Mateus 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ထိုနေ့၌ ယေဇူးသည် အိမ်မှထွက်လာပြီးလျှင် ပင်လယ်ကမ်းခြေအနီး၌ ထိုင်နေတော်မူ၏။-
1 Tendo Jesus saído de casa, naquele dia, estava assentado junto ao mar;
2 ထိုအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့လာကြသောကြောင့် ကိုယ်တော်သည် လှေပေါ်သို့ တက်၍ ထိုင်တော်မူ၏။ လူအပေါင်းတို့သည်ကား ကမ်း ခြေတွင် ရပ်နေကြ၏။-
2 E ajuntou-se muita gente ao pé dele, de sorte que, entrando num barco, se assentou; e toda a multidão estava em pé na praia.
3 ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာတို့ကို ပုံဥပမာများဖြင့် သွန်သင် တော်မူလျက်ဆိုသည်မှာ မျိုးကြဲသူ တစ်ယောက်သည် မျိုးစေ့ကြဲအံ့သောငှာ ထွက်သွားလေ၏။-
3 E falou-lhe de muitas coisas por parábolas, dizendo: Eis que o semeador saiu a semear.
4 သူသည် မျိုးစေ့ ကြဲရာတွင် အချို့သောမျိုးစေ့တို့သည် လမ်းပေါ်၌ကျ သဖြင့် ငှက်တို့သည် လာ၍ ၎င်းတို့ကို စားကြ၏။-
4 E, quando semeava, uma parte da semente caiu ao pé do caminho, e vieram as aves, e comeram-na;
5 အချို့ သောမျိုးစေ့တို့သည် မြေဆီလွှာပါးသောကျောက်ခံမြေ ပေါ်တွင်ကျသဖြင့် မြေသားတိမ်၍ လျင်မြန်စွာအပင်ပေါက် လာကြ၏၊-
5 E outra parte caiu em pedregais, onde não havia terra bastante, e logo nasceu, porque não tinha terra funda;
6 သို့သော် နေထွက်သောအခါ ၎င်းတို့သည် ပူလောင်၍ အမြစ်လည်းမတွယ်နိုင်သောကြောင့် ညှိုး ခြောက်သွားကြလေ၏။-
6 Mas, vindo o sol, queimou-se, e secou-se, porque não tinha raiz.
7 အချို့သောမျိုးစေ့တို့သည် ဆူး ပင်များအကြားတွင်ကျသဖြင့် ဆူးပင်တို့သည် ကြီးထွား လာပြီး ၎င်းတို့ကို ဖုံးပိတ်ကြကုန်၏။-
7 E outra caiu entre espinhos, e os espinhos cresceram e sufocaram-na.
8 အချို့သောမျိုးစေ့ တို့မူကား ကောင်းသောမြေပေါ်တွင်ကျသဖြင့် အပင် ပေါက်လာကြသောအခါ အချို့သည် အဆတစ်ရာ၊ အချို့ သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ်စီ အသီးသီးကြ၏။-
8 E outra caiu em boa terra, e deu fruto: um a cem, outro a sessenta e outro a trinta.
9 ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
9 Quem tem ouvidos para ouvir, ouça.
10 ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသူတို့ ကို ပုံဥပမာများဖြင့် ဟောတော်မူသနည်းဟုမေးလျှောက် ကြလျှင်၊-
10 E, acercando-se dele os discípulos, disseram-lhe: Por que lhes falas por parábolas?
11 ကိုယ်တော်က သူတို့အား ပြန်ဖြေတော်မူ သည်ကား သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက် နဲသောအကြောင်း အရာများ ကိုသိခွင့်ရကြ၏။ ထိုသူတို့မူ ကား သိခွင့်မရကြ။-
11 Ele, respondendo, disse-lhes: Porque a vós é dado conhecer os mistérios do reino dos céus, mas a eles não lhes é dado;
12 အကြောင်းမူကား ရှိသောသူအား ထပ်မံ၍ပေးသဖြင့် သူ့၌အလျှံပယ်ရှိလိမ့်မည်။ မရှိသော သူထံမှမူကား သူ့၌ရှိသမျှကိုပင် ရုပ်သိမ်းလိမ့်မည်။-
12 Porque àquele que tem, se dará, e terá em abundância; mas àquele que não tem, até aquilo que tem lhe será tirado.
13 သူ တို့အား ပုံဥပမာများဖြင့် ငါပြောရသည့်အကြောင်းမှာ သူတို့သည် ကြည့်လျက်နှင့် မမြင်၊ နားထောင်လျက်နှင့် မကြား၊ နားလည်းမလည်ကြသောကြောင့်ပင်ဖြစ်၏။-
13 Por isso lhes falo por parábolas; porque eles, vendo, não vêem; e, ouvindo, não ouvem nem compreendem.
14 ပရောဖက်အီဇာယ၏ဟောထားချက်သည် ထိုသူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောထားချက်မူကား သင်တို့သည် ကြားကြရသော်လည်း မည်သည့်အခါမျှ နားလည်ကြလိမ့်မည်မဟုတ်။ ထို့အတူ သင်တို့သည် မြင်ကြရသော်လည်း မည်သည့်အခါမျှ သဘောပေါက် ကြလိမ့်မည်မဟုတ်။-
14 E neles se cumpre a profecia de Isaías, que diz:Ouvindo, ouvireis, mas não compreendereis,e, vendo, vereis, mas não percebereis.
15 အကြောင်းမူကား ဤလူမျိုးသည် မိမိတို့၏မျက်စိတို့ဖြင့်မြင်၍ နားတို့ဖြင့် ကြားရပြီး စိတ် နှလုံးဖြင့် နားလည်ကြသောအခါ မိမိတို့၏အနာရောဂါ ပျောက်ကင်းစေခြင်းငှာ ငါ့ထံသို့ပြန်လာရမည်ကို စိုးရိမ် သောကြောင့် မိမိတို့၏စိတ်နှလုံးကို ထိုင်းမှိုင်းစေ ကြပြီး နားတို့ကို လေးစေကြလျက် မျက်စိတို့ကိုလည်း ပိတ် ထားကြ၏ဟု လာသတည်း။
15 Porque o coração deste povo está endurecido,E ouviram de mau grado com seus ouvidos,E fecharam seus olhos;Para que não vejam com os olhos,E ouçam com os ouvidos,e compreendam com o coração,e se convertam,e eu os cure.
16 သင်တို့၏မျက်စိတို့သည် မြင်၍ သင်တို့၏နားတို့ သည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။-
16 Mas, bem-aventurados os vossos olhos, porque vêem, e os vossos ouvidos, porque ouvem.
17 သင်တို့ အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်ရသောအရာများ ကို မြင်လိုကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရ သောအရာများကိုကြားလိုကြသော်လည်း မကြားခဲ့ကြရ။
17 Porque em verdade vos digo que muitos profetas e justos desejaram ver o que vós vedes, e não o viram; e ouvir o que vós ouvis, e não o ouviram.
18 ထို့ကြောင့် မျိုးစေ့ကြဲသောသူ၏ပုံဥပမာကို နား ထောင်ကြလော့။-
18 Escutai vós, pois, a parábola do semeador.
19 တစ်စုံတစ်ယောက်သည် နိုင်ငံတော် နှင့်ဆိုင်သောနှုတ်တော်ထွက်စကားကိုကြား၍ နားမလည် ဘဲနေသောအခါ နတ်ဆိုးသည် လာ၍ သူ၏စိတ်နှလုံးထဲ၌ ကြဲထားသည့်မျိုးစေ့ကိုနုတ်ယူသွားလေ၏။ ထိုသူသည် လမ်းပေါ်တွင်ကျသောမျိုးစေ့ဖြစ်၏။-
19 Ouvindo alguém a palavra do reino, e não a entendendo, vem o maligno, e arrebata o que foi semeado no seu coração; este é o que foi semeado ao pé do caminho.
20 ကျောက်ခံမြေပေါ် တွင် ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကို ကြားသောအခါ ဝမ်းမြောက်ခြင်းဖြင့် ချက်ချင်းခံယူသူ ဖြစ်၏။-
20 O que foi semeado em pedregais é o que ouve a palavra, e logo a recebe com alegria;
21 သို့သော် သူ့၌ အမြစ်မတွယ်သောကြောင့် ခေတ္တ ခဏသာတည်မြဲလေ၏။ နှုတ်တော်ထွက်တရားတော် ကြောင့် ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော အခါ ထိုသူသည် ချက်ချင်းပင်စွန့်ခွာသွားတတ်၏။-
21 Mas não tem raiz em si mesmo, antes é de pouca duração; e, chegada a angústia e a perseguição, por causa da palavra, logo se ofende;
22 ဆူးပင်များအကြားတွင် ကျရောက်သောမျိုးစေ့မူကား နှုတ်တော်ထွက်စကားကို ကြားရသော်လည်း လောကီ ရေးရာ၌ စိုးရိမ် ကြောင့်ကြခြင်းနှင့် ချမ်းသာကြွယ်၀မှုတို့၌ သာယာခြင်းတို့က နှုတ်တော်ထွက်စကားကို လွှမ်းမိုး သဖြင့် အသီးမသီးနိုင် သောသူ နှင့်တူ၏။-
22 E o que foi semeado entre espinhos é o que ouve a palavra, mas os cuidados deste mundo, e a sedução das riquezas sufocam a palavra, e fica infrutífera;
23 ကောင်းသော မြေပေါ်၌ကျသောမျိုးစေ့မူကား နှုတ်တော်ထွက်စကား ကိုကြား၍ နားလည်သဖြင့် အသီးသီးရာတွင် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ်ပွားစေသောသူဖြစ်သတည်းဟု မိန့်တော် မူ၏။
23 Mas, o que foi semeado em boa terra é o que ouve e compreende a palavra; e dá fruto, e um produz cem, outro sessenta, e outro trinta.
24 ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်အား မိမိ၏လယ်၌ ကောင်းသောမျိုးစေ့ကိုကြဲသောသူနှင့်ခိုင်း နှိုင်းနိုင်၏။-
24 Propôs-lhes outra parábola, dizendo: O reino dos céus é semelhante ao homem que semeia a boa semente no seu campo;
25 သို့သော် လူတို့အိပ်ပျော်နေချိန်တွင် သူ၏ရန် သူသည်လာ၍ တောမျိုးစေ့များကို ဂျုံစပါးအလယ်၌ကြဲ ၍ထွက်သွားလေ၏။-
25 Mas, dormindo os homens, veio o seu inimigo, e semeou joio no meio do trigo, e retirou-se.
26 အပင်များပေါက်လာပြီး အနှံထွက် သည့်အချိန်တွင် ပေါင်းပင်များသည်လည်း ပေါ်ထွက်လာ လေ၏။-
26 E, quando a erva cresceu e frutificou, apareceu também o joio.
27 ထိုအခါ အစေခံတို့သည် လယ်ပိုင်ရှင်ထံလာ၍ သခင်၊ ကောင်းသောမျိုးစေ့ကို သခင်၏လယ်၌ကြဲခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်လျှင် ပေါင်းပင်တို့သည် မည်သို့ ရောက်လာသနည်းဟု မေးကြ၏။-
27 E os servos do pai de família, indo ter com ele, disseram-lhe: Senhor, não semeaste tu, no teu campo, boa semente? Por que tem, então, joio?
28 လယ်ပိုင်ရှင်က ရန်သူ သည် ဤအမှုကိုပြုခဲ့ပြီဟု သူတို့အား ဆို၏။ အစေခံတို့ ကလည်း ဤသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ ၎င်းတို့ကို စုသိမ်းရန် သခင်အလိုရှိပါသလောဟုမေးမြန်းကြ၏။-
28 E ele lhes disse: Um inimigo é quem fez isso. E os servos lhe disseram: Queres pois que vamos arrancá-lo?
29 သို့သော် လယ်ပိုင်ရှင်က ငါအလိုမရှိ၊ ပေါင်းပင်တို့ကို စု သိမ်းရာတွင် သင်တို့သည် ၎င်းတို့နှင့်အတူ ဂျုံစပါးတို့ကို လည်း နုတ်မိမည်ကိုစိုးရိမ်ရ၏။-
29 Ele, porém, lhes disse: Não; para que, ao colher o joio, não arranqueis também o trigo com ele.
30 ဂျုံစပါးရိတ်သည့်ကာလ တိုင်အောင် နှစ်မျိုးစလုံးကြီးထွားပါစေ။ ရိတ်သိမ်းချိန်၌ ပေါင်းပင်တို့ကိုဦးစွာနုတ်၍ မီးရှို့ရန် စည်းထားကြလော့၊ ဂျုံစပါးကိုမူ ငါ၏ကျီထဲ၌လှောင်ထားကြလော့ဟု ရိတ် သိမ်းသူတို့အား ငါမှာထားမည်ဟူ၍ မိန့်တော်မူ၏။
30 Deixai crescer ambos juntos até à ceifa; e, por ocasião da ceifa, direi aos ceifeiros: Colhei primeiro o joio, e atai-o em molhos para o queimar; mas, o trigo, ajuntai-o no meu celeiro.
31 ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ကား လူတစ်ဦးသည် ယူလာ၍ မိမိ၏ယာခင်း၌စိုက်သော မုန်ညင်းစေ့တစ်စေ့နှင့်တူလေ၏။-
31 Outra parábola lhes propôs, dizendo: O reino dos céus é semelhante ao grão de mostarda que o homem, pegando nele, semeou no seu campo;
32 ထိုမုန်ညင်းစေ့သည် အစေ့တကာတို့တွင် အငယ်ဆုံးဖြစ်သော်လည်း ကြီး ထွားလာသောအခါ စားပင်တို့တွင် အကြီးဆုံးဖြစ်ပြီး မိုးကောင်းကင်ငှက်တို့သည် လာကြ၍ ၎င်း၏အကိုင်း အခက်တို့၌ အသိုက်များပြုလုပ်နိုင်လောက်သောအပင် တစ်ပင်ဖြစ်လာသ ည်ဟု မိန့်တော်မူ၏။
32 O qual é, realmente, a menor de todas as sementes; mas, crescendo, é a maior das plantas, e faz-se uma árvore, de sorte que vêm as aves do céu, e se aninham nos seus ramos.
33 ကိုယ်တော်သည် အခြားသောပုံဥပမာဖြင့် သူတို့ အား မိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ကား မိန်းမတစ်ဦးသည် ယူ၍ မုန့်ညက်သုံးတင်း၌ထည့် သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသောတဆေးနှင့် တူသည်ဟုမိန့်တော်မူ၏။
33 Outra parábola lhes disse: O reino dos céus é semelhante ao fermento, que uma mulher toma e introduz em três medidas de farinha, até que tudo esteja levedado.
34 ယေဇူးသည် ဤအကြောင်းအရာအားလုံးတို့ကို ပုံဥပမာများအားဖြင့် လူအစုအဝေးတို့အား ဟောပြော တော်မူ၏။ ကိုယ်တော်သည် ပုံဥပမာမပါဘဲ သူတို့အား မည်သည့်အကြောင်းအရာကိုမျှ ဟောတော်မမူ။-
34 Tudo isto disse Jesus, por parábolas à multidão, e nada lhes falava sem parábolas;
35 ဤ သည်ကား ငါသည် ပုံဥပမာတို့ဖြင့် ငါ၏နှုတ်ကို ဖွင့်ဟ မည်၊ ကမ္ဘာတည်စကပင် ဖုံးကွယ်လျက်ရှိသောအရာများ ကို ငါထုတ ်ဖော်ပြောဆိုမည်ဟူသော ပရောဖက်၏ဟော ထားချက်ပြည့်စုံစေမည့်အကြောင်းဖြစ်သတည်း။
35 Para que se cumprisse o que fora dito pelo profeta, que disse: Abrirei em parábolas a minha boca; Publicarei coisas ocultas desde a fundação do mundo.
36 ထို့နောက် ကိုယ်တော်သည် လူအစုအဝေးထံမှ ထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော် တို့သည် အထံတော်သို့ချဉ်းကပ်၍ လယ်ထဲရှိပေါင်းပင် များ၏ပုံဥပမာကို မိမိတို့အား ရှင်းပြတော်မူပါဟု လျှောက် ထားကြ၏။-
36 Então, tendo despedido a multidão, foi Jesus para casa. E chegaram ao pé dele os seus discípulos, dizendo: Explica-nos a parábola do joio do campo.
37 ကိုယ်တော်ကလည်း ကောင်းသောမျိုးစေ့ ကိုကြဲသောသူသည် လူသားဖြစ်၏။-
37 E ele, respondendo, disse-lhes: O que semeia a boa semente, é o Filho do homem;
38 လယ်ကွင်းကား ဤကမ္ဘာလောကပေတည်း။ ကောင်းသောမျိုးစေ့သည် ကား နိုင်ငံတော်သားများဖြစ်ကြ၏။ ပေါင်းပင်များကား နတ်ဆိုး၏သားများဖြစ်ကြ၏။-
38 O campo é o mundo; e a boa semente são os filhos do reino; e o joio são os filhos do maligno;
39 ယင်းမျိုးစေ့များကိုကြဲ သောရန်သူကား နတ်ဆိုးပင်ဖြစ်၏။ စပါးရိတ်သိမ်းချိန် ကား ဤကမ္ဘာကုန်သောအချိန်ဖြစ်၏။ ရိတ်သိမ်းသော သူများသည်ကား ကောင်းကင်တမန်တော်များဖြစ်၏။-
39 O inimigo, que o semeou, é o diabo; e a ceifa é o fim do mundo; e os ceifeiros são os anjos.
40 ပေါင်းပင်များကိုစုသိမ်းပြီး မီးရှို့ရသကဲ့သို့ ကမ္ဘာကုန်သော ကာလ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။-
40 Assim como o joio é colhido e queimado no fogo, assim será na consumação deste mundo.
41 လူသားသည် မိမိ၏ကောင်းကင်တမန်တော်တို့ကိုစေလွှတ်တော်မူ၍ သူတို့သည် မှားယွင်းစေသောအရာရှိသမျှနှင့် အပြစ်ကျူး လွန်သူအားလုံးတို့ကို ကိုယ်တော်၏နိုင်ငံတော်မှ ထုတ် ပယ်ပြီး၊-
41 Mandará o Filho do homem os seus anjos, e eles colherão do seu reino tudo o que causa escândalo, e os que cometem iniqüidade.
42 ၎င်းတို့ကို တောက်လောင်နေသောမီးဖိုထဲသို့ ပစ်ချလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ် ကြလိမ့်မည်။-
42 E lançá-los-ão na fornalha de fogo; ali haverá pranto e ranger de dentes.
43 ထို့နောက် ဖြောင့်မတ်သောသူတို့သည် မိမိတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့် မည်။ ကြားခြင်းငှာ နားရှိသော သူသည် ကြားပါစေ။
43 Então os justos resplandecerão como o sol, no reino de seu Pai. Quem tem ouvidos para ouvir, ouça.
44 ကောင်းကင်နိုင်ငံတော်သည် လယ်မြေ၌ဝှက်ထား သောရတနာနှင့်တူ၏။ ထိုရတနာကိုတွေ့သောသူသည် ၎င်းကို ပြန်လည်ဝှက်ထားပြီး ဝမ်းသာအားရဖြင့် သွားကာ လျှင် မိမိ၌ရှိသမျှကိုရောင်းချ၍ ထိုလယ်မြေကို ဝယ်ယူ လေ၏။
44 Também o reino dos céus é semelhante a um tesouro escondido num campo, que um homem achou e escondeu; e, pelo gozo dele, vai, vende tudo quanto tem, e compra aquele campo.
45 တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် အရည် အသွေးကောင်းသောပုလဲများကို ရှာသောကုန်သည် တစ်ဦးနှင့်တူ၏။-
45 Outrossim o reino dos céus é semelhante ao homem, negociante, que busca boas pérolas;
46 သူသည် တန်ဖိုးကြီးသောပုလဲတစ်လုံး ကိုတွေ့သောအခါ သွား၍ မိမိ၌ရှိသမျှတို့ကို ရောင်းပြီး လျှင် ထိုပုလဲကို ဝယ်ယူလေ၏။
46 E, encontrando uma pérola de grande valor, foi, vendeu tudo quanto tinha, e comprou-a.
47 တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချထား၍ ငါးအမျိုးမျိုးတို့ကိုအုပ်မိသော ပိုက်ကွန်နှင့်တူ ၏။-
47 Igualmente o reino dos céus é semelhante a uma rede lançada ao mar, e que apanha toda a qualidade de peixes.
48 ပိုက်ကွန်သည် ငါးများနှင့်ပြည့်သောအခါ တံငါတို့ သည် ၎င်းကို ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက် ကောင်း သောငါးများ ကိုရွေးချယ်ကာ တောင်းများထဲသို့ထည့် ထားပြီး မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ ၏။-
48 E, estando cheia, a puxam para a praia; e, assentando-se, apanham para os cestos os bons; os ruins, porém, lançam fora.
49 ထို့အတူ ကမ္ဘာကုန်သောအခါ ဤသို့ဖြစ်လိမ့်မည်။ ကောင်းကင်တမန်တော်တို့သည် ထွက်လာ၍ မကောင်း သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ ခွဲထုတ်ပြီး၊-
49 Assim será na consumação dos séculos: virão os anjos, e separarão os maus de entre os justos,
50 သူတို့အား တောက်လောင်နေသောမီးဖိုတွင်းသို့ပစ်ချ ကြလိမ့်မည်။ ထိုအရပ်၌ ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။
50 E lançá-los-ão na fornalha de fogo; ali haverá pranto e ranger de dentes.
51 ဤအကြောင်းအရာအလုံးစုံကို သင်တို့နားလည် ကြသလောဟုမေးတော်မူလျှင် သူတို့က နားလည်ပါသည်ဟု လျှောက် ထားကြ၏။-
51 E disse-lhes Jesus: Entendestes todas estas coisas? Disseram-lhe eles: Sim, Senhor.
52 ကိုယ်တော်ကလည်း ထို့ ကြောင့် ကောင်းကင်နိုင်ငံတော်၏အကြောင်းအရာတို့ကို သင်ကြားတတ်မြောက်ပြီးသော ကျမ်းတတ် ဆရာမည် သည်ကား မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာပစ္စည်းအသစ်နှင့် အဟောင်းတို့ကို ထုတ်ဖော်ပြသောအိမ်ရှင်နှင့်တူသည် ဟု သူတို့အား မိန့်တော်မူ၏။
52 E ele disse-lhes: Por isso, todo o escriba instruído acerca do reino dos céus é semelhante a um pai de família, que tira do seu tesouro coisas novas e velhas.
53 ယေဇူးသည် ထိုပုံဥပမာများကို မိန့်မြွက်တော်မူ ပြီးသောအခါ ထိုအရပ်မှ ကြွသွားတော်မူ၏။-
53 E aconteceu que Jesus, concluindo estas parábolas, se retirou dali.
54 မိမိ၏နေ ရင်းမြို့သို့ရောက်တော်မူလျှင် ကိုယ်တော်သည် လူတို့ကို သူတို့၏တရားဇရပ်၌ သွန်သင်တော်မူသဖြင့် သူတို့သည် လွန်စွာအံ့ဩကြလျက် ဤသူသည် ဤပညာနှင့် ဤ အံ့ဖွယ်တန်ခိုးများကို အဘယ်ကရသနည်း။-
54 E, chegando à sua pátria, ensinava-os na sinagoga deles, de sorte que se maravilhavam, e diziam: De onde veio a este a sabedoria, e estas maravilhas?
55 သူသည် လက်သမား၏သားမဟုတ်လော။ သူ၏အမိကို မာရိယာ ဟုခေါ်သည်မဟုတ်ပါလော။ ယာကုပ်၊ ဂျိုးဇက်၊ စီမွန်နှင့် ဂျုဒတို့သည် သူ၏ညီများမဟုတ်သလော။-
55 Não é este o filho do carpinteiro? e não se chama sua mãe Maria, e seus irmãos Tiago, e José, e Simão, e Judas?
56 သူ၏နှမ တို့သည်လည်း ငါတို့အနီးအနားတွင် နေထိုင်ကြသည် မဟုတ် လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာအားလုံး တို့ကို အဘယ်ကရသနည်းဟု ဆိုကြ၍၊-
56 E não estão entre nós todas as suas irmãs? De onde lhe veio, pois, tudo isto?
57 ကိုယ်တော့်ကို လက်မခံလိုကြချေ။ ယေဇူးကလည်း ပရောဖက်သည် မိမိ၏မြို့နှင့် မိမိ၏အိမ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ် သရေမဲ့သည်ဟူ၍မရှိဟု မိန့်တော်မူ၏။-
57 E escandalizavam-se nele. Jesus, porém, lhes disse: Não há profeta sem honra, a não ser na sua pátria e na sua casa.
58 ကိုယ်တော် သည်လည်း ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ထိုအရပ်၌ တန်ခိုးလက္ခဏာများစွာပြတော်မမူချေ။
58 E não fez ali muitas maravilhas, por causa da incredulidade deles.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.