Mateus 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထိုကာလ၌ ဘုရင်ခံဟေရုဒ်သည် ယေဇူး၏ သတင်းတော်ကိုကြားလျှင်၊-
1 Naquele tempo ouviu Herodes, o tetrarca, a fama de Jesus,
2 ဤသူသည်ကား ယောဟန်ဘတ္တိဇံ ပင်ဖြစ်သတည်း။ သူသည် သေရာမှ ပြန်ရှင်လေပြီ။ ထို့ကြောင့် သူသည် ဤတန်ခိုးလက္ခဏာ များကိုပြနိုင်ခြင်းဖြစ်သည်ဟု မိမိငယ်သားတို့အား ဆို၏။
2 E disse aos seus criados: Este é João o Batista; ressuscitou dos mortos, e por isso estas maravilhas operam nele.
3 အကြောင်းမူကား ဟေရုဒ်သည် မိမိညီ ဖိလိပု၏ဇနီး ဟေရုဒ္ဒိယနှင့်ပတ်သက်၍ ယောဟန်ကိုဖမ်းဆီးချုပ် နှောင်ကာ အကျဉ်းချထားခဲ့၏။-
3 Porque Herodes tinha prendido João, e tinha-o maniatado e encerrado no cárcere, por causa de Herodias, mulher de seu irmão Filipe;
4 အဘယ်ကြောင့်ဆို သော် ယောဟန်က သူ့အား သင်သည် ထိုမိန်းမကို မယူ သင့်ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
4 Porque João lhe dissera: Não te é lícito possuí-la.
5 ဟေရုဒ်သည် သူ့အား သတ်လိုသော်လည်း လူအပေါင်းတို့ကို ကြောက်ရွံ့သော ကြောင့် မသတ်ဝံ့ဘဲရှိ၏။ အကြောင်းမူကား လူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ်ခံယူထားကြသော ကြောင့်ဖြစ်၏။-
5 E, querendo matá-lo, temia o povo; porque o tinham como profeta.
6 သို့သော် ဟေရုဒ်၏မွေးနေ့ကျရောက် သောအခါ ဟေရုဒ္ဒိယ၏သမီးသည် ဧည့်သည်တော်များ ၏မျက်မှောက်၌ ကပြဖျော်ဖြေရာ၊-
6 Festejando-se, porém, o dia natalício de Herodes, dançou a filha de Herodias diante dele, e agradou a Herodes.
7 ဟေရုဒ်ကိုကြည်နူး စေသဖြင့် သူသည် သူမ တောင်းသမျှကို ပေးသနားမည့် အကြောင်း ကျိန်ဆို၍ ကတိပြုလေ၏။-
7 Por isso prometeu, com juramento, dar-lhe tudo o que pedisse;
8 သူမသည်လည်း ယောဟန်ဘတ္တိဇံ၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍ ဤနေရာ၌ပင် ကျွန်မအား ပေးတော်မူပါဟု မိမိ၏မိခင် တိုက်တွန်းထားသည့်အတိုင်း တောင်းခံလေ၏။-
8 E ela, instruída previamente por sua mãe, disse: Dá-me aqui, num prato, a cabeça de João o Batista.
9 မင်း ကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း မိမိ ကျိန်ဆိုထားသောကတိနှင့် မိမိ၏ဧည့်သည်တော်များရှိ သောကြောင့် သူမ တောင်းလျှောက်သည်ကို ပေးစေရန် အမိန့်ချမှတ်ပြီး၊-
9 E o rei afligiu-se, mas, por causa do juramento, e dos que estavam à mesa com ele, ordenou que se lhe desse.
10 လူလွှတ်ကာ ထောင်ထဲ၌ ယောဟန်၏ ဦးခေါင်းကို ဖြတ်စေ၏။-
10 E mandou degolar João no cárcere.
11 ထို့နောက် ဦးခေါင်းကို လင်ပန်း ပေါ်၌တင်၍ ထိုအမျိုးသမီးငယ်အား ပေးသဖြင့် သူမသည် လည်း ၎င်းကိုသူမ၏မိခင်ထံ သို့ယူ ဆောင်သွားလေ၏။-
11 E a sua cabeça foi trazida num prato, e dada à jovem, e ela a levou a sua mãe.
12 ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ယူဆောင်ကာ သဂြိုဟ်ပြီးမှ ယေဇူးထံတော်သို့ သွား ရောက်လျှောက် ထားကြ၏။
12 E chegaram os seus discípulos, e levaram o corpo, e o sepultaram; e foram anunciá-lo a Jesus.
13 ယေဇူးသည် ဤသတင်းကို ကြားသောအခါ ထို အရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့်ကြွတော် မူ၏။ သို့သော် လူအစုအဝေးတို့သည် ဤအကြောင်း ကိုကြားသိကြလျှင် မြို့ရွာတို့မှထွက်၍ နောက်တော်သို့ ခြေကျင်လိုက်ကြ၏။-
13 E Jesus, ouvindo isto, retirou-se dali num barco, para um lugar deserto, apartado; e, sabendo-o o povo, seguiu-o a pé desde as cidades.
14 ကိုယ်တော်သည် ကမ်းပေါ်သို့ တက်တော်မူသောအခါ များပြားသောလူအစုအဝေးကို မြင်သဖြင့် သူတို့အပေါ်ကရုဏာသက်၍ အနာရောဂါရှိ သောသူများကို ပျောက်ကင်းစေတော်မူ၏။-
14 E, Jesus, saindo, viu uma grande multidão, e possuído de íntima compaixão para com ela, curou os seus enfermos.
15 ညနေစောင်း သောအခါ တပည့်တော်တို့သည် ကိုယ်တော်၏အထံ တော်သို့ချဉ်းကပ်ကြ၍ ဤအရပ်သည် လူသူကင်းဝေး သောအရပ်ဖြစ်ပါ၏။ အချိန်လည်း လွန်ပါပြီ။ ကျေးရွာများ သို့သွား၍ ၎င်းတို့အတွက် စားစရာဝယ်ယူစေခြင်းငှာ လူ အစုအဝေးတို့ကို စေလွှတ်တော်မူပါဟု လျှောက်ကြ၏။-
15 E, sendo chegada a tarde, os seus discípulos aproximaram-se dele, dizendo: O lugar é deserto, e a hora é já avançada; despede a multidão, para que vão pelas aldeias, e comprem comida para si.
16 သို့သော် ယေဇူးက ထိုသူတို့သွားရန်အကြောင်းမရှိ၊ သင် တို့သည် သူတို့အား စားစရာတစ်စုံတစ်ခုကိုပေးကြလော့ ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
16 Jesus, porém, lhes disse: Não é mister que vão; dai-lhes vós de comer.
17 သူတို့ကလည်း တပည့်တော်တို့တွင် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ဤနေရာ၌ ရှိပါသည်ဟု လျှောက်ထားကြ၏။-
17 Então eles lhe disseram: Não temos aqui senão cinco pães e dois peixes.
18 ထိုအခါ ကိုယ်တော်က ၎င်းတို့ကို ငါ့ထံသို့ယူခဲ့ကြလော့ဟု မိန့် တော်မူ၏။-
18 E ele disse: Trazei-mos aqui.
19 ထို့နောက် ကိုယ်တော်သည် လူအစုအဝေး တို့ကို မြက်ခင်းပေါ်တွင် ထိုင်စေရန် အမိန့်ပေးတော်မူပြီး ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထို့ နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုဖဲ့၍ တပည့်တော်တို့ အား ပေးတော်မူသဖြင့် တပည့်တော်တို့သည်လည်း ၎င်း တို့ကို လူအပေါင်းတို့အား ဝေငှပေးကြ၏။-
19 E, tendo mandado que a multidão se assentasse sobre a erva, tomou os cinco pães e os dois peixes, e, erguendo os olhos ao céu, os abençoou, e, partindo os pães, deu-os aos discípulos, e os discípulos à multidão.
20 လူအပေါင်း တို့သည်လည်း စား၍ ၀ကြပြီးမှ ကြွင်းကျန်သောအကျိုး အပဲ့များကိုကောက်သိမ်းရာ တစ်ဆယ့်နှစ်တောင်းအပြည့် ရကြလေ၏။-
20 E comeram todos, e saciaramse; e levantaram dos pedaços, que sobejaram, doze alcofas cheias.
21 စားသောသူတို့မူကား မိန်းမနှင့် သူငယ် တို့ကို မရေတွက်ဘဲ ယောက်ျားဦးရေ ငါးထောင်ခန့်မျှရှိ သတည်း။
21 E os que comeram foram quase cinco mil homens, além das mulheres e crianças.
22 ထို့နောက် ယေဇူးသည် ချက်ချင်းပင် လူအစု အဝေးတို့အား ပြန်လွှတ်တော်မူစဉ်တွင် တပည့်တော် တို့ကို လှေပေါ်သို့တက် စေ၍ ကမ်းတစ်ဖက်သို့ ဦးစွာ ကူးစေတော်မူ၏။-
22 E logo ordenou Jesus que os seus discípulos entrassem no barco, e fossem adiante para o outro lado, enquanto despedia a multidão.
23 လူအစုအဝေးတို့ကို ပြန်သွားစေပြီး နောက် ကိုယ်တော်သည် ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်သို့ တစ်ပါးတည်း တက်တော်မူ၏။ ညဉ့်ဦး ယံအချိန်ရောက်သောအခါ ထိုနေရာတွင် ကိုယ်တော် တစ်ပါးတည်းရှိတော်မူ၏။-
23 E, despedida a multidão, subiu ao monte para orar, à parte. E, chegada já a tarde, estava ali só.
24 တပည့်တော်တို့၏လှေမူ ကား ကမ်းမှ များစွာဝေးကွာသွားစဉ် လေဆန်ကျသော ကြောင့် လှိုင်းတံပိုးများသည် လှေကို ပြင်းထန်စွာ ရိုက် ခတ်လျက်ရှိ၏။-
24 E o barco estava já no meio do mar, açoitado pelas ondas; porque o vento era contrário;
25 မိုးသောက်ယံအချိန်၌ ကိုယ်တော် သည် ပင်လယ်ရေပြင်ပေါ်၌ လျှောက်လှမ်းလျက် သူတို့ ထံသို့ကြွလာတော်မူ၏။-
25 Mas, à quarta vigília da noite, dirigiu-se Jesus para eles, andan-do por cima do mar.
26 ထိုအခါ တပည့်တော်တို့သည် ပင်လယ်ရေပြင်ပေါ်၌ ကိုယ်တော်လမ်းလျှောက်လာ သည်ကိုမြင်ကြလျှင် ထိတ်လန့်၍ တစ္ဆေဖြစ်သည်ဟုဆို ကြလျက် ကြောက်လန့်တကြားအော်ဟစ်ကြ၏။-
26 E os discípulos, vendo-o an-dando sobre o mar, assustaram-se, dizendo: É um fantasma. E gritaram com medo.
27 သို့ရာ တွင် ကိုယ်တော်က ရဲရင့်ခြင်းရှိကြလော့၊ ငါပင်ဖြစ်သည်၊ မကြောက်ကြနှင့်ဟု သူတို့အား ချက်ချင်းပင်မိန့်တော်မူ ၏။
27 Jesus, porém, lhes falou logo, dizendo: Tende bom ânimo, sou eu, não temais.
28 ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်ဖြစ် တော်မူပါလျှင် တပည့်တော်သည် ရေပေါ်တွင် လျှောက် လှမ်း၍ အထံတော်သို့လာရမည့်အကြောင်း အမိန့်ရှိ တော်မူပါဟု လျှောက်လေ၏။-
28 E respondeu-lhe Pedro, e disse: Senhor, se és tu, manda-me ir ter contigo por cima das águas.
29 ယေဇူးက လာခဲ့လော့ ဟု မိန့်တော်မူလျှင် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်တွင် လျှောက်ကာ ယေဇူးထံတော် သို့သွား လေ၏။-
29 E ele disse: Vem. E Pedro, descendo do barco, andou sobre as águas para ir ter com Jesus.
30 သို့သော် လေပြင်းထန်သည်ကိုမြင်လျှင် သူသည် ကြောက်ရွံ့ ပြီး နစ်မြုပ်စပြုသဖြင့် သခင်ဘုရား၊ တပည့်တော်ကို ကယ်တော် မူပါဟု ဟစ်အော်၍ လျှောက်လေ ၏။-
30 Mas, sentindo o vento forte, teve medo; e, começando a ir para o fundo, clamou, dizendo: Senhor, salva-me!
31 ယေဇူးသည်လည်း ချက်ချင်းပင် လက်လှမ်း၍ သူ့ကို ဆွဲမပြီးလျှင် အိုယုံကြည်ခြင်းအားနည်းသူ၊ အဘယ် ကြောင့် သင်သည် ယုံမှားသံသယရှိသနည်းဟု မိန့်တော် မူ၏။-
31 E logo Jesus, estendendo a mão, segurou-o, e disse-lhe: Homem de pouca fé, por que duvidaste?
32 လှေပေါ်သို့ သူတို့ရောက်ကြသောအခါ လေသည် လည်း ငြိမ်သွားလေ၏။-
32 E, quando subiram para o barco, acalmou o vento.
33 လှေပေါ်တွင်ရှိကြသောသူတို့ သည်လည်း ကိုယ်တော့်ကို ဦးချရှိခိုးလျက် အမှန်စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ပါသည်ဟု ဆိုကြ၏။
33 Então aproximaram-se os que estavam no barco, e adoraram-no, dizendo: És verdadeiramente o Filho de Deus.
34 ကိုယ်တော်နှင့် တပည့်တော်တို့သည် တစ်ဖက် ကမ်းသို့ကူးလာပြီးသောအခါ ဂျေနားဇရက်တွင် လှေကို ဆိုက်ကပ်ကြ၏။-
34 E, tendo passado para o outro lado, chegaram à terra de Genesaré.
35 ထိုအရပ်မှ လူတို့သည် ကိုယ်တော့် ကို မှတ်မိကြသောအခါ ပတ်ဝန်းကျင်အရပ်ရပ်သို့ လူ များစေလွှတ်၍ လူနာရှိသမျှတို့ကို အထံတော်သို့ ခေါ် ဆောင်စေခဲ့ကြ၏။-
35 E, quando os homens daquele lugar o conheceram, mandaram por todas aquelas terras em redor e trouxeram-lhe todos os que estavam enfermos.
36 သူတို့သည် ဝတ်ရုံတော်၏အနားစ အမြိတ်ကိုမျှ တို့ထိရပါမည့်အကြောင်း တောင်းလျှောက် ကြ၏။ ထိုသို့တို့ထိသမျှသောသူ တို့တွင်လည်း အနာ ရောဂါများပျောက်ကင်းကြကုန်၏။
36 E rogavam-lhe que ao menos eles pudessem tocar a orla da sua roupa; e todos os que a tocavam ficavam sãos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.