Romanos 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါ၏အသိစိတ်သည် ဝိညာဉ်တော်မြတ်၌ သက်သေခံလျက် ငါသည်မုသားမပါဘဲ ခရစ်တော်၌ မှန်ကန်စွာပြောဆိုသည်ကား၊-
1 Digo a verdade em Jesus Cristo, não minto; a minha consciência me dá testemunho pelo Espírito Santo:
2 ငါသည် အလွန်ဝမ်းနည်းပူဆွေး၍ စိတ်နှလုံးထဲ၌ အခါမလပ်ပြင်းထန်သော ဝေဒနာကိုခံစားရ၏။-
2 sinto grande pesar, incessante amargura no coração.
3 အကြောင်းမူကား ငါ၏သွေးချင်းသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့၏ အကျိုးအတွက် ငါကိုယ်တိုင် ကျိန်စာသင့်ခြင်း ကိုလည်းကောင်း၊ ခရစ်တော်နှင့်ခွဲခွာနေရခြင်းကိုလည်းကောင်း ခံယူလိုသည့်ဆန္ဒရှိခဲ့၏။-
3 Porque eu mesmo desejaria ser reprovado, separado de Cristo, por amor de meus irmãos, que são do mesmo sangue que eu, segundo a carne.
4 သူတို့သည် အစ္စရာအဲလ်လူမျိုးများဖြစ်ကြ၍ သားသမီးအဖြစ်မွေးစားခံရခြင်း၊ ဘုန်းဂုဏ်တော်၊ ပဋိညာဉ်တော်များ၊ ပညတ်တရား၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကတိတော်တို့ကို ပိုင်ဆိုင်ကြ၏။-
4 Eles são os israelitas; a eles foram dadas a adoção, a glória, as alianças, a lei, o culto, as promessas
5 သူတို့၌ ဘိုးဘေးများရှိကြ ၏။ ခရစ်တော်သည် သွေးသားအားဖြင့် ထိုဘိုးဘေးတို့၏အမျိုးအနွယ်မှ ဆင်းသက်လာတော်မူ၏။ ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူသော ဘုရားသခင်အား အစဉ်ထာ၀ရ ကောင်းချီးမင်္ဂလာရှိပါစေသော်။ အာမင်။
5 e os patriarcas; deles descende Cristo, segundo a carne, o qual é, sobre todas as coisas, Deus bendito para sempre. Amém.
6 သို့ရာတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် ပျက်ကွက်ခဲ့ခြင်းမဟုတ်ပေ။ အကြောင်းမူကား အစ္စရာအဲလ်လူမျိုးမှ ဆင်းသက်လာသူအားလုံးတို့သည် ဘုရားသခင်၏လူမျိုးတော်တွင် မပါဝင်ကြချေ။-
6 Não quer dizer, porém, que a palavra de Deus tenha falhado. Porque nem todos os que descendem de Israel são verdadeiros israelitas,
7 ထိုနည်းတူပင် အာဘရာဟံမှ ဆင်းသက်လာသော သူအားလုံးတို့သည်လည်း သူ၏သားမြေးဟု သတ်မှတ်ခြင်း မခံကြရချေ။ အကြောင်းမူကား ဘုရားသခင်က အီဇတ်အားဖြင့်သာလျှင် သင်၏အမျိုးအနွယ်တည်လိမ့်မည်ဟု အာဘရာဟံအား မိန့်တော်မူ သောကြောင့်ဖြစ်၏။-
7 como nem todos os descendentes de Abraão são filhos de Abraão; mas: É em Isaac que terás uma descendência que trará o teu nome {Gn 21,12}.
8 ဆိုလိုသည်ကား သွေးသားအားဖြင့် ဆင်းသက်လာသောသူတို့ကို ဘုရားသခင်၏ သားသမီးဟုမသတ်မှတ်ဘဲ ကတိတော်နှင့် ဆိုင်သောသားသမီးများကိုသာလျှင် အမွေစားအမွေခံအဖြစ် သတ်မှတ်ခြင်းဖြစ်၏။-
8 Isto é, não são os filhos da carne que são filhos de Deus, mas os filhos da promessa é que serão considerados como descendentes.
9 ကတိတော်မူကား ဤကဲ့သို့သော အချိန်မျိုး၌ ငါပြန်လာသောအခါ ဆာရာသည် သားယောက်ျားတစ်ဦးကို ရရှိလိမ့်မည်ဟူ၍ဖြစ်၏။-
9 Realmente, a palavra da promessa é esta: Por este tempo virei, e Sara terá um filho {Gn 18,10}.
10 ထိုမျှမကသေး ရေဗက္ကာသည် ငါတို့၏ဘိုးဘေး အီဇတ်နှင့်စုံဖက်၍ သားနှစ်ယောက်ကို ပဋိသန္ဓေရှိသောအခါ၌လည်း ထိုနည်းတူဖြစ်ခဲ့၏။-
10 E não somente ela, senão também Rebeca, que concebeu {dois filhos} de um só homem, Isaac, nosso patriarca.
11 ထိုသားနှစ်ယောက်ဖွားမြင်ခြင်း မရှိသေး၍ အကောင်းအဆိုးတို့ကို ပြုလုပ်ခြင်းမရှိသေးသော်လည်း ဘုရားသခင်၏ ရွေးကောက်ခြင်းဆိုင်ရာ အကြံအစည်တော်မှာ သူတို့၏ အကျင့်များပေါ်တွင် မတည်ဘဲ ကိုယ်တော်၏ ခေါ်တော်မူခြင်း အပေါ်တွင်သာ မူတည်၍ ဆက်လက်တည်ရှိစေခြင်းငှာ၊-
11 Antes mesmo que fossem nascidos, e antes que tivessem feito bem ou mal algum {para que fosse confirmada a liberdade da escolha de Deus,
12 သားကြီးသည် သားငယ်ကို အစေခံရလိမ့်မည်ဟု သူမအား ဗျာဒိတ်ပေးတော်မူခဲ့၏။-
12 que depende não das obras, mas daquele que chama}, foi dito a Rebeca: O mais velho servirá o mais moço {Gn 25,23}.
13 ကျမ်းစာတော်မြတ်၌လည်း ငါသည် ယာကုပ်ကိုချစ်၍ ဧဆာဦးကို မုန်းသည်ဟူ၍ ရေးထားလေ၏။
13 Como está escrito: Amei Jacó, porém aborreci Esaú {Ml 1,3}.
14 သို့ဖြစ်လျှင် ငါတို့မည်ကဲ့သို့ဆိုရမည်နည်း။ ဘုရားသခင်သည် တရားမျှတမှု ကင်းမဲ့နေသလော။ မဟုတ်ပေ။-
14 Que diremos, pois? Haverá injustiça em Deus? De modo algum!
15 အကြောင်းမူကား ကိုယ်တော်က မိုးဇက်အား ငါသနားလိုသောသူကို ငါသနားမည်၊ ငါကရုဏာသက်လိုသောသူကို ငါကရုဏာသက်မည်ဟု မိန့်တော်မူခဲ့၏။-
15 Porque ele disse a Moisés: Farei misericórdia a quem eu fizer misericórdia; terei compaixão de quem eu tiver compaixão {Ex 33,19}.
16 ထို့ကြောင့် ဘုရားသခင ရွေးကောက်တော်မူခြင်းသည် လူတစ်ဦးတစ်ယောက်အလိုဆန္ဒ၊ သို့မဟုတ် သူ၏ကြိုးစား အားထုတ်မှုအပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ ကိုယ်တော်၏ သနားကရုဏာတော်အပေါ်တွင်သာ မူတည်ခြင်းဖြစ်၏။-
16 Dessa forma, a escolha não depende daquele que quer, nem daquele que corre, mas da misericórdia de Deus.
17 အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ကိုယ်တော်က ဖာရောဘုရင်အား မိန့်ဆိုသည်မှာ သင့်ကို ဘုရင်အဖြစ် ချီးမြှောက်ရခြင်းအကြောင်းမှာ သင့်အားဖြင့် ငါ၏ဘုန်းတန်ခိုးတော်ကိုပြသ၍ ကမ္ဘာမြေတစ်ပြင်လုံးတွင် ငါ၏နာမတော် ပျံ့နှံ့ကျော်ကြားစေရန် ဖြစ်သည်ဟူ၍ဖြစ်သတည်း။-
17 Por isso, diz a Escritura ao faraó: Eis o motivo por que te suscitei, para mostrar em ti o meu poder e para que se anuncie o meu nome por toda a terra {Ex 9,16}.
18 သို့ဖြစ်၍ ကိုယ်တော်သည် မိမိသနားလို သောသူအပေါ် သနားတော်မူ၍ မိမိစိတ်နှလုံး တင်းမာစေလိုသောသူကိုလည်း စိတ်နှလုံးခက်ထန်တင်းမာ စေတော်မူလေ၏။
18 Portanto, ele tem misericórdia de quem quer, e endurece a quem quer.
19 သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်သနည်း။ မည်သူသည် ကိုယ်တော်၏ အလိုတော်ကို ဆန့်ကျင်နိုင်ပါမည်နည်းဟု သင်တို့ငါ့ကို မေးမြန်းပေလိမ့်မည်။-
19 Dir-me-ás talvez: Por que ele ainda se queixa? Quem pode resistir à sua vontade?
20 အသင်လူသား၊ သင်သည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို ပြန်လည်ပြောဆိုနိုင်သနည်း။ ပုံသွင်းခံရသည့်အရာက ပုံသွင်းသောသူအား သင်သည် အဘယ်ကြောင့် အကျွန်ုပ်ကိုဤသို့ပုံသွင်းခဲ့ သနည်းဟုမေးနိုင်ပါမည်လော။-
20 Mas quem és tu, ó homem, para contestar a Deus? Porventura o vaso de barro diz ao oleiro: Por que me fizeste assim?
21 အိုးလုပ်သူသည် တစ်မျိုးတည်းသောရွှံ့စေးမှ အိုးကောင်းနှင့်အိုးကြမ်းကို မိမိအလိုဆန္ဒအတိုင်း ပြုလုပ်ပိုင်သည် မဟုတ်လော။-
21 Ou não tem o oleiro poder sobre o barro para fazer da mesma massa um vaso de uso nobre e outro de uso vulgar?
22 ထိုနည်းတူပင် ဘုရားသခင်သည် မိမိ၏အမျက်တော်ကိုပြရန်နှင့် မိမိ၏တန်ခိုးတော်ကို ထင်ရှားစေရန် အလိုရှိတော်မူ သော်လည်း အမျက်တော်သင့်၍ ဖျက်ဆီးခြင်းခံရမည့် အိုးများအပေါ် လွန်စွာပင် စိတ်ရှည်သည်းခံတော်မူ၏။-
22 {Onde, então, está a injustiça} em ter Deus, para mostrar a sua ira e manifestar o seu poder, suportado com muita paciência os objetos de ira preparados para a perdição,
23 ထို့ပြင် ကိုယ်တော်သည် ဘုန်းဂုဏ်တော်အတွက် မိမိကြိုတင် ပြင်ဆင်ထားတော်မူသော သနားကရုဏာခံထိုက်သည့် အိုးများအား မိမိ၏ကြွယ်၀သော ဘုန်းဂုဏ်တော်ကိုထင် ရှားပြရန် ဤသို့လုပ်ဆောင်တော်မူ၏။-
23 mostrando as riquezas da sua glória para com os objetos de misericórdia, que de antemão preparou para a glória?
24 ထိုသူတို့တွင် ကိုယ်တော်ခေါ်တော်မူသော ငါတို့လည်း ပါဝင်ကြ၏။ ကိုယ်တော်သည် ဂျူးလူမျိုးများထဲမှသာမဟုတ်ဘဲ လူမျိုးခြားတို့အထဲမှလည်း ခေါ်တော်မူ၏။-
24 {Esses somos nós, que ele chamou não só dentre os judeus, mas também dentre os pagãos.} É o que ele diz em Oséias:
25 ထိုအခြင်းအရာနှင့်စပ်လျဉ်း၍ ပရောဖက်ဟိုဇေးယကျမ်း၌ ကိုယ်တော်မိန့်တော်မူသည်ကား ငါ၏လူမျိုးတော ်မဟုတ်သောသူတို့ကို ငါ၏လူမျိုးတော်ဟု ငါခေါ်မည်။ ငါချစ်မြတ်နိုးသူမဟုတ် သောလူမျိုးကိုလည်း ငါချစ်မြတ်နိုးသူ ဟုခေါ်မည်။-
25 Chamarei meu povo ao que não era meu povo, e amada a que não era amada.
26 သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်ဟု သူတို့အား မိန့်တော်မူသောအရပ်၌ပင် သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးများဟု ခေါ်ဝေါ် ခြင်းခံကြရလိမ့်မည် ဟူ၍ဖြစ်သတည်း။
26 E no lugar mesmo em que lhes foi dito: Vós não sois meu povo, ali serão chamados filhos de Deus vivo {Os 2,1}.
27 ပရောဖက်အီဇာယသည်လည်း အစ္စရာအဲလ်လူမျိုးကိုရည်ညွန်း၍ ကြွေးကြော်သည်ကား အစ္စရာအဲလ်လူမျိုးတို့၏ အရေအတွက်သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသော်လည်း သူတို့အထဲမှကြွင်းကျန်သောလူနည်းစုသာလျှင် ကယ်တင်ခြင်း ခံရလိမ့်မည်။-
27 A respeito de Israel, exclama Isaías: Ainda que o número de filhos de Israel fosse como a areia do mar, só um resto será salvo;
28 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ မိမိ၏တရားစီရင်ခြင်းကို တိကျလျင်မြန်စွာ ပြုလုပ်တော်မူမည် ဟူ၍ဖြစ်သတည်း။-
28 porque o Senhor realizará plenamente e prontamente a sua palavra sobre a terra {10,22s}.
29 ထို့နောက် ပရောဖက်အီဇာယက ကြိုတင်ဟောထားသည်ကား ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ထာ၀ရဘုရားသခင်သည် ငါတို့အတွက် သားမြေးအချို့တို့ကို အသက်ရှင်ကြွင်းကျန် စေတော်မမူခဲ့လျှင် ငါတို့ သည် ဆောဒိုမာနှင့် ဂေါ်မောရာမြို့တို့ကဲ့သို့ ကြုံတွေ့ ကြရလိမ့်မည် ဟူ၍ဖြစ်၏။
29 E ainda como predisse Isaías: Se o Senhor dos exércitos não nos tivesse deixado um rebento, ficaríamos como Sodoma, seríamos como Gomorra {Is 1,9}.
30 သို့ဖြစ်လျှင် ငါတို့မည်သို့ပြောဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းတရားကို ရှာဖွေခြင်းမပြုသော လူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းတရားကို ရယူနိုင်ခဲ့ကြလေပြီ။ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းတရားကို ရရှိကြခြင်း ဖြစ်၏။-
30 Então que diremos? Que os gentios, que não buscavam a justiça, alcançaram a justificação, a que vem da fé,
31 သို့သော် ပညတ်တရားအပေါ်၌ အခြေခံသောဖြောင့်မတ်ခြင်းတရားကို ရှာဖွေကြသည့် အစ္စရာအဲလ်လူမျိုးသည်ကား ပညတ်တရားကို လိုက်နာရာတွင် မအောင်မြင်ခဲ့ကြချေ။-
31 ao passo que Israel, que procurava uma lei que desse a justificação, não a encontrou.
32 အဘယ်ကြောင့် သူတို့မအောင်မြင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဖြောင့်မတ်ခြင်းတရားကို ယုံကြည်ခြင်းအားဖြင့် မရှာဖွေကြဘဲ ယင်းသည် ပညတ်တရား၏ အကျင့်သီလအပေါ်၌ အခြေခံသည်ဟုမှတ်ထင်ကြ သောကြောင့်ဖြစ်၏။-
32 Por quê? Porque Israel a buscava como fruto não da fé, e sim das obras. E tropeçou na pedra do escândalo,
33 သူတို့သည် လူတို့အား ခလုတ်တိုက်စေသော ကျောက်တုံးကိုတိုက်မိ၍ လဲကျခဲ့ကြ၏။ ထိုအခြင်းအရာနှင့်စပ်လျဉ်း၍ ကျမ်းစာလာသည်ကား ကြည့်လော့၊ လူတို့ကို ခလုတ်တိုက်စေသောကျောက်တုံး၊ လဲကျစေသောကျောက်တုံးကို ဇီအွန်တောင်ပေါ်၌ ငါချထားမည်။ ထိုအရှင်၌ ယုံကြည်သော သူမည်သည်ကား အရှက်တကွဲမဖြစ်နိုင်ရာဟူ၍ ဖြစ်၏။
33 como está escrito: Eis que ponho em Sião uma pedra de escândalo, um rochedo que faz cair; quem nele crer não será confundido {Is 8,14; 28,16}.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.