Salmos 106

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြလော့။ ထာ၀ရဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာတော်သည် အစဉ်အမြဲတည်တော်မူ၏။-
1 Louvai ao SENHOR. Dai graças ao SENHOR, pois ele é bom, pois a sua misericórdia dura para sempre.
2 ထာ၀ရဘုရားသခင်၏ ကြီးမြတ်သောအမှုတော်တို့ကို မည်သူပြောဆိုနိုင်ပါမည်နည်း။ ကိုယ်တော်၏ ဂုဏ်တော်ကို စုံလင်စွာ မည်သူထုတ်ဖော်ဝန်ခံနိုင်မည်နည်း။-
2 Quem pode contar os feitos poderosos do SENHOR? Quem poderá anunciar todos os seus louvores?
3 တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်၍ ဖြောင့်မှန်ရာကို လိုက်ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
3 Abençoados são os que guardam o juízo, e o que pratica justiça em todos os tempos.
4 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လူမျိုးတော်ကို ကရုဏာမေတ္တာပြသသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ။ သူတို့အား ကယ်တင်တော်မူသောအခါတွင် အကျွန်ုပ်ကို ကူညီမစတော်မူပါ။-
4 Lembra-te de mim, ó SENHOR, com o teu favor para com o teu povo; Oh, visita-me com a tua salvação.
5 ဤသို့ဖြင့် အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်တော်မူသောသူတို့၏ ကြီးပွားတိုးတက်ခြင်းကို မြင်နိုင်ပါလိမ့်မည်။ ကိုယ်တော့်လူမျိုး၏ ပျော်ရွှင်ဝမ်းမြောက်ခြင်း၌ အကျွန်ုပ်လည်း ပါဝင်ဝမ်းမြောက်နိုင်ပါလိမ့်မည်။ အကျွန်ုပ်သည် ကိုယ်တော်၏ အမွေအနှစ်ကို ခံစားခြင်း၌ ဂုဏ်ယူနိုင်ပါလိမ့်မည်။
5 Para que eu veja os bens de teus escolhidos, para que eu me alegre com a alegria da tua nação, para que eu me glorie com a tua herança.
6 အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ ဘိုးဘေးတို့သည် အပြစ်ကျူးလွန်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားကျူးလွန်ခဲ့ကြပြီး ဆိုးယုတ်စွာပြုကျင့်ခဲ့ကြပါပြီ။-
6 Nós pecamos como os nossos pais, nós cometemos a iniquidade, nós nos comportamos impiamente.
7 အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိခဲ့စဉ်က ကိုယ်တော်၏ အံ့ဖွယ်ရာအမှုတော်တို့ကို ထောက်ရှုဆင်ခြင်ခြင်း မပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြွယ်၀သော မေတ္တာတော်များကိုမေ့လျော့ကြပြီး ပင်လယ်နီအနီးတွင် အမြင့်ဆုံးသော ဘုရားသခင်ကို ပုန်ကန်ခဲ့ကြပါ၏။-
7 Nossos pais não entenderam as tuas maravilhas no Egito; não se lembraram da multidão das tuas misericórdias; mas o provocaram no mar, no mar Vermelho.
8 သို့ဖြစ်သော်လည်း ကိုယ်တော်သည် မိမိ၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်ကို ထင်ရှားစေရန် နာမတော်ကို ထောက်၍ သူတို့ကို ကယ်တင်တော်မူခဲ့၏။-
8 Mesmo assim, ele os salvou por causa do seu nome, para que fizesse o seu grande poder conhecido.
9 ကိုယ်တော်သည် ပင်လယ်နီကို ကြိမ်းမောင်းတော်မူ၍ ရေသည်ခန်းခြောက်သွားပါ၏။ သဲကန္တာရကို ဖြတ်ကျော်သကဲ့သို့ ခန်းခြောက်သောပင်လယ်ကို ဖြတ်ကျော်ရန် ကိုယ်တော်သည် သူတို့ကို ဦးဆောင်တော်မူခဲ့၏။-
9 Ele também repreendeu o mar Vermelho, e este secou, assim os conduziu através do abismo, como pelo deserto.
10 ကိုယ်တော်သည် ရန်မူလိုသောသူတို့၏လက်ထဲမှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူတို့၏လက်မှ လွတ်မြောက်စေ တော်မူ၏။-
10 E ele os salvou da mão daquele que os odiava, e os resgatou da mão do inimigo.
11 ရေတို့သည် သူတို့၏ရန်သူများကို ဖုံးလွှမ်းသဖြင့် ရန်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်တော့ပေ။-
11 E as águas cobriram os seus inimigos; nem um só deles sobrou.
12 ထိုအခါ သူတို့သည် ကိုယ်တော်၏ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော့်ကို သီဆိုချီးမွမ်းကြ၏။
12 Então eles creram nas suas palavras, e cantaram os seus louvores.
13 သို့သော် သူတို့သည် ကိုယ်တော်ပြုလုပ်တော်မူသော အမှုတော်များကို မကြာမီတွင်ပင် မေ့လျော့ကြပြီး ကိုယ်တော်၏ လမ်းညွန်ချက်များကို မစောင့်ဆိုင်းခဲ့ကြပေ။-
13 Eles logo se esqueceram das suas obras; não esperaram o seu conselho.
14 သူတို့သည် တောအရပ်၌ရှိစဉ် မိမိတို့၏စိတ်အလိုကိုလိုက်၍ သဲကန္တာရ၌ ဘုရားသခင်ကို စုံစမ်းခဲ့ကြ၏။-
14 Mas cobiçaram excessivamente no deserto, e tentaram a Deus no deserto.
15 ကိုယ်တော်သည် သူတို့တောင်းဆိုသောအရာကို ပေးသနားတော်မူခဲ့သော်လည်း သူတို့အား အမျိုးပြုတ်စေနိုင်သော ရောဂါဆိုးကို စွဲကပ်စေတော်မူ၏။
15 E ele lhes deu o que pediram, mas enviou magreza às suas almas.
16 တဲစခန်းအတွင်း၌ လူတို့သည် မိုးဇက်နှင့် ဘုရားသခင်၏သန့်ရှင်းသောသူဖြစ်သည့် အာရွန်တို့အပေါ် မနာလိုဖြစ်ကြ၏။-
16 Eles também invejaram Moisés no acampamento, e a Arão, o santo do SENHOR.
17 ထိုအခါ မြေကြီးသည် ကွဲအက်ပြီးလျှင် ဒါသန်ကိုဝါးမျို၍ အာဘီရမ်နှင့် အပေါင်းပါတို့အပေါ် ဖုံးလွှမ်းခဲ့၏။-
17 Abriu-se a terra, e engoliu a Datã, e cobriu a companhia de Abirão.
18 သူတို့၏နောက်လိုက်နောက်ပါများတွင်လည်း မီးလောင်ခဲ့ပြီး မီးတောက်သည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်း ခဲ့လေ၏။
18 E um fogo se acendeu na sua companhia; a chama queimou os perversos.
19 သူတို့သည် ဟောရက်အရပ်တွင် နွားသူငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။-
19 Eles fizeram um bezerro em Horebe, e adoraram a imagem fundida.
20 သူတို့သည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နေရာတွင် မြက်စားသောနွား၏ရုပ်တုကို အစားထိုးလဲလှယ်ခဲ့ကြ၏။-
20 E assim converteram a sua glória na semelhança de um boi que come grama.
21 သူတို့သည် အီဂျစ်ပြည်တွင် အံ့ဖွယ်ကောင်းသောအမှုတို့ကို ပြုလုပ်တော်မူခဲ့သော သူတို့၏ကယ်တင်ရှင် ဘုရားသခင်ကို မေ့လျော့ခဲ့ကြ၏။-
21 Esqueceram-se de Deus, o seu Salvador, que fizera grandes coisas no Egito,
22 သူတို့သည် ဟမ်ပြည်တွင် ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်အမှုတို့နှင့် ပင်လယ်နီတွင် ပြုလုပ်တော်မူသော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တို့ကိုလည်း မေ့လျော့ခဲ့ကြ၏။-
22 Obras maravilhosas na terra de Cam, e coisas terríveis no mar Vermelho.
23 ကိုယ်တော်ရွေးကောက်တော်မူသော မိုးဇက်သည် ကိုယ်တော်၏ ရှေ့တော်တွင်ရပ်လျက် သူတို့အား ဖျက်ဆီးသုတ်သင်မည့် ကိုယ်တော်၏ အမျက်တော်ကို မဆီးတားခဲ့ပါလျှင် ကိုယ်တော်သည် သူတို့ကို ဖျက်ဆီးသုတ်သင်ရန် အမိန့်တော်ချမှတ်ခဲ့ ပေလိမ့်မည်။
23 Por isso ele disse que os destruiria, não tivesse Moisés, o seu escolhido, ficado perante ele na brecha, para desviar a sua ira, para ele não os destruir.
24 ထို့နောက် သူတို့သည် နှစ်သက်ဖွယ်ကောင်းသောပြည်ကို အထင်အမြင်သေး၍ ကိုယ်တော်၏ကတိတော်ကို မယုံကြည်ခဲ့ကြချေ။-
24 Sim, eles desprezaram a terra aprazível; não creram na sua palavra.
25 သူတို့သည် မိမိတို့၏တဲများအတွင်း၌ ပြစ်တင်ညည်းတွားကြပြီး ထာ၀ရဘုရားသခင်၏အသံကိုလည်း မနာခံခဲ့ကြချေ။-
25 Mas murmuraram nas suas tendas, e não deram ouvidos à voz do SENHOR.
26 ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို တောကန္တာရထဲတွင် သေစေခြင်းငှာလည်းကောင်း၊-
26 Portanto ele levantou a sua mão contra eles, para os derrubar no deserto;
27 သူတို့၏သားမြေးများကို တစ်ပါးအမျိုးသားတို့လက်တွင် ကျရောက်စေ၍ တိုင်းပြည်အနှံ့အပြားသို့ တကွဲတပြားစီ ဖြစ်စေခြင်းငှာလည်းကောင်း မိမိ၏လက်တော်ကိုမြှောက်၍ ကျိန်ဆိုတော်မူ၏။
27 para derrubar também a sua semente entre as nações, e espalhá-los pelas terras.
28 ထို့နောက် သူတို့သည် ပေအော်အရပ်ရှိ ဘားလ်ဘုရားကို ရှိခိုးဝတ်ပြုကြ၍ သေသူတို့၏ရှေ့တွင် ပူဇော်ထားသော ယဇ်ကောင်များကိုစားကြ၏။-
28 Eles também se juntaram com Baal-Peor, e comeram os sacrifícios dos mortos.
29 ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် ထာ၀ရဘုရားသခင်ကို အမျက်တော်ထွက်စေပြီး သူတို့အလယ်တွင် ကပ်ရောဂါ ကျရောက်စေလေ၏။-
29 Assim eles o provocaram à ira com as suas invenções; e a peste desceu sobre eles.
30 ထိုအခါ ဖိနေဟသည်ထ၍ အသနားခံတောင်းလျှောက်သောကြောင့် ကပ်ရောဂါသည် ငြိမ်းလေ၏။-
30 Então levantou-se Fineias, e executou o juízo, e assim a peste foi contida.
31 ထိုအမှုကြောင့် သူသည် လူမျိုးအစဉ်အဆက်၌ ဖြောင့်မတ်ခြင်း၏ စံနမူနာဖြစ်လေ၏။
31 E isto lhe foi contado como justiça pelas gerações para sempre.
32 သူတို့သည် မေရိဘစမ်းချောင်းအနီးတွင် ထာ၀ရဘုရားသခင်ကို အမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့် မိုးဇက်သည် ဒုက္ခရောက်ရလေ၏။-
32 Eles também enfureceram-se junto às águas da contenda, de modo que por causa deles sucedeu mal a Moisés;
33 အကြောင်းမူကား သူတို့သည် မိုးဇက်၏စိတ်ကို နာကြည်းခါးသီးစေသောကြောင့် မိုးဇက်သည် အဆင်ခြင်မဲ့သော စကားများကို ပြောဆိုခဲ့မိ၏။
33 Porque provocaram o seu espírito, de modo que ele falou imprudentemente com os seus lábios.
34 သူတို့သည် ထာ၀ရဘုရားသခင် မိန့်တော်မူသည် ကိုလျစ်လျူရှုပြီး တစ်ပါးအမျိုးသားတို့အား ဖျက်ဆီးသုတ်သင်ခြင်း မပြုကြရုံသာမက၊-
34 Eles não destruíram as nações, em relação a quem o SENHOR lhes ordenara.
35 တိုင်းတစ်ပါးသားတို့နှင့် ရောနှောဆက်ဆံကြ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို အတုယူကျင့်ကြံကြ၏။-
35 Mas misturaram-se aos pagãos, e aprenderam as suas obras.
36 သူတို့သည် တိုင်းတစ်ပါးသားတို့၏ ရုပ်တုများကို ရှိခိုးဝတ်ပြုခဲ့ကြခြင်းဖြင့် ထိုသူတို့၏ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ကြ၏။-
36 E serviram aos seus ídolos, os quais eram uma armadilha.
37 သူတို့သည် မိမိတို့၏သားသမီးများကို နတ်ဆိုးများထံသို့ ယဇ်ပူဇော်ကြ၏။-
37 Sim, eles sacrificaram os seus filhos e as suas filhas aos demônios,
38 သူတို့သည် အပြစ်မဲ့သောသွေးဖြစ်သည့် မိမိတို့သားသမီးများ၏သွေးကို ကာနန်ရုပ်တုများရှေ့တွင် သွန်းလောင်း ပူဇော်ကြသောကြောင့် ထိုတိုင်းပြည်ကို သွေးဖြင့်ညစ်ညူးစေခဲ့ကြ၏။-
38 E derramaram sangue inocente, até mesmo o sangue de seus filhos e de suas filhas, os quais sacrificaram aos ídolos de Canaã; e a terra foi poluída com sangue.
39 သူတို့သည် မိမိတို့၏အပြုအမူများဖြင့် မိမိတို့ကိုယ်ကို ညစ်ညူးစေခဲ့ကြ၏။ သူတို့သည် မိမိတို့၏အပြုအမူများအားဖြင့် ပြည့်တန်ဆာကဲ့သို့ ပြုမူခဲ့ကြ၏။
39 Assim eles se contaminaram com as suas próprias obras, e se prostituíram com suas próprias invenções.
40 ထိုအခါ ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အပေါ် အမျက်ထွက်ပြီး မိမိ၏အမွေစားအမွေခံတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။-
40 Portanto a ira do SENHOR se acendeu contra o seu povo, de tal modo que ele abominou a sua própria herança.
41 ကိုယ်တော်သည် သူတို့ကို တစ်ပါးအမျိုးသားတို့၏ လက်သို့အပ်တော်မူသဖြင့် သူတို့ကိုမုန်းတီးသောရန်သူတို့သည် သူတို့အပေါ် စိုးမိုးအုပ်ချုပ်ကြ၏။-
41 E ele os entregou nas mãos dos pagãos; e aqueles que os odiavam passaram a governá-los.
42 သူတို့၏ရန်သူများသည် သူတို့ကို ဖိစီးနှိပ်စက်ကြသဖြင့် သူတို့သည် ရန်သူတို့၏လက်အောက်၌ ဩဇာခံများ ဖြစ်လာခဲ့ကြ၏။-
42 E os seus inimigos também os oprimiram, e foram trazidos à submissão debaixo das suas mãos.
43 ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးတော်အား ကြိမ်ဖန်များစွာ ကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော့်ကို ပုန်ကန်ရန် အမြဲကြံရွယ်ကြသဖြင့် မိမိတို့၏အပြစ်ထဲတွင် နစ်မွန်းခဲ့ကြ၏။-
43 Muitas vezes ele os livrou, mas o provocaram com o seu conselho, e foram abatidos pela sua iniquidade.
44 သို့သော်လည်း ကိုယ်တော်သည် သူတို့၏အော်ဟစ်ငိုကြွေးသံကို ကြားသောအခါ သူတို့၏ဆင်းရဲဒုက္ခကို သတိပြုမိ တော်မူ၏။-
44 Todavia ele atendeu à sua aflição, quando ele ouviu o seu clamor.
45 ကိုယ်တော်သည် သူတို့၏အကျိုးကိုထောက်၍ မိမိ၏ပဋိညာဉ်တော်ကို သတိရတော်မူပြီးလျှင် ကြီးမားလှသော ကရုဏာမေတ္တာတော်ကြောင့် အမျက်တော်ပြေခဲ့လေ၏။-
45 E ele lembrou-se do seu pacto, e se arrependeu segundo a multidão das suas misericórdias.
46 ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ဖမ်းဆီးအကျဉ်းချထားသော သူတို့၏စိတ်တွင် သနားကြင်နာခြင်းကို ဖြစ်ပေါ်စေ တော်မူခဲ့၏။
46 Ele também fez com que tivessem misericórdia deles aqueles que os levaram cativos.
47 အကျွန်ုပ်တို့၏ဘုရားဖြစ်သော အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ကျေးဇူးတင်ဆပ်နိုင်ရန်သော်လည်းကောင်း၊ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုခြင်းဖြင့် ဂုဏ်ပြုနိုင်ရန်သော်လည်းကောင်း လူမျိုးတကာတို့အလယ်မှ အကျွန်ုပ်တို့ကို ခေါ်ယူစုရုံးတော်မူပါ။
47 Salva-nos, ó SENHOR, nosso Deus, e recolhe-nos do meio dos pagãos, para que demos graças ao teu nome santo, e triunfemos no teu louvor.
48 အစ္စရာအဲလ်လူမျိုး၏ ဘုရားဖြစ်တော်မူသော ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ချီးမွမ်းထောမနာ ရှိပါစေသော်။ လူမျိုးအပေါင်းတို့သည် အာမင်ဟု ဆိုကြပါစေသော်။ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထော မနာပြုကြလော့။
48 Bendito seja o SENHOR Deus de Israel, de eternidade em eternidade, e todo o povo diga: Amém. Louvai ao SENHOR.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Salmos 106, comparar traduções ou montar um estudo — tudo direto pelo WhatsApp.