Romanos 11

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 သို့ဖြစ်လျှင် ဘုရားသခင်သည် မိမိ၏လူမျိုးကို ပစ်ပယ်တော်မူပြီလောဟု ငါမေး၏။ ပစ်ပယ်တော်မမူချေ။ ငါကိုယ်တိုင်ပင် အစ္စရာအဲလ်လူမျိုးဖြစ်၍ အာဘရာဟံမှ ဆင်းသက်လာပြီး ဘင်ဂျာမင်အနွယ်ဝင် တစ်ဦးဖြစ်၏။-
1 Pergunto, pois: Acaso Deus rejeitou o seu povo? De maneira nenhuma! Eu mesmo sou israelita, descendente de Abraão, da tribo de Benjamim.
2 ဘုရားသခင်သည် အထက်ကာလကပင် ကြိုတင်သိရှိထားသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်ထားတော်မမူချေ။ ကျမ်းစာတော်မြတ်တွင် ပရောဖက်ဧလိယသည် အစ္စရာအဲလ်လူမျိုးတို့ကိုဆန့်ကျင်၍ ဘုရားသခင်ထံ၌ မည်သို့လျှောက်ထား ကြောင်းကို သင်တို့မသိကြသလော။-
2 Deus não rejeitou o seu povo, o qual de antemão conheceu. Ou vocês não sabem como Elias clamou a Deus contra Israel, conforme diz a Escritura?
3 သူက အိုထာ၀ရဘုရားသခင်၊ သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ခဲ့ကြပြီး ကိုယ်တော်၏ ယဇ်ပလ္လင်များ ကိုလည်း ဖြိုဖျက်ခဲ့ကြ၍ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ရစ်ပါ၏။ ယခု သူတို့သည် အကျွန်ုပ်ကိုသတ်ရန် ကြိုးစားနေကြသည် ဟုလျှောက်ခဲ့၏။-
3 "Senhor, mataram os teus profetas e derrubaram os teus altares; sou o único que sobrou, e agora estão procurando matar-me".
4 သို့ရာတွင် ဘုရားသခင်သည် သူ့ကို မည်ကဲ့သို့ဖြေကြားတော်မူ သနည်း။ ကိုယ်တော်က ဘာလရုပ်တုရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက် ချန်ထားလေပြီဟု မိန့်တော်မူခဲ့၏။-
4 E qual foi a resposta divina? "Reservei para mim sete mil homens que não dobraram os joelhos diante de Baal".
5 ထိုနည်းတူပင် ယခုကာလ၌လည်း ကျေးဇူးတော်အားဖြင့် ရွေးကောက်ခြင်းခံရသော ကြွင်းကျန်သူ တစ်စုရှိသေး၏။-
5 Assim, hoje também há um remanescente escolhido pela graça.
6 သို့သော် ကိုယ်တော်သည် ကျေးဇူးတော်အားဖြင့် သူတို့ကို ရွေးကောက်ထားတော်မူသောကြောင့် ကောင်းသောအကျင့်များ အပေါ်အခြေခံ၍ ရွေးကောက်ခြင်းမဟုတ်တော့ပေ။ ထိုသို့မဟုတ်ပါက ကျေးဇူးတော်သည် ကျေးဇူးတော်အစစ်အမှန် ဖြစ်မည် မဟုတ်ပေ။
6 E, se é pela graça, já não é mais pelas obras; se fosse, a graça já não seria graça.
7 သို့ဖြစ်လျှင် ငါမည်သို့ဆိုရမည်နည်း။ အစ္စရာအဲလ် လူမျိုးတို့သည် မိမိတို့ရှာဖွေသောအရာကို မရရှိခဲ့ကြချေ။ ရွေးကောက်ခြင်းခံရသော သူတို့သာလျှင် ရရှိခဲ့ကြ၏။ ကျန်သောသူတို့မူကား စိတ်နှလုံးခက်ထန်လျက်ရှိကြ၏။-
7 Que dizer então? Israel não conseguiu aquilo que tanto buscava, mas os eleitos o obtiveram. Os demais foram endurecidos,
8 ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား ဘုရားသခင်သည် သူတို့အား ထိုင်းမှိုင်းသောစိတ်နှလုံး၊ မမြင်နိုင်သောမျက်စိနှင့် မကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ပေးတော်မူခဲ့၏ဟုဆိုထား၏။-
8 como está escrito: "Deus lhes deu um espírito de atordoamento, olhos para não ver e ouvidos para não ouvir, até o dia de hoje".
9 ဒါဝိဒ်မင်းကြီးကလည်း သူတို့၏စားသောက်ပွဲသည် သူတို့အတွက် ကျော့ကွင်းနှင့် ထောင်ချောက်ကဲ့သို့လည်းကောင်း၊ အဆီး အတားနှင့် အပြစ်ဒဏ်ကဲ့သို့လည်းကောင်း ဖြစ်ပါစေ။-
9 E Davi diz: "Que a mesa deles se transforme em laço e armadilha, pedra de tropeço e retribuição para eles.
10 သူတို့သည် ကြည့်၍မမြင်နိုင်ရအောင် သူတို့၏မျက်စိများကို အမှောင်ဖုံးပါစေ။ သူတို့၏ခါးသည်လည်း အစဉ်အမြဲ ကိုင်းပါစေဟုမြွက်ဆိုခဲ့၏။
10 Escurençam-se os seus olhos, para que não consigam ver, e suas costas fiquem encurvadas para sempre".
11 သို့ဖြစ်၍ အစ္စရာအဲလ်လူမျိုးတို့သည် လဲကျရှုံးနိမ့်သည့်တိုင်အောင် ခလုတ်ထိမိကြပြီလောဟု ငါမေး၏။ မည်သည့်နည်းနှင့်မျှ လဲကျရှုံးနိမ့်ခြင်းမရှိပေ။ သူတို့၏ အပြစ်ကျူးလွန်မှုကြောင့် လူမျိုးခြားတို့သည် ကယ်တင်ခြင်းခံကြရ၏။ ထိုနည်းဖြင့် အစ္စရာအဲလ်လူမျိုးအား မနာလိုစိတ်ရှိလာစေခဲ့၏။-
11 Novamente pergunto: Acaso tropeçaram para que ficassem caídos? De maneira nenhuma! Ao contrário, por causa da transgressão deles, veio salvação para os gentios, para provocar ciúme em Israel.
12 ယခု သူတို့၏ အပြစ်ကျူးလွန်ခြင်းသည် လောကသားတို့ကို အကျိုးဖြစ်ထွန်းစေ၍ သူတို့၏ ရှုံးနိမ့်ခြင်းသည်လည်း လူမျိုးခြားတို့အား အကျိုးခံစားရစေလျှင် သူတို့အပြည့်အဝ ပါဝင်ယုံကြည်ခဲ့ပါက မည်မျှပင်ပို၍ အကျိုးအမြတ်ခံစား ရလိမ့်မည်နည်း။
12 Mas se a transgressão deles significa riqueza para o mundo, e o seu fracasso, riqueza para os gentios, quanto mais significará a sua plenitude!
13 လူမျိုးခြားဖြစ်သော သင်တို့အား ယခုငါပြောကြားပါ၏။ ငါသည် လူမျိုးခြားတို့အတွက် တမန်တော်ဖြစ်သည်နှင့်အညီ ငါ၏အမှုတော်အတွက် ငါဂုဏ်ယူခြင်းဖြင့်၊-
13 Estou falando a vocês, gentios. Visto que sou apóstolo para os gentios, exalto o meu ministério,
14 ငါ၏အပေါင်းအဖော်ဂျူးလူမျိုးတို့အား မနာလိုဖြစ်စေ၍ သူတို့အထဲမှအချို့ကို ကယ်တင်နိုင်ပေလိမ့်မည်။-
14 na esperança de que de alguma forma possa provocar ciúme em meu próprio povo e salvar alguns deles.
15 အကြောင်းမူကား သူတို့ကို ငြင်းပယ်ခြင်းသည် လောကအတွင်း၌ ပြန်လည်သင့်မြတ်ခြင်းကိုဖြစ်စေလျှင် သူတို့ကို လက်ခံ ခြင်းသည် သေခြင်းမှ ရှင်ပြန်ထမြောက်သကဲ့သို့ပင်ဖြစ် လိမ့်မည်မဟုတ်လော။-
15 Pois se a rejeição deles é a reconciliação do mundo, o que será a sua aceitação, senão vida dentre os mortos?
16 ဦးဦးဖျားဖျား ပူဇော်သောအသီးအနှံသည် မွန်မြတ်သန့်ရှင်းလျှင် အသီးအနှံအားလုံးသည် မွန်မြတ်သန့်ရှင်း၏။ သစ်ပင်၏အမြစ်သည် မွန်မြတ်သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း မွန်မြတ်သန့်ရှင်း၏။
16 Se é santa a parte da massa que é oferecida como primeiros frutos, toda a massa também o é; se a raiz é santa, os ramos também o serão.
17 သို့သော် သံလွင်ပင်၏ အကိုင်းအချို့တို့ကို ဖြတ်တောက်၍ ထိုအပင်၏အမြစ်နှင့် ကြွယ်၀သောအဆီဩဇာကို မျှဝေခံစားရစေရန် သံလွင်ပင်အရိုင်း၏ အတက်တည်းဟူသော သင့်အား ထိုအပင်၌ကိုင်းကူး၍ စိုက်ထားလျှင်၊-
17 Se alguns ramos foram cortados, e você, sendo oliveira brava, foi enxertado entre os outros e agora participa da seiva que vem da raiz da oliveira,
18 ဖြတ်တောက်ခံရသော အကိုင်းများအပေါ် သင်မကြွားဝါလေနှင့်။ သင်ကြွားဝါပါကလည်း သင်သည် အမြစ်ကို ထောက်မနေခြင်းမဟုတ်ဘဲ အမြစ်ကသာ သင့်ကိုထောက်မနေခြင်းဖြစ်ကြောင်း သတိရလော့။-
18 não se glorie contra esses ramos. Se o fizer, saiba que não é você quem sustenta a raiz, mas a raiz a você.
19 သို့ရာတွင် သင်က ငါ့ကိုကိုင်းကူး၍စိုက်ရန် အကိုင်းများကို ခုတ်ဖြတ်ခဲ့သည်မဟုတ်လောဟု ဆိုပေလိမ့်မည်။-
19 Então você dirá: "Os ramos foram cortados, para que eu fosse enxertado".
20 သင်ဆိုသည့်အတိုင်းလည်း မှန်ပေ၏။ ထိုသူတို့သည် မယုံကြည်ကြသောကြောင့် ခုတ်ဖြတ်ခံရခြင်းဖြစ်၏။ သို့သော် သင်သည် ယုံကြည်ခြင်းအားဖြင့်သာ ရပ်တည်နေခြင်းဖြစ်၏။ သို့ဖြစ်၍ သင်သည် ဘဝင်မမြင့်လေနှင့်။ ကြောက်ရွံ့ ခြင်းနှင့်နေလော့။-
20 Está certo. Eles, porém, foram cortados devido à incredulidade, e você permanece pela fé. Não se orgulhe, mas tema.
21 အကြောင်းမူကား ဘုရားသခင်သည် သံလွင်ပင်မှ မူလအကိုင်းအခက်များကို သက်ညှာခြင်းမရှိခဲ့လျှင် သင့်ကိုလည်း သက်ညှာတော်မူလိမ့်မည် မဟုတ်။-
21 Pois se Deus não poupou os ramos naturais, também não poupará você.
22 ထို့ကြောင့် ဘုရားသခင်၏ သနားကြင်နာတော်မူခြင်းနှင့် ပြင်းထန်စွာ စီရင်တော်မူခြင်းတို့ကို ဂရုပြုလော့။ ကိုယ်တော်သည် အပြစ်သို့ကျရောက်သည့်သူတို့ကို ပြင်းထန်စွာ စီရင်တော်မူကြောင်းကိုလည်းကောင်း၊ သင်တို့သည် ကိုယ်တော့်အပေါ်၌ သစ္စာရှိသမျှကာလပတ်လုံး ဘုရားသခင်၏ သနားကြင်နာတော်မူခြင်းကို ခံစားရမည့်အကြောင်းကိုလည်းကောင်း သတိပြုလော့။ သို့မဟုတ်လျှင် သင်တို့သည်လည်း ခုတ်ပစ်ခြင်းခံရလိမ့်မည်။-
22 Portanto, considere a bondade e a severidade de Deus: severidade para com aqueles que caíram, mas bondade para com você, desde que permaneça na bondade dele. De outra forma, você também será cortado.
23 ထို့နောက် အစ္စရာအဲလ်လူမျိုးသည်လည်း မယုံကြည်သောစိတ်ကို စွန့်ပယ်လျှင် ကိုင်းဆက်ခြင်းခံကြရလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူတို့ကို တစ်ဖန်ကိုင်းဆက်စေခြင်းငှာ တတ်နိုင်တော်မူ၏။-
23 E quanto a eles, se não continuarem na incredulidade, serão enxertados, pois Deus é capaz de enxertá-los outra vez.
24 အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလေ့ကျပေါက်သော သံလွင်ပင်အရိုင်းမှ ဖြတ်တောက်ခံရ၍ သဘာ၀နှင့် ဆန့်ကျင်ကာ ကောင်းသောသံလွင်ပင်တွင် ကိုင်းဆက်စိုက်ပျိုးခြင်းခံခဲ့ရပါလျှင် သဘာ၀အကိုင်းအခက်များကို ၎င်းတို့၏မူရင်း သံလွင်ပင်၌ ပြန်လည်ကိုင်းဆက်စိုက်ပျိုးရန် ပိုမိုလွယ်ကူပေလိမ့်မည်။
24 Afinal de contas, se você foi cortado de uma oliveira brava por natureza e, de maneira antinatural, foi enxertado numa oliveira cultivada, quanto mais serão enxertados os ramos naturais em sua própria oliveira?
25 ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်ရှိသည်ထက် ပို၍တတ်သိနားလည်ပြီဟု မဆိုနိုင်ရအောင် ဤနက်နဲရာအမှုကို သင်တို့နားလည်စေရန် ငါအလိုရှိ၏။ နက်နဲရာအချက်ဟူမူကား လူမျိုးခြားအားလုံးတို့ ကယ်တင်ခြင်းသို့ ဝင်ရောက်သည့်တိုင်အောင် အစ္စရာအဲလ်လူမျိုးအချို့သည် စိတ်နှလုံးခက်ထန်လျက် ရှိနေကြမည့်အကြောင်းတည်း။-
25 Irmãos, não quero que ignorem este mistério, para que não se tornem presunçosos: Israel experimentou um endurecimento em parte, até que chegasse a plenitude dos gentios.
26 ဤသို့ဖြင့် အစ္စရာအဲလ်လူမျိုးအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကျမ်း စာတော်မြတ်၌လည်း ရေးထားသည်ကား ကယ်တင်ရှင်သည် ဇီအွန်တောင်မှကြွလာ၍ ယာကုပ်အမျိုးအနွယ်မှ ဘုရားတရားမဲ့ခြင်းကိုဖယ်ရှားတော်မူလတ္တံ့။-
26 E assim todo o Israel será salvo, como está escrito: "Virá de Sião o redentor que desviará de Jacó a impiedade.
27 သူတို့၏ အပြစ်များကို ငါဖယ်ရှားတော်မူသောအခါ ဤအရာသည် သူတို့နှင့်ပြုလုပ်မည့် ငါ၏ပဋိညာဉ် ဖြစ်၏ဟူသတည်း။
27 E esta é a minha aliança com eles quando eu remover os seus pecados".
28 သူတို့သည် ဧဝံဂေလိတရားတော်နှင့်ပတ်သက်လျှင် ဘုရားသခင်၏ရန်သူများဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းနှင့် ပတ်သက်လျှင်မူကား သူတို့သည် သူတို့၏ဘိုးဘေးတို့အားဖြင့် ဘုရားသခင်ချစ်မြတ်နိုးခြင်း ခံရသူများဖြစ်ကြ၏။-
28 Quanto ao evangelho, eles são inimigos por causa de vocês; mas quanto à eleição, são amados por causa dos patriarcas,
29 အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးတော်များနှင့် ခေါ်တော်မူခြင်းတို့ကို ပြန်လည်ရုပ်သိမ်း၍မရနိုင်ပေ။-
29 pois os dons e o chamado de Deus são irrevogáveis.
30 သင်တို့သည် တစ်ချိန်က ဘုရားသခင်ကို မနာခံသူများဖြစ်ခဲ့ကြသော်လည်း ယခု ထိုသူတို့၏မနာခံမှုကြောင့် ဘုရားသခင်၏ သနားကရုဏာတော်ကို ခံယူရရှိခဲ့ကြသည့်နည်းတူ၊-
30 Assim como vocês, que antes eram desobedientes a Deus mas agora receberam misericórdia, graças à desobediência deles,
31 သင်တို့ခံစားကြရသော သနားကရုဏာတော်အားဖြင့် သူတို့သည်လည်း သနားကရုဏာတော်ကို ခံစားကြရမည့်အကြောင်း ယခုသူတို့သည် မနာခံဘဲနေကြ၏။-
31 assim também agora eles se tornaram desobedientes, a fim de que também recebam agora misericórdia, graças à misericórdia de Deus para com vocês.
32 အကြောင်းမူကား ဘုရားသခင်သည် လူအပေါင်းတို့အား သနားကရုဏာတော်ကို ပြလိုသောကြောင့် သူတို့အားလုံးကို နာခံခြင်းမရှိသောအဖြစ်၌ ပိတ်လှောင်ထားတော်မူ၏။
32 Pois Deus colocou todos sob a desobediência, para exercer misericórdia para com todos.
33 ဘုရားသခင်၏ဉာဏ်တော်နှင့် အသိပညာသည် အလွန်ကြွယ်၀၍ နက်နဲလှပါ၏။ ကိုယ်တော်၏ စီရင်တော်မူချက်တို့ကို မည်သူမျှစူးစမ်း၍ မတွေ့နိုင်။ ကိုယ်တော်၏ တရားလမ်းတော်တို့ကိုလည်း မည်သူမျှနားမလည်နိုင်ပါတကား။-
33 Ó profundidade da riqueza da sabedoria e do conhecimento de Deus! Quão insondáveis são os seus juízos, e inescrutáveis os seus caminhos!
34 မည်သူသည် ထာ၀ရဘုရားသခင်၏စိတ်အ ကြံစည်တော်ကိုသိနိုင်မည်နည်း။ မည်သူသည် ထာ၀ရ ဘုရားသခင်၏ အတိုင်ပင်ခံဖြစ်ဖူးသနည်း။-
34 "Quem conheceu a mente do Senhor? Ou quem foi seu conselheiro? "
35 သို့တည်းမဟုတ် ကိုယ်တော်၏ ကျေးဇူးတုံ့ပြန်မှုကိုရစေရန် မည်သူ သည် ကိုယ်တော်ကို ကျေးဇူးပြုဖူးသနည်း။-
35 "Quem primeiro lhe deu, para que ele o recompense? "
36 အကြောင်းမူကား ခပ်သိမ်းသောအရာတို့သည် ကိုယ်တော့်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော့်အတွက်လည်းကောင်း ဖြစ်တည်လျက်ရှိကြ၏။ ကိုယ်တော်ရှင်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော် ရှိစေသတည်း။ အာမင်။
36 Pois dele, por ele e para ele são todas as coisas. A ele seja a glória para sempre! Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.