Romanos 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 သို့ဖြစ်၍ ခွန်အားရှိသော ငါတို့သည် မိမိတို့၏ဆန္ဒအတိုင်း ကျေနပ်နေမည့်အစား အားနည်းသောသူတို့၏ ချို့ယွင်းချက်များကို သည်းခံကြရမည်။-
1 Mas nós que somos fortes devemos suportar as fraquezas dos fracos e não agradar a nós mesmos.
2 ငါတို့အသီးသီးသည် မိမိနှင့်နီးစပ်သောသူတို့၏ ယုံကြည်ခြင်းကိုမြှင့်တင်ပေးရန် သူတို့၏ကောင်းကျိုးကိုထောက်၍ သူတို့ကို ကျေနပ်နှစ်သိမ့်စေကြစို့။-
2 Portanto, cada um de nós agrade ao seu próximo no que é bom para edificação.
3 အဘယ်ကြောင့်ဆိုသော် သင့်ကိုစော်ကားပြောဆိုသော သူတို့၏စကားတို့သည် အကျွန်ုပ်အပေါ်သို့ ကျရောက်ပါ၏ဟု ကျမ်းစာတော်မြတ်တွင် ရေးထားသည့်အတိုင်း ခရစ်တော်သည် မိမိ၏အလိုကိုမလိုက်ခဲ့ပေ။-
3 Porque também Cristo não agradou a si mesmo, mas, como está escrito: Sobre mim caíram as injúrias dos que te injuriavam.
4 အကြောင်းမူကား ရှေးကာလက ရေးသားဖော်ပြခဲ့သော အကြောင်းအရာတို့သည် ငါတို့အား သွန်သင်ဆုံးမရန်ဖြစ်၍ စိတ်ရှည်သည်းခံခြင်းနှင့် ကျမ်းချက်များမှ အားပေးနှစ်သိမ့်ခြင်းတို့ဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေမည့်အကြောင်းတည်း။-
4 Porque tudo que dantes foi escrito para nosso ensino foi escrito, para que, pela paciência e consolação das Escrituras, tenhamos esperança.
5 စိတ်ရှည်သည်းခံခြင်းနှင့် အားပေးနှစ်သိမ့်ခြင်းတို့ကို ပေးသနားတော်မူသော ဘုရားသခင်သည် သင်တို့အား ယေဇူးခရစ် တော်၏ အလိုတော်နှင့်အညီ အချင်းချင်းစိတ်တညီတညွတ်တည်း နေထိုင်နိုင်ရန် ကူညီမစတော်မူပါစေ။-
5 Ora, o Deus de paciência e consolação vos conceda o mesmo sentimento uns para com os outros, segundo Cristo Jesus,
6 သို့မှသာလျှင် သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်အား တစ်သံတည်း ချီးမွမ်းထောမနာ ပြုနိုင်ကြပေလိမ့်မည်။
6 para que concordes, a uma boca, glorifiqueis ao Deus e Pai de nosso Senhor Jesus Cristo.
7 ထို့ကြောင့် ခရစ်တော်သည် သင်တို့ကိုကြိုဆိုလက်ခံသကဲ့သို့ သင်တို့သည်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြိုဆိုလက်ခံကြလော့။-
7 Portanto, recebei-vos uns aos outros, como também Cristo nos recebeu para glória de Deus.
8 အကြောင်းမူကား ခရစ်တော်သည် ဘိုးဘေးတို့အား ပေးထားတော်မူသောကတိတော်ကို အတည်ပြုခြင်းငှာ ဘုရားသခင်၏ သစ္စာသမ္မာတရားကိုထောက်၍ အရေဖျားလှီးခြင်းခံသော သူတို့၏အစေခံဖြစ်လာတော်မူသည်ဟု သင်တို့အား ငါဆို၏။-
8 Digo, pois, que Jesus Cristo foi ministro da circuncisão, por causa da verdade de Deus, para que confirmasse as promessas feitas aos pais;
9 သို့မှသာလျှင် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ကရုဏာတော်အတွက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြပေလိမ့်မည်။ ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အလယ်တွင် ကိုယ်တော့်ကိုဝန်ခံ၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းဧကျူးပါမည်ဟူ၍ဖြစ်သတည်း။-
9 e para que os gentios glorifiquem a Deus pela sua misericórdia, como está escrito: Portanto, eu te louvarei entre os gentios e cantarei ao teu nome.
10 တစ်ဖန် ကျမ်းစာတော်မြတ်၌ လူမျိုးခြားအပေါင်းတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးတော်နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့ဟူ၍လည်းကောင်း၊-
10 E outra vez diz: Alegrai-vos, gentios, com o seu povo.
11 လူမျိုးခြားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလော့၊ လူမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ချီးမွမ်းပြောဆိုကြလော့ ဟူ၍လည်းကောင်း ရေးထား၏။-
11 E outra vez: Louvai ao Senhor, todos os gentios, e celebrai-o todos os povos.
12 ထို့နောက် ပရောဖက်အီဇာယကလည်း လူမျိုးအပေါင်းတို့ကို အုပ်စိုးမည့်အရှင်သည် ဂျက်ဆေ၏အမျိုးအနွယ်မှ ပေါ်ထွန်း လာလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထိုအရှင်၌ မျှော်လင့်အားထားကြလိမ့်မည်ဟု ဟောထားခဲ့၏။-
12 E outra vez diz Isaías: Uma raiz em Jessé haverá, e, naquele que se levantar para reger os gentios, os gentios esperarão.
13 ဝိညာဉ်တော်မြတ်၏ တန်ခိုးတော်အားဖြင့် သင်တို့၌ မျှော်လင့်ခြင်းပါရမီ တိုးပွားစေခြင်းငှာ မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့အား ယုံကြည်စေခြင်းဖြင့် ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် ငြိမ်းချမ်းသာယာမှုအပေါင်းကို ပေးသနားတော်မူပါစေသော်။
13 Ora, o Deus de esperança vos encha de todo o gozo e paz em crença, para que abundeis em esperança pela virtude do Espírito Santo.
14 ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းမြတ်သည့် စိတ်စေတနာနှင့်ပြည့်စုံ၍ အသိပညာအမျိုးမျိုးတို့ဖြင့် ကြွယ်၀ပြီး သင်တို့အချင်းချင်း သွန်သင်ဆုံးမပေးနိုင်စွမ်းရှိကြောင်းကို ငါကိုယ်တိုင်စိတ်ချယုံကြည်ပါ၏။-
14 Eu próprio, meus irmãos, certo estou, a respeito de vós, que vós mesmos estais cheios de bondade, cheios de todo o conhecimento, podendo admoestar-vos uns aos outros.
15 သို့သော် အချို့သောအကြောင်းအရာများ၌ သင်တို့အား သတိပေးရန်အလို့ငှာ ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူး တော်အားဖြင့် ငါသည် ရဲဝံ့စွာရေးသားလိုက်ပါ၏။-
15 Mas, irmãos, em parte vos escrevi mais ousadamente, como para vos trazer outra vez isto à memória, pela graça que por Deus me foi dada,
16 ထိုကျေးဇူးတော်သည်ကား ဘုရားသခင်၏သတင်းကောင်းကို ဟောပြောရသောရဟန်းအမှုတော်၌ ငါသည် လူမျိုး ခြားတို့အတွက် ယေဇူးခရစ်တော်၏ အမှုတော်ဆောင် ဖြစ်ရခြင်းပေတည်း။ ဤသို့ဖြင့် လူမျိုးခြားတို့၏ ပူဇော်သကာများ သည်လည်း ဝိညာဉ်တော်မြတ်အားဖြင့် သန့် ရှင်းစင်ကြယ်၍ ဘုရားသခင် နှစ်သက်ဖွယ်ဖြစ်လာပေလိမ့်မည်။-
16 que eu seja ministro de Jesus Cristo entre os gentios, ministrando o evangelho de Deus, para que seja agradável a oferta dos gentios, santificada pelo Espírito Santo.
17 သို့ဖြစ်၍ ငါသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ယေဇူးခရစ်တော်၌ ဝမ်းမြောက်ဂုဏ်ယူရန် အကြောင်းရှိ၏။-
17 De sorte que tenho glória em Jesus Cristo nas coisas que pertencem a Deus.
18 အကြောင်းမူကား ငါသည် အခြားသောအကြောင်းအရာများကို မပြောနိုင်သော်လည်း လူမျိုးခြားတို့နာခံခြင်း ရှိလာစေရန် တရားစကားနှင့် အကျင့်များအားဖြင့်လည်းကောင်း၊-
18 Porque não ousaria dizer coisa alguma, que Cristo por mim não tenha feito, para obediência dos gentios, por palavra e por obras;
19 နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးတို့၏ အစွမ်းအားဖြင့်လည်းကောင်း၊ ဝိညာဉ်တော်မြတ်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါ၌ခရစ်တော်လုပ်ဆောင်တော်မူခဲ့သော အရာများကို ငါပြောကြားလိုပါ၏။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ အီလိရီကမ်မြို့ပတ်ဝန်းကျင်တိုင်အောင် ခရစ်တော်၏သတင်းကောင်းကို စုံလင်စွာ ဟောပြောခဲ့ပါ၏။-
19 pelo poder dos sinais e prodígios, na virtude do Espírito de Deus; de maneira que, desde Jerusalém e arredores até ao Ilírico, tenho pregado o evangelho de Jesus Cristo.
20 သို့သော် ငါသည် အခြားသူများချခဲ့သည့် အုတ်မြစ်အပေါ်တွင် တည်ဆောက်ရန် အလိုမရှိသောကြောင့် ခရစ်တော်၏နာမတော်ကို မကြားဖူးသေးသော အရပ်ဒေသတို့၌ ဧဝံဂေလိသတင်းကောင်းကိုဟောပြောခြင်းငှာ ရည်ရွယ်၍ ကြိုးစားဆောင်ရွက်ခဲ့ပါ၏။-
20 E desta maneira me esforcei por anunciar o evangelho, não onde Cristo houvera sido nomeado, para não edificar sobre fundamento alheio;
21 ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ကိုယ်တော်၏အကြောင်းကို ဟောပြောခြင်းမခံရသောသူတို့သည် မြင်ကြလိမ့်မည်။ ကိုယ်တော်၏အကြောင်းကို မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟူ၍ဖြစ်သတည်း။
21 antes, como está escrito: Aqueles a quem não foi anunciado o verão, e os que não ouviram o entenderão.
22 ဤအကြောင်းကြောင့် ငါသည် ကြိမ်ဖန်များစွာ အတားအဆီးရှိခဲ့သဖြင့် သင်တို့ထံသို့ မလာရောက်နိုင်ခဲ့ပေ။-
22 Pelo que também muitas vezes tenho sido impedido de ir ter convosco.
23 ယခုမူကား ငါသည် ဤအရပ်ဒေသတို့၌ အမှုတော်ထမ်းဆောင်ရန် အကြောင်းမရှိတော့ပြီဖြစ်၍ သင်တို့ရှိရာသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည့်အတိုင်း၊-
23 Mas, agora, que não tenho mais demora nestes sítios, e tendo já há muitos anos grande desejo de ir ter convosco,
24 စပိန်ပြည်သို့သွားချိန်တွင် သင်တို့ထံရောက်လာနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် သင်တို့နှင့်အတူ ပျော်ရွှင်စွာ ခေတ္တခဏ နေပြီးနောက် ထိုအရပ်မှ ဆက်လက်ခရီးပြုရန် ငါ့အား သင်တို့အကူအညီပေးစေလို၏။-
24 quando partir para a Espanha, irei ter convosco; pois espero que, de passagem, vos verei e que para lá seja encaminhado por vós, depois de ter gozado um pouco da vossa companhia.
25 ယခုတွင်မူ ငါသည် သန့်ရှင်းသူတို့အတွက် ထောက်ပံ့သောပစ္စည်းများဖြင့် ဂျေရုဆလင်မြို့သို့ သွားရမည်။-
25 Mas, agora, vou a Jerusalém para ministrar aos santos.
26 အဘယ်ကြောင့်ဆိုသော် မာစီဒိုးနိယနှင့် အာခါယာပြည်တို့မှ အသင်းတော်တို့သည် ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသူများထဲမှ ဆင်းရဲသားတို့အား စေတနာစိတ်နှင့် ပစ္စည်းဥစ္စာလှူဒါန်းခဲ့ကြ၏။-
26 Porque pareceu bem à Macedônia e à Acaia fazerem uma coleta para os pobres dentre os santos que estão em Jerusalém.
27 သူတို့သည် ဤသို့ပြုလုပ်ရခြင်းအတွက် အားရကျေနပ်ကြ၏။ အမှန်စင်စစ် သူတို့၌ ထိုသူတို့၏ ကျေးဇူးမကင်းချေ။ အကြောင်းမူကား လူမျိုးခြားတို့သည် ဝိညာဉ်ရေးဆိုင်ရာ ဆုကျေးဇူးများကို ဂျူးလူမျိုးတို့ထံမှ ဝေမျှခံစားကြရလျှင် သူတို့သည်လည်း လောကီဆိုင်ရာဥစ္စာပစ္စည်းများကို ဂျူးလူမျိုးတို့အား ဝေမျှကူညီပေးသင့်၏။-
27 Isto lhes pareceu bem, como devedores que são para com eles. Porque, se os gentios foram participantes dos seus bens espirituais, devem também ministrar-lhes os temporais.
28 ထို့ကြောင့် ငါသည် ဤအမှုကိုပြီးစီးအောင် ဆောင် ရွက်လျက် ကောက်ခံရရှိသော အလှူငွေကို သူတို့အား ပေးအပ်ပြီးနောက် သင်တို့ထံသို့ အလည်လာရောက်၍ ထိုမှတစ်ဆင့် စပိန်ပြည်သို့သွားမည်။-
28 Assim que, concluído isto, e havendo-lhes consignado este fruto, de lá, passando por vós, irei à Espanha.
29 သင်တို့ရှိရာသို့ ငါလာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့် လာမည်ကို ငါသိ၏။
29 E bem sei que, indo ter convosco, chegarei com a plenitude da bênção do evangelho de Cristo.
30 ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံ ဆုတောင်းပတ္ထနာပြုပေးကြပါရန် ငါတို့၏သခင် ယေဇူးခရစ်တော်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာတော်ကို အမှီပြု၍ သင်တို့ကို ငါတောင်းဆိုပါ၏။-
30 E rogo-vos, irmãos, por nosso Senhor Jesus Cristo e pelo amor do Espírito, que combatais comigo nas vossas orações por mim a Deus,
31 ငါသည် ဂျူဒေးယပြည်ရှိ မယုံကြည်သောသူတို့၏ဘေးရန်မှ လွတ်မြောက်နိုင်စေရန်နှင့် ဂျေရုဆလင်မြို့သို့ ငါယူဆောင်လာခဲ့သော အကူအညီကို ဘုရားသခင်၏ သန့်ရှင်းသောသူတို့ နှစ်သက်လက်ခံကြစေရန် ဆုတောင်းပတ္ထနာ ပြုကြလော့။-
31 para que seja livre dos rebeldes que estão na Judeia, e que esta minha administração, que em Jerusalém faço, seja bem-aceita pelos santos;
32 သို့မှသာ ငါသည် ဘုရားသခင်၏ အလိုတော်ရှိပါလျှင် သင်တို့ထံသို့ ဝမ်းမြောက်စွာလာ၍ သင်တို့နှင့်အတူ နားနေနိုင်လိမ့်မည်။-
32 a fim de que, pela vontade de Deus, chegue a vós com alegria e possa recrear-me convosco.
33 ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော်။ အာမင်။
33 E o Deus de paz seja com todos vós. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.