Mateus 21

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ ချဉ်းကပ်လာ ကြရာ သံလွင်တောင်ခြေရှိ ဘက်ဖာဂျေရွာသို့ ရောက်ကြ လေ၏။ ထိုအခါ ယေဇူးသည် တပည့်တော် နှစ်ပါးကို စေလွှတ်၍၊-
1 E, quando se aproximaram de Jerusalém e chegaram a Betfagé, ao monte das Oliveiras, enviou, então, Jesus dois discípulos, dizendo-lhes:
2 သူတို့အား မိန့်တော်မူသည်ကား သင်တို့၏ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ သင်တို့သည် တိုင်တွင်ချည်ထားသောမြည်း မတစ်ကောင်ကို မြည်းကလေးနှင့်အတူ ချက်ချင်းတွေ့ရလိမ့်မည်။ ၎င်း တို့ကိုကြိုးဖြေ၍ ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။-
2 Ide à aldeia que
3 အကယ် ၍ တစ်ဦးတစ်ယောက်က သင်တို့အား တစ်စုံတစ်ရာ ပြောဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ဖြေကြလော့။ ထို အခါ သူသည် ၎င်းတို့ကို ချက်ချင်းလွှတ်လိုက်လိမ့်မည် ဟူ၍ မိန့်မှာတော်မူ၏။-
3 E, se alguém vos disser alguma
4 ဤဖြစ်ရပ်မှာ ပရောဖက်ဟော ထားချက်ပြည့်စုံမည့် အကြောင်းဖြစ်သတည်း။-
4 Ora, tudo isso aconteceu para que se cumprisse o que foi dito pelo profeta, que diz:
5 ဟောထားချက်သည်ကား ဇီအွန်၏သမီးအား ပြောကြားလော့။ သင်၏ရှင်ဘုရင်သည် နှိမ့်ချစွာဖြင့် မြည်းမနှင့် ဝန်စည် တင်သောမြည်း၏သားငယ်မြည်းကလေးကိုစီးလျက် သင့်ထံသို့လာသည်ကို ကြည့်လော့ဟူ၍ဖြစ်သတည်း။
5 Dizei à filha de Sião: Eis que o teu Rei aí te vem, humilde e assentado sobre uma jumenta e sobre um jumentinho, filho de animal de carga.
6 တပည့်တော်တို့သည်လည်း သွားကြ၍ မိမိတို့ကို ယေဇူးမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။-
6 E, indo os discípulos e fazendo como Jesus lhes ordenara,
7 သူတို့သည် မြည်းမနှင့် မြည်းကလေးကို ဆွဲခဲ့ပြီးမှ ၎င်းတို့အပေါ်တွင် မိမိတို့၏အဝတ်များကို ခင်းကြလေ၏။ ထို့ နောက် ကိုယ်တော်သည် ၎င်းတို့အပေါ်တွင် ထိုင်တော်မူ၏။-
7 trouxeram a jumenta e o jumentinho, e sobre eles puseram as suas vestes, e fizeram-no assentar em cima.
8 များစွာသောလူအစုအဝေးတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ဖြန့်ခင်းကြ၍ အချို့တို့မှာမူ သစ်ပင်တို့မှ အခက်အလက် များကို ခုတ်ဖြတ်ပြီး လမ်းပေါ်တွင် ဖြန့် ထားကြ၏။-
8 E muitíssima gente estendia as suas vestes pelo caminho, e outros cortavam ramos de árvores e os espalhavam pelo caminho.
9 ကိုယ်တော်၏ရှေ့နှင့်နောက်တော်မှ လိုက် ပါလာသောလူအပေါင်းတို့ကလည်း ဒါဝိဒ်၏သားတော် အား ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရားသခင်၏ နာမတော်မြတ်၌ ကြွလာသောသူသည် မင်္ဂလာရှိတော် မူ၏၊ အမြင့်ဆုံးသောကောင်းကင်အရပ်၌ ဟိုဇားနာ ဖြစ် စေသတည်းဟု ကြွေးကြော်ကြလေ၏။
9 E as multidões, tanto as que iam adiante como as que o seguiam, clamavam, dizendo: Hosana ao Filho de Davi! Bendito o que vem em nome do Senhor! Hosana nas alturas!
10 ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ဝင် တော်မူသောအခါ တစ်မြို့လုံးရုတ်ရုတ်သဲသဲဖြစ်ပြီးလျှင် ဤသူကား မည်သူ ဖြစ်သနည်းဟုမေးကြ၏။-
10 E, entrando ele em Jerusalém, toda a cidade se alvoroçou, dizendo: Quem é este?
11 လူအစု အဝေးတို့ကလည်း ဤသူသည် ဂါလေလေးယနယ်၊ နာ ဇရက်မြို့မှ ပရောဖက်ယေဇူးဖြစ်သည်ဟု ဖြေကြလေ၏။
11 E a multidão dizia: Este é Jesus, o Profeta de Nazaré da Galileia.
12 ယေဇူးသည် ဗိမာန်တော်သို့ဝင်ပြီးလျှင် ဗိမာန်တော် အတွင်း၌ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင် ထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သော သူတို့၏စားပွဲများနှင့် ခိုငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
12 E entrou Jesus no templo de Deus, e expulsou todos os que vendiam e compravam no templo, e derribou as mesas dos cambistas e as cadeiras dos que vendiam pombas.
13 ထို့နောက် ကိုယ်တော်က ငါ၏အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ အခေါ်ခံရလိမ့် မည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထား၏။ သို့သော် သင်တို့သည် ငါ၏ အိမ်ကို သူခိုးဓားပြခိုအောင်းရာနေရာ ဖြစ်စေပြီတကားဟု သူတို့အား မိန့်တော်မူ၏။
13 E disse-lhes: Está escrito: A minha casa será chamada casa de oração. Mas vós a tendes convertido em covil de ladrões.
14 ထို့နောက် မျက်မမြင်များနှင့် ခြေမသန်စွမ်းသောသူ များသည် ကိုယ်တော်ရှိရာ ဗိမာန်တော်သို့လာကြသဖြင့် ကိုယ်တော်သည် သူတို့ကို ကုသပျောက်ကင်းစေတော်မူ၏။-
14 E foram ter com ele ao templo cegos e coxos, e curou-os.
15 သို့သော် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ် ဆရာတို့သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်အမှု တို့ကိုလည်းကောင်း၊ ဒါဝိဒ်၏သားတော်အား ဟိုဇားနာ ဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်နေသော ကလေးသူငယ်တို့ကိုလည်းကောင်း တွေ့မြင်ကြသော အခါ အမျက်ထွက်ကြ၍၊-
15 Vendo, então, os principais dos sacerdotes e os escribas as maravilhas que fazia e os meninos clamando no templo: Hosana ao Filho de Davi, indignaram-se
16 ဤသူတို့သည် အဘယ်အရာ အား ကြွေးကြော်နေကြသည်ကို ကြားပါသလောဟု ကိုယ်တော်အား လျှောက်ကြ၏။ ယေဇူးက လည်း ငါကြား၏။ ကိုယ်တော်သည် သူငယ်တို့နှင့် နို့စို့ကလေးတို့၏နှုတ် မှ မွန်မြတ်သောချီးမွမ်းခြင်းကို ခံယူတော်မူပြီ ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလောဟု သူတို့ အား မိန့်တော်မူ၏။
16 e disseram-lhe: Ouves o que estes dizem? E Jesus lhes disse: Sim; nunca lestes: Pela boca dos meninos e das criancinhas de peito tiraste o perfeito louvor?
17 ကိုယ်တော်သည် ထိုသူတို့ကို ထားခဲ့၍ မြို့တွင်းမှ ထွက်ခွာပြီးလျှင် ဘက်သနီရွာသို့ကြွကာ ထိုအရပ်တွင် တည်းခိုတော်မူ၏။
17 E, deixando-os, saiu da cidade para Betânia e ali passou a noite.
18 နံနက်အချိန်၌ မြို့သို့ပြန်လည်ကြွလာစဉ် ကိုယ် တော်သည် ဆာလောင်တော်မူ၏။-
18 E, de manhã, voltando para a cidade, teve fome.
19 ကိုယ်တော်သည် လမ်းဘေးတစ်ဖက်၌ သဖန်းပင်တစ်ပင်ကို မြင်တော်မူ လျှင် ထိုအပင်ရှိရာသို့ ကြွသွားတော်မူ၏။ ဤတွင် အပင် ပေါ်၌အရွက်များမှတစ်ပါး အဘယ်အရာကိုမျှမတွေ့ရ သဖြင့် ကိုယ်တော်က သင်၌ မည်သည့်အခါမျှ နောက် တစ်ဖန်အသီး မသီးစေရဟု ထိုအပင်အား ကျိန်ဆိုလေ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးခြောက်သွား လေ၏။-
19 E, avistando uma figueira perto do caminho, dirigiu-se a ela e não achou nela senão folhas. E disse-lhe: Nunca mais nasça fruto de ti. E a figueira secou imediatamente.
20 တပည့်တော်တို့သည် ထိုအခြင်းအရာကို မြင် ကြသောအခါ အလွန်အံ့ဩကြလျက် သဖန်းပင်သည် မည်ကဲ့သို့ ချက်ချင်းညှိုး ခြောက်သွားရသနည်းဟု မေးမြန်းကြ၏။-
20 E os discípulos, vendo isso, maravilharam-se, dizendo: Como secou imediatamente a figueira?
21 ယေဇူးကလည်း သင်တို့အား ငါအမှန်ဆို သည်ကား သင်တို့သည် သံသယကင်းမဲ့စွာယုံကြည်ကြ လျှင် ဤသဖန်းပင်၌ ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်သာ မက ဤတောင်ကိုလည်း သင်သည် ဤနေရာမှရွှေ့သွား၍ ပင်လယ်ထဲသို့ဆင်းသွား လော့ဟု ဆိုကြလျှင်ပင် ၎င်း သည် ဆိုသည့်အတိုင်းဖြစ်လိမ့်မည်။-
21 Jesus, porém, respondendo, disse-lhes: Em verdade vos digo se tiverdes fé e não duvidardes, não só fareis o que foi feito à figueira, mas até, se a este monte disserdes: Ergue-te e precipita-te no mar,
22 သင်တို့၌ ယုံကြည် ခြင်းရှိလျှင် သင်တို့ဆုတောင်းသမျှကို သင်တို့ရကြလိမ့် မည်ဟု သူတို့အား မိန့်တော်မူ၏။
22 E tudo o que pedirdes na oração, crendo,
23 ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ကြွဝင်၍ သွန် သင်နေတော်မူစဉ် ရဟန်းအကြီးအကဲတို့နှင့် လူတို့ထဲမှ သက်ကြီး ဝါကြီးတို့သည် အထံတော်သို့ချဉ်းကပ်ကြ၍ သင်သည် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုသနည်း။ ထိုအခွင့်အာဏာကို သင့်အား မည်သူပေး အပ်ပါသနည်းဟု မေးမြန်းကြ၏။-
23 E, chegando ao templo, acercaram-se dele, estando já ensinando, os príncipes dos sacerdotes e os anciãos do povo, dizendo: Com que autoridade fazes isso? E quem te deu tal autoridade?
24 ယေဇူးကလည်း သူ တို့အား ပြန်၍မိန့်တော်မူသည်ကား ငါသည်လည်း သင် တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ဤမေးခွန်းကို သင်တို့ ငါ့အား ဖြေကြလျှင် ဤအရာများကို မည်သည့်အခွင့်အာ ဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောပြမည်။-
24 E Jesus, respondendo, disse-lhes: Eu também vos perguntarei uma coisa; se ma disserdes, também eu vos direi com que autoridade faço isso.
25 ယောဟန်၏ဆေးကြောခြင်းသည် အဘယ်ကလာသနည်း။ ကောင်းကင်မှလာသလော၊ လူတို့ထံမှလာသလောဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေး ပြောဆိုကြ၍ ကောင်းကင်မှဟု ငါတို့ဆိုကြလျှင် သူ့ကို အဘယ်ကြောင့် မယုံကြသနည်းဟု ငါတို့အား သူဆိုလိမ့် မည်။-
25 O batismo de João donde era? Do céu ou dos homens? E pensavam entre si, dizendo: Se dissermos: do céu, ele nos dirá: Então, por que não o crestes?
26 သို့သော် လူတို့ထံမှဟု ငါတို့ဆိုပြန်လျှင်လည်း လူ အစုအဝေးတို့ကို ကြောက်ရ၏။ အကြောင်းမူကား အား လုံးက ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ်လက်ခံထား ကြသည်ဟုဆိုကြ၏။-
26 E, se dissermos: dos homens, tememos o povo, porque todos consideram João como profeta.
27 ထို့ကြောင့် သူတို့က အကျွန်ုပ် တို့မသိပါဟု ယေဇူးအား ပြန်လည်ဖြေကြားကြ၏။ ထို အခါ ကိုယ်တော်က ငါပြုသည့်အမှ ုအရာများကိုလည်း မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကို သင်တို့အား ငါပြောလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
27 E, respondendo a Jesus, disseram: Não sabemos. Ele disse-lhes: Nem eu vos digo com que autoridade faço isso.
28 သင်တို့မူကား မည်သို့ထင်ကြသနည်း။ လူတစ်ဦး ၌ သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား ကာ ငါ့သား၊ ယနေ့ စပျစ်ဥယျာဉ်သို့သွား၍ အလုပ်လုပ် ပါလော့ဟုဆိုလျှင်၊-
28 Mas que vos parece? Um homem tinha dois filhos e, dirigindo-se ao primeiro, disse: Filho, vai trabalhar hoje na minha vinha.
29 သူက အကျွန်ုပ်သွားမည်မဟုတ် ဟုဆိုသော်လည်း နောက်မှနောင်တရသဖြင့် သွားလေ ၏။-
29 Ele, porém, respondendo, disse: Não quero. Mas, depois, arrependendo-se, foi.
30 ဖခင်သည် ဒုတိယသားထံသို့သွား၍ ထိုနည်းတူဆို ပြန်လျှင် သူက အကျွန်ုပ်သွားပါမည်အဖဟုဆိုပြီးမှ မသွား ဘဲနေ၏။-
30 E, dirigindo-se ao segundo, falou-lhe de igual modo; e, respondendo ele, disse: Eu
31 ဤသူနှစ်ဦးတို့တွင် မည်သူသည် ဖခင်၏အလို ကို ဆောင်ရွက်ခဲ့သနည်းဟုမေးတော်မူလျှင် သူတို့က ပထမသားဖြစ် ပါသည် ဟုဖြေကြားကြ၏။ ထိုအခါ ယေဇူး က သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ခံသူတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့ထက် အလျင်ဦးစွာ ဘုရား သခင်၏နိုင်ငံတော်သို့ဝင်ရောက်ကြလိမ့်မည်။-
31 Qual dos dois fez a vontade do pai? Disseram-lhe eles: O primeiro. Disse-lhes Jesus: Em verdade vos digo que os publicanos e as meretrizes entram adiante de vós no Reino de Deus.
32 အဘယ် ကြောင့်ဆိုသော် ယောဟန်သည် ဖြောင့်မတ်သောတရား လမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ ကိုမယုံကြည်ကြ။ အခွန်ခံသူတို့နှင့် ပြည့်တန်ဆာတို့မူ ကား သူ့ ကိုယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့ မြင် သောအခါ၌ပင်လျှင် သင်တို့သည် စိတ်ပြောင်းလဲ၍ သူ့ကို ယုံကြည်ခြင်းမရှိခဲ့ကြဟု မိန့်တော်မူ၏။
32 Porque João veio a vós no caminho de justiça, e não o crestes, mas os publicanos e as meretrizes o creram; vós, porém, vendo
33 အခြားပုံဥပမာတစ်ခုကို နားထောင်ကြလော့။ မြေ ပိုင်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ ခြံဝင်း ကာရံပြီးလျှင် အတွင်း၌ စပျစ်ရည်ညှစ်သောကျင်းကို တူးလေ၏။ သူသည် လင့်စင်ကိုလည်း ဆောက်ထားပြီး သီးစားလုပ်သူတို့အား ငှားရမ်းထားခဲ့၍ အခြားတိုင်းပြည် သို့ထွက်သွားလေ၏။-
33 Ouvi, ainda, outra parábola: Houve um homem, pai de família, que plantou uma vinha, e circundou-a de um valado, e construiu nela
34 စပျစ်သီးဆွတ်ခူးချိန်နီးလာသော အခါ သူသည် သီးစားခရယူရန် အစေခံများကို သီးစား လုပ်သူတို့ထံသို့ စေလွှတ်လိုက်၏။-
34 E, chegando o tempo dos frutos, enviou os seus servos aos lavradores, para receber os seus frutos.
35 ထိုအခါ သီးစား လုပ်သူတို့သည် ထိုအစေခံများကိုဖမ်းပြီးလျှင် တစ်ဦး ကိုရိုက်ကြပြီး တစ်ဦးကိုသတ်ကာ နောက်တစ်ဦးကို ကျောက်ခဲနှင့် ပစ်ပေါက်ကြ၏။-
35 E os lavradores, apoderando-se dos servos, feriram um, mataram outro e apedrejaram outro.
36 တစ်ဖန် သူသည် ယခင် ထက် အရေအတွက်ပိုများသောအစေခံတို့ကို စေလွှတ် ပြန်လျှင် သီးစားလုပ်သူတို့သည် သူတို့ကိုလည်း ထိုနည်း တူပြုကြ၏။-
36 Depois, enviou outros servos, em maior número do que os primeiros; e eles fizeram-lhes o mesmo.
37 နောက်ဆုံး၌မူ သူက ထိုသူတို့သည် ငါ၏ သားကို လေးစားကြလိမ့်မည်ဟုဆို၍ မိမိ၏သားကို သူ တို့ထံသို့စေလွှတ်လေ၏။-
37 E, por último, enviou-lhes seu filho, dizendo: Terão respeito a meu filho.
38 သို့သော် သီးစားလုပ်သူတို့သည် သားဖြစ်သူကိုမြင်ကြလျှင် ဤသူသည် အမွေခံသားဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုယူကြ ကုန်အံ့ဟု အချင်းချင်းပြောဆိုကြလေ၏။-
38 Mas os lavradores, vendo o filho, disseram entre si: Este é o herdeiro; vinde, matemo-lo e apoderemo-nos da sua herança.
39 ထို့နောက် သူ တို့သည် သူ့ကိုဖမ်းပြီးလျှင် ဥယျာဉ်အပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။-
39 E, lançando mão dele, o arrastaram para fora da vinha e
40 သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ပိုင်ရှင်လာ သောအခါ သူသည် ထိုသီးစားလုပ်သူတို့အား မည်သို့ပြု လိမ့်မည်နည်းဟု မေးတော်မူလျှင်၊-
40 Quando, pois, vier o Senhor da vinha, que fará àqueles lavradores?
41 သူတို့က သူသည် ဆိုးယုတ်သောသူတို့ကို အသေဆိုးနှင့်သေစေလိမ့်မည်။ မိမိ၏ဥယျာဉ်ကိုလည်း စပျစ်သီးပေါ်သည့်ရာသီများ၌ သီးစားခပေးမည့် အခြားသောသီးစားလုပ်သူတို့အား ငှားရမ်းပါ လိမ့်မည်ဟု ဖြေကြားကြ၏။
41 Dizem-lhe eles: Dará afrontosa morte aos maus e arrendará a vinha a outros lavradores, que, a seu tempo, lhe deem os frutos.
42 ယေဇူးကလည်း တိုက်ကိုဆောက်သောသူတို့ ပယ်ထားသောကျောက်သည် အဓိကကျသည့်ထောင့် ချုပ်ကျောက်ဖြစ်လေပြီ။ ဤအမှုသည် ထာ၀ရဘုရား သခင်ပြုတော်မူသောအမှုဖြစ်၍ ငါတို့မျက်မှောက်၌ အံ့ဖွယ်ရာဖြစ်လေပြီဟူသော ကျမ်းစကားကို သင်တို့ မဖတ်ဖူးကြသလော။-
42 Diz-lhes Jesus: Nunca lestes nas Escrituras: A pedra que os edificadores rejeitaram, essa foi posta por cabeça do ângulo; pelo Senhor foi feito isso e é maravilhoso aos nossos olhos?
43 ထို့ကြောင့် သင်တို့အား ငါဆိုသည် ကား ဘုရား သခင်၏နိုင်ငံတော်ကို သင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ဆိုင်သော အသီးအပွင့်တို့ကို သီးပွင့်စေမည့် လူမျိုးအား ပေးအပ်လိမ့်မည်။-
43 Portanto, eu vos digo que o Reino de Deus vos será tirado e será dado a uma nação que dê os seus frutos.
44 ဤကျောက်အပေါ်သို့ကျ သောသူသည် အပိုင်းပိုင်းကျိုးပဲ့လိမ့်မည်။ သို့သော် ထို ကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ ကျလျှင် လည်း ၎င်း သည် ထိုသူကို ကြေမွစေလိမ့်မည်ဟု မိန့်တော်မူ၏။
44 E quem cair sobre esta pedra despedaçar-se-á; e aquele sobre quem ela cair ficará reduzido a pó.
45 ရဟန်းအကြီးအကဲနှင့် ဖာရီဇေးဦးတို့သည် ကိုယ် တော်၏ဥပမာစကားများကိုကြားကြသောအခါ ကိုယ် တော်သည် မိမိတို့ကိုရညွှန်း၍ မိန့်ဆိုကြောင်းကိုသိ ကြသဖြင့်၊-
45 E os príncipes dos sacerdotes e os fariseus, ouvindo essas palavras, entenderam que falava deles;
46 ကိုယ်တော့်ကို ဖမ်းဆီးရန် ရှာကြံကြသော် လည်း လူအစုအဝေးတို့ကိုကြောက်ရွံ့ ကြ၏။ အဘယ် ကြောင့်ဆိုသော် ထိုသူတို့သည် ကိုယ်တော့်ကို ပရော ဖက်တစ်ပါးအဖြစ် လက်ခံထားကြသောကြောင့်ဖြစ်၏။
46 e, pretendendo prendê-lo, recearam o povo, porquanto o tinham por profeta.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.