Mateus 11
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ယေဇူးသည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား သွန်သင်မိန့်မှာတော်မူပြီးသောအခါ သူတို့ ၏မြို့များတွင် ဟောပြောသွန်သင် ခြင်းငှာ ထိုအရပ်မှ ကြွ သွားတော်မူ၏။
1 Quando Jesus acabou de dar estas instruções a seus doze discípulos, saiu dali para ir ensinar e pregar nas cidades deles.
2 ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှု အရာတို့ကို ထောင်တွင်းမှကြားရသောအခါ မိမိတပည့် တို့ဖြင့် စကားပါး၍၊
2 Quando João, no cárcere, ouviu falar das obras de Cristo, mandou que seus discípulos fossem perguntar:
3 ကိုယ်တော်သည် ကြွလာတော်မူ မည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြား သူတစ်ဦးကိုစောင့်မျှော် ရမည်လော ဟု ကိုယ်တော်အား မေးလျှောက်လေ၏။
3 — Você é aquele que estava para vir ou devemos esperar outro?
4 ထိုအခါ ယေဇူးက ထိုသူတို့အား သင်တို့မြင်ရကြားရသမျှကို ယောဟန်ထံသွား၍ ပြော ကြားကြလော့။
4 Então Jesus lhes respondeu:
5 မျက်မမြင်တို့သည် မျက်စိပြန်မြင်ကြ ရ၏။ ခြေမသန်စွမ်းသောသူတို့သည် လျှောက်လှမ်းနိုင် ကြ၏။ အနာကြီးရောဂါသည် တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ နားမကြားသောသူတို့သည် နားကြား ကြ၏။ သေသောသူတို့သည် အသက်ပြန်ရှင်လာကြ ၏။ ဆင်းရဲသောသူတို့သည်လည်း ဧဝံဂေလိသတင်း ကောင်းကို ကြားနာကြရ၏။
5 os cegos veem, os coxos andam, os leprosos são purificados, os surdos ouvem, os mortos são ressuscitados e aos pobres está sendo pregado o evangelho.
6 ငါ့၌ စိတ်ပျက်ခြင်းမရှိသော သူသည် မင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
6 E bem-aventurado é aquele que não achar em mim motivo de tropeço.
7 ထိုသူတို့ထွက်သွားကြလျှင် ယေဇူးသည် ယော ဟန်ကိုအကြောင်းပြု၍ လူပရိသတ်တို့အား မိန့်တော်မူ သည်မှာ သင်တို့သည် အဘယ်အရာကိုကြည့်အံ့သော ငှာ တောအရပ်သို့သွားကြသနည်း။ လေတိုက်၍ လှုပ် ရှားသောကျူပင်ကိုလော။
7 Quando os discípulos de João foram embora, Jesus começou a dizer ao povo a respeito de João:
8 ထိုသို့မဟုတ်လျှင် သင် တို့သည် အဘယ်ကြောင့်သွားကြသနည်း။ ဝတ်ကောင်း စားလှဆင်မြန်းထားသောသူအား တွေ့ရန်လော။ ကြည့် လော့၊ ဝတ်ကောင်းစားလှဆင်မြန်းသူတို့သည် ဘုရင်တို့ ၏နန်းတော်များတွင် နေတတ်ကြ၏။
8 O que vocês foram ver? Um homem vestido de roupas finas? Os que vestem roupas finas moram nos palácios reais.
9 ထိုသို့ဖြစ်လျှင် အဘယ်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြ သနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ပရောဖက်ထက်ပင် ကြီးမြတ်သောသူ ဖြစ်၏။
9 Sim, o que foram ver? Um profeta? Sim, eu lhes digo, e muito mais do que um profeta.
10 ကြည့်လော့၊ သင်သွားရာလမ်းကို ပြင်ဆင်အံ့ သောငှာ ငါ၏တမန်ကို သင်၏အရှေ့၌ ငါစေလွှတ်မည် ဟူသောရေးထား ချက် သည် ဤသူကိုပင် ဆိုလိုခြင်းဖြစ် သတည်း။
10 Este é aquele de quem está escrito:
11 သင်တို့အား ငါအမှန်ဆိုသည်ကား မိန်းမ တို့မှဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ကြီးမြတ်သောသူ မပေါ်ထွန်းသေး။ သို့သော် ကောင်း ကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် သာ၍ ကြီးမြတ်၏။
11 — Em verdade lhes digo: entre os nascidos de mulher, não apareceu ninguém maior do que João Batista; mas o menor no Reino dos Céus é maior do que ele.
12 ယောဟန်ဘတ္တိဇံ၏လက်ထက်မှ စ၍ ယနေ့တိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အကြမ်းဖက်တိုက်ခိုက်ခြင်းကိုခံရ၏။ ရက်စက်ကြမ်း တမ်းသူတို့သည် နိုင်ငံတော်ကိုအဓမ္မရယူကြလေ၏။
12 Desde os dias de João Batista até agora, o Reino dos Céus sofre violência, e os que usam de força se apoderam dele.
13 အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့် အချိန်တိုင်အောင် ပရောဖက်ကျမ်းနှင့် ပညတ်တရား ကျမ်းတို့သည် ကြိုတင်ဟောကြားထားခဲ့ကြ၏။
13 Porque todos os Profetas e a Lei profetizaram até João.
14 သင် တို့သည် ထိုဟောကြားချက်ကို လက်ခံကြမည်ဆိုပါလျှင် ဤသူသည်ကား ကြွလာလတ္တံ့သော ဧလိယပင်ဖြစ်သ တည်း။
14 E, se vocês o querem reconhecer, ele mesmo é Elias, que estava para vir.
15 ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေ။
15 Quem tem ouvidos para ouvir, ouça.
16 သို့သော် ငါသည် ဤလူမျိုးဆက်ကို မည်သည့် အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် ဈေးအလယ် ၌ ထိုင်နေသော ကလေး သူငယ်များနှင့်တူ၏။ ထိုသူငယ် တို့သည် မိမိတို့၏ကစားဖော်များအား ဟစ်အော်ပြော ဆိုကြသည်ကား၊
16 — Mas a que compararei esta geração? É semelhante a meninos que, sentados nas praças, gritam aos companheiros:
17 ငါတို့သည် သင်တို့အတွက် တီးမှုတ် ကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ငိုချင်းချ သော်လည်း သင်တို့မငိုကြွေးကြဟူ၍ဖြစ်၏။
17 “Nós tocamos flauta,
18 အကြောင်း မူကား ယောဟန်သည် စားသောက်ခြင်းမပြုဘဲလာသော အခါ ထိုသူတို့က ဤသူ၌ နတ်ဆိုးစီးနေသည်ဟုဆိုကြ ၏။
18 — Pois veio João, que não comia nem bebia, e as pessoas dizem: “Ele tem demônio!”
19 လူသားသည် စားသောက်လျက်လာသောအခါ ထိုသူတို့က ကြည့်လော့၊ ဤသူသည် အစားအသောက် ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူ တို့၏မိတ်ဆွေဖြစ်သည်ဟု ဆိုကြ၏။ သို့သော် ဉာဏ်ပညာသည်ကား ယင်း၏လုပ်ဆောင် ချက်များအားဖြင့် တရားမျှတကြောင်းကိုပြလိမ့်မည်ဟု မိန့်တော်မူ၏။
19 Veio o Filho do Homem, comendo e bebendo, e as pessoas dizem: “Eis aí um glutão e bebedor de vinho, amigo de publicanos e pecadores!” Mas a sabedoria é justificada por suas obras.
20 ထို့နောက် ကိုယ်တော်သည် မိမိ၏အံ့ဖွယ်တန်ခိုး အများစုကို ပြုလုပ်တော်မူခဲ့သောမြို့တို့မှာ နောင်တမရကြ သောကြောင့် ထိုမြို့တို့ကို စတင်အပြစ်တင်တော်မူ၏။-
20 Então Jesus começou a repreender as cidades nas quais ele tinha feito muitos milagres, pelo fato de não terem se arrependido:
21 ကိုယ်တော်က ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဘက်ဇိုင်းဒါမြို့၊ သင်သည်လည်း အမင်္ဂလာရှိ၏။ အဘယ် ကြောင့်ဆိုသော် သင်တို့တွင် ပြုလုပ်ခဲ့သောတန်ခိုးလက္ခ ဏာများကို တီရာနှင့် စီဒွန်မြို့တို့၌ ပြုလုပ်ခဲ့ပါမူ သူတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာနှင့်လူးလျက် ကြာမြင့်စွာ ကပင် နောင်တရခဲ့ကြပေလိမ့်မည်။-
21 — Ai de você, Corazim! Ai de você, Betsaida! Porque, se em Tiro e em Sidom se tivessem operado os milagres que foram feitos em vocês, há muito que elas teriam se arrependido com pano de saco e cinza.
22 သို့ရာတွင် သင်တို့ အား ငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ တီရာနှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ သက်သာရာရ ကြ လိမ့်မည်။-
22 Mas eu digo a vocês que, no Dia do Juízo, haverá menos rigor para Tiro e Sidom do que para vocês.
23 အသင်ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်း ကင်တိုင်အောင် မြှောက်စားခြင်းခံရလိမ့်မည်လော။ သင် သည် ငရဲသို့တိုင်အောင် ချထားခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်၌ပြသောတန်ခိုးလက္ခဏာတို့ကို ဆောဒိုမာမြို့ ၌ ပြခဲ့ပါမူ ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိနေပေလိမ့်မည်။-
23 — E você, Cafarnaum, pensa que será elevada até o céu? Será jogada no inferno! Porque, se em Sodoma se tivessem operado os milagres que foram feitos em você, ela teria permanecido até o dia de hoje.
24 သို့သော် သင့်အား ငါဆိုသည် ကား တရားစီရင်တော်မူသောနေ့၌ ဆောဒိုမာမြို့သည် သင့်ထက် ပို၍သက်သာရာရလိမ့်မည်ဟု မိန့်တော်မူ၏။
24 Mas eu digo a vocês que, no Dia do Juízo, haverá menos rigor para a terra de Sodoma do que para você.
25 ထိုအချိန်ကာလ၌ ယေဇူးမိန့်တော်မူသည်ကား ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသော အဖ၊ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများ ကိုထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော် ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏။-
25 Por aquele tempo, Jesus exclamou:
26 မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏မြတ်သော အလိုတော်ပေတည်းဟုဆိုပြီးမှ၊-
26 Sim, ó Pai, porque assim foi do teu agrado.
27 ငါ၏ခမည်းတော်သည် ခပ်သိမ်းသော အရာတို့ကို ငါ့အား လွှဲအပ်တော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူကမျှ သားတော်က ိုမသိ၊ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြ လိုသောသူများမှတစ်ပါး အခြားမည်သူမျှမသိ။
27 Tudo me foi entregue por meu Pai. Ninguém conhece o Filho, a não ser o Pai; e ninguém conhece o Pai, a não ser o Filho e aquele a quem o Filho o quiser revelar.
28 ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။-
28 — Venham a mim todos vocês que estão cansados e sobrecarregados, e eu os aliviarei.
29 ငါ၏ထမ်းပိုးကိုယူ၍ ထမ်းလျက် ငါ့ထံမှ သင်ယူကြ လော့။ အကြောင်းမူကား ငါသည် သိမ်မွေ့ ၍ နှိမ့်ချသော စိတ်နှလုံးရှိ၏။ သင်တို့၏စိတ်ဝိညာဉ်သည်လည်း သက် သာရာရလိမ့်မည်။-
29 Tomem sobre vocês o meu jugo e aprendam de mim, porque sou manso e humilde de coração; e vocês acharão descanso para a sua alma.
30 အကြောင်းမူကား ငါ၏ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ၏ဝန်သည်လည်း ပေါ့၏ဟု မိန့်တော်မူ၏။
30 Porque o meu jugo é suave, e o meu fardo é leve.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.