Mateus 20
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ကောင်းကင်နိုင်ငံတော်သည်ကား မိမိ၏စပျစ်ဥယျာဉ်အတွက် အလုပ်သမားတို့ကိုငှားရန် နံနက်စောစော ထွက်သွားသော ဥယျာဉ်ပိုင်ရှင်နှင့်တူ၏။-
1 Porque o reino dos céus é semelhante a um homem, proprietário, que saiu de madrugada a contratar trabalhadores para a sua vinha.
2 သူသည် အလုပ်သမားများအား တစ်နေ့လျှင် ဒေနာရီ တစ်ပြားစီပေးရန် သဘောတူပြီးနောက် သူတို့ကို မိမိ၏ စပျစ်ဥယျာဉ်သို့စေလွှတ်လိုက်၏။-
2 Ajustou com os trabalhadores o salário de um denário por dia, e mandou-os para a sua vinha.
3 ထို့နောက် သူသည် ကိုးနာရီခန့်တွင် ထွက်သွားသောအခါ ဈေးအပြင်ဘက်၌ အခြားသူများအလုပ်မရှိဘဲ ရပ်နေသည်ကိုမြင်လျှင်၊-
3 Cerca da hora terceira saiu, e viu que estavam outros, ociosos, na praça,
4 သူတို့အား သင်တို့သည်လည်း ငါ့စပျစ်ဥယျာဉ်သို့ သွား ကြလော့၊ ထိုက်သင့်သောအခကို ငါပေးမည်ဟုဆိုသဖြင့် ထိုသူတို့သည်လည်း သွားကြ၏။-
4 e disse-lhes: Ide também vós para a vinha, e dar-vos-ei o que for justo. E eles foram.
5 တစ်ဖန် သူသည် မွန်း တည့်ချိန်၌လည်းကောင်း၊ သုံးနာရီအချိန်၌လည်းကောင်း ထွက်သွားပြန်၍ ထိုနည်းတူပြုလေ၏။-
5 Outra vez saiu, cerca da hora sexta e da nona, e fez o mesmo.
6 ငါးနာရီအချိန်၌ လည်း သူသည် ထွက်သွားပြန်လျှင် အခြားသောသူတို့ ရပ်နေသည်ကို တွေ့၍ သင်တို့သည် တစ်နေ့လုံးအလုပ် မလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်ရပ်နေကြသနည်း ဟုမေးလေ၏။-
6 Responderam-lhe eles: Porque ninguém nos contratou. Disse-lhes ele: Ide também vós para a vinha.
7 ထိုသူတို့က အကျွန်ုပ်တို့ကို မည်သူက မျှ မငှားသောကြောင့်ဖြစ်ပါသည်ဟုဖြေကြသော် သူက သင်တို့ သည်လည်း ငါ့စပျစ်ဥယျာဉ် သို့သွားကြလော့ဟု ဆိုလေ၏။
7 Responderam-lhe eles: Porque ninguém nos contratou. Disse-lhes ele: Ide também vós para a vinha.
8 ညနေအချိန်ရောက်သောအခါ ဥယျာဉ်ရှင်က မိမိ ၏ဘဏ္ဍာစိုးအား အလုပ်သမားတို့ကိုခေါ်လော့၊ နောက် ဆုံးအလုပ်ဝင်သူ တို့မှစ၍ ပထမဆုံးအလုပ်ဝင်သူတို့တိုင် အောင် ၎င်းတို့၏လုပ်ခကို ပေးလော့ဟုဆိုလေ၏။-
8 Ao anoitecer, disse o senhor da vinha ao seu mordomo: Chama os trabalhadores, e paga-lhes o salário, começando pelos últimos até os primeiros.
9 သို့ဖြစ်၍ ညနေငါးနာရီခန့်တွင် အလုပ်ဝင်သောသူတို့လာ ကြသောအခါ ထိုသူတို့သည် ဒေနာရီတစ်ပြားစီရရှိကြ၏။-
9 Chegando, pois, os que tinham ido cerca da hora undécima, receberam um denário cada um.
10 ပထမဆုံးအလုပ်ဝင်သောသူတို့လာကြသောအခါ ထိုသူတို့က မိမိတို့သည် ပို၍ရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ရာတွင် သူတို့သည်လည်း ဒေနာရီတစ်ပြားစီသာ ရရှိကြလေ၏။-
10 Vindo, então, os primeiros, pensaram que haviam de receber mais; mas do mesmo modo receberam um denário cada um.
11 ထိုအခါ သူတို့ သည် လုပ်ခရရှိပြီးနောက် ဥယျာဉ်ပိုင်ရှင်အပေါ် မကျေမနပ်ညည်းညူကြသည်မှာ၊-
11 E ao recebê-lo, murmuravam contra o proprietário, dizendo:
12 နောက်ဆုံးမှအလုပ်ဝင်သော ဤသူတို့သည် တစ်နာရီမျှ သာအလုပ်လုပ်ကြသော်လည်း အရှင်သည် သူတို့အား တစ်နေ့လုံး နေပူထဲတွင် အပင်ပန်းခံရသော အကျွန်ုပ်တို့ နှင့် တန်းတူပေးလေပြီတကားဟုဆိုကြ၏။-
12 Estes últimos trabalharam somente uma hora, e os igualastes a nós, que suportamos a fadiga do dia inteiro e o forte calor.
13 သို့ရာတွင် ဥယျာဉ်ပိုင်ရှင်က ထိုသူတို့ထဲမှ တစ်ဦးအား ပြန်ပြော သည်ကား မိတ်ဆွေ၊ ငါသည် သင့်အပေါ် မတရားသော အမှုကိုမပြု။ သင်သည် ငါနှင့် ဒေနာရီတစ်ပြား၌ သဘော တူခဲ့သည်မဟုတ်ပါလော။-
13 Mas ele, respondendo, disse a um deles: Amigo, não te faço injustiça; não ajustaste comigo um denário?
14 သင်၏လုပ်အားခကိုယူ၍ သွားလော့။ နောက်ဆုံး၌ဝင်သော ဤသူအားလည်း သင့် ကို ပေးသကဲ့သို့ ပေးခြင်းငှာ ငါအလိုရှိ၏။-
14 Toma o que é teu, e vai-te; eu quero dar a este último tanto como a ti.
15 ငါပိုင်ဆိုင်သော အရာကို ငါအလိုရှိသည့်အတိုင်း ပြုလုပ်ပိုင်ခွင့်မရှိပါသ လော။ ငါသည် ရက်ရောသောကြောင့် သင်သည် မနာလို စိတ်ရှိသလောဟုဆို၏။-
15 Não me é lícito fazer o que quero do que é meu? Ou é mau o teu olho porque eu sou bom?
16 ထိုနည်းတူ နောက်ဆုံးသော သူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ပထမဦးဆုံး သောသူတို့သည်လည်း နောက်ဆုံးဖြစ် ကြလိမ့်မည်။
16 Assim os últimos serão primeiros, e os primeiros serão últimos.
17 ယေဇူးသည် ဂျေရုဆလင်မြို့သို့ကြွသွားစဉ် တပည့် တော်တစ်ဆယ့်နှစ်ပါးတို့ကို သီးခြားခေါ်တော်မူ၍ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ခရီးပြုနေကြ၏။-
17 Estando Jesus para subir a Jerusalém, chamou à parte os doze e no caminho lhes disse:
18 ထိုမြို့တွင် လူသားသည် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြလိမ့်မည်။-
18 Eis que subimos a Jerusalém, e o Filho do homem será entregue aos principais sacerdotes e aos escribas, e eles o condenarão à morte,
19 ထို့နောက် သူတို့ သည် သူ့အား ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါး ကပ်တိုင်တင်ခြင်းစသည်တို့ကို ပြုလုပ်စေခြင်းငှာ လူမျိုး ခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ သုံးရက်မြောက် သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။
19 e o entregarão aos gentios para que dele escarneçam, e o açoitem e crucifiquem; e ao terceiro dia ressuscitará.
20 ထို့နောက် ဇေဘေဒေးဦး သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ ချဉ်းကပ်၍ ပျပ်ဝပ် လျက် ကိုယ်တော့်ထံမှ ဆုကျေးဇူးကို တောင်းလျှောက် လေ၏။-
20 Aproximou-se dele, então, a mãe dos filhos de Zebedeu, com seus filhos, ajoelhando-se e fazendo-lhe um pedido.
21 ကိုယ်တော်ကလည်း မည်သည့်အရာကို သင် အလိုရှိသနည်းဟု မေးတော်မူလျှင် သူမက ကိုယ်တော် ၏နိုင်ငံတော်တွင် ကျွန်မ၏သား ဤသူနှစ်ယောက်တို့ သည် ကိုယ်တော်၏လက်ယာဘက်၌တစ်ယောက်၊ ကိုယ်တော်၏လက်ဝဲဘက်၌ တစ်ယောက် ထိုင်ခွင့်ရစေ ရန် အမိန့်ရှိတော်မူပါဟု တောင်းလျှောက်လေ၏။-
21 Perguntou-lhe Jesus: Que queres? Ela lhe respondeu: Concede que estes meus dois filhos se sentem, um à tua direita e outro à tua esquerda, no teu reino.
22 သို့ သော် ယေဇူးက သင်တို့တောင်းသောအရာကို သင်တို့ မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက် နိုင်ကြသလော ဟုမေးတော်မူလျှင် သူတို့က သောက်နိုင်ပါ၏ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
22 Jesus, porém, replicou: Não sabeis o que pedis; podeis beber o cálice que eu estou para beber? Responderam-lhe: Podemos.
23 ကိုယ် တော်ကလည်း ငါ၏ခွက်ကို သင်တို့သောက်ကြရလိမ့် မည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲ ဘက်တွင် ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ဤအခွင့်သည် ငါ၏ခမည်းတော်ပြင်ဆင်ထားပြီးသော သူတို့အတွက်သာဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
23 Então lhes disse: O meu cálice certamente haveis de beber; mas o sentar-se à minha direita e à minha esquerda, não me pertence concedê-lo; mas isso é para aqueles para quem está preparado por meu Pai.
24 တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြလျှင် ထိုညီအစ်ကိုနှစ်ယောက်အပေါ် အမျက် ထွက်ကြ၏။-
24 E ouvindo isso os dez, indignaram-se contra os dois irmãos.
25 သို့သော် ယေဇူးက သူတို့ကို အထံတော် သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့၏ဘုရင်တို့ သည် တိုင်းသူပြည်သား များအပေါ် အနိုင်အထက်ပြု တတ်ကြသည်ကိုလည်းကောင်း၊ အကြီးအကဲဖြစ်သူ တို့သည် မိမိတို့လက်အောက်ခံများအပေါ် အာဏာဖြင့် ဖိနှိပ်တတ်ကြသည်ကိုလည်းကောင်း သင်တို့သိကြ၏။-
25 Jesus, pois, chamou-os para junto de si e lhes disse: Sabeis que os governadores dos gentios os dominam, e os seus grandes exercem autoridades sobre eles.
26 သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ။ သင်တို့ထဲတွင် ကြီး မြတ် လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
26 Não será assim entre vós; antes, qualquer que entre vós quiser tornar-se grande, será esse o que vos sirva;
27 သင်တို့တွင် အကြီးအမှူးဖြစ်လိုသောသူသည် သင်တို့၏ကျွန် ဖြစ်ရမည်။-
27 e qualquer que entre vós quiser ser o primeiro, será vosso servo;
28 လူသားသည် သူတစ်ပါးကို စေခိုင်းခြင်းငှာ မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက်ကိုစွန့်၍ လူအများကို ကယ်တင်ခြင်း ငှာလည်းကောင်း ကြွလာတော်မူသည်ဟု မိန့်တော်မူ၏။
28 assim como o Filho do homem não veio para ser servido, mas para servir, e para dar a sua vida em resgate de muitos.
29 ယေဇူးနှင့် တပည့်တော်တို့သည် ဂျေရီခိုမြို့မှ ထွက် ခွာလာကြစဉ်တွင် များစွာသောလူအစုအဝေးတို့သည် နောက်တော်သို့လိုက်ကြ၏။-
29 Saindo eles de Jericó, seguiu-o uma grande multidão;
30 ထိုအခါ လမ်းဘေးတွင် ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့သည် ယေဇူး ကြွလာတော်မူကြောင်းကို ကြားကြလျှင် ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါဟု အော်ဟစ်ကြ၏။-
30 e eis que dois cegos, sentados junto do caminho, ouvindo que Jesus passava, clamaram, dizendo: Senhor, Filho de Davi, tem compaixão de nós.
31 လူအစုအဝေးတို့သည် သူတို့အား ဆိတ်ဆိတ်နေ ရန် ငေါက်ငမ်းပြောဆိုကြသော်လည်း သူတို့က အိုသခင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ပို၍ကျယ်လောင်စွာ အော်ဟစ်ကြ၏။-
31 E a multidão os repreendeu, para que se calassem; eles, porém, clamaram ainda mais alto, dizendo: Senhor, Filho de Davi, tem compaixão de nós.
32 ယေဇူးသည် လည်း ရပ်၍ ထိုသူတို့အား အထံတော်သို့ခေါ် ပြီးလျှင် သင်တို့အတွက် မည်သည့်အရာကို ငါ့အား ပြုလုပ်စေ လိုသနည်းဟု မေးတော်မူ၏၊-
32 E Jesus, parando, chamou-os e perguntou: Que quereis que vos faça?
33 ထိုအခါ သူတို့က သခင်၊ အကျွန်ုပ်တို့၏မျက်စိများကို မြင်စေတော်မူပါဟု လျှောက် ကြ၏။-
33 Disseram-lhe eles: Senhor, que se nos abram os olhos.
34 ယေဇူးသည်လည်း ကရုဏာသက်၍ ထိုသူတို့ ၏မျက်စိများကို တို့ထိတော်မူ၏။ ထိုခဏချင်းတွင် သူတို့ ၏မျက်စိများမြင်ကြ၍ သူတို့သည် ကိုယ်တော်၏နောက် တော်သို့လိုက်ကြလေ၏။
34 E Jesus, movido de compaixão, tocou-lhes os olhos, e imediatamente recuperaram a vista, e o seguiram.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.