Mateus 27
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 နံနက်အချိန်ရောက်သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးအားလုံးတို့သည် ယေဇူးကို သေဒဏ်စီရင်ခြင်း ငှာ ဆွေးနွေးတိုင်ပင်ကြ၏။-
1 E, chegando a manhã, todos os príncipes dos sacerdotes e os anciãos do povo formavam juntamente conselho contra Jesus, para o matarem.
2 ထို့နောက် သူတို့သည် ကိုယ်တော့်ကိုချည်နှောင်လျက် ခေါ် ဆောင်သွားကြပြီးလျှင် ဘုရင်ခံ ပီလာတုမင်း၏လက်သို့ အပ်လိုက် ကြ၏။
2 E, manietando-o, o levaram e o entregaram ao governador Pôncio Pilatos.
3 ထိုအခါ ကိုယ်တော်သည် သေဒဏ်စီရင်ခြင်းခံရသည်ကို သစ္စာဖောက်သူဂျုဒမြင်လျှင် နောင်တရ၍ငွေ ဒင်္ဂါးသုံးဆယ်ကို ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါ ကြီးတို့ထံသို့ပြန်ယူခဲ့ပြီး၊-
3 Então, Judas, o que o traíra, vendo que fora condenado, trouxe, arrependido, as trinta moedas de prata aos príncipes dos sacerdotes e aos anciãos,
4 အကျွန်ုပ်သည် အပြစ်ကင်းသူ ၏သွေးအပေါ် သစ္စာဖောက်ခြင်းဖြင့် အပြစ်ပြုမိခဲ့ပြီဟုဆို ၏။ သူတို့ကလည်း ငါတို့နှင့်အဘယ် သို့ဆိုင်သနည်း။ သင်၏အမှုကိစ္စကို သင်ဖြေရှင်းလော့ဟုဆိုကြ၏။-
4 dizendo: Pequei, traindo sangue inocente. Eles, porém, disseram: Que nos importa? Isso é contigo.
5 ထိုအခါ သူသည် ဗိမာန်တော်အတွင်း၌ ထိုငွေများကို ပစ်ချ ခဲ့ပြီး ထွက်ခွာသွား၏။ ထို့နောက် သူသည် သွား၍ မိမိ ကိုယ်ကိုဆွဲကြိုး ချသေလေ၏။-
5 E ele, atirando para o templo as moedas de prata, retirou-se e foi-se enforcar.
6 ရဟန်းအကြီးအကဲတို့ မူကား ထိုငွေကိုကောက်ယူ၍ ပြောကြသည်မှာ ဤငွေကို ဘဏ္ဍာတော်တိုက်၌ မထည့်အပ်။ အကြောင်းမူကား ယင်းသည် သွေး၏တန်ဖိုးငွေဖြစ်သည်ဟုဆိုကြ၏။-
6 E os príncipes dos sacerdotes, tomando as moedas de prata, disseram: Não é lícito metê-las no cofre das ofertas, porque são preço de sangue.
7 ထို့ ကြောင့် သူတို့သည် တိုင်ပင်ကြပြီးမှ သူစိမ်းဧည့်သည်တို့အား သဂြိုဟ်ခြင်းငှာ အိုးထိန်းသည်၏မြေတစ်ကွက်ကို ထိုငွေဖြင့်ဝယ်ကြ၏။-
7 E, tendo deliberado em conselho, compraram com elas o campo de um oleiro, para sepultura dos estrangeiros.
8 ထို့ကြောင့် ထိုမြေကွက်ကို ယနေ့ တိုင်အောင် သွေးဖြင့်ရင်းရသောမြေဟုခေါ်ဆိုကြ၏။-
8 Por isso, foi chamado aquele campo, até ao dia de hoje, Campo de Sangue.
9 ထို အခါ ပရောဖက်ဂျေရေမိယ၏ဟောထားချက်သည် ပြည့် စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်သည်ကား သူ တို့သည် ထိုသူ၏တန်ဖိုးအဖြစ် အစ္စရာအဲလ်လူမျိုးတချို့ တန်ဖိုးဖြတ်ထားသော ငွေဒင်္ဂါးသုံးဆယ်ကိုယူကြ၍၊-
9 Então, se realizou o que vaticinara o profeta Jeremias: Tomaram as trinta moedas de prata, preço do que foi avaliado, que certos filhos de Israel avaliaram.
10 ငါ့အား ထာ၀ရဘုရားသခင်ဗျာဒိတ်ထားတော်မူခဲ့သည့် အတိုင်း အိုးထိန်းသည်၏မြေကွက်အတွက် ပေးကြလေ ပြီဟုလာ သတည်း။
10 E deram-nas pelo campo do oleiro, segundo o que o Senhor determinou.
11 ယေဇူးသည် ဘုရင်ခံ၏ရှေ့မှောက်၌ ရပ်နေတော် မူသောအခါ ဘုရင်ခံက သင်သည် ဂျူးလူမျိုးတို့၏ဘုရင် ဖြစ်သလောဟု မေးလျှင် ယေဇူးက သင်ဆိုလေပြီဟု သူ့ အားမိန့်တော်မူ၏။-
11 E foi Jesus apresentado ao governador, e o governador o interrogou, dizendo: És tu o Rei dos judeus? E disse-lhe Jesus: Tu
12 သို့သော် ရဟန်းအကြီးအကဲတို့နှင့် သက်ကြီးဝါကြီးတို့သည် ကိုယ်တော်အား စွပ်စွဲပြောဆို ကြသောအခါ ကိုယ်တော်သည် မည်သို့မျှပြန်ဖြေတော် မမူ။-
12 E, sendo acusado pelos príncipes dos sacerdotes e pelos anciãos, nada respondeu.
13 ထိုအခါ ပီလာတုမင်းက သင့်အပေါ်စွပ်စွဲထားသော ထွက်ဆိုချက်များ မည်မျှများပြားသည်ကို သင်မကြား သလောဟု မေးလေ၏။-
13 Disse-lhe, então, Pilatos: Não ouves quanto testificam contra ti?
14 သို့သော် ကိုယ်တော်သည် စွပ်စွဲချက်တစ်ခုကိုမျှ ပြန်လည်ဖြေကြားခြင်းမပြုသော ကြောင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။
14 E nem uma palavra lhe respondeu, de sorte que o governador estava muito maravilhado.
15 ဘုရင်ခံသည် ပွဲတော်အချိန်အခါတွင် လူအများ တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်မြဲထုံးစံရှိ ၏။-
15 Ora, por ocasião da festa, costumava o governador soltar um preso, escolhendo o povo aquele que quisesse.
16 ထိုအချိန်တွင် ဆိုးသွမ်းခြင်း၌ ကျော်ကြားသော ဘာရဘဟုအမည်တွင်သည့် အကျဉ်းသားတစ်ယောက်ရှိ၏။-
16 E tinham, então, um preso bem-conhecido, chamado Barrabás.
17 လူအများစုရုံးလာကြသောအခါ ပီလာတုမင်းက သင်တို့အဖို့ မည်သူ့ကို ငါလွှတ်ပေးရန် သင်တို့အလိုရှိ ကြသနည်း။ ဘာရဘကိုလော၊ ခရစ်တော်ဟုခေါ်သော ယေဇူးကိုလောဟု သူတို့အား မေးလေ၏။-
17 Portanto, estando eles reunidos, disse-lhes Pilatos: Qual quereis que vos solte? Barrabás ou Jesus, chamado Cristo?
18 အကြောင်းမူကား သူတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ်နှံခဲ့ကြကြောင်း သူသိ၏။-
18 Porque sabia que por inveja o haviam entregado.
19 ထို့ပြင် သူသည် တရား ပလ္လင်တွင်ထိုင်နေစဉ် သူ၏ဇနီးက သတင်းပို့သည်မှာ ထိုဖြောင့်မတ်သောသူ၏အမှု၌ မည်သို့မျှမပတ်သက်ပါ နှင့်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျွန်မသည် ထိုသူ ကြောင့် အိပ်မက်တွင် စိတ်ဒုက္ခများစွာခံစားခဲ့ရပြီဟု မှာ ကြားထားလေ၏။-
19 E, estando ele assentado no tribunal, sua mulher mandou-lhe dizer: Não entres na questão desse justo, porque num sonho muito sofri por causa dele.
20 ရဟန်းအကြီးအကဲတို့နှင့် သက် ကြီးဝါကြီးတို့ကမူ ဘာရဘကိုလွှတ်၍ ယေဇူးကို သတ် စေမည့်အကြောင်း တောင်းဆိုရန် လူအစုအဝေးကို သွေး ဆောင်စည်းရုံးကြ၏။-
20 Mas os príncipes dos sacerdotes e os anciãos persuadiram à multidão que pedisse Barrabás e matasse Jesus.
21 ဘုရင်ခံက သူတို့အား ဤသူ နှစ်ယောက်တို့တွင် မည်သူ့ကို သင်တို့အဖို့ လွှတ်စေ လိုကြသနည်းဟု မေးသောအခါ သူတို့က ဘာရဘဟု ဆိုကြ၏။-
21 E, respondendo o governador, disse-lhes: Qual desses dois quereis vós que eu solte? E eles disseram: Barrabás.
22 ပီလာတုမင်းကလည်း သို့ဖြစ်လျှင် ခရစ်တော် ဟုခေါ်သောယေဇူးကို ငါမည်သို့ပြုရမည်နည်းဟု သူတို့ အား မေးသော် သူတို့အားလုံးက သူ့ကို လက်ဝါးကပ် တိုင်တင်၍ သတ်ပါဟုဆိုကြ၏။-
22 Disse-lhes Pilatos: Que farei, então, de Jesus, chamado Cristo? Disseram-lhe todos: Seja crucificado!
23 ထိုအခါ ဘုရင်ခံက အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်မကောင်းမှုကို ပြုခဲ့မိသနည်းဟုမေးလေ၏။ သို့သော် သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ပိုမိုကျယ်လောင်စွာ အော်ဟစ်ကြ၏။
23 O governador, porém, disse: Mas que mal fez ele? E eles mais clamavam, dizendo: Seja crucificado!
24 ပီလာတုမင်းသည်ကား မိမိ၏စကားအကျိုးသက် ရောက်မှုမရှိသည်သာမက စတင်၍ရုန်းရင်းဆန်ခတ်ဖြစ် လာသည်ကိုပင်မြင် သောအခါ ရေကိုယူ၍ လူအများရှေ့ တွင် မိမိ၏လက်များကိုဆေးလျက် ဤဖြောင့်မတ်သော သူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့၏အမှုကိစ္စကို သင်တို့သာလျှင် လုပ်ဆောင်ကြလော့ဟုဆို၏။-
24 Então, Pilatos, vendo que nada aproveitava, antes o tumulto crescia, tomando água, lavou as mãos diante da multidão, dizendo: Estou inocente do sangue deste justo; considerai isso.
25 လူ အပေါင်းတို့ကလည်း သူ၏သွေးသည် ငါတို့နှင့် ငါတို့၏ သားသမီးများအပေါ် ကျရောက်ပါစေဟု ပြန်ပြောကြ၏။-
25 E, respondendo todo o povo, disse: O seu sangue caia sobre nós e sobre nossos filhos.
26 ထို့နောက် သူသည် သူတို့အတွက် ဘာရဘကိုလွှတ်၍ ယေဇူးကိုမူကား ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေခြင်းငှာ အပ်လိုက်လေ၏။
26 Então, soltou-lhes Barrabás e, tendo mandado açoitar a Jesus, entregou-o para ser crucificado.
27 ထိုအခါ ဘုရင်ခံ၏စစ်သူရဲများသည် ယေဇူးကို ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားကြ လျက် စစ်သူရဲတစ်တပ်လုံး ကိုလည်း အထံတော်၌စုရုံး စေကြ၏။-
27 E logo os soldados do governador, conduzindo Jesus à audiência, reuniram junto dele toda a coorte.
28 ထို့နောက် သူတို့သည် ကိုယ်တော်၏အဝတ် များကိုချွတ်၍ ကိုယ်တော့်အပေါ်၌ နီသောဝတ်ရုံကိုခြုံ ပေးကြ၏။-
28 E, despindo-o, o cobriram com uma capa escarlate.
29 သူတို့သည် ဆူးခက်နှင့်ခွေထားသောဦးရစ် ကိုလည်းပြုလုပ်ကြ၍ ၎င်းကို ကိုယ်တော်၏ဦးခေါင်းတော် ပေါ်၌တင်ကြကာ ကျူရိုးတစ်ချောင်းကိုလည်း ကိုယ်တော် ၏လက်ယာလက်တော်၌ကိုင်စေပြီးလျှင် ရှေ့တော်၌ ဒူးထောက်ကြလျက် ဂျူးလူမျိုးတို့၏ဘုရင်အား မင်္ဂလာ ရှိစေသတည်းဟု ပြက်ရယ်ပြုကြ၏။-
29 E, tecendo uma coroa de espinhos, puseram-lha na cabeça e, em sua mão direita, uma cana; e, ajoelhando diante dele, o escarneciam, dizendo: Salve, Rei dos judeus!
30 ထို့နောက် သူတို့ သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြ၍ ကျူရိုးကို ယူပြီးလျှင် ဦးခေါင်းတော်ကို ရိုက်ကြ၏။-
30 E, cuspindo nele, tiraram-lhe a cana e batiam-lhe com ela na cabeça.
31 သူတို့သည် ကိုယ်တော့်ကို ထိုသို့ပြက်ရယ်ပြုကြပြီးနောက် နီသော ဝတ်ရုံကိုချွတ်၍ ကိုယ်တော်၏အဝတ်များကို ပြန်ဝတ် စေပြီးလျှင် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ခြင်းငှာ ခေါ်ဆောင်သွားကြ၏။
31 E, depois de o haverem escarnecido, tiraram-lhe a capa, vestiram-lhe as suas vestes e o levaram para ser crucificado.
32 သူတို့သည် ရုံးတော်မှထွက်ခွာလာကြစဉ် စီမွန် အမည်ရှိသော ဆီရီနေမြို့သားတစ်ဦးကိုတွေ့ကြသော အခါ ထိုသူ့ကိုအနိုင် အထက်ပြု၍ ကိုယ်တော်၏လက်ဝါး ကပ်တိုင်ကိုထမ်းစေကြ၏။-
32 E, quando saíam, encontraram um homem cireneu, chamado Simão, a quem constrangeram a levar a sua cruz.
33 ထို့နောက် ဦးခေါင်းခွံအရပ် ဟု အဓိပ္ပာယ်ရသော ဂေါလ်ဂေါသအရပ်သို့ရောက်ကြ သောအခါ၊-
33 E, chegando ao lugar chamado Gólgota, que significa Lugar da Caveira,
34 သူတို့သည် ကိုယ်တော်အား သည်းခြေနှင့် ရောသောစပျစ်ရည်ကိုသောက်ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် ၎င်းကို မြည်းကြည့်ပြီးလျှင် မသောက် ဘဲနေတော်မူ၏။-
34 deram-lhe a beber vinho misturado com fel; mas ele, provando-o, não quis beber.
35 သူတို့သည်လည်း ကိုယ်တော့်ကို လက် ဝါးကပ်တိုင်တင်ပြီးသောအခါ ကိုယ်တော်၏အဝတ်များ ကို မိမိတို့အချင်းချင်း မဲချ၍ ခွဲဝေယူကြ၏။-
35 E, havendo- o crucificado, repartiram as suas vestes, lançando sortes, para que se cumprisse o que foi dito pelo profeta: Repartiram entre si as minhas vestes, e sobre a minha túnica lançaram sortes.
36 ထို့နောက် သူ တို့သည် ထိုင်၍ ကိုယ်တော့်ကို ထိုအရပ်မှ စောင့်ကြည့် နေကြလေ၏။-
36 E, assentados, o guardavam ali.
37 ကိုယ်တော်၏ဦးခေါင်းတော်အပေါ်၌ လည်း ဤသူသည်ကား ဂျူးလူမျိုးတို့၏ဘုရင်၊ ယေဇူးဖြစ် သတည်းဟူသော ကိုယ်တော့်အပေါ် စွဲချက်တင်ထား သည့်စာတမ်းကို တပ်ထားကြ၏။-
37 E, por cima da sua cabeça, puseram escrita a sua acusação: Este é Jesus , O Rei dos Judeus .
38 ထိုအချိန်၌ ဓားပြနှစ် ယောက်တို့သည် ကိုယ်တော်နှင့်အတူ လက်ယာဘက် ၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် လက်ဝါးကပ် တိုင်တင်ထားခြင်း ခံကြရ၏။-
38 E foram crucificados com ele dois salteadores, um, à direita, e outro, à esquerda.
39 လမ်းသွားလမ်းလာတို့ သည်လည်း မိမိတို့ဦးခေါင်းများကိုယမ်းကြလျက် လှောင် ပြောင်ကာ၊-
39 E os que passavam blasfemavam dele, meneando a cabeça
40 ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊ သင့်ကိုယ်သင်ကယ်တင်ပါလော့။ သင်သည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် လက်ဝါး ကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
40 e dizendo: Tu, que destróis o templo e, em três dias, o reedificas, salva-te a ti mesmo; se és o Filho de Deus, desce da cruz.
41 ထိုနည်းတူ ပင် ရဟန်းအကြီးအကဲတို့သည်လည်း ကျမ်းတတ်ဆရာ များ၊ သက်ကြီးဝါကြီးများတို့နှင့်အတူ ကိုယ်တော်အား လှောင်ပြောင်လျက်၊-
41 E da mesma maneira também os príncipes dos sacerdotes, com os escribas, e anciãos, e fariseus, escarnecendo, diziam:
42 ဤသူသည်တခြားသောသူတို့ကို ကယ်တင်ခဲ့၏။ မိမိကိုယ်ကိုမူကား မကယ်တင်နိုင်။ သူ သည် အစ္စရာအဲလ်လူမျိုး၏ဘုရင် ဖြစ်လျှင် လက်ဝါးကပ် တိုင်ပေါ်မှ ယခုဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကို ယုံကြည်ပါတော့မည်။-
42 Salvou os outros e a si mesmo não pode salvar-se. Se é o Rei de Israel, desça, agora, da cruz, e creremos nele;
43 သူသည် ဘုရားသခင်ကို ယုံ ကြည်အားထားသောသူဖြစ်၏။ ဘုရားသခင်သည် သူ့ကို အလိုရှိတော်မူလျှင် ယခုပင် သူ့ကိုကယ်တင်တော်မူပါစေ။ အကြောင်းမူကား သူက ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏ဟုဆိုခဲ့သည်ဟူ၍ ပြောဆိုကြ လေ၏။-
43 confiou em Deus; livre-o agora, se o ama; porque disse: Sou Filho de Deus.
44 ကိုယ် တော်နှင့်အတူ လက်ဝါးကပ်တိုင်တင်ခံကြရသော ဓားပြတို့သည်လည်း ကိုယ်တော့်ကို ထိုနည်းတူပုတ် ခတ်ပြော ဆိုကြ၏။
44 E o mesmo lhe lançaram também em rosto os salteadores que com ele estavam crucificados.
45 မွန်းတည့်အချိန်မှစ၍ မွန်းလွဲသုံးနာရီအချိန်တိုင် အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိကျရောက်လေ၏။-
45 E, desde a hora sexta, houve trevas sobre toda a terra, até à hora nona.
46 သုံးနာရီအချိန်ခန့်တွင် ယေဇူးသည် ကျယ်လောင် သောအသံနှင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု ဟစ် အော်တော်မူ၏။ အဓိပ္ပာယ်ကား အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ် ထားတော်မူပါသနည်းဟု ဆိုလိုသ တည်း။-
46 E, perto da hora nona, exclamou Jesus em alta voz, dizendo: Eli, Eli, lemá sabactâni, isto é, Deus meu, Deus meu, por que me desamparaste?
47 ထိုနေရာ၌ ရပ်နေသူအချို့တို့သည် ထိုစကားကိုကြားကြလျှင် ဤသူ သည် ဧလိယကိုခေါ်နေသည်ဟု ဆိုကြ၏။-
47 E alguns dos que ali estavam, ouvindo isso, diziam: Este chama por Elias.
48 ထိုသူတို့ တွင် တစ်ယောက်သည် ချက်ချင်းပြေးကာ ရေမြှုပ်တစ်ခု ကိုယူ၍ ပုန်းရည်ဖြင့်ပြည့်စေပြီးလျှင် ၎င်းကို ကျူရိုးတွင် တပ်လျက် ကိုယ်တော်အား သောက်စေခြင်းငှာ ပေးလေ ၏။-
48 E logo um deles, correndo, tomou uma esponja, e embebeu-a em vinagre, e, pondo- a numa cana, dava-lhe de beber.
49 သို့သော် အခြားသောသူတို့က ခေတ္တစောင့်ပါဦး၊ သူ့ အား ကယ်တင်ရန် ဧလိယလာ၊ မလာကိုကြည့်ကြစို့ဟု ဆိုကြ၏။-
49 Os outros, porém, diziam: Deixa, vejamos se Elias vem livrá-lo.
50 ယေဇူးမူကား ကျယ်သောအသံဖြင့် တစ်ဖန် ဟစ်အော်တော်မူ၍ အသက်တော်ကို စွန့်လိုက်တော်မူ ၏။
50 E Jesus, clamando outra vez com grande voz, entregou o espírito.
51 ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်၍ နှစ်ခြမ်းကွဲ သွားလေ၏။ မြေငလျင်ကြီးစွာလှုပ်၍ ကျောက်ဆောင် များလည်း ကွဲအက်လေ၏။-
51 E eis que o véu do templo se rasgou em dois, de alto a baixo; e tremeu a terra, e fenderam-se as pedras.
52 သင်္ချိုင်းဂူများသည်လည်း ပွင့်သဖြင့် သေလွန်ပြီးသောသူတော် ကောင်း တို့၏ခန္ဓာ ကိုယ်များသည် ပြန်ရှင်ကြ၏။- ထိုသူတို့ သည် ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူပြီးသည့်နောက်တွင် သင်္ချိုင်းဂူများမှထွက်လာကြ၍ သန့်ရှင်းသောမြို့တွင်းသို့ ဝင်ရောက် ကြကာ လူများစွာတို့အား ထင်ရှားပြကြလေ ၏။-
52 E abriram-se os sepulcros, e muitos corpos de santos que dormiam foram ressuscitados;
53 ယေဇူးကိုစောင့်ကြည့်လျက်ရှိကြသော လူတစ်ရာ တပ်မှူးနှင့် သူနှင့်အတူရှိသောသူတို့သည် ငလျင်လှုပ် ခြင်းနှင့် ဖြစ်ပျက်သမျှ အခြင်းအရာတို့ကို တွေ့မြင်ကြရ သောအခါ လွန်စွာထိတ်လန့်အံ့ဩကြ၍ ဤသူသည် ဘုရားသခင်၏သားတော် ဧကန်အမှန်ဖြစ် ပေသည်ဟု ဆိုကြ၏။
53 E, saindo dos sepulcros, depois da ressurreição dele, entraram na Cidade Santa e apareceram a muitos.
54 ယေဇူး၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်၍ အလုပ်အကျွေးပြုနေကြသည့်အမျိုးသမီးများစွာသည် ထိုနေရာတွင် ရှိနေကြပြီး ခပ်လှမ်းလှမ်းမှ ကြည့်ရှု နေကြ၏။-
54 E o centurião e os que com ele guardavam a Jesus, vendo o terremoto e as coisas que haviam sucedido, tiveram grande temor e disseram: Verdadeiramente, este era o Filho de Deus.
55 ထိုသူတို့ထဲတွင် မာရိယာမာဒလေးနာ၊ ယာ ကုပ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သောမာရိယာနှင့် ဇေဘေ ဒေးဦး၏သားတို့၏ မိခင်သည်လည်း ပါရှိလေ၏။
55 E estavam ali, olhando de longe, muitas mulheres que tinham seguido Jesus desde a Galileia, para o servir,
56 ညနေအချိန်ရောက်လျှင် ယေဇူး၏တပည့်တစ်ဦး ဖြစ်သည့် အာရီမာတေးယမြို့သားဂျိုးဇက်အမည်ရှိသော ချမ်းသာကြွယ်၀ သူတစ်ဦးရောက်လာလေ၏။-
56 entre as quais estavam Maria Madalena, e Maria, mãe de Tiago e de José, e a mãe dos filhos de Zebedeu.
57 သူသည် ပီလာတုမင်းထံသို့သွားပြီးလျှင် ယေဇူး၏အလောင်း တော်ကို တောင်းလေ၏။ ထိုအခါ ပီလာတုမင်းက အလောင်း တော်ကို သူ့အား ပေးရန် အမိန့်ချလိုက်လေ၏။-
57 E, vinda já a tarde, chegou um homem rico de Arimateia, por nome José, que também era discípulo de Jesus.
58 ဂျိုးဇက်သည်လည်း အလောင်းတော်ကိုယူဆောင် ၍ ဖြူစင်သောပိတ်အဝတ်ဖြင့် ပတ်ရစ်ပြီး၊-
58 Este foi ter com Pilatos e pediu-lhe o corpo de Jesus. Então, Pilatos mandou que o corpo lhe fosse dado.
59 ကျောက် ဆောင်တွင်ထွင်းထား သော၊ မိမိပိုင်ဆိုင်သည့်သင်္ချိုင်းဂူ အသစ်၌ ကိုယ်တော်၏အလောင်းတော်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သင်္ချိုင်းတွင်းအဝ၌ ကြီးမား သောကျောက်တုံးတစ်တုံးကို လှိမ့်၍ ပိတ်ထားခဲ့ပြီးမှ ထွက်ခွာသွားလေ၏။-
59 E José, tomando o corpo, envolveu-o num fino e limpo lençol,
60 မာရိယာမာဒလေးနာနှင့် အခြား သော မာရိယာတို့သည် သင်္ချိုင်းတော်ကို မျက်နှာမူလျက် ထိုနေရာ၌ ထိုင်နေကြလေ၏။
60 e o pôs no seu sepulcro novo, que havia aberto em rocha, e, rolando uma grande pedra para a porta do sepulcro, foi-se.
61 — ausente —
61 E estavam ali Maria Madalena e a outra Maria, assentadas defronte do sepulcro.
62 ပွဲတော်အတွက် ပြင်ဆင်ရသောနေ့လွန်ပြီး နောက်တစ်ရက်တွင် ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့သည် ပီလာတုမင်း ရှေ့တွင် စုရုံးကြလျက်၊-
62 E, no dia seguinte, que é o dia depois da Preparação, reuniram-se os príncipes dos sacerdotes e os fariseus em casa de Pilatos,
63 အရှင်မင်းကြီး၊ ထိုလှည့်ဖြားတတ်သောသူအသက်ရှင်စဉ်က ငါသည် သုံးရက်မြောက်သောနေ့၌ တစ်ဖန်ထမြောက်လိမ့်မည်ဟု ဆိုခဲ့ဖူးသည်ကို အကျွန်ုပ်တို့မှတ်မိပါသည်။-
63 dizendo: Senhor, lembramo-nos de que aquele enganador, vivendo ainda, disse: Depois de três dias, ressuscitarei.
64 ထို့ကြောင့် သူ၏တပည့်တို့သည် သွားကြ၍ သူ၏အလောင်းကို ခိုးယူကြပြီး သူသည် သေခြင်းမှ ရှင်ပြန်ထမြောက် လေပြီဟု လူတို့အား ပြောဆိုကြပါလျှင် ယခင်လှည့်ဖြားခြင်းထက် နောက်လှည့်ဖြားခြင်းက ပို၍ကြီးမည်ကို စိုးရိမ်ရပါသည်။ သို့ဖြစ်၍ သင်္ချိုင်းဂူကို သုံးရက်မြောက်သောနေ့တိုင်အောင် လုံခြုံစွာ စောင့်ကြပ်ပေးစေရန် အမိန့်ပေးတော်မူပါဟု လျှောက်ကြလေ၏။-
64 Manda, pois, que o sepulcro seja guardado com segurança até ao terceiro dia; não se dê o caso que os seus discípulos vão de noite, e o furtem, e digam ao povo: Ressuscitou dos mortos; e assim o último erro será pior do que o primeiro.
65 ပီလာတုမင်းက သင်တို့၌ အစောင့်တပ်ရှိ၏ ၊ သွား၍ သင်တို့တတ်နိုင်သမျှ လုံခြုံအောင် စောင့်ကြပ်ကြလော့ဟု သူတို့အား ဆိုလေ၏။-
65 E disse-lhes Pilatos: Tendes a guarda; ide, guardai- o como entenderdes.
66 ထို့ကြောင့် သူတို့သည်လည်း သွားကြ၍ ကျောက်တုံးကို တံဆိပ်ခတ်နှိပ်ကာ အစောင့်များချထားကြလျက် သင်္ချိုင်းဂူကို လုံခြုံအောင် စောင့်ကြပ်စေကြ၏။
66 E, indo eles, seguraram o sepulcro com a guarda, selando a pedra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.