Mateus 18

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထိုအချိန်၌ တပည့်တော်တို့သည် ယေဇူးအထံတော်သို့ ချဉ်းကပ်၍ အဘယ်သူသည် ကောင်း ကင်နိုင်ငံတော်တွင် အကြီးမြတ် ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်ကြ၏။-
1 Naquela hora, aproximaram-se de Jesus os discípulos, perguntando: Quem é, porventura, o maior no reino dos céus?
2 ထိုအခါ ကိုယ်တော်သည် သူငယ် တစ်ယောက်ကို အထံတော်သို့ခေါ်၍ သူတို့၏အလယ် တွင်ထားလျက် မိန့်တော်မူသည်မှာ သင်တို့ အား ငါအမှန် ဆိုသည်ကား၊-
2 E Jesus, chamando uma criança, colocou-a no meio deles.
3 သင်တို့သည် အကျင့်ပြောင်းလဲ၍ သူ ငယ်များကဲ့သို့မဖြစ်ကြလျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ကြရလိမ့်မည် မဟုတ်။-
3 E disse: Em verdade vos digo que, se não vos converterdes e não vos tornardes como crianças, de modo algum entrareis no reino dos céus.
4 ဤသူငယ် ကဲ့သို့ စိတ်နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော် တွင် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။- ဤကဲ့သို့သောသူငယ် တစ်ယောက် ကို ငါ၏နာမတော်၌ လက်ခံသောသူ သည် ငါ့ကို လက်ခံ၏။
4 Portanto, aquele que se humilhar como esta criança, esse é o maior no reino dos céus.
5 — ausente —
5 E quem receber uma criança, tal como esta, em meu nome, a mim me recebe.
6 ငါ့ကိုယုံကြည်သော ဤသူငယ်တို့တွင် တစ်စုံတစ် ယောက်ကို မှားယွင်းစေသောသူသည် မိမိ၏လည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ရေနက်ထဲသို့ ပစ်ချခြင်းခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
6 Qualquer, porém, que fizer tropeçar a um destes pequeninos que creem em mim, melhor lhe fora que se lhe pendurasse ao pescoço uma grande pedra de moinho, e fosse afogado na profundeza do mar.
7 အပြစ်မကောင်းမှုသို့ ရောက်စေသောအကြောင်း များကြောင့် ကမ္ဘာလောကသည် အမင်္ဂလာရှိ၏။ အပြစ် မကောင်းမှုသို့ သွေးဆောင်ခြင်းများသည် ရောက်လာရ လိမ့်မည်။ သို့သော် ထိုသို့သွေးဆောင်မှားယွင်းခြင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။-
7 Ai do mundo, por causa dos escândalos; porque é inevitável que venham escândalos, mas ai do homem pelo qual vem o escândalo!
8 သင်၏လက်၊ သို့မဟုတ် ခြေသည် သင့်အား မှားယွင်းစေလျှင် ၎င်းကို ဖြတ်ပစ်လော့။ ခြေလက်နှစ်ဖက်အစုံအလင်ဖြင့် ထာ၀ရ မီးထဲသို့ပစ်ချခံရသည်ထက် ကိုယ်အင်္ဂါချို့တဲ့စွာဖြင့် ထာ၀ရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ ကောင်း ၏။-
8 Portanto, se a tua mão ou o teu pé te faz tropeçar, corta-o e lança-o fora de ti; melhor é entrares na vida manco ou aleijado do que, tendo duas mãos ou dois pés, seres lançado no fogo eterno.
9 သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကို ထုတ်၍ သင့်ထံမှ စွန့်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲမီးထဲသို့ချခြင်း ခံရသည်ထက် မျက်စိတစ်လုံးချို့တဲ့ လျက် ထာ၀ရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ ကောင်း၏။
9 Se um dos teus olhos te faz tropeçar, arranca-o e lança-o fora de ti; melhor é entrares na vida com um só dos teus olhos do que, tendo dois, seres lançado no inferno de fogo.
10 သင်တို့သည် ဤသူငယ်တို့တွင်တစ်ဦးကိုမျှ မထီ မဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား သင်တို့အား ငါအမှန်ဆိုသည်မှာ ဤသူငယ်တို့၏ကောင်း ကင်တမန်တော်တို့သည် ကောင်းကင်ဘုံရှင် ငါ့ခမည်း တော်ကို အစဉ်မပြတ်ဖူး မြော်လျက်ရှိကြ၏။-
10 Vede, não desprezeis a qualquer destes pequeninos; porque eu vos afirmo que os seus anjos nos céus veem incessantemente a face de meu Pai celeste.
11 အကြောင်း မူကား လူသားသည် ပျောက်ဆုံးနေသောသူတို့ကိုကယ် တင်ရန် ကြွလာတော်မူခြင်းဖြစ်သတည်း။-
11 [Porque o Filho do Homem veio salvar o que estava perdido.]
12 သင်တို့မည် သို့ထင်မှတ်ကြသနည်း။ လူတစ်ဦးတွင် သိုးအကောင် တစ်ရာရှိပြီး ယင်းတို့အထဲမှတစ်ကောင်သည် လမ်းလွဲ၍ ပျောက်ဆုံးသွားလျှင် သူသည် ကိုးဆယ့်ကိုးကောင်တို့ကို တောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသောသိုးကို သွား၍ရှာမည် မဟုတ်လော။-
12 Que vos parece? Se um homem tiver cem ovelhas, e uma delas se extraviar, não deixará ele nos montes as noventa e nove, indo procurar a que se extraviou?
13 သူသည် ထိုသိုးကိုရှာ၍ တွေ့ခဲ့လျှင် မပျောက်ဆုံးသောကိုးဆယ့်ကိုးကောင်တို့ ထက် ထိုတစ်ကောင်၌ ပို၍ဝမ်းမြောက်ခြင်း ရှိလိမ့်မည်ဟု သင်တို့အား ငါအမှန်ဆို၏။-
13 E, se porventura a encontra, em verdade vos digo que maior prazer sentirá por causa desta do que pelas noventa e nove que não se extraviaram.
14 ဤနည်းတူပင် ကောင်း ကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤသူငယ် တို့တွင် တစ်ဦးကိုမျှ ပျက်စီးစေခြင်းငှာ အလိုရှိ တော်မမူ။
14 Assim, pois, não é da vontade de vosso Pai celeste que pereça um só destes pequeninos.
15 သင်၏ညီအစ်ကိုသည် သင့်ကို ထိခိုက်ပြစ်မှားမိ လျှင် သူ့ထံသို့သွား၍ နှစ်ဦးတည်းတွေ့ဆုံဆုံးမလော့။ သင်၏စကားကို သူနားထောင်လျှင် သင်သည် သင်၏ ညီအစ်ကိုကို ပြန်ရလေပြီ။-
15 Se teu irmão pecar [contra ti], vai argui-lo entre ti e ele só. Se ele te ouvir, ganhaste a teu irmão.
16 သို့သော် သူသည် စကားကို နားမထောင်လျှင် အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကို သင်နှင့်အတူခေါ်သွားလော့။ သို့မှသာ နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏သက်သေအားဖြင့် သင်ပြောသမျှစကားတို့ သည် အတည်ဖြစ်လိမ့်မည်။-
16 Se, porém, não te ouvir, toma ainda contigo uma ou duas pessoas, para que, pelo depoimento de duas ou três testemunhas, toda palavra se estabeleça.
17 အကယ်၍ သူသည် ထိုသူ တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအကြောင်းကို အသင်းတော်အား ပြောကြားလော့။ သူသည် အသင်း တော်၏စကားကိုလည်း နားမထောင်လျှင် သူ့အား လူမျိုး ခြားတစ်ယောက်၊ သို့မဟုတ် အခွန်ခံသူတစ်ယောက်ကဲ့ သို့သတ်မှတ်လော့။-
17 E, se ele não os atender, dize-o à igreja; e, se recusar ouvir também a igreja, considera-o como gentio e publicano.
18 သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာမြေပေါ်တွင် သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိ လိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေ လွှတ်လျက်ရှိလိမ့်မည်။
18 Em verdade vos digo que tudo o que ligardes na terra terá sido ligado nos céus, e tudo o que desligardes na terra terá sido desligado nos céus.
19 တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် နှစ်ဦးသည် ကမ္ဘာမြေပေါ်၌ မည်သည့်အရာကိုမဆို စိတ်တူသဘော တူတောင်းခံကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် သင်တို့အား ပေးတော်မူလိမ့်မည်။-
19 Em verdade também vos digo que, se dois dentre vós, sobre a terra, concordarem a respeito de qualquer coisa que, porventura, pedirem, ser-lhes-á concedida por meu Pai, que está nos céus.
20 အကြောင်းမူကား လူနှစ်ဦး၊ သို့ မဟုတ် သုံးဦးတို့သည် ငါ၏နာမ၌စုဝေးကြလျှင် ထိုအရပ် ၌ သူတို့အလယ်တွင် ငါရှိသည်ဟု မိန့်တော်မူ၏။
20 Porque, onde estiverem dois ou três reunidos em meu nome, ali estou no meio deles.
21 ထိုအခါ ပေတရုသည် အထံတော်သို့ ချဉ်းကပ်၍ သခင်ဘုရား၊ တပည့်တော်၏ညီအစ်ကိုသည် တပည့် တော်ကိုပြစ်မှားလျှင် သူ၏အပြစ်ကို အကြိမ်မည်မျှခွင့် လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လောဟု မေးလျှောက်လေ၏။-
21 Então, Pedro, aproximando-se, lhe perguntou: Senhor, até quantas vezes meu irmão pecará contra mim, que eu lhe perdoe? Até sete vezes?
22 ယေဇူးက ခုနစ်ကြိမ်တိုင်အောင် မဟုတ်၊ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင် ခွင့်လွှတ် ရမည်ဟု သင့်အား ငါဆို၏။
22 Respondeu-lhe Jesus: Não te digo que até sete vezes, mas até setenta vezes sete.
23 ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ကို မိမိအစေခံ များနှင့် စာရင်းရှင်းလိုသည့် ဘုရင်တစ်ပါးနှင့် ပုံဥပမာခိုင်း နှိုင်းနိုင်၏။-
23 Por isso, o reino dos céus é semelhante a um rei que resolveu ajustar contas com os seus servos.
24 သူသည် စာရင်းစတင်ရှင်းသောအခါ တာ လင်တစ်သောင်းအကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ ခေါ်ဆောင် ခဲ့ကြ၏။-
24 E, passando a fazê-lo, trouxeram-lhe um que lhe devia dez mil talentos.
25 ထိုသူသည် အကြွေး မပေးဆပ်နိုင်သောကြောင့် သူ၏သခင်က ထိုသူနှင့်အတူ သူ၏သားမယားနှင့် ဥစ္စာပစ္စည်းရှိသမျှတို့ကို ရောင်းချ၍ အကြွေးကိုဆပ်ရမည်ဟု သူ့အား အမိန့်ချမှတ်လေ၏။-
25 Não tendo ele, porém, com que pagar, ordenou o senhor que fosse vendido ele, a mulher, os filhos e tudo quanto possuía e que a dívida fosse paga.
26 ထိုအခါ ထိုအစေခံသည် ဒူးတုပ်ပျပ်ဝပ်လျက် သူ့အား အကျွန်ုပ်ကို သည်းခံတော်မူပါ၊ ရှိသမျှကို အကျွန်ုပ်ပေး ဆပ်ပါမည်ဟု တောင်းပန်လေ၏။-
26 Então, o servo, prostrando-se reverente, rogou: Sê paciente comigo, e tudo te pagarei.
27 ထိုအစေခံ၏သခင် သည်လည်း သနားသောစိတ်ဖြင့် သူ့ကိုလွှတ်ကာ သူ၏ အကြွေးကိုလည်း စာရင်းမှပယ်ဖျက်လိုက်လေ၏။-
27 E o senhor daquele servo, compadecendo-se, mandou-o embora e perdoou-lhe a dívida.
28 ထို အစေခံသည်ကား ထွက်သွားစဉ် မိမိအပေါ် ၌ ဒေနာရီ တစ်ရာအကြွေးတင်သော အစေခံအဖော်တစ်ယောက် ကိုတွေ့လျှင် ထိုသူ၏လည်ပင်းကိုညှစ်လျက် ငါ့အား သင် ပေးဆပ်ရန်ရှိသည်ကို ပေးလော့ဟုဆို၏။-
28 Saindo, porém, aquele servo, encontrou um dos seus conservos que lhe devia cem denários; e, agarrando-o, o sufocava, dizendo: Paga-me o que me deves.
29 ထိုအခါ သူ ၏အစေခံအဖော်ကလည်း ပျပ်ဝပ်လျက် အကျွန်ုပ်ကို သည်းခံပါ၊ အကြွေးရှိသမျှကို အကျွန်ုပ်ဆပ်ပါမည်ဟု သူ့အား တောင်းပန်လေ၏။-
29 Então, o seu conservo, caindo-lhe aos pés, lhe implorava: Sê paciente comigo, e te pagarei.
30 သို့သော် သူသည် လက်မခံ ဘဲ ထိုသူအကြွေးဆပ်သည့်တိုင်အောင် သူ့ကို ထောင် ထဲ၌ အကျဉ်းချထားလေ၏။-
30 Ele, entretanto, não quis; antes, indo-se, o lançou na prisão, até que saldasse a dívida.
31 ဤဖြစ်ရပ်ကို သူ၏အခြား အစေခံအဖော်တို့မြင်သောအခါ အလွန်ဝမ်းနည်းကြသဖြင့် မိမိတို့၏သခင်ထံသို့သွားပြီးလျှင် ဖြစ်ပျက်သမျှကို လျှောက်ထားကြလေ၏။-
31 Vendo os seus companheiros o que se havia passado, entristeceram-se muito e foram relatar ao seu senhor tudo que acontecera.
32 ထိုအခါ သူ၏သခင်သည် သူ့ကိုခေါ်၍ ဆိုးယုတ်သောကျွန်၊ သင်သည် ငါ့ကို တောင်း ပန်သောကြောင့် ငါသည် သင်၏အကြွေး ကိုလွှတ်ခဲ့လေပြီ။-
32 Então, o seu senhor, chamando-o, lhe disse: Servo malvado, perdoei-te aquela dívida toda porque me suplicaste;
33 ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း သင်၏အစေခံအဖော်ကို မသနားအပ်သလောဟု မိန့် တော်မူ၏။-
33 não devias tu, igualmente, compadecer-te do teu conservo, como também eu me compadeci de ti?
34 ထို့နောက် သူ၏သခင်သည် အမျက်ထွက်၍ ထိုအစေခံအား သူ၏အကြွေးအားလုံးပေးဆပ်သည့် တိုင်အောင် အကျဉ်းချထားရန် အာဏာသားတို့၏လက် သို့အပ်လိုက်လေ၏။-
34 E, indignando-se, o seu senhor o entregou aos verdugos, até que lhe pagasse toda a dívida.
35 သင်တို့သည်လည်း မိမိညီအစ်ကို တို့၏အပြစ်ကို အတွင်းစိတ်မှခွင့်မလွှတ်လျှင် ကောင်းကင် ဘုံ၌ရှိတော်မူသော ငါ၏အဖသည် လည်း သင်တို့အသီး သီးကို ထိုနည်းတူစီရင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
35 Assim também meu Pai celeste vos fará, se do íntimo não perdoardes cada um a seu irmão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.