Salmos 12
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 အိုထာ၀ရဘုရားသခင်၊ ကူညီတော်မူပါ။ ဘုရားတရားရှိသူဟူ၍ တစ်ယောက်မျှ မကျန်တော့ပါ။ အကြောင်းမူကား သစ္စာရှိသော သူတို့သည် လူသားတို့အလယ်မှ ပျောက်ကွယ်သွားကြကုန်လေပြီ။-
1 Socorro, Senhor ! Porque já não há homens piedosos; desaparecem os fiéis entre os filhos dos homens.
2 လူတိုင်းသည် မိမိနှင့်နီးစပ်သောသူအပေါ် မုသားသုံး၍ မြှောက်ပင့်ပြောဆိုတတ်သောနှုတ်ဖြင့် မရိုးမသား လှည့်စားပြောဆို ကြပါ၏။
2 Falam com falsidade uns aos outros, falam com lábios bajuladores e coração fingido.
3 ထာ၀ရဘုရားသခင်သည် မြှောက်ပင့်ပြောဆိုသောနှုတ်များနှင့် အလွန်ဝါကြွားပြောဆိုသော လျှာများကို ဖြတ်တောက်ပစ် တော်မူပါစေ။-
3 Corte o Senhor todos os lábios bajuladores, a língua que fala soberbamente,
4 သူတို့က ငါတို့၏နှုတ်လျှာဖြင့် ငါတို့သည် အနိုင်ရလိမ့်မည်။ ငါတို့၏နှုတ်များကို ငါတို့ပိုင်ဆိုင်သည်ဖြစ်၍ မည်သူသည် ငါတို့၏ဆရာဖြစ် သနည်းဟု ပြောဆိုကြပါ၏။
4 pois dizem: Com a língua prevaleceremos, os lábios são nossos; quem é senhor sobre nós?
5 ဆင်းရဲသားတို့သည် ဖိနှိပ်အနိုင်ကျင့်ခံရပြီး ချို့တဲ့သူတို့သည် ညည်းတွားကြသောကြောင့် ယခုပင် ငါကြွလာတော်မူမည်၊ လုံခြုံရာအရပ်ကို လိုလားတမ်းတသောသူတို့အား ထိုအရပ်ကို ငါပေးမည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏။-
5 Por causa da opressão dos pobres e do gemido dos necessitados, eu me levantarei agora, diz o e porei a salvo a quem por isso suspira.
6 ထာ၀ရဘုရားသခင်၏ ကတိတော်များသည် ဖြူစင်သန့်ရှင်းသော ကတိတော်များဖြစ်ပြီး မီးဖို၌ ခုနစ်ကြိမ်သန့်စင်ထားသော ငွေစင်ကဲ့သို့ဖြစ်ပါ၏။
6 As palavras do Senhor são palavras puras, prata refinada em cadinho de barro, depurada sete vezes.
7 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ဤလူမျိုးဆက်မှ အစဉ်ကာကွယ်၍ စောင့်ရှောက်တော်မူပါ။-
7 Sim, Senhor , tu nos guardarás; desta geração nos livrarás para sempre.
8 မကောင်းမှုသည် လူအပေါင်းတို့အလယ်တွင် ချီးမြှောက်ခြင်း ခံရပါသောကြောင့် ဆိုးယုတ်သော သူတို့သည် အရပ်ရပ်သို့ လှည့်လည်သွားလာလျက်ရှိကြပါ၏။
8 Por todos os lugares andam os perversos, quando entre os filhos dos homens a vileza é exaltada.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.