Salmos 111

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထာ၀ရဘုရားသခင်အား ချီးမွမ်းထောမနာပြုကြလော့။ ငါသည် ဖြောင့်မတ်သူတို့၏ အစည်းအဝေးတွင် ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။-
1 Louvado seja o S enhor ! De todo o meu coração darei graças ao S quando me reunir com os justos.
2 ထာ၀ရဘုရားသခင် ပြုလုပ်တော်မူသော အမှုအရာတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုအရာတို့ကို နှစ်သက်သော သူအပေါင်းတို့သည် ၎င်းတို့ကို လေ့လာဆည်းပူးကြပါ၏။-
2 Como são grandiosas as obras do S enhor ! Todos que têm prazer nele devem nelas meditar.
3 ကိုယ်တော်ပြုလုပ်တော်မူသော အမှုအရာတို့သည် ဘုန်းဂုဏ်တော်နှင့် ကျက်သရေတို့ဖြင့် ပြည့်စုံကြပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းသည် အစဉ်ထာ၀ရတည်တော်မူ၏။
3 Tudo que ele faz revela sua glória e majestade; sua justiça permanece para sempre.
4 ကိုယ်တော်သည် မိမိ၏အံ့ဖွယ်အမှုအရာတို့ကို အောက်မေ့ဖွယ်ဖြစ်စေရန် စီရင်တော်မူ၏။ ထာ၀ရဘုရားသခင်သည် သနားကြင်နာ၍ ကရုဏာရှင်ဖြစ်တော်မူ၏။-
4 Ele nos faz recordar suas maravilhas; o S
5 ကိုယ်တော်သည် မိမိကို ကြောက်ရွံ့ရိုသေသောသူတို့အား အစာအာဟာရဖြည့်တင်းပေး၍ မိမိ၏ပဋိညာဉ်တော်ကို အစဉ်သတိရတော်မူ၏။-
5 Dá alimento aos que o temem, lembra-se sempre de sua aliança.
6 ကိုယ်တော်သည် လူမျိုးခြားတို့၏ အမွေအနှစ်ဖြစ်သော နယ်မြေများကို မိမိ၏လူမျိုးအား ပေးတော်မူခြင်းဖြင့် မိမိပြုလုပ်သော အမှုအရာတို့၏ တန်ခိုးတော်ကို သူတို့အား ပြတော်မူ၏။
6 Mostrou seu poder ao seu povo ao lhe dar as terras de outras nações.
7 ကိုယ်တော်၏လက်တော်ဖြင့် လုပ်ဆောင်တော်မူသော အမှုအရာတို့သည် တည်ကြည်ဖြောင့်မှန်ကြ၏။ ကိုယ်တော်၏ ပညတ်တော်အားလုံးသည် ယုံကြည်စိတ်ချထိုက်ပေ၏။-
7 Tudo que ele faz é justo e bom; todos os seus mandamentos são confiáveis.
8 ထိုပညတ်တော်တို့သည် အစဉ်ထာ၀ရတည်ကြ၏။ ၎င်းတို့ကို သစ္စာတရားနှင့် ဖြောင့်မတ်ခြင်းတရားအားဖြင့် စီရင်ထားခြင်းဖြစ်၏။-
8 São verdadeiros para sempre; devem ser obedecidos com fidelidade e retidão.
9 ကိုယ်တော်သည် မိမိ၏လူမျိုးတော်အား ကယ်တင်ခြင်းကို ပေးသနား၍ အစဉ်ထာ၀ရတည်သော ပဋိညာဉ်တော်ကို သူတို့နှင့်ပြုတော်မူ၏။ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်၍ ကြောက်ရွံ့ရိုသေဖွယ်ဖြစ်တော်မူ၏။-
9 Ele pagou o resgate por seu povo, garantiu para sempre sua aliança com eles; seu nome é santo e temível!
10 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် ဉာဏ်ပညာ၏ အစမူလပင်ဖြစ်၏။ ဉာဏ်ပညာတော်ကို စောင့်ထိန်းသော သူအပေါင်းတို့သည် မှန်ကန်စွာ သိနားလည်နိုင်စွမ်းကို ရရှိကြ၏။ ကိုယ်တော်အား အစဉ်ထာ၀ရ ချီးမွမ်းထော မနာ ရှိပါစေသော်။
10 O temor do S enhor é o princípio do conhecimento; todos que obedecem a seus mandamentos mostram bom senso. Louvem-no para sempre!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 111, comparar traduções ou montar um estudo — tudo direto pelo WhatsApp.