Marcos 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ထို့နောက် ကိုယ်တော်က ဤနေရာတွင် ရပ်နေ ကြသောသူအချို့တို့မူကား ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးအာဏာ နှင့် ရောက်လာသည်ကို မမြင် ရမီ သေခြင်းကို မမြည်းစမ်း ရဟု သူတို့အား မိန့်တော်မူ၏။
1 E dizia-lhes: Em verdade vos digo: dos que aqui se acham, alguns há que não experimentarão a morte, enquanto não virem chegar o Reino de Deus com poder.
2 ခြောက်ရက်လွန်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်ပေါ်သို့ အခြားသူများမပါဘဲ ခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ရှေ့၌ပင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူလေ၏။-
2 Seis dias depois, Jesus tomou consigo a Pedro, Tiago e João, e conduziu-os a sós a um alto monte. E
3 ကိုယ်တော်၏အဝတ်တော်တို့သည် ထွန်းလင်းတောက်ပ၍ အလွန်ဖြူဖွေးလာ၏။ ဤကဲ့သို့ ဖြူစေခြင်းငှာ ကမ္ဘာမြေကြီး ပေါ်ရှိ မည်သည့်ခဝါသည်မျှ မတတ်နိုင်ချေ။-
3 transfigurou-se diante deles. Suas vestes tornaram-se resplandecentes e de uma brancura tal, que nenhum lavadeiro sobre a terra as pode fazer assim tão brancas.
4 ထိုခဏ၌ ဧလိယသည် မိုးဇက်နှင့်အတူ တပည့်တော်တို့၏ရှေ့တွင်ပေါ်လာ၍ သူတို့သည် ယေဇူးနှင့် စကားပြောဆိုကြ လေ၏။-
4 Apareceram-lhes Elias e Moisés, e falavam com Jesus.
5 ထိုအခါ ပေတရုက ဆရာသခင်၊ ဤအရပ်သည် အကျွန်ုပ်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော့်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်ဆောက်ကြပါစို့ဟု ယေဇူးအား လျှောက် ထားလေ၏။-
5 Pedro tomou a palavra: Mestre, é bom para nós estarmos aqui; faremos três tendas: uma para ti, outra para Moisés e outra para Elias.
6 အကြောင်းမူကား သူတို့သည် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် သူသည် မည် သည့်အရာကို ပြောမှန်းမသိ ချေ။-
6 Com efeito, não sabia o que falava, porque estavam sobremaneira atemorizados.
7 ထိုအခါ မိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤ သူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။ သူ့ကို နာခံကြလော့ဟူ၍ဖြစ်သတည်း။-
7 Formou-se então uma nuvem que os encobriu com a sua sombra; e da nuvem veio uma voz: Este é o meu Filho muito amado; ouvi-o.
8 သူတို့သည် ရုတ်တရက် မိမိတို့ပတ်လည်သို့ လှည့်ကြည့်ကြ သောအခါ ယေဇူးမှလွဲ၍ အခြားမည်သူ့ကိုမျှ မိမိတို့နှင့် အတူ မတွေ့ ကြတော့ချေ။
8 E olhando eles logo em derredor, já não viram ninguém, senão só a Jesus com eles.
9 သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ကိုယ်တော်က လူသားသည် သေခြင်းမှရှင်ပြန်ထမြောက် ပြီးသည်အထိ ယခုသူတို့မြင်ခဲ့သောအရာများကို မည်သူ့ကိုမျှမပြောကြားရန် သူတို့အား တားမြစ်တော်မူ၏။-
9 Ao descerem do monte, proibiu-lhes Jesus que contassem a quem quer que fosse o que tinham visto, até que o Filho do homem houvesse ressurgido dos mortos.
10 ထို့ကြောင့် သူတို့သည် ဤအကြောင်းကို မိမိတို့၏စိတ် အတွင်း၌သာထား၍ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဆို သည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်း ပြောဆိုမေးမြန်းကြ၏။-
10 E guardaram esta recomendação consigo, perguntando entre si o que significaria: Ser ressuscitado dentre os mortos.
11 ထို့နောက် သူတို့က သို့ဖြစ်လျှင် ဧလိယသည် ရှေးဦးစွာကြွလာမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုကြပါ သနည်းဟု ကိုယ်တော် အားမေးလျှောက်ကြ၏။-
11 Depois lhe perguntaram: Por que dizem os fariseus e os escribas que primeiro deve voltar Elias?
12 ကိုယ်တော်က သူတို့အား ပြန်ပြောတော်မူသည်မှာ ဧလိယသည် ရှေးဦးစွာလာ၍ ခပ်သိမ်းသောအရာတို့ကို ပြန်လည်တည် ထောင်ရမည်မှန်၏။ သို့ရာတွင် လူသားသည် များစွာသောဒုက္ခဝေဒနာများ ကိုခံရမည့်အကြောင်းနှင့် မထီမဲ့မြင်ပြုခြင်းကို ခံရမည့် အကြောင်း ကျမ်းစာတော်မြတ်တွင် အဘယ်ကြောင့်ရေးထားသနည်း။-
12 Respondeu-lhes: Elias deve voltar primeiro e restabelecer tudo em ordem. Como então está escrito acerca do Filho do homem que deve padecer muito e ser desprezado?
13 သင်တို့အား ငါဆိုသည်ကား ဧလိယသည် ကြွလာခဲ့လေပြီ။ ကျမ်းစာတော်မြတ်တွင် သူ့အကြောင်းကို ရေးထားသည့် အတိုင်း လူတို့သည် သူ့ကို ပြုလိုရာပြုခဲ့ ကြပြီဟု မိန့်တော်မူ၏။
13 Mas digo-vos que também Elias já voltou e fizeram-lhe sofrer tudo quanto quiseram, como está escrito dele.
14 သူတို့သည် တပည့်တော်တို့ရှိရာသို့ ရောက်ကြ သောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ ရောက်ရှိနေသည်ကို လည်းကောင်း၊ ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့် ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်းကောင် တွေ့ကြ၏။-
14 Depois, aproximando-se dos discípulos, viu ao redor deles grande multidão, e os escribas a discutir com eles.
15 လူအပေါင်းတို့သည် ကိုယ်တော်ကိုတွေ့ ကြသည်နှင့်တစ်ပြိုင်နက် အလွန်အံ့ဩကြ လျက် အထံတော်သို့ပြေးလာကြ၍ ကိုယ်တော့်ကို နှုတ်ဆက်ကြလေ၏။-
15 Todo aquele povo, vendo de surpresa Jesus, acorreu a ele para saudá-lo.
16 ကိုယ်တော်ကလည်း သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
16 Ele lhes perguntou: Que estais discutindo com eles?
17 လူအစုအဝေး ထဲမှတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်၏သားသည် ဆွံ့အစေသောနတ်ဆိုးပူးနေသောကြောင့် သူ့ကို ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။-
17 Respondeu um homem dentre a multidão: Mestre, eu te trouxe meu filho, que tem um espírito mudo.
18 နတ်ဆိုးပူးသော အခါတိုင်း ၎င်းသည် သူ့ကို မြေပေါ်သို့ပစ်ချ၍ သူသည် ပါးစပ်မှ အမြှုပ်များထွက်လာလျက် အံသွားများ ကြိတ်ပြီး ခန္ဓာကိုယ်လည်း တောင့်လာပါသည်။ ထိုနတ်ဆိုးကို နှင် ထုတ်ပေးရန် ကိုယ်တော်၏တပည့်များအား အကျွန်ုပ် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ ဟုလျှောက်လေ၏။-
18 Este, onde quer que o apanhe, lança-o por terra e ele espuma, range os dentes e fica endurecido. Roguei a teus discípulos que o expelissem, mas não o puderam.
19 ကိုယ်တော်ကလည်း အိုယုံကြည် ခြင်းကင်းမဲ့သောလူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှ ကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့ကို ငါသည်းခံရမည်နည်း။ သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
19 Respondeu-lhes Jesus: Ó geração incrédula, até quando estarei convosco? Até quando vos hei de aturar? Trazei-mo cá!
20 ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ နတ်ဆိုးသည် ကိုယ် တော့်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို ပြင်းထန်စွာလှုပ်ခါ သဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက် ပါးစပ်မှအမြှုပ်များထွက်နေလေ၏။-
20 Eles lho trouxeram. Assim que o menino avistou Jesus, o espírito o agitou fortemente. Caiu por terra e revolvia-se espumando.
21 ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူက သူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။-
21 Jesus perguntou ao pai: Há quanto tempo lhe acontece isto? Desde a infância, respondeu-lhe.
22 နတ်ဆိုးသည် သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ် ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက် ထားလေ၏။-
22 E o tem lançado muitas vezes ao fogo e à água, para o matar. Se tu, porém, podes alguma coisa, ajuda-nos, compadece-te de nós!
23 ထိုအခါ ယေဇူးက ကိုယ်တော်တတ်နိုင် တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ယုံကြည် သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အား မိန့်တော်မူ၏။-
23 Disse-lhe Jesus: Se podes alguma coisa!... Tudo é possível ao que crê.
24 သူငယ်၏အဖသည်လည်း ချက်ချင်းပင် အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊ အကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏ အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟု ဆိုလေ၏။-
24 Imediatamente exclamou o pai do menino: Creio! Vem em socorro à minha falta de fé!
25 ထိုအခါ ယေဇူးသည် အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုး အား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟု မိန့်တော်မူ၏။-
25 Vendo Jesus que o povo afluía, intimou o espírito imundo e disse-lhe: Espírito mudo e surdo, eu te ordeno: sai deste menino e não tornes a entrar nele.
26 နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။ သူငယ်သည်လည်း အသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟု ဆိုကြ၏။-
26 E, gritando e maltratando-o extremamente, saiu. O menino ficou como morto, de modo que muitos diziam: Morreu...
27 သို့သော် ယေဇူးသည် သူငယ် ၏လက်ကိုကိုင်လျက် သူ့အား ထူမတော်မူလျှင် သူသည် ထလာလေ၏။-
27 Jesus, porém, tomando-o pela mão, ergueu-o e ele levantou-se.
28 ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။-
28 Depois de entrar em casa, os seus discípulos perguntaram-lhe em particular: Por que não pudemos nós expeli-lo?
29 ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။
29 Ele disse-lhes: Esta espécie de demônios não se pode expulsar senão pela oração.
30 သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလေလေးယ နယ်ကို ဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် ဤအကြောင်းကို မည်သူမျှသိစေရန် အလိုတော်မရှိချေ။-
30 Tendo partido dali, atravessaram a Galiléia. Não queria, porém, que ninguém o soubesse.
31 အကြောင်းမူကား ကိုယ်တော်က လူသားသည် လူတို့၏ လက်တွင်အပ်နှံခြင်းခံရမည့်အကြောင်း၊ ထိုသူတို့သည် သူ့က ိုအသေသတ်ကြမည့်အကြောင်းနှင့် အသေသတ် ခြင်းခံရပြီး သုံးရက်မြောက်သောနေ့တွင် သူသည်ရှင်ပြန် ထမြောက်မည့် အကြောင်းတို့ကို တပည့်တော်တို့အား ပြောပြလျက် သွန်သင်နေတော်မူသောကြောင့်ဖြစ်၏။-
31 E ensinava os seus discípulos: O Filho do homem será entregue nas mãos dos homens, e matá-lo-ão; e ressuscitará três dias depois de sua morte.
32 သူတို့မူကား ဤစကားကို နားမလည်ကြဘဲ ကိုယ်တော့် ကို မေးမြန်းရန်လည်း ကြောက်ရွံ့ကြ၏။
32 Mas não entendiam estas palavras; e tinham medo de lho perguntar.
33 သူတို့သည် ကာဖာနာအုမ်မြို့သို့ ရောက်လာကြ၍ ကိုယ်တော်သည် အိမ်၌ရှိတော်မူသောအခါ ကိုယ်တော်က သင်တို့သည် လမ်းခရီးတွင် မည်သည့်အကြောင်းကို ပြောဆိုငြင်းခုံနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
33 Em seguida, voltaram para Cafarnaum. Quando já estava em casa, Jesus perguntou-lhes: De que faláveis pelo caminho?
34 သူတို့မူကား တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည် ကို လမ်းခရီး၌ သူတို့အချင်းချင်းပြောဆိုငြင်းခုံခဲ့ကြသော ကြောင့်ဖြစ်၏။-
34 Mas eles calaram-se, porque pelo caminho haviam discutido entre si qual deles seria o maior.
35 ကိုယ်တော်သည်လည်း ထိုင်၍ တစ်ကျိပ်နှစ်ပါးတို့ကိုခေါ် ပြီးလျှင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံးတွင် နောက်ဆုံး သော သူနှင့် အားလုံး၏အစေခံ ဖြစ်ရမည်ဟု သူတို့အား မိန့်တော်မူ၏။-
35 Sentando-se, chamou os Doze e disse-lhes: Se alguém quer ser o primeiro, seja o último de todos e o servo de todos.
36 ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကို အထံတော်သို့ခေါ်ယူ၍ သူတို့၏အလယ်တွင်ထားပြီးမှ သူ့ကိုပွေ့ ချီလျက်၊-
36 E tomando um menino, colocou-o no meio deles; abraçou-o e disse-lhes:
37 ဤကဲ့သို့သောသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသော သူမည်သူမဆို ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူမည် သူမဆို ငါ့ကိုလက်ခံခြင်းမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော် မူသောသူကိုလက်ခံခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။
37 Todo o que recebe um destes meninos em meu nome, a mim é que recebe; e todo o que recebe a mim, não me recebe, mas aquele que me enviou.
38 ယောဟန်ကလည်း အရှင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်နေသော သူတစ်ယောက် ကို တပည့်တော်တို့တွေ့မြင်ခဲ့ပါ၏။ သူသည် တပည့်တော်တို့နှင့်အတူ မပါဝင်သောကြောင့် သူ့ကို တပည့်တော်တို့တားမြစ် ခဲ့ပါသည်ဟု လျှောက်လေ၏။-
38 João disse-lhe: Mestre, vimos alguém, que não nos segue, expulsar demônios em teu nome, e lho proibimos.
39 သို့သော် ယေဇူးက ထိုသူ့ကိုမတားမြစ်ကြနှင့်။ ငါ၏ နာမ၌ အံ့ဖွယ်ရာများကိုပြုလုပ်ပြီးနောက် ငါ၏အကြောင်း မကောင်း ပြောနိုင်မည့်သူတစ်ဦးမျှရှိလိမ့်မည်မဟုတ်။-
39 Jesus, porém, disse-lhe: Não lho proibais, porque não há ninguém que faça um prodígio em meu nome e em seguida possa falar mal de mim.
40 အကြောင်းမူကား ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်သော သူသည် ငါတို့ဘက်တွင် ပါဝင်သောသူဖြစ်၏။-
40 Pois quem não é contra nós, é a nosso favor.
41 သင်တို့ အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်တို့အား သောက်ရန်ရေတစ်ခွက်ပေးသောသူမည်သူမဆို မိမိ၏ ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
41 E quem vos der de beber um copo de água porque sois de Cristo, digo-vos em verdade: não perderá a sua recompensa.
42 မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင် ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍ သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည် သူ့အတွက် သာ၍ကောင်း၏။-
42 Mas todo o que fizer cair no pecado a um destes pequeninos que crêem em mim, melhor lhe fora que uma pedra de moinho lhe fosse posta ao pescoço e o lançassem ao mar!
43 သင်၏ လက်သည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုလက်ကိုဖြတ် ပစ်လော့။ လက်နှစ်ဖက်ရှိလျက် ထာ၀ရမငြိမ်းနိုင်သော ငရဲမီးထဲသို့သွားရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့လျက် ထာ ၀ရအသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
43 Se a tua mão for para ti ocasião de queda, corta-a; melhor te é entrares na vida aleijado do que, tendo duas mãos, ires para a geena, para o fogo inextinguível
44 ထိုနေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီး လည်းမငြိမ်းရာ။-
44 {onde o seu verme não morre e o fogo não se apaga}.
45 သင်၏ခြေသည် သင့်ကို အပြစ်ပြုမိစေ လျှင် ထိုခြေကို ဖြတ်ပစ်လော့။ ခြေနှစ်ဖက်ရှိလျက်နှင့် ငရဲ ထဲသို့ ပစ်ချခံရခြင်းထက် မသန်မစွမ်းဘ၀ဖြင့် ထာ၀ရ အသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
45 Se o teu pé for para ti ocasião de queda, corta-o fora; melhor te é entrares coxo na vida eterna do que, tendo dois pés, seres lançado à geena do fogo inextinguível
46 ထို နေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီးလည်း မငြိမ်းရာ။-
46 {onde o seu verme não morre e o fogo não se apaga}.
47 သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိ စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ပစ်ချခံရ ခြင်းထက် မျက်စိတစ်လုံးချို့ယွင်းလျက် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရခြင်းသည် သာ၍ ကောင်း၏။-
47 Se o teu olho for para ti ocasião de queda, arranca-o; melhor te é entrares com um olho de menos no Reino de Deus do que, tendo dois olhos, seres lançado à geena do fogo,
48 ထိုနေရာ၌ သူတို့ ၏လောက်ကောင်ပိုးမသေ သကဲ့သို့ မီးလည်းမငြိမ်းရာ။-
48 onde o seu verme não morre e o fogo não se apaga.
49 အကြောင်းမူကား လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်းခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရ လိမ့်မည်။-
49 Porque todo homem será salgado pelo fogo.
50 ဆားသည် ကောင်းပေ၏။ သို့သော် ဆားသည် အငန်ဓာတ်ပျောက်ခဲ့ ပါလျှင် သင်သည် ငန်သောအရသာကို မည်ကဲ့သို့ ပြန်ရရှိ မည်နည်း။ သင်တို့ကိုယ်တိုင်၌ ဆားရှိစေကြလော့။ သင် တို့အချင်းချင်းငြိမ်းချမ်းစွာနေကြလော့ဟု မိန့်တော်မူ၏။
50 O sal é uma boa coisa; mas se ele se tornar insípido, com que lhe restituireis o sabor? Tende sal em vós e vivei em paz uns com os outros.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.