Provérbios 22
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 စည်းစိမ်ဥစ္စာများစွာတို့ထက် နာမည်ကောင်းရရှိရေးကို ဦးစားပေးသင့်၏။ သူတစ်ပါး၏လေးစား ချစ်ခင်မှုကိုခံရခြင်းသည် ရွှေနှင့် ငွေတို့ထက် ပို၍ကောင်း ၏။-
1 Vale mais ter um bom nome do que muitas riquezas; e o ser estimado é melhor do que a riqueza e o ouro.
2 ချမ်းသာကြွယ်၀သူနှင့် ဆင်းရဲနွမ်းပါးသူတို့ အတူတကွတွေ့ဆုံကြ၏။ ထာ၀ရဘုရားသခင်သည် သူတို့ အားလုံး၏ ဖန်ဆင်းရှင် ဖြစ်တော်မူ၏။-
2 O rico e o pobre se encontram; a todos o Senhor os fez.
3 လိမ္မာပါးနပ်သော သူသည် ဘေးအန္တရာယ်ကို ကြိုတင်မြင်တတ်၍ ပုန်း ရှောင်တတ်၏။ ရိုးအသောသူမူကား မတိမ်းရှောင် သောကြောင့် ဘေးဒုက္ခရောက်ရ၏။-
3 O prudente prevê o mal, e esconde-se; mas os simples passam e acabam pagando.
4 စိတ်နှိမ့်ချခြင်းနှင့် ထာ၀ရ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းတို့၏ဆုလာဘ်သည်ကား ချမ်းသာကြွယ်၀ခြင်း၊ ဂုဏ်ရှိခြင်းနှင့် အသက်ရှင်ခြင်းတို့ဖြစ်၏။-
4 O galardão da humildade e o temor do Senhor são riquezas, honra e vida.
5 ကောက်ကျစ်သောသူသွားရာလမ်း၌ ဆူးပင်များနှင့် ကျော့ကွင်းများရှိကြ၏။ မိမိကိုယ်ကို ထိန်း သိမ်းစောင့်ရှောက်သော သူသည် ယင်းတို့ကို အဝေးမှ ရှောင်ကွင်းသွားလိမ့်မည်။-
5 Espinhos e laços há no caminho do perverso; o que guarda a sua alma retira-se para longe dele.
6 ကလေးသူငယ်ကို လမ်းမှန် သို့ရောက်အောင် ဆုံးမသွန်သင်ပါလော့။ သို့မှသာ သူသည် ကြီးပြင်းလာသောအခါ လမ်းမှားသို့ မရောက်ဘဲ နေလိမ့်မည်။-
6 Educa a criança no caminho em que deve andar; e até quando envelhecer não se desviará dele.
7 ချမ်းသာကြွယ်၀သောသူသည် ဆင်းရဲသောသူကို အုပ်စိုး၏။ ချေးငှားသောသူသည် ချေးငှားပေးသောသူ၏ကျွန်ဖြစ်၏။-
7 O rico domina sobre os pobres e o que toma emprestado é servo do que empresta.
8 မတရားမှုကို မျိုးကြဲသောသူသည် ဘေးဒုက္ခကို ရိတ်သိမ်းရလိမ့်မည်။ သူ့အမျက် ဒေါသ၏အာဏာစက်သည် ပျောက်ကွယ်လိမ့်မည်။-
8 O que semear a perversidade segará males; e com a vara da sua própria indignação será extinto.
9 သဒ္ဓါတရားထက်သန်သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား သူသည် မိမိ၏အစာကို ဆင်းရဲသားတို့အား မျှဝေပေးသော ကြောင့်တည်း။-
9 O que vê com bons olhos será abençoado, porque dá do seu pão ao pobre.
10 မောက်မာစော်ကားသောသူကို မောင်းထုတ်ကြလော့။ ခိုက်ရန်ဒေါသဖြစ်ပွားခြင်းနှင့် စော်ကားခြင်းများလည်း ရပ်စဲသွား လိမ့်မည်။-
10 Lança fora o escarnecedor, e se irá a contenda; e acabará a questão e a vergonha.
11 စိတ်နှလုံး ဖြူစင်ပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်သူတို့ သည် ဘုရင်မင်းမြတ်၏မိတ်ဆွေဖြစ်လိမ့်မည်။-
11 O que ama a pureza de coração, e é amável de lábios, será amigo do rei.
12 ထာ၀ရ ဘုရားသခင်သည် အသိပညာကို အမြဲစောင့်ကြည့်တော်မူ၏။ ကိုယ်တော်သည် သစ္စာမဲ့သူတို့၏စကားကိုဖယ် ရှားတော်မူ၏။-
12 Os olhos do Senhor conservam o conhecimento, mas as palavras do iníquo ele transtornará.
13 ပျင်းရိသောသူက အိမ်အပြင်၌ ခြင်္သေ့ရှိ၏၊ ငါသည် လမ်းပေါ်တွင် သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟုဆို၏။-
13 Diz o preguiçoso: Um leão está lá fora; serei morto no meio das ruas.
14 စာရိတ္တပျက်ပြားသောမိန်းမ၏နှုတ်သည် နက်ရှိုင်းသောတွင်းဖြစ်၏။ ထာ၀ရဘုရားသခင်၏အမျက် တော်သင့်သော သူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။-
14 Cova profunda é a boca das mulheres estranhas; aquele contra quem o Senhor se irar, cairá nela.
15 မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံး၌ နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် စည်းကမ်းဥပဒေ၏ကြိမ်လုံးသည် ယင်းကို သူ့ထံမှ ဝေးရာသို့ နှင်ထုတ်လိမ့်မည်။-
15 A estultícia está ligada ao coração da criança, mas a vara da correção a afugentará dela.
16 မိမိ၏ စည်းစိမ်ဥစ္စာတိုးပွားစေရန် ဆင်းရဲသားတို့ကို ဖိနှိပ်ပြီး ချမ်းသာကြွယ်၀သူများကို တံစိုးလက်ဆောင်ပေးကမ်း သောသူသည် ဆင်းရဲချို့တဲ့ရလိမ့်မည်။
16 O que oprime ao pobre para se engrandecer a si mesmo, ou o que dá ao rico, certamente empobrecerá.
17 သင်၏နားကိုစွင့်၍ ပညာရှိတို့၏ဆိုရိုးစကားများ ကိုနားထောင်ပါလော့။ ငါ၏အသိပညာကိုလည်း သင်၏ စိတ်နှလုံးဖြင့် ချင့်ချိန်၍ ကျင့်ကြံပါလော့။-
17 Inclina o teu ouvido e ouve as palavras dos sábios, e aplica o teu coração ao meu conhecimento.
18 အကြောင်းမူကား သင်သည် ဤအကြောင်းအရာတို့ကို မြဲမြံစွာ မှတ် သား၍ သင်၏နှုတ်၌ အသင့်ရှိသောအခါ စိတ်ချမ်းမြေ့ရ လိမ့်မည်။-
18 Porque te será agradável se as guardares no teu íntimo, se aplicares todas elas aos teus lábios.
19 သင်သည် ထာ၀ရဘုရားသခင်ကို ယုံကြည် အားကိုးမည့်အကြောင်း ငါသည် ယနေ့ပင် သင့်ကို ဤအကြောင်းအရာများနှင့် ပတ်သက်၍ သွန်သင်လေပြီ။
19 Para que a tua confiança esteja no Senhor, faço-te sabê-las hoje, a ti mesmo.
20 သတိပေးဆုံးမခြင်းနှင့် အသိပညာနှင့်ဆိုင်ရာဆိုရိုး စကားအခွန်းသုံးဆယ်တို့ကို သင့်အတွက် ငါရေးထားခဲ့သည် မဟုတ်လော။-
20 Porventura não te escrevi excelentes coisas, acerca de todo conselho e conhecimento,
21 သို့မှသာ သင်သည် ဖြောင့်မတ်မှန် ကန်ရာကိုသိမြင်နိုင်၍ သင့်ကိုစေလွှတ်သောသူတို့အား မှန်ကန်သောအဖြေကိုပေး နိုင်မည် မဟုတ်လော။
21 Para fazer-te saber a certeza das palavras da verdade, e assim possas responder palavras de verdade aos que te consultarem?
22 ဆင်းရဲသောသူထံမှ လုယူခြင်းမပြုလေနှင့်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆင်းရဲချို့တဲ့သောကြောင့်တည်း။ အတိဒုက္ခရောက်လာသူကို တံခါး၀၌ပင် နှိပ်စက်ခြင်းကိုမပြုလေနှင့်။-
22 Não roubes ao pobre, porque é pobre, nem atropeles na porta o aflito;
23 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် သူတို့ဘက်တွင် ရပ်တည်တော်မူလိမ့်မည်။ ကိုယ်တော်သည် ထိုသူတို့ထံမှ လုယက်သောသူတို့၏ အသက်ကို လုယူတော်မူလိမ့်မည်။-
23 Porque o Senhor defenderá a sua causa em juízo, e aos que os roubam ele lhes tirará a vida.
24 ဒေါသကြီးသော သူတို့နှင့်မိတ်ဆွေမဖွဲ့လေနှင့်။ ဒေါသရှေ့ထားတတ်သူ တို့နှင့်အတူ မပေါင်းသင်းလေနှင့်။-
24 Não sejas companheiro do homem briguento nem andes com o colérico,
25 ဤသို့ပြုလျှင် သင် တို့သည် သူ၏လမ်းစဉ်အတိုင်းလိုက်မိ၍ သင်ကိုယ်တိုင် ကျော့ကွင်းအတွင်းသို့ ကျရောက်လိမ့်မည်။-
25 Para que não aprendas as suas veredas, e tomes um laço para a tua alma.
26 သူတစ်ပါး ၏ကြွေးမြီများအတွက် အာမခံသူများ၊ ကတိကဝတ်ပြု သူများထဲတွင် သင်မပါဝင်စေနှင့်။-
26 Não estejas entre os que se comprometem, e entre os que ficam por fiadores de dívidas,
27 သင်၌ပေးလျော်ရန် မရှိလျှင် အဘယ်ကြောင့်သင်၏အိပ်ရာကိုယူသွားစေလို ပါသနည်း။-
27 Pois se não tens com que pagar, deixarias que te tirassem até a tua cama de debaixo de ti?
28 သင်၏ဘိုးဘေးများစိုက်ထူခဲ့သော ရှေးဟောင်းမှတ်တိုင်ကို မဖယ်ရှားပစ်လေနှင့်။-
28 Não removas os antigos limites que teus pais fizeram.
29 မိမိ၏အလုပ် တာဝန်၌ ကျွမ်းကျင်သောလူတစ်ယောက်ကို သင်မြင် ပါသလော။ သူသည် ဘုရင်တို့၏အမှုတော်ကိုထမ်းရွက် ရလိမ့်မည်။ သူသည် သာမန်လူတို့ကို အလုပ်အကျွေး ပြုလိမ့်မည်မဟုတ်။
29 Viste o homem diligente na sua obra? Perante reis será posto; não permanecerá entre os de posição inferior.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.