Mateus 12
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ထိုအချိန်၌ ယေဇူးသည် ဥပုသ်နေ့တွင် ဂျုံခင်းများကိုဖြတ်လျှောက်၍ သွားစဉ် တပည့်တော် တို့သည် ဆာလောင်သောကြောင့် ဂျုံပင်မှ အနှံများကို ဆွတ်ခူး၍ စားကြလေ၏။-
1 Naquele tempo passou Jesus pelas searas num dia de sábado; e os seus discípulos, sentindo fome, começaram a colher espigas, e a comer.
2 သို့သော် ဤအခြင်းအရာကို ဖာရီဇေးဦးတို့မြင်ကြလျှင် သူတို့က ကြည့်ပါ၊ ကိုယ်တော် ၏တပည့်တော်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအရာ ကိုပြုနေကြပါသည်တကားဟု ကိုယ်တော်အား လျှောက် ကြ၏။-
2 Os fariseus, vendo isso, disseram-lhe: Eis que os teus discípulos estão fazendo o que não é lícito fazer no sábado.
3 ကိုယ်တော်ကလည်း ထိုသူတို့အား မိန့်တော်မူ သည်ကား ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူပါသောသူတို့ သည် ဆာလောင်သောအခါ သူသည် မည်သို့ပြု သည်ကို သင်တို့မဖတ်ဖူးကြသလော။-
3 Ele, porém, lhes disse: Acaso não lestes o que fez Davi, quando teve fome, ele e seus companheiros?
4 သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ရဟန်းတို့မှတစ်ပါး မိမိသော်လည်း ကောင်း၊ မိမိနှင့်အတူပါသော သူတို့သော် လည်းကောင်း မစားအပ်သော ရှေ့တော်တင်မုန့်ကို စားခဲ့ကြသည်ကို မဖတ်ဖူးကြသလော။-
4 Como entrou na casa de Deus, e como eles comeram os pães da proposição, que não lhe era lícito comer, nem a seus companheiros, mas somente aos sacerdotes?
5 ထို့ပြင် ရဟန်းတို့သည် ဗိမာန် တော်၌ ဥပုသ်ကို ချိုးဖောက်သော်လည်း အပြစ်မသင့် ကြောင်းကို ပညတ်တရားကျမ်း၌ သင်တို့ မဖတ်ဖူးကြသလော။-
5 Ou não lestes na lei que, aos sábados, os sacerdotes no templo violam o sábado, e ficam sem culpa?
6 သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက် ကြီးမြတ်သောအရာသည် ဤနေရာ၌ ရှိသတည်း။-
6 Digo-vos, porém, que aqui está o que é maior do que o templo.
7 ငါ အလိုရှိသည်ကား ကရုဏာသနားခြင်းဖြစ်၏၊ ယဇ်ပူဇော် ခြင်းမဟုတ်ဟူသောစကားကို နားလည်ကြလျှင် သင်တို့ သည် အပြစ်ကင်းသောသူတို့ကို အပြစ်စီရင်ကြလိမ့်မည် မဟုတ်။-
7 Mas, se vós soubésseis o que significa: Misericórdia quero, e não sacrifícios, não condenaríeis os inocentes.
8 အကြောင်းမူကား လူသားသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
8 Porque o Filho do homem até do sábado é o Senhor.
9 ကိုယ်တော်သည် ထိုအရပ်မှကြွတော်မူ၍ သူတို့၏ တရားဇရပ်သို့ ဝင်တော်မူ၏။-
9 Partindo dali, entrou Jesus na sinagoga deles.
10 ထိုနေရာ၌ လက်တစ်ဖက် သေသောသူတစ်ယောက်ရှိ၏။ သူတို့သည် ကိုယ်တော့် ကို အပြစ်တင်စွပ်စွဲလိုကြသောကြောင့် ဥပုသ်နေ့၌ ရောဂါ ကို ပျောက်ကင်းစေအပ်သလောဟု မေးလျှောက်ကြလေ ၏။-
10 E eis que estava ali um homem que tinha uma das mãos atrofiadas; e eles, para poderem acusar a Jesus, o interrogaram, dizendo: É lícito curar nos sábados?
11 ကိုယ်တော်ကလည်း သင်တို့တွင် မည်သူသည် မိမိ ၌ သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲ သို့ကျခဲ့လျှင် ဆွဲမတင်ဘဲနေမည်နည်း။-
11 E ele lhes disse: Qual dentre vós será o homem que, tendo uma só ovelha, se num sábado ela cair numa cova, não há de lançar mão dela, e tirá-la?
12 လူသည် သိုးတစ်ကောင်ထက် များစွာအဖိုးထိုက်သည်မဟုတ်လော။ သို့ဖြစ်၍ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်ပေ၏ဟု မိန့်တော်မူ၏။-
12 Ora, quanto mais vale um homem do que uma ovelha! Portanto, é lícito fazer bem nos sábados.
13 ထို့နောက် ကိုယ်တော်သည် ထိုသူအား သင်၏လက်ကိုဆန့်လော့ဟု မိန့်တော်မူလျှင် ထိုသူ သည် မိမိ၏လက်ကိုဆန့်လိုက်ရာ ထိုလက်သည် အခြား လက်တစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်သွားလေ ၏။-
13 Então disse àquele homem: estende a tua mão. E ele a estendeu, e lhe foi restituída sã como a outra.
14 ဖာရီဇေးဦးတို့သည်လည်း ထွက်သွားကြ၍ ကိုယ် တော့်ကို မည်ကဲ့သို့လုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင် ကြ၏။
14 Os fariseus, porém, saindo dali, tomaram conselho contra ele, para o matarem.
15 ယေဇူးသည်ကား ဤအကြောင်းကိုသိသောအခါ ထိုအရပ်မှ ထွက်ခွာသွားတော်မူ၏။ များစွာသောလူ တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ် တော်သည် ထိုသူတို့၌ရှိသမျှသောရောဂါဝေဒနာများကို ပျောက်ကင်းစေတော်မူ၍၊-
15 Jesus, percebendo isso, retirou-se dali. Acompanharam-no muitos; e ele curou a todos,
16 မိမိ၏သတင်းတော်ကို မပျံ့နှံ့ စေရန် သူတို့အား မိန့်မှာတော်မူ၏။-
16 e advertiu-lhes que não o dessem a conhecer;
17 ဤအကြောင်းအရာ သည်ကား ပရောဖက်အီဇာယ၏ဟောထားချက်ပြည့်စုံ စေမည့်အကြောင်းတည်း။-
17 para que se cumprisse o que foi dito pelo profeta Isaías:
18 ဟောထားချက်သည်ကား ငါရွေးကောက်သော ငါ၏အစေခံ၊ ငါအလွန်နှစ်သက်၍ ချစ်မြတ်နိုးရသောသူကို ကြည့်လော့။ သူ့အပေါ် ၌ ငါ၏ ဝိညာဉ်တော်ကို သက်ရောက်စေသဖြင့် သူသည် တရား စီရင်တော်မူခြင်းအကြောင်းကို လူမျိုးခြားတို့အား ဟော ကြားလိမ့်မည်။-
18 Eis aqui o meu servo que escolhi, o meu amado em quem a minha alma se compraz; porei sobre ele o meu espírito, e ele anunciará aos gentios o juízo.
19 သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်း တို့ကိုပြုလိမ့်မည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမ များ၌ မည်သူမျှကြားရ လိမ့်မည် မဟုတ်။-
19 Não contenderá, nem clamará, nem se ouvirá pelas ruas a sua voz.
20 သူသည် တရား မျှတမှုစိုးမိုးလာသည့်တိုင်အောင် ကြေနေသည့်ကျူပင် ကို မချိုး၊ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်း သတ်လိမ့်မည်မဟုတ်။-
20 Não esmagará a cana quebrada, e não apagará o morrão que fumega, até que faça triunfar o juízo;
21 လူမျိုးခြားတို့သည်လည်း သူ၏ နာမတော်၌ မျှော်လင့်အားထားကြလိမ့်မည်ဟူ၍ လာ သတည်း။
21 e no seu nome os gentios esperarão.
22 ထိုအခါ နတ်ဆိုးစီးခြင်းခံရသောကြောင့် ဆွံ့အ၍ မျက်စိမမြင်သောသူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင် ကိုယ်တော်သည် သူ့ကို ကုသပျောက် ကင်းစေတော်မူသဖြင့် ဆွံ့အသောသူသည် စကားပြော ကာ မျက်စိလည်းမြင်လေ၏။-
22 Trouxeram-lhe então um endemoninhado cego e mudo; e ele o curou, de modo que o mudo falava e via.
23 လူအပေါင်းတို့သည် လည်း အံ့အားသင့်ကြ၍ ဤသူသည် ဒါဝိဒ်၏သားဖြစ်နိုင် ပါသလောဟုမေးကြ၏။-
23 E toda a multidão, maravilhada, dizia: É este, porventura, o Filho de Davi?
24 သို့သော် ဖာရီဇေးဦးတို့သည် ထိုအကြောင်းကိုကြားကြလျှင် ဤသူသည် နတ်ဆိုးတို့ ၏အကြီးအကဲ ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းဖြစ်သည်ဟု ဆိုကြ၏။-
24 Mas os fariseus, ouvindo isto, disseram: Este não expulsa os demônios senão por Belzebu, príncipe dos demônios.
25 ကိုယ်တော်သည် သူတို့၏စိတ်ထဲမှအတွေးကို သိတော်မူသောကြောင့် သူတို့အား မိန့်တော်မူသည်မှာ မည်သည့်တိုင်းနိုင်ငံတွင် မဆို အချင်းချင်းဆန့်ကျင်ကွဲပြားကြလျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ ကွဲပြားလျက်ရှိသော မြို့၊ သို့မဟုတ် အိမ်ထောင်စုသည်လည်း မတည်တံ့နိုင်ရာ။-
25 Jesus, porém, conhecendo-lhes os pensamentos, disse-lhes: Todo reino dividido contra si mesmo é devastado; e toda cidade, ou casa, dividida contra si mesma não subsistirá.
26 နတ်ဆိုးသည်လည်း နတ်ဆိုးကို နှင်ထုတ်သည်မှန်လျှင် သူသည် မိမိကိုယ်ကိုဆန့်ကျင်၍ ကွဲပြားခြင်းဖြစ်သော ကြောင့် သူ၏နိုင်ငံသည် မည်သို့တည်တံ့နိုင်မည်နည်း။-
26 Ora, se Satanás expulsa a Satanás, está dividido contra si mesmo; como subsistirá, pois, o seus reino?
27 အကယ်၍ ငါသည် ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုး တို့ကို နှင်ထုတ်သည်မှန်လျှင် သင်တို့၏သားတို့သည် မည်သူ့က ိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို စီရင်ဆုံးဖြတ်ပေးသော သူများဖြစ်ကြလိမ့်မည်။-
27 E, se eu expulso os demônios por Belzebu, por quem os expulsam os vossos filhos? Por isso, eles mesmos serão os vossos juízes.
28 သို့သော် ငါသည် ဘုရားသခင် ၏ဝိညာဉ်တော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အပေါ် ၌ ရောက် လေပြီ။
28 Mas, se é pelo Espírito de Deus que eu expulso os demônios, logo é chegado a vós o reino de Deus.
29 မည်သူသည် ခွန်အားကြီးသူကို ဦးစွာမချည်နှောင် ဘဲ ထိုသူ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကို လုယူနိုင်ပါ မည်နည်း။ ထိုသူ့ကိုချည်နှောင်ပြီးမှသာလျှင် သူသည် ထို သူ၏အိမ်ကို လုယက်နိုင်မည်ဖြစ်၏။
29 Ou, como pode alguém entrar na casa do valente, e roubar-lhe os bens, se primeiro não amarrar o valente? e então lhe saquear a casa.
30 ငါနှင့်အတူမရှိသောသူသည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ငါနှင့်အတူမစုစည်းသောသူသည် ကွဲလွင့်စေ သောသူဖြစ်၏။
30 Quem não é comigo é contra mim; e quem comigo não ajunta, espalha.
31 ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား အပြစ်ဟူ သမျှနှင့် ဘုရားသခင်ကို ထိခိုက်စော်ကားမှုများအားလုံး အတွက် လူတို့သည် ခွင့်လွှတ်ခြင်းခံကြရလိမ့်မည်။ သို့ သော် ဝိညာဉ်တော်ကို ထိခိုက်သောအပြစ်သည်ကား ခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။-
31 Portanto vos digo: Todo pecado e blasfêmia se perdoará aos homens; mas a blasfêmia contra o Espírito não será perdoada.
32 ထို့အတူ လူသားကို ထိခိုက်စကားပြောဆိုသောသူ မည်သူမဆို ခွင့်လွှတ် ခြင်းခံရလိမ့်မည်။ သို့သော် ဝိညာဉ်တော်မြတ်အား ထိ ခိုက်ပြောဆိုသောသူ မည်သူမျှ ယခုဘ၀၌သော်လည်း ကောင်း၊ နောင်ဘ၀၌သော်လည်းကောင်း ခွင့်လွှတ်ခြင်း ခံရလိမ့်မည်မဟုတ်။
32 Se alguém disser alguma palavra contra o Filho do homem, isso lhe será perdoado; mas se alguém falar contra o Espírito Santo, não lhe será perdoado, nem neste mundo, nem no vindouro.
33 အပင်ကို ကောင်းအောင်ပြုစုလျှင် ၎င်း၏အသီး သည် ကောင်းလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ အပင်ကို မကောင်းအောင်ပြုလုပ်ပါက ၎င်း၏အသီးသည် ကောင်း လိမ့်မည်မဟုတ်။ အကြောင်းမူကား အသီးကိုကြည့်ခြင်း အားဖြင့် အပင်ကိုသိရ၏။-
33 Ou fazei a árvore boa, e o seu fruto bom; ou fazei a árvore má, e o seu fruto mau; porque pelo fruto se conhece a árvore.
34 အချင်း မြွေဆိုးအမျိုးတို့၊ သင် တို့သည် ဆိုးယုတ်သူများဖြစ်လျက် ကောင်းသောစကား ကို မည်သို့ပြောနိုင်ကြသနည်း။ အကြောင်းမူကား စိတ် နှလုံး၌ ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ် ၏။-
34 Raça de víboras! como podeis vós falar coisas boas, sendo maus? pois do que há em abundância no coração, disso fala a boca.
35 ကောင်းမြတ်သောသူသည် မိမိ၏ကောင်းသော ဘဏ္ဍာထဲမှ ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ ဆိုးယုတ်သော သူသည်လည်း မိမိ၏ဆိုးယုတ်သော ဘဏ္ဍာထဲမှ ဆိုးယုတ်သောအရာကို ထုတ်ဖော်တတ်၏။-
35 O homem bom, do seu bom tesouro tira coisas boas, e o homem mau do mau tesouro tira coisas más.
36 သင်တို့အား ငါဆိုသည်ကား တရားစီရင်တော်မူ သောနေ့၌ လူတို့သည် မိမိတို့သတိလက်လွတ်ပြောဆို မိသမျှစကားလုံး တိုင်းအတွက် စီရင်ခြင်းခံရလိမ့်မည်။-
36 Digo-vos, pois, que de toda palavra fútil que os homens disserem, hão de dar conta no dia do juízo.
37 အကြောင်းမူကား သင်တို့၏စကားများနှင့်အညီ သင်တို့သည် ဖြောင့်မတ်ခြင်းသို့ရောက်ကြရလိမ့်မည်။ ထို့အတူ သင်တို့၏ စကားများနှင့်အညီ သင်တို့သည် အပြစ်စီရင် ခြင်းကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
37 Porque pelas tuas palavras serás justificado, e pelas tuas palavras serás condenado.
38 ထို့နောက် အချို့သောကျမ်းတတ်ဆရာများနှင့် ဖာရီ ဇေးဦးတို့က ဆရာသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့် ထံမှ နိမိတ်လက္ခဏာတစ်ခုကို မြင်လိုပါသည်ဟု လျှောက် ကြ၏။-
38 Então alguns dos escribas e dos fariseus, tomando a palavra, disseram: Mestre, queremos ver da tua parte algum sinal.
39 သို့ရာတွင် ကိုယ်တော်က သူတို့အား ပြန်ပြော တော်မူသည်မှာ ဆိုးညစ်၍ ဖောက်ပြန်သောလူမျိုးဆက် သည် နိမိတ်လက္ခဏာ ကိုတောင်းတတ်၏။ သို့သော် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့် လက္ခဏာကိုမျှ သူတို့အား ပေးမည်မဟုတ်။-
39 Mas ele lhes respondeu: Uma geração má e adúltera pede um sinal; e nenhum sinal se lhe dará, senão o do profeta Jonas;
40 အကြောင်း မူကား ယောနသည် ဝေလငါး၏ဝမ်းထဲ၌ သုံးနေ့နှင့် သုံး ညနေခဲ့ရသကဲ့သို့ လူသားသည်လည်း မြေကြီးအတွင်း ၌ သုံးနေ့နှင့် သုံးညနေလိမ့်မည်။-
40 pois, como Jonas esteve três dias e três noites no ventre do grande peixe, assim estará o Filho do homem três dias e três noites no seio da terra.
41 တရားစီရင်တော်မူ သောနေ့၌ နီးနေဝေမြို့သားတို့သည် ဤလူမျိုးဆက်နှင့် တရားပြိုင်ပြုကာ သူတို့ကို ပြစ်တင်ရှုတ်ချ ကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက် ၌ နောင်တတရားရခဲ့ကြသောကြောင့်ဖြစ်၏။ ဤနေရာ ၌မူကား ယောနထက် သာ၍ကြီးမြတ်သောသူရှိ၏။-
41 Os ninivitas se levantarão no juízo com esta geração, e a condenarão; porque se arrependeram com a pregação de Jonas. E eis aqui quem é maior do que Jonas.
42 တရားစီရင်တော်မူသောနေ့၌ တောင်ဘက်တိုင်းပြည်၏ ဘုရင်မသည် ဤလူမျိုးဆက်နှင့် တရားပြိုင်ပြုကာ သူတို့ ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ အကြောင်းမူကား သူမသည် ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကို ကြားသိခြင်းငှာ ကမ္ဘာ၏ဝေးလ ံသောအရပ်မှ လာရောက်ခဲ့၏။ ဤ နေရာ၌မူကား ဆောလမွန်မင်းကြီးထက် သာ၍ကြီးမြတ် သောသူရှိ၏။
42 A rainha do sul se levantará no juízo com esta geração, e a condenará; porque veio dos confins da terra para ouvir a sabedoria de Salomão. E eis aqui quem é maior do que Salomão.
43 ညစ်ညူးသောနတ်ဆိုးသည် လူတစ်ဦးထံမှ ထွက် ခွာသွားသောအခါ ခြောက်သွေ့သောလွင်ပြင်များတွင် လှည့်လည်၍ နားခိုရန်နေရာရှာသော်လည်း မတွေ့ဘဲရှိ ၏။-
43 Ora, havendo o espírito imundo saído do homem, anda por lugares áridos, buscando repouso, e não o encontra.
44 ထိုအခါ နတ်ဆိုးက ငါထွက်လာခဲ့သော ငါ၏အိမ် သို့ပြန်မည်ဟုဆို၍ ပြန်သွားရာ ထိုအိမ်သည် လစ်လပ် ပြီး လှဲကျင်းထား၍ သပ်ရပ်လျက်ရှိသည်ကိုတွေ့ရ၏။-
44 Então diz: Voltarei para minha casa, donde saí. E, chegando, acha-a desocupada, varrida e adornada.
45 ထိုအခါ သူသည် မိမိထက်ညစ်ညူးသော အခြားနတ်ဆိုး ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်ခဲ့ပြီးလျှင် ထိုလူ ၌ဝင်နေကြ သဖြင့် ထိုလူ၏နောက်အဖြစ်သည် ယခင်က အဖြစ်ထက် ပို၍ဆိုးလေ၏။ ဤဆိုးညစ်သောလူမျိုး ဆက်၌လည်း ထိုနည်းတူဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။
45 Então vai e leva consigo outros sete espíritos piores do que ele e, entretanto, habitam ali; e o último estado desse homem vem a ser pior do que o primeiro. Assim há de acontecer também a esta geração perversa.
46 ကိုယ်တော်သည် လူအစုအဝေးကို ဟောပြောနေ တော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့ သည် ကိုယ်တော်နှင့် စကားပြောလို၍ အပြင်တွင် ရပ်နေကြ၏။-
46 Enquanto ele ainda falava às multidões, estavam do lado de fora sua mãe e seus irmãos, procurando falar-lhe.
47 ထိုအခါ လူတစ်ဦးက ကိုယ်တော်၏မယ်တော် နှင့် ညီအစ်ကိုတို့သည် ကိုယ်တော်နှင့် စကားပြောလို၍ အပြင်ဘက်၌ ရပ်နေကြပါ သည်ဟုလျှောက်လေ၏။-
47 Disse-lhe alguém: Eis que estão ali fora tua mãe e teus irmãos, e procuram falar contigo.
48 သို့ သော် ကိုယ်တော်က ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများကား မည်သူတို့နည်းဟု မိမိအား ပြောသောသူကို မေးတော် မူပြီးလျှင်၊-
48 Ele, porém, respondeu ao que lhe falava: Quem é minha mãe? e quem são meus irmãos?
49 တပည့်တော်များဘက်သို့ မိမိ၏လက်တော် ကိုဆန့်တန်းလျက် ဤသူတို့ကား ငါ၏အမိနှင့် ငါ့ညီ အစ်ကိုများပေတည်း။-
49 E, estendendo a mão para os seus discípulos disse: Eis aqui minha mãe e meus irmãos.
50 အကြောင်းမူကား ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူဟူသမျှသည် ငါ၏ ညီအစ်ကို၊ ငါ၏ နှမနှင့် ငါ၏အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။
50 Pois qualquer que fizer a vontade de meu Pai que está nos céus, esse é meu irmão, irmã e mãe.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.