Salmos 101
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာတော်နှင့် တရားမျှတမှုတို့ကို သီဆိုကျူးအေးပါမည်။ အို ထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်အား ချီးမွမ်းဧကျူးပါမည်။-
1 Cantarei a bondade e a justiça; a ti,
2 အကျွန်ုပ်သည် အပြစ်တင်ခွင့်ကင်းသောဘ၀ကို လျှောက်လှမ်းရန် ဂရုစိုက်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့် အချိန်တွင် ကြွမြန်းတော်မူမည်နည်း။ အကျွန်ုပ်သည် အပြစ်တင်ခွင့်ကင်းသောနှလုံးနှင့် မိမိ၏အိမ်အတွင်း၌ လျှောက်လှမ်း ပါမည်။-
2 Atentarei sabiamente ao caminho da perfeição. Oh! Quando virás ter comigo? Portas a dentro, em minha casa, terei coração sincero.
3 ငါ၏မျက်မှောက်တွင် မည်သည့်ဒုစရိုက်အမှုကိုမျှ လက်ခံလိမ့်မည် မဟုတ်ပေ။ သစ္စာမဲ့သောသူတို့၏ လုပ်ဆောင်ချက်များကို ငါမုန်းတီး၏။ ထိုအမှုအရာတို့တွင် ငါပါဝင်လိမ့်မည်မဟုတ်။-
3 Não porei coisa injusta diante dos meus olhos; aborreço o proceder dos que se desviam; nada disto se me pegará.
4 ဖောက်ပြန်သော နှလုံးသားရှိသူတို့သည် ငါ့ထံမှဝေးကွာစွာနေကြရလိမ့်မည်။ ငါသည် မကောင်းမှုနှင့် စိုးစဉ်းမျှ ပတ်သက် လိမ့်မည်မဟုတ်။
4 Longe de mim o coração perverso; não quero conhecer o mal.
5 မိမိနှင့်နီးစပ်သူကို လျှို့ဝှက်စွာ အသရေဖျက်သူမှန်သမျှကို ငါဖျက်ဆီးပစ်မည်။ မောက်မာခက်ထန်သော မျက်စိများနှင့် မာနထောင်လွှားသောနှလုံး ရှိသူမှန်သမျှ ကို ငါသည်းခံလိမ့်မည်မဟုတ်။
5 Ao que às ocultas calunia o próximo, a esse destruirei; o que tem olhar altivo e coração soberbo, não o suportarei.
6 နိုင်ငံအတွင်းမှ သစ္စာရှိသောသူတို့သည် ငါနှင့်အတူနေကြစေရန် သူတို့ကို ငါကြည့်ရှုမည်။ အပြစ်တင်ခွင့်ကင်းသော လမ်း၌ လျှောက်လှမ်းသော သူသာလျှင် ငါ၏ အမှုတော်ကို ဆောင်ရွက်ရလိမ့်မည်။
6 Os meus olhos procurarão os fiéis da terra, para que habitem comigo; o que anda em reto caminho, esse me servirá.
7 လိမ်လည်လှည့်ဖြားသော သူတစ်ဦးတစ်ယောက်မျှ ငါ၏အိမ်တော်တွင် နေထိုင်ရလိမ့်မည်မဟုတ်။ မုသားပြောဆိုသူ တစ်ဦးတစ်ယောက်မျှလည်း ငါ၏ရှေ့တော်တွင် ရပ်တည်ရလိမ့်မည်မဟုတ်ပေ။
7 Não há de ficar em minha casa o que usa de fraude; o que profere mentiras não permanecerá ante os meus olhos.
8 ငါသည် နိုင်ငံအတွင်း၌ရှိသမျှသော ဆိုးယုတ်သူအပေါင်းတို့ကို နံနက်တိုင်းဖျက်ဆီးမည်။ မကောင်းမှုဒုစရိုက်ပြုသူ အပေါင်းတို့ကိုလည်း ထာ၀ရဘုရားသခင်၏ မြို့တော်မှ နှင်ထုတ်ပစ်လိမ့်မည်။
8 Manhã após manhã, destruirei todos os ímpios da terra, para limpar a cidade do dos que praticam a iniquidade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Salmos 101, comparar traduções ou montar um estudo — tudo direto pelo WhatsApp.