကို သိတော်မူပါ၏။ အကျွန်ုပ်လျှောက်သည့်လမ်း၌ ရန်သူတို့သည် အကျွန်ုပ်အတွက် ထောင်ချောက်ဆင်ထားကြပါ၏။-
3 Na hora em que meu espírito desfalece, vós conheceis o meu caminho. Na senda em que ando, ocultaram-me um laço.
4 ငါသည် လက်ယာဘက်သို့ ကြည့်လိုက်သောအခါ ငါ့ကိုသိကျွမ်းသူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါအဖို့ ခိုလှုံအားကိုးစရာ လည်းမရှိ။ မည်သူမျှ ငါ့ကိုဂရုမစိုက်ကြပေ။
4 Olho para a direita e vejo: não há ninguém que cuide de mim. Não existe para mim um refúgio, ninguém que se interesse pela minha vida.
5 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အော်ဟစ်အသနားခံပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ခိုလှုံအားကိုးရာဖြစ်၍ အသက်ရှင်သောသူတို့၏နိုင်ငံတွင် အကျွန်ုပ်ခံစားရမည့် အမွေတော်ဖြစ်တော်မူသည်ဟု အကျွန်ုပ် ပြောဆိုပါ၏။-
5 Eu vos chamo, Senhor, vós sois meu refúgio, meu quinhão na terra dos vivos.
6 အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အလွန်ပင် စိတ်ပျက် အားလျော့နေသောကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်သော သူတို့၏လက်မှ အကျွန်ုပ်ကို ကယ်တော်မူပါ။ အကြောင်းမူကား ထိုသူတို့သည် အကျွန်ုပ်အတွက် အင်အားကြီးမားလွန်းသော ကြောင့်ဖြစ်ပါ၏။-
6 Atendei ao meu clamor, porque estou numa extrema miséria. Livrai-me daqueles que me perseguem, porque são mais fortes do que eu.
7 အကျွန်ုပ်ကို ထောင်ထဲမှ ကယ်ထုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို ကျေးဇူးတင်ချီးမွမ်းပါမည်။ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကိုဝန်းရံထားကြပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူသော ကြောင့်ဖြစ်ပါ၏။
7 Tirai-me desta prisão, para que possa agradecer ao vosso nome. Os justos virão rodear-me, quando me tiverdes feito este benefício.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 142, comparar traduções ou montar um estudo — tudo direto pelo WhatsApp.