Mateus 6
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 သင်တို့၏ကုသိုလ်ကောင်းမှုကို လူအများမြင်စေ ခြင်းငှာ ၎င်းကိုသူတို့၏ရှေ့မျက်မှောက်တွင် မပြု လုပ်ရန်သတိပြုကြလော့။ သို့မဟုတ်လျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖထံတော် မှ ဆုကျေးဇူးမခံစားရဘဲရှိလိမ့်မည်။
1 "Tenham o cuidado de não praticar suas ‘obras de justiça’ diante dos outros para serem vistos por eles. Se fizerem isso, vocês não terão nenhuma recompensa do Pai celestial.
2 ထို့ကြောင့် သင်တို့သည် လှှူဒါန်းကြသောအခါ လူ တို့၏ချီးမွမ်းခြင်းခံရစေရန် တရားဇရပ်များနှင့် လမ်းများပေါ်တွင် လှူဒါန်း ကြသောသူတော်ကောင်းယောင်ဆောင် သူတို့ပြုလုပ်သကဲ့သို့ သင်တို့၏ရှေ့၌ တံပိုးခရာမမှုတ်စေ နှင့်။ သင်တို့အား ငါအမှန်ဆို သည် ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။-
2 "Portanto, quando você der esmola, não anuncie isso com trombetas, como fazem os hipócritas nas sinagogas e nas ruas, a fim de serem honrados pelos outros. Eu lhes garanto que eles já receberam sua plena recompensa.
3 သင်တို့မူကား လှူဒါန်း ပေးကမ်းသောအခါ သင်တို့၏လက်ယာလက်ပြုသော အမှုကို လက်ဝဲလက်မသိစေနှင့်။-
3 Mas quando você der esmola, que a sua mão esquerda não saiba o que está fazendo a direita,
4 ဤသို့ဖြင့် သင်တို့၏ အလှူသည် မထင်မရှားရှိ၍ မထင်မရှားပြုမူသည့်အမှုတို့ ကို မြင်တော်မ ူသော သင်တို့၏အဖသည် သင်တို့အား ဆု ကျေးဇူးပေးသနားတော်မူလိမ့်မည်။
4 de forma que você preste a sua ajuda em segredo. E seu Pai, que vê o que é feito em segredo, o recompensará".
5 သင်တို့သည် ဆုတောင်းပတ္ထနာပြုသောအခါ လူ တို့မြင်စေခြင်းငှာ တရားဇရပ်များနှင့် လမ်းဆုံလမ်းခွများ တွင်ရပ်လျက် ဆုတောင်းခြင်းအမှုကိုပြုလိုကြသော သူ တော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့မဖြစ်စေကြနှင့်။ သင်တို့အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့၏အကျိုးကိုရရှိကြလေပြီ။-
5 "E quando vocês orarem, não sejam como os hipócritas. Eles gostam de ficar orando em pé nas sinagogas e nas esquinas, a fim de serem vistos pelos outros. Eu lhes asseguro que eles já receberam sua plena recompensa.
6 သင်တို့မူကား ဆုတောင်း သောအခါ သင်တို့၏အခန်းတွင်းသို့ဝင်၍ တံခါးကိုပိတ် ပြီးမှ ဆိတ်ကွယ်ရာ၌ရှိတော်မူသော သင်တို့၏အဖထံသို့ ဆုတောင်းလော့။ ဆိတ်ကွယ်ရာ၌ ပြုမူသောအမှုကိုမြင် တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေး ဇူးပေးသနားတော်မူလိမ့်မည်။
6 Mas quando você orar, vá para seu quarto, feche a porta e ore a seu Pai, que está no secreto. Então seu Pai, que vê no secreto, o recompensará.
7 သင်တို့သည် ဆုတောင်းကြသောအခါ လူမျိုးခြား တို့နည်းတူ အနှစ်သာရမဲ့သောစကားလုံးအမြောက်အ မြားကိုမရွတ်ဆိုကြနှင့်။ အကြောင်းမူကား သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုခြင်းဖြင့် မိမိတို့တောင်း လျှောက်သောဆုကိုရလိမ့်မည်ဟု ထင်မှတ် ကြ၏။-
7 E quando orarem, não fiquem sempre repetindo a mesma coisa, como fazem os pagãos. Eles pensam que por muito falarem serão ouvidos.
8 သင်တို့မူကား သူတို့ကဲ့သို့ မပြုလုပ်ကြနှင့်။ အကြောင်းမူကား သင်တို့လို အပ်သောအရာကို သင်တို့မတောင်းမီကပင် သင်တို့၏ အဖသည် သိတော်မူ၏။
8 Não sejam iguais a eles, porque o seu Pai sabe do que vocês precisam, antes mesmo de o pedirem.
9 ထို့ကြောင့် သင်တို့သည် ဤသို့ဆုတောင်းကြရ မည်။ ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကျွန်ုပ်တို့ ၏အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။-
9 Vocês, orem assim: ‘Pai nosso, que estás nos céus! Santificado seja o teu nome.
10 ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏ အလိုတော် သည် ပြည့်စုံပါစေသော်။-
10 Venha o teu Reino; seja feita a tua vontade, assim na terra como no céu.
11 နေ့စဉ်မပြတ် အလိုရှိအပ်သောအစားအစာကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ။-
11 Dá-nos hoje o nosso pão de cada dia.
12 ကျွန်ုပ်တို့ ကို ထိခိုက် ကျူးလွန်သောသူတို့အား ကျွန်ုပ်တို့ခွင့်လွှတ် သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော် မူပါ။-
12 Perdoa as nossas dívidas, assim como perdoamos aos nossos devedores.
13 နှောင့်ယှက်ခြင်းအမှုတို့၌ ကျွန်ုပ်တို့ကို ပါဝင် ခြင်းမရှိ စေဘဲလျက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေတော်မူပါဟူ၍ ဆုတောင်းကြရမည်။-
13 E não nos deixes cair em tentação, mas livra-nos do mal, porque teu é o Reino, o poder e a glória para sempre. Amém’.
14 အကြောင်းမူကား သင်တို့သည် လူတို့၏အပြစ်များကို ခွင့်လွှတ်ကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။-
14 Pois se perdoarem as ofensas uns dos outros, o Pai celestial também lhes perdoará.
15 သို့သော် သင်တို့သည် လူတို့၏အပြစ်များကို ခွင့်မလွှတ်ကြလျှင် သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူ လိမ့်မည်မဟုတ်။
15 Mas se não perdoarem uns aos outros, o Pai celestial não lhes perdoará as ofensas".
16 သင်တို့သည် အစာရှောင်ခြင်းအမှုကိုပြုကြသော အခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာ ညှိုးငယ်ခြင်း မရှိစေ ကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြသည်ကို လူအများမြင်စေခြင်းငှာ ညှိုးငယ်သောမျက်နှာအသွင်ကို ဆောင်ကြ၏။ သင်တို့ အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ရရှိကြလေပြီ။-
16 "Quando jejuarem, não mostrem uma aparência triste como os hipócritas, pois eles mudam a aparência do rosto a fim de que os homens vejam que eles estão jejuando. Eu lhes digo verdadeiramente que eles já receberam sua plena recompensa.
17 သင်တို့မူကား အစာရှောင်သောအခါ သင်တို့၏ဦးခေါင်းကို ဆီလိမ်းကျံ၍ သင်တို့၏မျက်နှာကို သစ်လော့။-
17 Ao jejuar, ponha óleo sobre a cabeça e lave o rosto,
18 သင်တို့အစာရှောင်နေသည်ကို လူတို့ မြင်စေရန်မဟုတ်ဘဲ မျက်စိနှင့်မမြင်နိုင်သော သင်တို့၏အဖမြင်စေရန်ဖြစ်၏။ ဆိတ်ကွယ် ရာ၌ပြုမူသောအရာ တို့ကို မြင်တော်မူသော သင်တို့၏အဖသည် သင်တို့အား ဆုကျေးဇူးပေး သနားတော် မူလိမ့်မည်။
18 para que não pareça aos outros que você está jejuando, mas apenas a seu Pai, que vê no secreto. E seu Pai, que vê no secreto, o recompensará".
19 သံချေးပိုးရွတို့ဖျက်ဆီးနိုင်၍ သူခိုးများဖောက်ထွင်း ခိုးယူနိုင်သော လောကီဥစ္စာရတနာများကို သင်တို့အဖို့ မစုဆောင်းကြနှင့်။-
19 "Não acumulem para vocês tesouros na terra, onde a traça e a ferrugem destroem, e onde os ladrões arrombam e furtam.
20 သို့သော် သံချေးပိုးရွတို့မဖျက်ဆီး နိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်းမပြုနိုင်သော ကောင်းကင်ဘဏ္ဍာ များကိုသာ သင်တို့အဖို့ စုဆောင်း ကြလော့။-
20 Mas acumulem para vocês tesouros no céu, onde a traça e a ferrugem não destroem, e onde os ladrões não arrombam nem furtam.
21 အကြောင်းမူကား သင်တို့၏ဘဏ္ဍာရှိရာ အရပ်၌ သင်တို့၏စိတ်နှလုံးလည်းရှိသောကြောင့်တည်း။
21 Pois onde estiver o seu tesouro, aí também estará o seu coração.
22 မျက်စိသည် ခန္ဓာကိုယ်၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိသည်အကောင်းပကတိဖြစ်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံး သည် အလင်းဖြင့်ပြည့်၀လိမ့်မည်။-
22 "Os olhos são a candeia do corpo. Se os seus olhos forem bons, todo o seu corpo será cheio de luz.
23 သင်၏မျက်စိမကောင်းလျှင်မူကား သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် မှောင်အတိဖြစ်လိမ့်မည်။ အကယ်၍ သင်၌ရှိသော အလင်း သည် မှောင်မိုက်ဖြစ်လာလျှင် ထို မှောင်မိုက်သည် အလွန်တရာကြီးမားပေလိမ့်မည်။
23 Mas se os seus olhos forem maus, todo o seu corpo será cheio de trevas. Portanto, se a luz que está dentro de você são trevas, que tremendas trevas são!
24 မည်သူမျှ သခင်နှစ်ပါးကိုအစေမခံနိုင်။ အကြောင်း မူကား သူသည် သခင်တစ်ပါးကိုမုန်းပြီး ကျန်တစ်ပါးကို ချစ်၍သော်လည်းကောင်း၊ သခင်တစ်ပါးကိုသစ္စာခံပြီး ကျန်တစ်ပါးကို မထီမဲ့မြင်ပြု၍သော်လည်းကောင်း ရှိလိမ့် မည်။ သင်တို့သည် ဘုရားသခင်နှင့် ဥစ္စာဓန နှစ်ပါးစလုံး ကို အစေမခံနိုင်။
24 "Ninguém pode servir a dois senhores; pois odiará a um e amará o outro, ou se dedicará a um e desprezará o outro. Vocês não podem servir a Deus e ao Dinheiro".
25 ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား သင်တို့ ၏ဘ၀အသက်ရှင်ရေးအတွက် မည်သည့်အရာကို စား သောက်ရမည် ဟူ၍လည်းကောင်း၊ သင်တို့၏ခန္ဓာကိုယ် အတွက် မည်သည့်အရာကို ဝတ်ဆင်ရမည်ဟူ၍လည်း ကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အသက်သည် အစာ ထက် မြတ်သည်မဟုတ်လော။ ခန္ဓာကိုယ်သည် အဝတ် ထက်မြတ်သည်မဟုတ်လော။-
25 "Portanto eu lhes digo: não se preocupem com suas próprias vidas, quanto ao que comer ou beber; nem com seus próprios corpos, quanto ao que vestir. Não é a vida mais importante do que a comida, e o corpo mais importante do que a roupa?
26 မိုးကောင်းကင်ငှက်တို့ ကိုကြည့်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့လည်းမကြဲ၊ ကောက်နှံများ ကိုလည်းမရိတ်သိမ်း၊ ကျီများ တွင်လည်း သိုလှောင်ခြင်းမပြုကြချေ။ သို့သော် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေး မွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် သာ၍ မြတ်ကြသည်မဟုတ်လော။-
26 Observem as aves do céu: não semeiam nem colhem nem armazenam em celeiros; contudo, o Pai celestial as alimenta. Não têm vocês muito mais valor do que elas?
27 သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိဘ၀သက်တမ်းကို အနည်းငယ်မျှတိုးစေနိုင်သနည်း။-
27 Quem de vocês, por mais que se preocupe, pode acrescentar uma hora que seja à sua vida?
28 သင်တို့သည် အဘယ်ကြောင့် အဝတ်အထည်အဖို့ စိုးရိမ်ကြောင့်ကြနေကြသနည်း။ လယ်ကွင်းပြင်ရှီ တောနှင်းပန်းတို့ မည်ကဲ့သို့ရှင်သန်နေ ကြသည်ကို ဆင်ခြင်သုံးသပ်ကြလော့။ ၎င်းတို့သည်
28 "Por que vocês se preocupam com roupas? Vejam como crescem os lírios do campo. Eles não trabalham nem tecem.
29 အလုပ်လည်းမလုပ်၊ ဗိုင်းလည်း မငင်ကြချေ။- သို့သော် လည်း သင်တို့အား ငါဆိုသည်မှာ ဘုန်းတန်ခိုးကြီးသော ဆောလမွန်ဘုရင်သည်ပင်လျှင် ထိုပန်းပင်တစ်ပင်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။-
29 Contudo, eu lhes digo que nem Salomão, em todo o seu esplendor, vestiu-se como um deles.
30 ယုံကြည်ခြင်းအားနည်းသောသင် တို့၊ ယနေ့ရှင်သန်လျက် မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်း ခံရသော လယ်ကွင်းပြင်မှတော မြက်တို့ကိုပင် ဘုရား သခင်သည် ဤသို့ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မူကား ထိုထက်မက အဆပေါင်းများစွာ ဆင်ယင်ပေး တော်မူမည်မဟုတ်လော။-
30 Se Deus veste assim a erva do campo, que hoje existe e amanhã é lançada ao fogo, não vestirá muito mais a vocês, homens de pequena fé?
31 ထို့ကြောင့် အကျွန်ုပ်တို့မည် သည့်အရာကို စားသောက်ကြရမည်နည်း၊ မည်သည့် အရာကိုဝတ်ဆင်ကြရမည်နည်းဟုဆို၍ စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။-
31 Portanto, não se preocupem, dizendo: ‘Que vamos comer? ’ ou ‘que vamos beber? ’ ou ‘que vamos vestir? ’
32 အကြောင်းမူကား ဘုရားမဲ့သောသူတို့သာ လျှင် ဤအရာခပ်သိမ်းတို့ကို ရှာဖွေတတ်ကြ၏။ ကောင်း ကင်ဘုံရှင် သင်တို့အဖသည် ဤအရာအလုံးစုံကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။-
32 Pois os pagãos é que correm atrás dessas coisas; mas o Pai celestial sabe que vocês precisam delas.
33 ဘုရားသခင်၏နိုင်ငံ တော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားကို ရှေးဦး စွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအလုံးစုံ ကို ထပ်လောင်း၍ ပေးသနားတော်မူလိမ့်မည်။
33 Busquem, pois, em primeiro lugar o Reino de Deus e a sua justiça, e todas essas coisas lhes serão acrescentadas.
34 ထို့ကြောင့် မနက်ဖြန်နေ့အတွက် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့်။ အကြောင်းမူကား မနက်ဖြန်နေ့သည် ၎င်း အတွက် စိုးရိမ်လိမ့်မည်။ တစ်နေ့တာကြုံတွေ့ရသည့် စိုး ရိမ်ပူပန်မှုများသည် ထိုနေ့အတွက် လုံလောက်ပေ၏။
34 Portanto, não se preocupem com o amanhã, pois o amanhã se preocupará consigo mesmo. Basta a cada dia o seu próprio mal".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.