Mateus 24

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယေဇူးသည် ဗိမာန်တော်မှထွက်ခွာတော်မူသောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်အား ဗိမာန်တော်၏ အဆောက်အအုံများကို ညွှန်ပြကြ၏။-
1 Ora, Jesus, tendo saído do templo, ia-se retirando, quando se aproximaram dele os seus discípulos, para lhe mostrarem os edifícios do templo.
2 သို့သော် ကိုယ်တော်က ဤအရာအား လုံးတို့ကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့ အား ငါအမှန်ဆိုသည်ကား ဤနေရာ တွင် ကျောက်တုံး တစ်တုံးပေါ် တစ်တုံးတင်၍ မကျန်ရစ်သည်အထိ အရာ အားလုံးပြိုပျက်လိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
2 Mas ele lhes disse: Não vedes tudo isto? Em verdade vos digo que não se deixará aqui pedra sobre pedra que não seja derribada.
3 ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ထိုင်နေတော်မူသောအခါ တပည့်တော်တို့သည် အခြား သူများမပါဘဲ အထံတော်သို့ချဉ်းကပ်ကြ၍ ဤအမှုအရာ သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ကိုယ် တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်ကဲ့သို့သောနိမိတ်လက္ခဏာများဖြစ်ပေါ်မည်နည်း၊ တပည့်တော်တို့ကို မိန့်တော်မူပါဟု ကိုယ်တော် အား မေးလျှောက်ကြ၏။-
3 E estando ele sentado no Monte das Oliveiras, chegaram-se a ele os seus discípulos em particular, dizendo: Declara-nos quando serão essas coisas, e que sinal haverá da tua vinda e do fim do mundo.
4 ယေဇူးကလည်း သူတို့အားမိန့်မှာတော်မူသည်ကား သင်တို့ကို မည်သူမျှမလှည့်စားစေ ခြင်းငှာသတိပြုကြလော့။-
4 Respondeu-lhes Jesus: Acautelai-vos, que ninguém vos engane.
5 အကြောင်းမူကား များစွာ သောသူတို့သည် ငါ၏နာမ၌လာကြ၍ ငါသည် ခရစ်တော် ဖြစ်သည်ဟုဆိုကာ လူများစွာတို့ကို လှည့်ဖြားကြလိမ့် မည်။-
5 Porque muitos virão em meu nome, dizendo: Eu sou o Cristo; a muitos enganarão.
6 သင်တို့သည် စစ်ပွဲများနှင့် စစ်မက်သတင်းများကို ကြားကြရလိမ့်မည်။ သင်တို့သည် ထိတ်လန့်ခြင်းမရှိစေ ရန် သတိပြုကြလော့။ အကြောင်းမူကား ဤအမှုအရာတို့သည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသောကာလမှာမူ မရောက်ရှိသေး။-
6 E ouvireis falar de guerras e rumores de guerras; olhai não vos perturbeis; porque forçoso é que assim aconteça; mas ainda não é o fim.
7 လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။ အမျိုးမျိုးသောအရပ်ဒေသ တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် မြေငလျင်လှုပ်ခြင်းများဖြစ် ကြလိမ့်မည်။-
7 Porquanto se levantará nação contra nação, e reino contra reino; e haverá fomes e terremotos em vários lugares.
8 ဤအရာအားလုံးတို့သည် ဆင်းရဲဒုက္ခ ရောက်ခြင်းများ၏အစမျှသာဖြစ်၏။
8 Mas todas essas coisas são o princípio das dores.
9 ထိုအခါ လူတို့သည် သင်တို့ကိုညှဉ်းပန်းနှိပ်စက် ခြင်းခံရစေရန် အပ်နှံကြ၍ သတ်ဖြတ်ကြလိမ့်မည်။ ငါ၏ နာမကြောင့်လည်း သင်တို့သည် လူမျိုးတကာတို့၏မုန်း တီးခြင်းကို ခံကြရလိမ့်မည်။-
9 Então sereis entregues à tortura, e vos matarão; e sereis odiados de todas as nações por causa do meu nome.
10 ထို့နောက် များစွာသောလူ တို့သည် လမ်းမှားသို့ရောက်ကြ၍ အချင်းချင်းသစ္စာ ဖောက်ကြသဖြင့် တစ်ဦးကိုတစ်ဦးမုန်း တီးကြ လိမ့်မည်။-
10 Nesse tempo muitos hão de se escandalizar, e trair-se uns aos outros, e mutuamente se odiarão.
11 ထိုအခါ ပရောဖက်အတုအယောင်များထွက်ပေါ်လာ၍ လူအများကိုလမ်းလွဲစေရန် ဖြားယောင်းကြလိမ့်မည်။-
11 Igualmente hão de surgir muitos falsos profetas, e enganarão a muitos;
12 မကောင်းမှုဒုစရိုက်ပွားများလာသောကြောင့် လူအများစု သည်လည်း မေတ္တာတရားခေါင်းပါးလာကြလိမ့်မည်။-
12 e, por se multiplicar a iniqüidade, o amor de muitos esfriará.
13 သို့သော် အဆုံးတိုင်အောင် တည်ကြည်ခိုင်မြဲသောသူ သည် ကယ်တင်ခြင်းခံရလိမ့်မည်။-
13 Mas quem perseverar até o fim, esse será salvo.
14 နိုင်ငံတော်၏ဧဝံဂေ လိတရားတော်သည် လူမျိုးတကာတို့အဖို့ သက်သေခံ အဖြစ် ကမ္ဘာအရပ်ရပ်၌ ဟောပြောခြင်းခံရလိမ့်မည်။ ထို့ နောက် အဆုံးကာလသည် ရောက်ရှိလာလိမ့်မည်။
14 E este evangelho do reino será pregado no mundo inteiro, em testemunho a todas as nações, e então virá o fim.
15 ထို့ကြောင့် ပရောဖက်ဒါနီအဲလ်ဟောထားခဲ့သည့် အတိုင်း သန့်ရှင်းရာဌာန၌ စက်ဆုပ်ဖွယ်ကောင်းသော ဆိတ်သုဉ်းခြင်း ဆိုက်ရောက်နေသည်ကို သင်တို့မြင်ကြ ရလျှင် (ဖတ်ရှုသောသူသည် နားလည်ပါစေ)၊-
15 Quando, pois, virdes estar no lugar santo a abominação de desolação, predita pelo profeta Daniel {quem lê, entenda},
16 ဂျူဒေးယ ပြည်ရှိ လူတို့သည် တောင်များပေါ်သို့ထွက်ပြေးတိမ်းရှောင် ကြစေ။-
16 então os que estiverem na Judéia fujam para os montes;
17 အိမ်ခေါင်မိုးပေါ်၌ရှိသောသူသည် သူ၏အိမ်ထဲ တွင်ရှိသည့်ပစ္စည်းဥစ္စာများကိုယူရန် အောက်သို့မဆင်း လေနှင့်။-
17 quem estiver no eirado não desça para tirar as coisas de sua casa,
18 လယ်ထဲ၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံ ကိုယူရန် အိမ်သို့မပြန်လေနှင့်။-
18 e quem estiver no campo não volte atrás para apanhar a sua capa.
19 ထိုနေ့ရက်တို့၌ ကိုယ်ဝန် ဆောင်သောမိန်းမတို့နှင့် နို့စို့သူငယ်ရှိသောမိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။-
19 Mas ai das que estiverem grávidas, e das que amamentarem naqueles dias!
20 သင်တို့ထွက်ပြေးကြရမည့် အချိန်ကာလသည် ဆောင်းရာသီ၌သော်လည်းကောင်း၊ ဥပုသ်နေ့၌သော်လည်းကောင်း မဖြစ်စေ မည့်အကြောင်း ဆုတောင်းကြလော့။-
20 Orai para que a vossa fuga não suceda no inverno nem no sábado;
21 အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း ဖြစ်ပျက်လိမ့် မည်မဟုတ်သောဆင်းရဲ ဒုက္ ခကြီးသည် ထိုအချိန်၌ ကျ ရောက်လိမ့်မည်။-
21 porque haverá então uma tribulação tão grande, como nunca houve desde o princípio do mundo até agora, nem jamais haverá.
22 ထိုနေ့ရက်များကို တိုတောင်းစေခြင်း မရှိခဲ့ပါလျှင် မည် သူမျှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သို့သော် ရွေးကောက်ခြင်းခ ံထားရသောသူတို့အတွက် ထိုနေ့ရက်များကို တိုတောင်းစေလိမ့်မည်။-
22 E se aqueles dias não fossem abreviados, ninguém se salvaria; mas por causa dos escolhidos serão abreviados aqueles dias.
23 ထိုကာလ၌ တစ်စုံတစ်ယောက်က ကြည့်လော့၊ ဤအရပ်တွင် ခရစ် တော်ရှိသည်၊ သို့မဟုတ် ထိုအရပ်တွင် ကိုယ်တော်ရှိ သည်ဟု သင်တို့အား ဆိုလျှင် မယုံကြနှင့်။-
23 Se, pois, alguém vos disser: Eis aqui o Cristo! ou: Ei-lo aí! não acrediteis;
24 အကြောင်းမူ ကား ခရစ်တော်အယောင်ဆောင်သူများနှင့် ပရောဖက် အတုအယောင်များပေါ်ပေါက်လာကြ၍ ကြီးကျယ်သော နိမိတ်လက္ခဏာများနှင့် တန်ခိုးအံ့ဖွယ်ရာများကို ပြကြ သဖြင့် ဖြစ်နိုင်ပါက ရွေးကောက်ခံရသောသူများကိုပင် လှည့်ဖြားနိုင်ကြသည် အထိဖြစ်လိမ့်မည်။-
24 porque hão de surgir falsos cristos e falsos profetas, e farão grandes sinais e prodígios; de modo que, se possível fora, enganariam até os escolhidos.
25 ဤအကြောင်း အရာများကို သင်တို့အား ငါကြိုတင်သတိပေးထားလေ ပြီ။-
25 Eis que de antemão vo-lo tenho dito.
26 သို့ဖြစ်၍ သူတို့က ကိုယ်တော်သည် တောကန္တာရ၌ ရှိသည်ဟု သင်တို့အား ဆိုကြလျှင် ထွက်မသွားကြနှင့်။ ကိုယ်တော်သည် အိမ်ခန်းတွင်း၌ရှိသည်ဟုဆိုကြလျှင် လည်း မယုံကြနှင့်။-
26 Portanto, se vos disserem: Eis que ele está no deserto; não saiais; ou: Eis que ele está no interior da casa; não acrediteis.
27 အကြောင်းမူကား လျှပ်စီးလက်ခြင်းသည် အရှေ့အရပ်မှပေါ်ထွက်၍ အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်း သည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။-
27 Porque, assim como o relâmpago sai do oriente e se mostra até o ocidente, assim será também a vinda do filho do homem.
28 အသေကောင်ရှိ ရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။
28 Pois onde estiver o cadáver, aí se ajuntarão os abutres.
29 ဒုက္ခဆင်းရဲခြင်းကျရောက်သောနေ့ရက်များပြီး ဆုံး သောအခါ နေသည် ချက်ချင်းပင်မှောင်မိုက်လိမ့်မည်။ လ သည်လည်း အလင်းမပေးဘဲနေလိမ့်မည်။ ကြယ်များ သည်လည်း ကောင်းကင်မှကြွေကျကြလိမ့်မည်။ ကောင်း ကင်၏တန်ခိုးစွမ်းအင် တို့သည် လည်း တုန်လှုပ်ချောက်ချားကြလိမ့်မည်။-
29 Logo depois da tribulação daqueles dias, escurecerá o sol, e a lua não dará a sua luz; as estrelas cairão do céu e os poderes dos céus serão abalados.
30 ထိုအခါ လူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ ပေါ်ထွန်းလာလိမ့်မည်။ ထို့နောက် ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ လိမ့်မည်။ လူသားသည် မိုးတိမ်ကိုစီးလျက် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် ကြွလာတော်မူသည်ကို သူ တို့မြင်ကြရလိမ့်မည်။-
30 Então aparecerá no céu o sinal do Filho do homem, e todas as tribos da terra se lamentarão, e verão vir o Filho do homem sobre as nuvens do céu, com poder e grande glória.
31 ကိုယ်တော်သည် တံပိုးခရာမှုတ် သံနှင့်အတူ မိမိတမန်တော်များကိုစေလွှတ်တော်မူလိမ့် မည်။ သူတို့သည် အရပ်လေးမျက်နှာမှ ကိုယ်တော်ရွေး ကောက်ထားသောသူတို့ကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် စုရုံးထားကြလိမ့်မည်။
31 E ele enviará os seus anjos com grande clangor de trombeta, os quais lhe ajuntarão os escolhidos desde os quatro ventos, de uma à outra extremidade dos céus.
32 သဖန်းပင်မှသင်ခန်းစာကို သင်ယူကြလော့။ အပင် ၏အခက်အလက်များနု၍ ရွက်သစ်များထွက်လာသော အခါ နွေရာသီ ရောက်လုနီးပြီဟု သင်တို့သိကြ၏။-
32 Aprendei, pois, da figueira a sua parábola: Quando já o seu ramo se torna tenro e brota folhas, sabeis que está próximo o verão.
33 ထို နည်းတူ သင်တို့သည်လည်း ဤအခြင်းအရာအားလုံးကို မြင်ကြသောအခါ ကိုယ်တော်သည် သင်တို့၏တံခါး၀သို့ ပင် ရောက်နေပြီဟု သိမှတ်ကြလော့။-
33 Igualmente, quando virdes todas essas coisas, sabei que ele está próximo, mesmo às portas.
34 သင်တို့အား ငါ အမှန်ဆိုသည်ကား ဤအရာအားလုံးတို့ဖြစ်ပျက်သည့် တိုင်အောင် ဤလူမျိုးဆက်သည် မကွယ်မပျောက်ရာ။-
34 Em verdade vos digo que não passará esta geração sem que todas essas coisas se cumpram.
35 ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွားသော်လည်း ငါ၏နှုတ်တော်ထွက်စကားသည် မကွယ်မပျောက်ရာ။
35 Passará o céu e a terra, mas as minhas palavras jamais passarão.
36 သို့သော်လည်း ထိုနေ့ရက်နှင့် အချိန်နာရီကို ငါ၏ ခမည်းတော်မှတစ်ပါး မည်သူမျှမသိ၊ ကောင်းကင်တမန် တော်များလည်းမသိ၊ သားတော်ပင် မသိချေ။-
36 Daquele dia e hora, porém, ninguém sabe, nem os anjos do céu, nem o Filho, senão só o Pai.
37 လူသား ၏ကြွလာတော်မူခြင်းသည် နောဧလက်ထက်ကကဲ့သို့ ပင်ဖြစ်လိမ့်မည်။-
37 Pois como foi dito nos dias de Noé, assim será também a vinda do Filho do homem.
38 အကြောင်းမူကား ရေမလွှမ်းမိုးမီကာ လ၌ နောဧသည် သင်္ဘောအတွင်းသို့ဝင်သည့်နေ့ရက် တိုင်အောင် လူတို့သည် စားသောက် ကြလျက် ထိမ်းမြား ပေးစားလျက် ရှိနေခဲ့ကြ၏။-
38 Porquanto, assim como nos dias anteriores ao dilúvio, comiam, bebiam, casavam e davam-se em casamento, até o dia em que Noé entrou na arca,
39 ရေလွှမ်းမိုးခြင်းရောက်လာ ၍ သူတို့အားလုံးကို သုတ်သင်ဖယ်ရှားသည့်တိုင်အောင် ထိုသူတို့သည် သတိမမူဘဲနေခဲ့ကြသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်းသည်လည်း ထိုသို့ဖြစ်လိမ့်မည်။-
39 e não o perceberam, até que veio o dilúvio, e os levou a todos; assim será também a vinda do Filho do homem.
40 ထို အခါ လယ်ထဲတွင်ရှိသောလူနှစ်ယောက်တို့အနက် တစ် ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်မှာ ကျန်ရစ်လိမ့်မည်။-
40 Então, estando dois homens no campo, será levado um e deixado outro;
41 ကြိတ်ဆုံကြိတ်လျက်ရှိသောအမျိုး သမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင် သွားခြင်းခံရ၍ တစ်ယောက်မှာမူ ကျန်ရစ်လိမ့်မည်။-
41 estando duas mulheres a trabalhar no moinho, será levada uma e deixada a outra.
42 ထို့ကြောင့် သတိနှင့်စောင့်နေကြလော့။ အကြောင်းမူ ကား သင်တို့၏သခင်ဘုရားကြွလာတော်မူမည့်အချိန်ကို သင်တို့မသိကြ။-
42 Vigiai, pois, porque não sabeis em que dia vem o vosso Senhor;
43 သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိ ပါလျှင် မိမိအိမ်ကိုမဖောက်ထွင်းစေရန် ဧကန်မုချစောင့် နေမည်ဖြစ်ကြောင်းကိုမူ သင်တို့သိမှတ်ကြလော့။-
43 sabei, porém, isto: se o dono da casa soubesse a que vigília da noite havia de vir o ladrão, vigiaria e não deixaria minar a sua casa.
44 ထို့ ကြောင့် သင်တို့သည်လည်း အသင့်ရှိကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
44 Por isso ficai também vós apercebidos; porque numa hora em que não penseis, virá o Filho do homem.
45 သို့ဖြစ်လျှင် အိမ်သူအိမ်သားအားလုံးအပေါ် ကြီးမှူး အုပ်ချုပ်ရန်နှင့် အချိန်တန်လျှင် ၎င်းတို့အား အစားအစာကို တည်ခင်း ကျွေးမွေးရန် သခင်က ခန့်ထားသော သစ္စာရှိ၍ ပညာသတိနှင့်ပြည့်စုံသည့်အစေခံကား မည်သူနည်း။-
45 Quem é, pois, o servo fiel e prudente, que o senhor pôs sobre os seus serviçais, para a tempo dar-lhes o sustento?
46 ထိုသူသည် ဤကဲ့သို့ဆောင်ရွက်လျက်နေသည်ကို သူ ၏သခင်ပြန်လာသောအခါ တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
46 Bem-aventurado aquele servo a quem o seu senhor, quando vier, achar assim fazendo.
47 သင်တို့အား ငါအမှန်ဆိုသည်ကား သခင် သည် ထိုအစေခံအား မိမိ၏ဥစ္စာပစ္စည်းအားလုံးကို ထိန်း သိမ်းရန် အပ်နှင်းလိမ့်မည်။-
47 Em verdade vos digo que o porá sobre todos os seus bens.
48 ဆိုးမိုက်သောအစေခံမူကား ငါ၏သခင်ပြန်လာရန်ကြာဦးမည်ဟု စိတ်ထဲ၌ဆို၍၊-
48 Mas se aquele outro, o mau servo, disser no seu coração: Meu senhor tarda em vir,
49 မိမိ ၏အစေခံအဖော်တို့ကို စတင်ရိုက်ပုတ်ကာ သေရည် သောက်ကြူးသူတို့နှင့် သောက်စားလျက်နေလေ၏။-
49 e começar a espancar os seus conservos, e a comer e beber com os ébrios,
50 သူ၏သခင်သည် ထိုအစေခံမျှော်လင့်မထားသောနေ့ ရက်နှင့် မသိမှတ် သောအချိန်နာရီ၌ ပြန်ရောက်လာသော အခါ၊-
50 virá o senhor daquele servo, num dia em que não o espera, e numa hora de que não sabe,
51 သူ့ကို ပြင်းထန်စွာဒဏ်ခတ်၍ သူတော်ကောင်း ယောင်ဆောင်သူတို့နှင့် အတူနေရာချထားလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။
51 e cortá-lo-á pelo meio, e lhe dará a sua parte com os hipócritas; ali haverá choro e ranger de dentes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.