Provérbios 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါ့သားတို့၊ ဖခင်တစ်ဦး၏ဆုံးမပြောဆိုချက်များကို နားထောင်ကြလော့။ သင်တို့တွင် ထိုးထွင်း သိနိုင်သောဉာဏ်ကိုရရှိရန် အာရုံစူးစိုက်၍နားထောင်ကြလော့။-
1 Ouçam, meus filhos, a instrução de um pai; estejam atentos, e obterão discernimento.
2 ငါသည် သင်တို့အား ခိုင်လုံသောသွန်သင် ချက်တို့ကိုပေးသည်ဖြစ်၍ ယင်းတို့ကိုမစွန့်ပယ်ကြနှင့်။-
2 O ensino que lhes ofereço é bom; por isso não abandonem a minha instrução.
3 ငါသည် ငယ်စဉ်အခါက ငါ၏ဖခင်နှင့်အတူရှိနေခဲ့ပြီး ငါ၏ မိခင်အတွက် ငါသည် နုနယ်၍ ချစ်မ၀နိုင်သောရင်သွေး ဖြစ်ခဲ့သော အခါ၊-
3 Quando eu era menino, ainda pequeno, em companhia de meu pai, um filho muito especial para minha mãe,
4 ငါ၏ဖခင်က ငါ့အားဆိုဆုံးမသည်မှာ ငါ၏စကားများကို သင်၏စိတ်နှလုံးထဲ၌ စွဲမြဲစွာ မှတ်သားလော့။ ငါ၏လမ်းညွှန် ချက်များကို နာခံလော့။ သို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်။-
4 ele me ensinava e me dizia: "Apegue-se às minhas palavras de todo o coração; obedeça aos meus mandamentos, e você terá vida.
5 ဉာဏ်ပညာနှင့် ထိုးထွင်းဉာဏ်ကို ဆည်းပူးလော့။ ငါ၏စကားများကို မမေ့လျော့နှင့်။ ယင်းတို့ကို မဖယ်ရှားနှင့်။-
5 Procure obter sabedoria e entendimento; não se esqueça das minhas palavras nem delas se afaste.
6 ဉာဏ်ပညာကို မစွန့်ပယ်နှင့်။ သူမသည် သင့်ကို ကြည့်ရှုထိန်းသိမ်းလိမ့်မည်။ သူမကို နှစ်သက်မြတ်နိုးလော့။ သူမသည် သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မည်။-
6 Não abandone a sabedoria, e ela o protegerá; ame-a, e ela cuidará de você.
7 ဉာဏ်ပညာ၏အစသည်ကား ဤသို့တည်း။ ဉာဏ်ပညာကို ရယူဆည်းပူးလော့။ ထိုးထွင်းဉာဏ်ကိုရနိုင်သမျှ အားသွန်ခွန် စိုက်ဆည်းပူးလော့။-
7 O conselho da sabedoria é: procure obter sabedoria; use tudo que você possui para adquirir entendimento.
8 ဉာဏ်ပညာကို တန်ဖိုးထား၍ နှစ်သက်မြတ်နိုးလော့။ သူမသည် သင့်အားချီးမြှောက်လိမ့်မည်။ သင်သည် သူမအားပွေ့ပိုက် ပါလော့။ သူမသည် သင့်ကို ဂုဏ် သရေရှိစေလိမ့်မည်။-
8 Dedique alta estima à sabedoria, e ela o exaltará; abrace-a, e ela o honrará.
9 သူမသည် သင်၏ဦးခေါင်းထက်၌ တင့်တယ်သောဦးရစ်ကိုတင်၍ ဘုန်းကြီးသောသရဖူကို ဆောင်းပေးလိမ့်မည်ဟု သွန်သင် ပေးခဲ့၏။
9 Ela porá um belo diadema sobre a sua cabeça e lhe dará de presente uma coroa de esplendor".
10 ငါ့သား၊ ငါ၏စကားများကို ကောင်းစွာနာယူလော့။ ဤသို့ပြုလျှင် သင်သည် ကာလကြာရှည်စွာ အသက်ရှင် လိမ့်မည်။-
10 Ouça, meu filho, e aceite o que digo, e você terá vida longa.
11 ငါသည် သင့်ကို ဉာဏ်ပညာလမ်း၌ လျှောက်လှမ်းရန် သင်ကြားပေးခဲ့၍ ဖြောင့်မတ်သောခရီးလမ်းကို လျှောက်စေရန် ညွှန်ပြပေးခဲ့ပြီ။-
11 Eu o conduzi pelo caminho da sabedoria e o encaminhei por veredas retas.
12 သင်လျှောက်လှမ်းသွားချိန်၌ သင်၏ခြေလှမ်းတို့သည် ဆီးတားနှောင့်ယှက်ခြင်း ခံရလိမ့်မည်မဟုတ်။ သင်ပြေးသွားချိန်၌ လည်း သင်သည် တိုက်မိ၍ လဲလိမ့်မည်မဟုတ်။-
12 Assim, quando você por elas seguir, não encontrará obstáculos; quando correr, não tropeçará.
13 သွန်သင်ချက်ကို လက်ကိုင်ထားလော့။ သူမကို လက်မလွတ်စေနှင့်။ သူမသည် သင်၏အသက်ဖြစ်သောကြောင့် သူမကို ကောင်းမွန်စွာ စောင့်ထိန်းလော့။-
13 Apegue-se à instrução, não a abandone; guarde-a bem, pois dela depende a sua vida.
14 မိုက်မဲသောသူတို့၏လမ်းပေါ်၌ သင်၏ခြေကိုမချလေနှင့်။ ဆိုးသွမ်းသောသူတို့၏လမ်း၌ မလျှောက်လှမ်းလေနှင့်။-
14 Não siga pela vereda dos ímpios nem ande no caminho dos maus.
15 သူတို့၏လမ်းကို ရှောင်ကြဉ်လော့။ သူတို့နှင့်အတူ လိုက်ပါမသွားဘဲ မိမိသွားရမည့် လမ်းကိုသာ လျှောက်လော့။-
15 Evite-o, não passe por ele; afaste-se e não se detenha.
16 အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုမပြုလုပ်ရလျှင် အိပ်မပျော်နိုင်ကြ။ သူတို့သည် တစ်စုံတစ်ယောက်သော သူကိုမလဲစေလျှင် အိပ်မပျော်နိုင်ကြ။-
16 Pois eles não conseguem dormir enquanto não fazem o mal; perdem o sono se não causarem a ruína de alguém.
17 အကြောင်းမူကား သူတို့သည် ကောက်ကျစ်ယုတ်မာခြင်း၏ပေါင်မုန့်ကိုစား၍ အကြမ်းဖက်ခြင်း၏စပျစ်ရည်ကို သောက် ကြ၏။-
17 Pois eles se alimentam de maldade, e se embriagam de violência.
18 ဖြောင့်မတ်မှန် ကန်သောသူတို့၏လမ်းသည်ကား နံနက်အရုဏ်ဦး၏ လင်းရောင်ခြည်ကဲ့သို့ဖြစ်၍ နေထွက်သည့်တိုင်အောင် အစဉ်ထွန်းလင်းတောက်ပကြ၏။-
18 A vereda do justo é como a luz da alvorada, que brilha cada vez mais até à plena claridade do dia.
19 ဆိုးညစ်သော သူတို့၏လမ်းမှာမူ မှောင်မိုက်ကဲ့သို့ဖြစ်ကြ၏။ သူတို့ခလုတ် တိုက်မိသောအချိန်တွင်လည်း မည်သည့်အရာ နှင့်တိုက် မိသည်ကို သူတို့မသိရှိကြ။
19 Mas o caminho dos ímpios é como densas trevas; nem sequer sabem em que tropeçam.
20 ငါ့သား၊ ငါပြောသောစကားများကို အာရုံစိုက်၍ နား ထောင်လော့။ ငါ၏သွန်သင်ချက်တို့ကို သေချာစွာ နား ထောင်လော့။-
20 Meu filho, escute o que lhe digo; preste atenção às minhas palavras.
21 ထိုစကားတို့ကို သင်၏မျက်မှောက်မှ ကွယ်ပျောက်မသွားစေနှင့်။ သင်၏နှလုံးအတွင်း၌ မှတ်ယူထားလော့။-
21 Nunca as perca de vista; guarde-as no fundo do coração,
22 အကြောင်းမူကား တရားစကားတို့ကို တွေ့ရှိသောသူတို့အတွက် ယင်းတို့သည် အသက်ရှင် ခြင်းဖြစ်၍ သူတို့၏ ကိုယ်ခန္ဓာ အတွက် ကျန်းမာခြင်းဖြစ်၏။-
22 pois são vida para quem as encontra e saúde para todo o seu ser.
23 သင်၏စိတ်နှလုံးကို အရာရာထက်ပို၍စောင့်ရှောက် ပါလော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်း အမြစ်ဖြစ်သော ကြောင့်တည်း။-
23 Acima de tudo, guarde o seu coração, pois dele depende toda a sua vida.
24 သင်၏နှုတ်ကိုဖောက် ပြန်ခြင်းနှင့်ကင်းစင်စေလော့။ မကောင်းသောလှည့်ဖြားသည့်စကားပြောဆိုခြင်းကို သင့်ထံမှ ကင်းဝေးစေလော့။-
24 Afaste da sua boca as palavras perversas; fique longe dos seus lábios a maldade.
25 သင်၏မျက်စိများသည် ရှေ့သို့တည့်တည့်ကြည့်ပါစေ။ သင်၏ရှေ့သို့စူးစိုက်ကြည့်လော့။-
25 Olhe sempre para a frente, mantenha o olhar fixo no que está adiante de você.
26 သင်လျှောက်လှမ်းရ မည့်လမ်းကို ညီညာချောမွေ့စေရန် သတိပြုလော့။ ဤ သို့ဖြင့် သင်၏ခရီးလမ်းအားလုံးတို့သည် လုံခြုံစိတ်ချရလိမ့်မည်။-
26 Veja bem por onde anda, e os seus passos serão seguros.
27 လက်ယာဘက်သို့လည်းကောင်း၊ လက်ဝဲဘက်သို့လည်းကောင်း မယိမ်းယိုင်စေနှင့်။ ဒုစရိုက်ပြုရာ လမ်းများသို့ ခြေဦး မလှည့်လေနှင့်။
27 Não se desvie nem para a direita nem para a esquerda; afaste os seus pés da maldade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.