Romanos 16

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 စင်ဂရေမြို့ ရှိအသင်းတော်၏ သိက္ခာရအမှုတော်ဆောင်ဖြစ်သော ငါတို့၏ညီမ ဖိုဘီကို သင်တို့ထံသို့ ငါအပ်လိုက်ပါ၏။-
1 Recomendo-lhes nossa irmã Febe, serva da igreja em Cencréia.
2 သင်တို့သည် ဘုရားသခင်၏ နာမတော်ကိုထောက်၍ သူမအား သန့်ရှင်းသောသူတို့ကို လက်ခံသကဲ့သို့ လက်ခံကြ၍ သင်တို့ထံမှ သူမလိုအပ်မည့် အကူအညီမှန်သမျှကို ပေးကြပါလော့။ အကြောင်းမူကား သူမသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း ကူညီခဲ့သောသူဖြစ်၏။
2 Peço que a recebam no Senhor, de maneira digna dos santos, e lhe prestem a ajuda de que venha a necessitar; pois tem sido de grande auxílio para muita gente, inclusive para mim.
3 ယေဇူးခရစ်တော်၏ အမှုတော်ကိုထမ်းဆောင်ရာတွင် ငါ၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပရစ္စကာနှင့်အာကွိလတို့ကို နှုတ်ဆက်ပေးကြပါလော့။-
3 Saúdem Priscila e Áqüila, meus colaboradores em Cristo Jesus.
4 သူတို့သည် ငါ့အတွက် အသက်ကိုအမှုမထားဘဲ စွန့်စားခဲ့သူများဖြစ်ကြ၍ ငါတစ်ယောက်တည်းသာမက လူမျိုးခြားတို့၏ အသင်းတော်များကလည်း သူတို့ကို ကျေးဇူးတင်ကြပါ၏။-
4 Arriscaram a vida por mim. Sou grato a eles; não apenas eu, mas todas as igrejas dos gentios.
5 သူတို့၏နေအိမ်၌ စုဝေးဝတ်ပြုသည့်အသင်းတော်ကိုလည်း ငါနှုတ်ဆက်လိုက်ကြောင်း ပြောပြကြလော့။ အာရှပြည်တွင် ခရစ်တော်ကို ပထမဦးစွာယုံကြည်ဆက်ကပ်သော ချစ်မိတ်ဆွေ ဧပေနေတုကို နှုတ်ဆက်ပေးကြပါလော့။-
5 Saúdem também a igreja que se reúne na casa deles. Saúdem meu amado irmão Epêneto, que foi o primeiro convertido a Cristo na província da Ásia.
6 သင်တို့အတွက် ကြိုးစားဆောင်ရွက်ပေးသော မာရိယာကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
6 Saúdem Maria, que trabalhou arduamente por vocês.
7 ငါနှင့်အတူ အကျဉ်းချခံရ၍ ငါ၏အမျိုးသားချင်းများဖြစ်သော အန္ဒြောနိကုနှင့် ဂျူနိယတို့ကိုလည်း နှုတ်ဆက်ပေးကြပါလော့။ သူတို့သည် တမန်တော်တို့အကြားတွင် ထင်ပေါ်ကျော်ကြား၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကို အစေခံခဲ့သောသူများ ဖြစ်ကြ၏။-
7 Saúdem Andrônico e Júnias, meus parentes que estiveram na prisão comigo. São notáveis entre os apóstolos, e estavam em Cristo antes de mim.
8 သခင်ဘုရား၌ ငါချစ်မြတ်နိုးရသော အမ္ပလိယတုကို နှုတ်ဆက်ပေးကြပါလော့။-
8 Saúdem Amplíato, meu amado irmão no Senhor.
9 ငါတို့နှင့်အတူ ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်ဖော်ဖြစ်သော ဦဘားနုနှင့် ငါ၏ချစ်မိတ်ဆွေ စတာခစ်တို့ကို နှုတ်ဆက်ပေးကြပါလော့။-
9 Saúdem Urbano, nosso cooperador em Cristo, e meu amado irmão Estáquis.
10 ခရစ်တော်၏တပည့် အစစ်အမှန်ဖြစ်သော အာပဲလက်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။ အာရစ္စတိုဘုလု၏ မိသားစုဝင်များကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
10 Saúdem Apeles, aprovado em Cristo. Saúdem os que pertencem à casa de Aristóbulo.
11 ငါ၏ဆွေမျိုးဖြစ်သော ဟေရိုဒီရွန်ကိုနှုတ်ဆက်ပေးကြပါလော့။ သခင်ဘုရား၏အမှုတော်ကို ထမ်းဆောင်သော နာစီစုမိသားစုဝင်များကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
11 Saúdem Herodião, meu parente. Saúdem os da casa de Narciso, que estão no Senhor.
12 သခင်ဘုရား၏အမှုတော်ကို ကြိုးစားဆောင်ရွက်သော အမျိုးသမီးများဖြစ်ကြသည့် တြိဖေနာနှင့် တြိဖိုဆာတို့ကို နှုတ်ဆက်ပေးကြပါလော့။ သခင်ဘုရား၏အမှုတော်ကို ကြိုးစားဆောင်ရွက်သော အမျိုးသမီးဖြစ်၍ ငါချစ်မြတ်နိုးရသော ပါစစ်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
12 Saúdem Trifena e Trifosa, mulheres que trabalham arduamente no Senhor. Saúdem a amada Pérside, outra que trabalhou arduamente no Senhor.
13 ဘုရားသခင်၏အစေခံအဖြစ် ရွေးကောက်ခံရသည့် ရုဖုနှင့် ငါ၏မိခင်သဖွယ်ဖြစ်သောသူ၏ မိခင်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
13 Saúdem Rufo, eleito no Senhor, e sua mãe, que tem sido mãe também para mim.
14 အာစင်ခရစ်တု၊ ဖလေဂွန်၊ ဟေမက်၊ ပက်ထရိုးဘတ်၊ ဟေမတ်မှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုတို့ကို နှုတ်ဆက်ပေးကြပါလော့။-
14 Saúdem Asíncrito, Flegonte, Hermes, Pátrobas, Hermas e os irmãos que estão com eles.
15 ဖီလိုလိုဂု၊ ဂျူးလိယာ၊ နေရီဦးနှင့် သူ၏ညီမ အိုလမ်ပမှစ၍ သူတို့နှင့်အတူနေကြသော သန့်ရှင်းသူအပေါင်းတို့ကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
15 Saúdem Filólogo, Júlia, Nereu e sua irmã, e também Olimpas e todos os santos que estão com eles.
16 သင်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြပါလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့က သင်တို့အားလုံးကို နှုတ်ဆက်လိုက်ကြပါ၏။
16 Saúdem uns aos outros com beijo santo. Todas as igrejas de Cristo enviam-lhes saudações.
17 ညီအစ်ကိုတို့၊ စိတ်ဝမ်းကွဲခြင်းကိုလည်းကောင်း၊ သင်တို့ကြားနာသင်ယူခဲ့သော သွန်သင်ချက်နှင့်ဆန့်ကျင်သော အခက်အခဲများကိုလည်းကောင်း ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးတတ်သောသူတို့ကို သတိပြု၍ ရှောင်ရှားရန် ငါတိုက်တွန်းပါ၏။-
17 Recomendo-lhes, irmãos, que tomem cuidado com aqueles que causam divisões e colocam obstáculos ao ensino que vocês têm recebido. Afastem-se deles.
18 အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောသူတို့သည် ငါတို့သခင် ခရစ်တော်၏အမှုတော်ကို မထမ်းဆောင်ကြဘဲ သူတို့၏အကျိုးကိုသာ ကြည့်ကြ၏။ သူတို့သည် သိမ်မွေ့၍ နားဝင်ချိုသောစကားများဖြင့် ရိုးသားသူတို့၏ စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။-
18 Pois essas pessoas não estão servindo a Cristo, nosso Senhor, mas a seus próprios apetites. Mediante palavras suaves e bajulação, enganam os corações dos ingênuos.
19 သင်တို့သည် အလွန်နာခံခြင်းရှိကြောင်းကို လူတိုင်းသိရှိကြသဖြင့် ငါသည် သင်တို့အတွက် ဝမ်းမြောက်ဂုဏ်ယူပါ၏။ သို့သော်လည်း သင်တို့သည် ကောင်းသောအမှု၌ ပညာသတိရှိကြ၍ မကောင်းသောအမှု၌ ရိုးသားဖြောင့်မတ်ကြရန် ငါအလိုရှိ၏။-
19 Todos têm ouvido falar da obediência de vocês, por isso estou muito alegre; mas quero que sejam sábios em relação ao que é bom, e sem malícia em relação ao que é mau.
20 ထိုအခါ ငြိမ်းချမ်းသာယာခြင်း၏ အရှင်ဘုရားသခင်သည် စာတန်နတ်ဆိုးကို သင်တို့၏ ခြေဖဝါးအောက်တွင် မကြာမီ နင်းခြေတော်မူလိမ့်မည်။ ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော်။
20 Em breve o Deus da paz esmagará Satanás debaixo dos pés de vocês. A graça de nosso Senhor Jesus seja com vocês.
21 ငါနှင့်အတူ အမှုတော်ဆောင်ဖက်ဖြစ်သော တီမောသီဦး၊ လူစီဦးမှစ၍ ငါ၏ဆွေမျိုးများဖြစ်ကြသော ဂျာဆန်နှင့် ဆိုစီပါတေတို့က သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
21 Timóteo, meu cooperador, envia-lhes saudações, bem como Lúcio, Jasom e Sosípatro, meus parentes.
22 ဤစာကို ရေးပေးရသော ငါတာစီဦးသည်လည်း သခင်ဘုရား၌ သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
22 Eu, Tércio, que redigi esta carta, saúdo vocês no Senhor.
23 ငါနှင့် အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ပြုသူ အိမ်ရှင်ဂါးယုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်၏ ဘဏ္ဍာထိန်းဖြစ်သော ဧရာစတုနှင့် ငါတို့၏ညီအစ်ကို ကွာတုတို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။-
23 Gaio, cuja hospitalidade eu e toda a igreja desfrutamos, envia-lhes saudações. Erasto, administrador da cidade, e nosso irmão Quarto enviam-lhes saudações.
24 ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော်။ အာမင်။
24 Que a graça de nosso Senhor Jesus Cristo seja com vocês todos. Amém.
25 ဘုရားသခင်အား ချီးမွမ်းထောမနာပြုကြစို့။ ကိုယ်တော်သည် ငါဟောပြောသော ယေဇူးခရစ်တော်၏အကြောင်းနှင့် ဧဝံဂေလိသတင်းကောင်းအရသော်လည်းကောင်း၊ ရှေးကာလကြာမြင့်စွာကပင် လျှို့ဝှက်ထားခဲ့သောနက်နဲရာ၏ ဖွင့်ဟထင်ရှားချက်အရသော်လည်းကောင်း သင်တို့ကို ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေနိုင်တော်မူ၏။-
25 Ora, àquele que tem poder para confirmá-los pelo meu evangelho e pela proclamação de Jesus Cristo, de acordo com a revelação do mistério oculto nos tempos passados,
26 သို့သော်လည်း ယခုအခါတွင် ထိုနက်နဲရာအချက်သည် ပရောဖက်တို့၏ ရေးသားချက်များမှတစ်ဆင့် ထင်ရှားပေါ်လွင် လာပြီး လူအပေါင်းတို့သည် ၎င်းကို ယုံကြည်နာခံစေခြင်းငှာ ထာ၀ရဘုရားသခင်၏ အမိန့်တော်အားဖြင့် ၎င်းကို လူမျိုးတကာ တို့အား ဟောပြောလေပြီ။-
26 mas agora revelado e dado a conhecer pelas Escrituras proféticas por ordem do Deus eterno, para que todas as nações venham a crer nele e a obedecer-lhe,
27 တစ်ပါးတည်းသော ဉာဏ်ပညာရှင် ဘုရားသခင်သည် ယေဇူးခရစ်တော်အားဖြင့် ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ အာမင်။
27 ao único Deus sábio seja dada glória para todo o sempre, por meio de Jesus Cristo. Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.