Marcos 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ကိုယ်တော်သည် ထိုအရပ်မှ ထွက်ခွာတော်မူ၍ မိမိ၏နေရင်းမြို့သို့ ကြွလာတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်၏ နောက်တော်မှလိုက် ပါလာကြ၏။-
1 Saiu Jesus dali, e foi para a sua terra, e os seus discípulos o seguiam.
2 ဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်တွင် သွန်သင်တော်မူ၍ များစွာသောသူတို့သည် ကိုယ်တော်၏သွန်သင် ချက်ကို ကြားကြသောအခါ အလွန်အံ့ဩကြကုန်၏။ သူတို့က သူသည် ဤပညာအလုံးစုံကို အဘယ်ကရသနည်း။ သူရရှိထားသော ဉာဏ်ပညာမှာ မည်သည့်အရာဖြစ်သနည်း။ သူ၏လက်ဖြင့်ပြုသော အံ့ ဖွယ်အမှုများကား အဘယ်သို့နည်း။-
2 Ora, chegando o sábado, começou a ensinar na sinagoga; e muitos, ao ouvi-lo, se maravilhavam, dizendo: Donde lhe vêm estas coisas? e que sabedoria é esta que lhe é dada? e como se fazem tais milagres por suas mãos?
3 သူသည် မာရိယာ၏သားဖြစ်၍ ယာကုပ်၊ ဂျိုးဇက်၊ ဂျုဒနှင့် စီမွန်တို့၏အစ်ကို လက်သမားမဟုတ်လော။ သူ၏နှမများသည် လည်း ဤအရပ်တွင် ငါတို့နှင့်အတူရှိကြသည်မဟုတ်လောဟု ဆိုကြ၍ ကိုယ်တော်ကို လက်မခံကြချေ။-
3 Não é este o carpinteiro, filho de Maria, irmão de Tiago, de José, de Judas e de Simão? e não estão aqui entre nós suas irmãs? E escandalizavam-se dele.
4 ထိုအခါ ယေဇူးက ပရောဖက်သည် မိမိမြို့၊ မိမိအိမ်နှင့် မိမိဆွေမျိုးရှိရာ အရပ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ်သရေမဲ့သည် ဟူ၍မရှိဟု သူတို့အားမိန့်တော်မူ၏။-
4 Então Jesus lhes dizia: Um profeta não fica sem honra senão na sua terra, entre os seus parentes, e na sua própria casa.
5 ကိုယ်တော်သည်လည်း မကျန်းမာသောသူအနည်းငယ်အပေါ်တွင် မိမိ၏ လက်တော်ကိုတင်၍ ကုသပျောက်ကင်းစေခြင်းမှ တစ်ပါး ထိုအရပ်၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှပြတော်မမူ။-
5 E não podia fazer ali nenhum milagre, a não ser curar alguns poucos enfermos, impondo-lhes as mãos.
6 ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကို အံ့ဩ တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် အနီးအနား၌ရှိသော ရွာများတွင် လှည့်လည်၍ သွန်သင်တော်မူလေ၏။
6 E admirou-se da incredulidade deles. Em seguida percorria as aldeias circunvizinhas, ensinando.
7 ထို့နောက် ကိုယ်တော်သည် တပည့်တော်တစ်ဆယ့် နှစ်ပါးကို အထံတော်သို့ခေါ်၍ သူတို့ကို နှစ်ပါးစီစေလွှတ် လျက်ညစ်ညူး သောနတ်ဆိုးတို့ကို နှင်ထုတ်နိုင်သော အခွင့်အာဏာကိုလည်း သူတို့အား အပ်နှင်းတော်မူ၏။-
7 E chamou a si os doze, e começou a enviá-los a dois e dois, e dava-lhes poder sobre os espíritos imundos;
8 ကိုယ်တော်က လမ်းခရီးအတွက် တောင်ဝှေးမှလွဲ၍ မည်သည့်အရာကိုမျှ သင်တို့ယူဆောင်မသွားကြနှင့်။ စားစရာ၊ လွယ်အိတ်နှင့် ခါးပိုက်ဆောင်အိတ်အတွင်း၌ ငွေကြေး စသည်တို့ကိုယူဆောင်မသွားကြနှင့်။-
8 ordenou-lhes que nada levassem para o caminho, senão apenas um bordão; nem pão, nem alforje, nem dinheiro no cinto;
9 သို့သော် ဖိနပ်ကို စီးကြလော့။ အင်္ကျီကိုမူကား နှစ်ထပ်မဝတ်ကြနှင့်ဟု သူ တို့အား မိန့်မှာတော်မူ၏။-
9 mas que fossem calçados de sandálias, e que não vestissem duas túnicas.
10 တစ်ဖန် သူတို့အား ကိုယ်တော် မိန့်တော်မူသည်ကား မည်သည့်အရပ်တွင်မဆို အိမ်တစ် အိမ်သို့ သင်တို့ဝင်ကြသောအခါ ထိုအရပ်မှ မထွက်ခွာမီတိုင်အောင်ထိုအိမ်၌ နေကြလော့။-
10 Dizia-lhes mais: Onde quer que entrardes numa casa, ficai nela até sairdes daquele lugar.
11 မည်သူမဆို သင်တို့ ကို လက်မခံဘဲ သင်တို့၏စကားကို နားထောင်ရန် ငြင်း ဆန်ကြလျှင် သင်တို့ထွက်ခွာသွားသောအခါ သူတို့အပေါ်၌ သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ ဟုမိန့်တော်မူ၏။-
11 E se qualquer lugar não vos receber, nem os homens vos ouvirem, saindo dali, sacudi o pó que estiver debaixo dos vossos pés, em testemunho conta eles.
12 ထို့ကြောင့် သူတို့သည် ထွက်သွားကြ၍ လူတို့ကို နောင်တတရားရစေခြင်းငှာ ဟောပြောကြ၏။-
12 Então saíram e pregaram que todos se arrependessem;
13 သူတို့သည် များစွာသောနတ်ဆိုးတို့ ကိုနှင်ထုတ်ကြ၍ မကျန်းမာသူများစွာတို့ကိုလည်း ဆီနှင့်လူးလျက် ရောဂါပျောက်ကင်း စေကြလေ၏။
13 e expulsavam muitos demônios, e ungiam muitos enfermos com óleo, e os curavam.
14 ယေဇူး၏သတင်းသည် ထင်ရှားကျော်စောလာသဖြင့် ဟေရုဒ်မင်းသည် ဤအကြောင်းကိုကြားလေ၏။ အချို့က ယောဟန် ဘတ္တိဇံသည် သေရာမှပြန်ရှင်လေပြီ၊ ထို့ကြောင့် သူသည် အံ့ဖွယ်တန်ခိုးများကိုပြနိုင်သည် ဟုဆိုကြ၏။-
14 E soube disso o rei Herodes {porque o nome de Jesus se tornara célebre}, e disse: João, o Batista, ressuscitou dos mortos; e por isso estes poderes milagrosos operam nele.
15 အချို့ကမူ သူသည် ပရောဖက်ဧလိယဖြစ်သည်ဟုဆိုကြ၏။ အချို့ကလည်း သူသည် ရှေးကာလက ပရောဖက်များကဲ့သို့ ပရောဖက်တစ်ပါး ဖြစ်သည်ဟုဆိုကြ၏။-
15 Mas outros diziam: É Elias. E ainda outros diziam: É profeta como um dos profetas.
16 သို့သော် ထိုအကြောင်းကို ဟေရုဒ်မင်းကြားရလျှင် ငါခေါင်းဖြတ်သတ်ခဲ့သောယောဟန် သေရာမှပြန်ရှင်လေပြီဟု ဆိုလေ၏။
16 Herodes, porém, ouvindo isso, dizia: É João, aquele a quem eu mandei degolar: ele ressuscitou.
17 အကြောင်းမူကား ဟေရုဒ်သည် ညီဖြစ်သူ ဖိလိပု၏ ဇနီး ဟေရုဒ္ဒိယကိုပေါင်းသင်းသဖြင့်သူမအတွက်ကြောင့် ယောဟန်ကို လူလွှတ်ဖမ်းဆီးစေပြီး ထောင်၌ ချုပ်နှောင်ခဲ့၏။-
17 Porquanto o próprio Herodes mandara prender a João, e encerrá-lo maniatado no cárcere, por causa de Herodias, mulher de seu irmão Filipe; porque ele se havia casado com ela.
18 အဘယ်ကြောင့်ဆိုသော် ယောဟန်က မင်းကြီးသည် မိမိညီ၏ဇနီးကိုသိမ်းယူပေါင်းသင်းခြင်းမပြုအပ်ဟု သူ့အား ဆိုခဲ့သော ကြောင့်ဖြစ်၏။-
18 Pois João dizia a Herodes: Não te é lícito ter a mulher de teu irmão.
19 ဟေရုဒ္ဒိယသည်လည်း သူ့အပေါ်ရန်ငြိုးထား၍ သတ်ခြင်းငှာ အလိုရှိသော်လည်း မတတ်နိုင်ပေ။-
19 Por isso Herodias lhe guardava rancor e queria matá-lo, mas não podia;
20 အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်၍ သန့်ရှင်းသောသူဖြစ်သည်ကို ဟေရုဒ်သိသဖြင့် သူ့ကိုကြောက်ရွံ့၍ လုံခြုံစွာ ထိန်းသိမ်းထားလေ၏။ ဟေရုဒ်သည် ယောဟန်၏စကားကိုကြားနာရသည့်အခါ တိုင်း စိတ်ရှုပ်ထွေးသော်လည်း သူ့စကားကို လိုလိုလား လားနားထောင်လေ့ရှိ၏။-
20 porque Herodes temia a João, sabendo que era varão justo e santo, e o guardava em segurança; e, ao ouvi-lo, ficava muito perplexo, contudo de boa mente o escutava.
21 ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးမတ်များ၊ စစ်သူကြီးများနှင့် ဂါလေလေးယနယ်မှ ခေါင်းဆောင်များကို ညစာတည် ခင်းကျွေးမွေးသောအခါတွင်မူ ဟေရုဒ္ဒိယအတွက် အခါအခွင့်သင့်လာလေ၏။-
21 Chegado, porém, um dia oportuno quando Herodes no seu aniversário natalício ofereceu um banquete aos grandes da sua corte, aos principais da Galiléia,
22 ဤတွင် ဟေရုဒ္ဒိယ၏သမီးသည် ဝင်ရောက်၍ အကဖြင့် ဖျော်ဖြေ သောအခါ ဟေရုဒ်မင်းနှင့် သူ၏ဧည့်သည်များ၏စိတ်ကို ကြည်နူးစေသဖြင့် ဘုရင်က သူငယ်မအား သင်အလိုရှိ ရာကိုတောင်းလော့၊ ငါသည် သင့်အား ထိုအရာကို ပေးသနားမည်ဟု ဆိုလေ၏။-
22 entrou a filha da mesma Herodias e, dançando, agradou a Herodes e aos convivas. Então o rei disse à jovem: Pede-me o que quiseres, e eu to darei.
23 ထို့နောက် သူက သင်တောင်းလျှင် ငါ၏နိုင်ငံတစ်ဝက်ကိုပင် သင့်အား ငါပေးမည်ဟု ကျိန် ဆိုလေ၏။-
23 E jurou-lhe, dizendo: Tudo o que me pedires te darei, ainda que seja metade do meu reino.
24 ထိုအခါ သူငယ်မသည် ထွက်သွား၍ မိမိ၏ မိခင်ဖြစ်သူအား မည်သည့်အရာကို ကျွန်မတောင်းခံရ မည်နည်းဟုမေးလျှင် သူမက ယောဟန်ဘတ္တိဇံ၏ဦးခေါင်း ကိုတောင်းလော့ဟုဆို၏။-
24 Tendo ela saído, perguntou a sua mãe: Que pedirei? Ela respondeu: A cabeça de João, o Batista.
25 သူငယ်မသည်လည်း ချက်ချင်းပင် ဘုရင်၏ရှေ့တော်သို့ဝင်၍ ယောဟန်ဘတ္တိဇံ၏ ဦးခေါင်းကို လင်ပန်းတွင်ထည့်၍ ယခုပင် ကျွန်မအား ပေး စေလိုပါသည်ဟု တောင်းလျှောက်လေ၏။-
25 E tornando logo com pressa à presença do rei, pediu, dizendo: Quero que imediatamente me dês num prato a cabeça de João, o Batista.
26 ထိုအခါ မင်း ကြီးသည် လွန်စွာဝမ်းနည်းသော်လည်း မိမိကျိန်ဆိုထား သောစကားနှင့် မိမိ၏ဧည့်သည်တော်များကြောင့် သူမ အား ပေးထားသော မိမိ၏ကတိကိုမဖျက်လိုချေ။-
26 Ora, entristeceu-se muito o rei; todavia, por causa dos seus juramentos e por causa dos que estavam à mesa, não lha quis negar.
27 သို့ဖြစ် ၍ ဘုရင်သည် ကိုယ်ရံတော်တပ်သားတစ်ဦးကို ချက်ချင်း စေလွှတ်၍ ယောဟန်၏ဦးခေါင်းကိုယူလာရန် အမိန့်ပေး လေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို အကျဉ်းထောင်ထဲ၌ ဖြတ်လေ၏။-
27 O rei, pois, enviou logo um soldado da sua guarda com ordem de trazer a cabeça de João. Então ele foi e o degolou no cárcere,
28 ထို့နောက် သူ၏ဦးခေါင်းကို လင်ပန်းတွင်ထည့်၍ ယူလာပြီး သူငယ်မအားပေး၏။ သူငယ်မသည်လည်း ၎င်းကို သူမ၏မိခင် အား ပေးလေ၏။-
28 e trouxe a cabeça num prato e a deu à jovem, e a jovem a deu à sua mãe.
29 ယောဟန်၏တပည့်များသည် ဤသတင်း ကို ကြားသောအခါ လာကြ၍ သူ၏အလောင်းကိုယူပြီး လျှင် သခင်္ျိုင်းတွင်းတစ်ခု၌ သဂြိုဟ်ကြလေ၏။
29 Quando os seus discípulos ouviram isso, vieram, tomaram o seu corpo e o puseram num sepulcro.
30 တပည့်တော်တို့သည် ယေဇူးထံသို့ ပြန်လာကြ၍ မိမိတို့ပြုလုပ်ခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အား လျှောက် ထားကြ၏။-
30 Reuniram-se os apóstolos com Jesus e contaram-lhe tudo o que tinham feito e ensinado.
31 ကိုယ်တော်ကလည်း လူသူ ကင်းဝေးရာအရပ်သို့ အခြားသူများမပါဘဲ သွားကြ၍ ခေတ္တအနားယူကြလော့ဟု သူတို့အား မိန့်တော်မူ၏။ အကြောင်းမူကား သူတို့ထံ ဝင်ထွက်နေကြသောသူတို့မှာ များပြားလှသောကြောင့် တပည့်တော်တို့သည် အစာစား ရန်ပင် အချိန်မရကြချေ။-
31 Ao que ele lhes disse: Vinde vós, à parte, para um lugar deserto, e descansai um pouco. Porque eram muitos os que vinham e iam, e não tinham tempo nem para comer.
32 ထို့ကြောင့် သူတို့သည် လူသူ ကင်းဝေးရာအရပ်သို့ လှေဖြင့် မိမိတို့ချည်းသာ ထွက်ခွာသွားကြ၏။-
32 Retiraram-se, pois, no barco para um lugar deserto, à parte.
33 သူတို့ထွက်ခွာသွားကြသည်ကို လူအများ မြင်ကြလျှင် သူတို့ဖြစ်မှန်းသိကြသဖြင့် မြို့ရွာရှိသမျှတို့မှ လူတို့သည် ခြေကျင်ဖြင့် အလျင်အမြန်လိုက်ကြရာ ထို နေရာသို့ သူတို့ထက်ဦးစွာရောက်နှင့်ကြလေ၏။-
33 Muitos, porém, os viram partir, e os reconheceram; e para lá correram a pé de todas as cidades, e ali chegaram primeiro do que eles.
34 ကိုယ် တော်သည် ကမ်းပေါ်သို့တက်သောအခါ များစွာသောလူ အစုအဝေးကိုမြင်သဖြင့် သူတို့အပေါ်၌ ကရုဏာသက် တော်မူ၏။ အကြောင်းမူကား သူတို့သည် သိုးထိန်းမရှိ သောသိုးများကဲ့သို့ဖြစ်နေကြသောကြောင့်တည်း။ ကိုယ်တော်သည် လည်း သူတို့အား များစွာသောအကြောင်း အရာများကို စတင်သွန်သင်တော်မူ၏။-
34 E Jesus, ao desembarcar, viu uma grande multidão e compadeceu-se deles, porque eram como ovelhas que não têm pastor; e começou a ensinar-lhes muitas coisas.
35 ညနေစောင်း သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ် ၍ ဤအရပ်သည် လူသူကင်းဝေးသောအရပ်ဖြစ်ပါ၏၊ အချိန်လည်း နှောင်းပါပြီ၊-
35 Estando a hora já muito adiantada, aproximaram-se dele seus discípulos e disseram: O lugar é deserto, e a hora já está muito adiantada;
36 လူတို့သည် အနီးအနားရှိ ကျေး ရွာများသို့သွားကြ၍ မိမိတို့ကိုယ်တိုင်အတွက် စားစရာ တစ်စုံတစ်ခုဝယ်ယူနိုင်ရန် သူတို့ကို စေလွှတ်တော်မူပါ ဟုလျှောက်ကြ၏။-
36 despede-os, para que vão aos sítios e às aldeias, em redor, e comprem para si o que comer.
37 သို့သော် ကိုယ်တော်က ထိုသူတို့ အားစားစရာတစ်စုံတစ်ခုကို သင်တို့ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့က တပည့်တော်တို့သည်သွား၍ ဒေနာရီနှစ်ရာဖိုးရှိသောပေါင်မုန့်ကိုဝယ်ပြီး ဤသူတို့စားရန် ပေးရပါမည်လောဟု မေးလျှောက်ကြ ၏။-
37 Ele, porém, lhes respondeu: Dai-lhes vós de comer. Então eles lhe perguntaram: Havemos de ir comprar duzentos denários de pão e dar-lhes de comer?
38 ကိုယ်တော်ကလည်း သင်တို့၌ ပေါင်မုန့်မည်မျှရှိ သနည်း။ သွား၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ သူ တို့သည် သွား၍ ကြည့်ကြပြီးမှ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်ဟုလျှောက်ကြလေ၏။-
38 Ao que ele lhes disse: Quantos pães tendes? Ide ver. E, tendo-se informado, responderam: Cinco pães e dois peixes.
39 ထိုအခါ ကိုယ်တော်က လူအားလုံးကို မြက်ခင်းစိမ်းပေါ်တွင် အစုလိုက် ထိုင်ခိုင်းစေရန် တပည့်တော်တို့အား အမိန့်ပေး တော်မူ၏။-
39 Então lhes ordenou que a todos fizessem reclinar-se, em grupos, sobre a relva verde.
40 ထိုသူတို့သည်လည်း အစုလိုက် တစ်ရာစီ၊ ငါးဆယ် စီထိုင်ကြလေ၏။-
40 E reclinaram-se em grupos de cem e de cinqüenta.
41 ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ကိုယူ၍ ကောင်းကင်သို့မျှော်ကြည့်လျက် ကောင်းချီးပေးတော်မူ၏။ ထို့နောက် ပေါင်မုန့်များကိုဖဲ့၍ တပည့်တော်တို့အား ပေးလျက် လူတို့ရှေ့၌ တည်ခင်းစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် ငါးနှစ်ကောင် ကိုလည်း သူတို့အားလုံးအား ခွဲဝေပေးတော်မူ၏။-
41 E tomando os cinco pães e os dois peixes, e erguendo os olhos ao céu, os abençoou; partiu os pães e os entregava a seus discípulos para lhos servirem; também repartiu os dois peixes por todos.
42 လူအပေါင်းတို့သည်လည်း စား၍ ၀ကြလေ၏။-
42 E todos comeram e se fartaram.
43 ထို့နောက် တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရ ကြ၏။-
43 Em seguida, recolheram doze cestos cheios dos pedaços de pão e de peixe.
44 ပေါင်မုန့်ကိုစားကြသောသူတို့မှာ ယောက်ျားဦး ရေ ငါးထောင်ခန့်ရှိသတည်း။
44 Ora, os que comeram os pães eram cinco mil homens.
45 ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကို ပြန်လွှတ်တော်မူစဉ် မိမိ၏တပည့်တော်တို့ကို ချက်ချင်းပင် လှေပေါ် သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဘက်ဇိုင်းဒါမြို့သို့ မိမိရှေ့မှ ဦးစွာသွားစေတော်မူ၏။-
45 Logo em seguida obrigou os seus discípulos a entrar no barco e passar adiante, para o outro lado, a Betsaida, enquanto ele despedia a multidão.
46 လူအစုအဝေးတို့အား ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းခြင်းငှာ တောင်ပေါ်သို့တက်ကြွတော်မူ၏။
46 E, tendo-a despedido, foi ao monte para orar.
47 ညအချိန်ရောက်သော် တပည့်တော်တို့၏လှေမှာ အိုင်အလယ်၌ ရောက်ရှိနေပြီး ကိုယ်တော်မူကား ကုန်း ပေါ်တွင် တစ်ပါးတည်းရှိ နေတော်မူ၏။-
47 Chegada a tardinha, estava o barco no meio do mar, e ele sozinho em terra.
48 လေဆန်ဖြစ်နေ သောကြောင့် တပည့်တော်တို့သည် ခက်ခဲစွာ လှော်ခတ်နေကြရသည်ကို ကိုယ်တော်မြင်တော်မူ၏။ မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ရေပြင်ပေါ်တွင် လျှောက်လှမ်းလျက် သူတို့ရှိရာသို့ ကြွလာတော်မူပြီးမှ သူတို့ကို ကျော်ဖြတ်သွားမည်ပြု၏။-
48 E, vendo-os fatigados a remar, porque o vento lhes era contrário, pela quarta vigília da noite, foi ter com eles, andando sobre o mar; e queria passar-lhes adiante;
49 သူတို့မူကား ရေပြင်ပေါ်တွင် လျှောက်လှမ်းနေသောကိုယ်တော့်ကိုမြင်ကြလျှင် တစ္ဆေ ဟုထင်မှတ်၍ အော်ဟစ်ကြလေ၏။-
49 eles, porém, ao vê-lo andando sobre o mar, pensaram que era um fantasma e gritaram;
50 အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုမြင်ကြ၍ ထိတ်လန့် တုန်လှုပ်ကြသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်တော်က သူတို့အား သတ္တိရှိကြလော့၊ ငါဖြစ်၏၊ မကြောက်ကြနှင့်ဟု ချက်ချင်းပင် မိန့်တော်မူ၏။-
50 porque todos o viram e se assustaram; mas ele imediatamente falou com eles e disse-lhes: Tende ânimo; sou eu; não temais.
51 ထို့နောက် ကိုယ်တော် သည် သူတို့ရှိရာလှေပေါ်သို့တက်တော်မူသောအခါ လေ သည် ငြိမ်သက်သွားလေ၏။ သူတို့သည် အလွန်အမင်း အံ့အားသင့်ကြကုန်၏။-
51 E subiu para junto deles no barco, e o vento cessou; e ficaram, no seu íntimo, grandemente pasmados;
52 အကြောင်းမူကား ပေါင်မုန့်၏အံ့ ဖွယ်ဖြစ်ရပ်ကိုပင် နားမလည်နိုင်လောက်အောင် သူတို့ ၏စိတ်နှလုံးသည် ခိုင်မာကြသော ကြောင့်ပေတည်း။
52 pois não tinham compreendido o milagre dos pães, antes o seu coração estava endurecido.
53 သူတို့သည် တစ်ဖက်ကမ်းသို့ ကူးလာကြပြီးလျှင် ဂျေနားဇရက်သို့ရောက်၍ ကမ်းတွင်ဆိုက်ကပ်ကြ၏။-
53 E, terminada a travessia, chegaram à terra em Genezaré, e ali atracaram.
54 ထို့နောက် သူတို့သည် လှေထဲမှထွက်လာကြသောအခါ လူတို့သည် ကိုယ်တော်ဖြစ်သည်ကို ချက်ချင်းသိကြသဖြင့်၊-
54 Logo que desembarcaram, o povo reconheceu a Jesus;
55 ပတ်ဝန်းကျင်ဒေသအနှံ့ အပြေးအလွှားသွားကာ လူမမာများကို ၎င်းတို့၏အိပ်ရာနှင့်တကွ ကိုယ်တော်ရှိသည်ဟု ကြားရ သောအရပ်သို့ ခေါ်ဆောင်လာကြလေ ၏။-
55 e correndo eles por toda aquela região, começaram a levar nos leitos os que se achavam enfermos, para onde ouviam dizer que ele estava.
56 ကိုယ်တော်ကြွဝင်တော်မူသောမြို့ရွာဒေသတိုင်းတွင်လည်း သူတို့သည် ဈေးလယ်၌ လူနာများကိုချထား ကြပြီး ဝတ်ရုံတော် ၏အနားစအမြိတ်ကိုမျှသာတို့ထိရပါမည့်အကြောင်း တောင်းပန်ကြ၏။ တို့ထိသမျှသောသူတို့သည်လည်း ဝေဒနာပျောက် ကင်းကြလေ၏။
56 Onde quer, pois, que entrava, fosse nas aldeias, nas cidades ou nos campos, apresentavam os enfermos nas praças, e rogavam-lhe que os deixasse tocar ao menos a orla do seu manto; e todos os que a tocavam ficavam curados.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.