Marcos 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 သူတို့သည် အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ရောက်ကြ၏။-
1 E eles chegaram ao outro lado do mar, à terra dos gadarenos.
2 ကိုယ်တော်သည် လှေထဲမှတက်လာတော်မူသောအခါ ညစ်ညူးသောနတ် ဆိုးစီးခြင်းခံနေရသည့်လူတစ်ဦးသည် သခင်္ျိုင်းဂူများကြား မှထွက်လာ၍ ကိုယ်တော်နှင့်တွေ့လေ၏။-
2 E, saindo ele do barco, imediatamente veio ao encontro, dos sepulcros, um homem com espírito imundo,
3 ထိုသူသည် သခင်္ျိုင်းဂူများအကြားတွင် နေထိုင်၏။ မည်သူမျှ သူ့ကို သံ ကြိုးနှင့်ပင် ချည်နှောင်၍ မထားနိုင်ကြချေ။-
3 o qual tinha sua morada nos sepulcros; e nenhum homem podia prendê-lo, não, nem com correntes;
4 အကြောင်းမူကား သူ့ကိုခြေချင်းများ၊ သံကြိုးများဖြင့်အကြိမ်ကြိမ်ချည် နှောင်ကြသော်လည်း သူသည် သံကြိုးများကိုဖြတ်၍ သံခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိကြချေ။-
4 porque, tendo sido ele muitas vezes preso com grilhões e correntes, e as correntes foram por ele arrancadas, e os grilhões quebrados em partes, e nenhum homem podia amansá-lo.
5 သူသည် သခင်္ျိုင်းဂူများ အကြားနှင့် တောင်ကုန်းများပေါ်တွင် နေ့ညမပြတ်အော်ဟစ်နေလျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရ ဖြစ်စေ၏။-
5 E sempre, noite e dia, ele estava nos montes, e nos sepulcros, gritando, e cortando-se com pedras.
6 သူသည် ယေဇူးကို အဝေးမှမြင်သောအခါ ပြေးသွားပြီးလျှင် ရှေ့တော်၌ ပျပ်ဝပ်လျက်၊-
6 Mas quando ele viu Jesus ao longe, correu e adorou-o,
7 အမြင့်ဆုံး သောဘုရားသခင်၏ သားတော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့ပြုပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူပါရန် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ အသနားခံပါသည်ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ် တောင်းလျှောက်လေ၏။-
7 e, clamando com grande voz, disse: Que tenho eu contigo, Jesus, Filho do Deus Altíssimo? Conjuro-te por Deus que não me atormentes.
8 အကြောင်းမူကား ကိုယ်တော်က အသင် ညစ်ညူးသောနတ်ဆိုး၊ ဤသူ့ထံမှ ထွက်ခွာလော့ဟု သူ့အား အမိန့်ပေးတော်မူ သောကြောင့်တည်း။-
8 Pois ele lhe dizia: Sai deste homem, espírito imundo.
9 ကိုယ်တော်ကလည်း သင်၏အမည်ကားမည် သူဖြစ်သနည်းဟု သူ့ကိုမေးတော်မူလျှင် သူက အကျွန်ုပ်၏အမည်မှာ လေဂျင်ဖြစ်ပါ၏။ အကြောင်းမူကား အကျွန်ုပ် တို့သည် အရေအတွက်များသောကြောင့်ဖြစ်ပါသည်ဟု ဖြေလေ၏။-
9 E ele perguntou-lhe: Qual é o teu nome? E lhe respondeu, dizendo: Meu nome é Legião, porque somos muitos.
10 ထို့နောက် သူသည် မိမိတို့ကို ဤဒေသမှနှင် ထုတ်တော်မမူမည့်အကြောင်း ကိုယ်တော်အား အတန် တန်တောင်းပန် လေ၏။-
10 E pedia-lhe muito que não os enviasse para fora daquela terra.
11 ထိုအချိန်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။-
11 Ora, estavam ali perto nos montes, uma grande manada de porcos se alimentando.
12 ထိုအခါ သူတို့က အကျွန်ုပ်တို့ကို ဝက်များထံသို့ စေလွှတ်တော်မူပါ။ ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ဝင်ပါရစေဟုတောင်း ပန်ကြ၏။-
12 E todos os demônios lhe pediram, dizendo: Manda-nos para aqueles porcos, para que possamos entrar neles.
13 ထို့ကြောင့် ကိုယ်တော်သည်လည်း သူတို့ကို ခွင့်ပြုတော်မူလေ၏။ ထိုအခါ ညစ်ညူးသောနတ်ဆိုးတို့ သည် ထွက်လာကြ၍ ဝက်များထဲသို့ဝင်သဖြင့် အကောင်ရေနှစ်ထောင်ခန့်ရှိသောဝက်အုပ်ကြီးသည် မတ်စောက်သောကမ်းပါးအတိုင်း ပင်လယ် အတွင်းသို့ တစ်ဟုန်ထိုး ပြေးဆင်းလျက် ပင်လယ်တွင်နစ်မြုပ်သေဆုံးကြကုန်၏။
13 E imediatamente Jesus lhes deu permissão. E os espíritos imundos saíram, e entraram nos porcos; e a manada desceu violentamente pelo declive para o mar, (eram cerca de dois mil); e eles se afogaram no mar.
14 ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး သွားကြ၍ ဤအကြောင်းကို မြို့တွင်းနှင့် ပတ်ဝန်းကျင် အရပ်ဒေသတို့တွင် ပြောကြားကြသဖြင့် လူတို့သည်ဖြစ် ပျက်သမျှတို့ကိုသိမြင်ခြင်းငှာလာကြ၏။-
14 E os que apascentavam os porcos fugiram, e o anunciaram na cidade e nos campos; e eles saíram para ver o que havia acontecido.
15 သူတို့သည် ယေဇူးထံတော်သို့ရောက်လာကြသောအခါ နတ်ဆိုး များစွာစီးခြင်းခံရသူသည် အဝတ်ကိုဝတ်လျက် ပုံမှန်စိတ် ဖြင့်ထိုင်လျက်ရှိသည်ကိုတွေ့ မြင်ကြသဖြင့် ကြောက်ရွံ့ကြလေ၏။-
15 E eles foram até Jesus, e viram aquele que fora possuído pelo demônio, e tivera a legião, assentado, vestido e em perfeito juízo; e eles ficaram com medo.
16 ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သောသူတို့က နတ်ဆိုးစီးခံရသောသူနှင့် ဝက်များ၌ ဖြစ်ပျက်ခဲ့ သောအကြောင်းအရာ တို့ကို သူတို့အား ပြောပြကြ၏။-
16 E os que tinham visto isso, contaram-lhes o que acontecera ao possuído pelo demônio, e também acerca dos porcos.
17 ထို့ကြောင့် သူတို့သည် ကိုယ်တော့်ကို မိမိတို့၏ဒေသမှ ထွက်ခွာသွားပါမည့်အကြောင်း တောင်းပန်ကြလေ၏။-
17 E eles começaram a suplicar-lhe para que saísse das suas regiões.
18 ကိုယ်တော်သည်လည်း လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးစီးခြင်းခံခဲ့ရသူက ကိုယ်တော်နှင့်လိုက်ပါခွင့်ပြုပါမည့် အကြောင်း တောင်းပန်လေ၏။-
18 E, entrando ele no barco, suplicava-lhe o que fora possuído pelo demônio que pudesse estar com ele.
19 သို့သော် ကိုယ် တော်သည် ခွင့်ပြုတော်မမူဘဲ သူ့အား သင်၏အိမ်နှင့် ဆွေမျိုးသားချင်း တို့ထံသို့သွား၍ ဘုရားသခင်သည် သင့်အတွက် မည်ကဲ့သို့ပြုတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သင့်အပေါ် မည်ကဲ့သို့ ကရုဏာထားတော်မူ ကြောင်းကိုလည်းကောင်း သူတို့အား ပြောကြားလော့ဟု မိန့်တော်မူလေ၏။-
19 Todavia, Jesus não o permitiu, mas disse-lhe: Vai para casa, para teus amigos, e anuncia-lhes quão grandes coisas o Senhor te fez, e como teve compaixão de ti.
20 ထိုသူသည်လည်း ထွက်သွားပြီးလျှင် ယေဇူးသည် မိမိ၌ မည်မျှကျေးဇူးပြုတော်မူ ကြောင်းကို ဒေကာပိုလစ်နယ်တွင် စတင်ကြေညာပြော ဆိုသဖြင့် လူအပေါင်းတို့သည်လည်း အံ့ဩကြလေ၏။
20 E ele partiu, e começou a divulgar em Decápolis quão grandes coisas Jesus lhe fizera; e todos os homens se maravilharam.
21 ယေဇူးသည်လည်း တစ်ဖက်ကမ်းသို့ လှေဖြင့် တစ်ဖန်ကူးတော်မူသောအခါ များစွာသောလူအစုအဝေးတို့သည် အထံတော် သို့စုရုံးလာကြ၏။ကိုယ်တော်သည ်ပင်လယ်ကမ်းနား၌ရှိတော်မူ၏။-
21 E, passando Jesus outra vez com o barco para o outro lado, ajuntaram-se a ele muitas pessoas; e ele estava junto do mar.
22 ထိုအချိန်တွင် ဂျိုင်ရု အမည်ရှိသောတရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ ရောက်လာ၏။ သူသည် ကိုယ်တော့်ကိုမြင် သောအခါ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊-
22 E eis que chegou um dos governantes da sinagoga, por nome Jairo, e, vendo-o, prostrou-se aos seus pés,
23 အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါသည်။ ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ လက်တော်ကိုတင်တော် မူလျှင် သူမသည် ကျန်းမာလာ၍ အသက်ရှင်ပါလိမ့်မည်ဟု အသနားခံလျှောက်ထားလေ၏။-
23 e rogava-lhe muito, dizendo: Minha filhinha jaz à beira da morte: Rogo-te, venhas e lhe imponhas as mãos, para que ela seja curada, e ela viverá.
24 ထိုအခါ ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူအစုအဝေးသည်လည်း ကိုယ်တော်၏ နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်၏အနီးတွင် ပြည့်ကျပ် လျက်တိုးဝှေ့နေကြ၏။-
24 E Jesus foi com ele, e muitas pessoas o seguiam, e o apertavam.
25 ထိုအရပ်၌ တစ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ်နေသောအမျိုး သမီးတစ်ဦးရှိ၏။-
25 E certa mulher, vítima de um fluxo de sangue havia doze anos,
26 သူမသည် များစွာသောဆေးဆရာတို့၏ကုသမှုကိုခံယူခဲ့ပြီး မိမိ၌ရှိသမျှသောဥစ္စာပစ္စည်းများ ကုန်ဆုံးသွားခဲ့သော်လည်း သက်သာရာမရသည့်အပြင် ဝေဒနာသည် ပို၍ဆိုးရွားလာခဲ့၏။-
26 e tinha sofrido muitas coisas de muitos médicos, e tinha gasto tudo o que ela tinha, e não havia melhorado, mas antes cada vez pior.
27 သူမသည် ယေဇူး၏ အကြောင်းကိုကြားသိခဲ့ရပြီး ကိုယ်တော်၏နောက်တော်မှ လူအစုအဝေးထဲသို့ဝင်၍ ကိုယ်တော်၏ ဝတ်ရုံတော် ကိုတို့လေ၏။-
27 Quando ela tinha ouvido falar de Jesus, veio por detrás comprimida , e tocou na sua veste.
28 အကြောင်းမူကား သူမက ငါသည် ကိုယ်တော်၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ရောဂါပျောက်ကင်းလိမ့်မည်ဟု မိမိစိတ်ထဲတွင် တွေးမိသောကြောင့် ဖြစ်၏။-
28 Porque ela dizia: Se eu somente tocar nas suas vestes eu serei sã.
29 ထိုခဏချင်းတွင်ပင် သူမ၏သွေးသွန်ခြင်းသည် ရပ်ဆိုင်းသွား၍ သူမ၏ခန္ဓာကိုယ်၌ ဝေဒနာပျောက်ကင်း သွားသည်ကို ခံစားရလေ၏။-
29 E imediatamente a fonte do seu sangue secou, e ela sentiu no seu corpo já estar curada daquela aflição.
30 ထိုအခါ ယေဇူးသည် မိမိထံမှ တန်ခိုးတော်ထွက်သွားသည်ကိုသိတော်မူ၍ လူအစုအဝေးတို့ဘက်သို့ချက်ချင်း လှည့်တော ်မူပြီးမှ ငါ၏ဝတ်ရုံကို မည်သူတို့ထိသနည်းဟု မေးတော်မူ၏။-
30 E Jesus, no mesmo instante sabendo que saíra virtude de si mesmo, voltou-se para a multidão, e disse: Quem tocou nas minhas vestes?
31 ကိုယ်တော်၏တပည့်တော်တို့ကလည်း လူအစုအဝေးသည် ကိုယ်တော်အား ဝိုင်းရံတိုးဝှေ့နေသည်ကိုသိလျက်နှင့် ငါ့ကိုမည် သူတို့ထိသနည်းဟု မေးတော်မူသလောဟု လျှောက်ထားကြ၏။-
31 E disseram-lhe os seus discípulos: Tu vês que a multidão te aperta, e dizes: Quem me tocou?
32 သို့သော် ကိုယ်တော်သည် မိမိကို မည်သူတို့ထိခဲ့ကြောင်းသိရန် ပတ်လည်သို့လှည့်ကြည့် တော်မူ၏။-
32 E ele olhava em redor para ver aquela que tinha feito isso.
33 ထိုအမျိုးသမီးမူကား မိမိ၌ဖြစ်ပျက်သမျှကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်စွာ ချဉ်းကပ်၍ ခြေ တော်ရင်းတွင်ပျပ်ဝပ် လျက် ဖြစ်ရပ်မှန်ကို အကုန်အစင် လျှောက်ထားလေ၏။-
33 Mas a mulher, atemorizada e trêmula, sabendo o que foi feito a ela, aproximou-se, e caiu no chão diante dele, e disse-lhe toda a verdade.
34 ထိုအခါ ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်သက်ခြင်းဖြင့်သွားလော့။ သင်၏ ရောဂါပျောက်ကင်း စေဟု သူမအား မိန့်တော်မူ၏။
34 E ele lhe disse: Filha, a tua fé te sarou; vai-te em paz, e sê curada desta tua aflição.
35 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်တွင် တရားဇရပ်မှူး၏အိမ်မှလူအချို့ရောက်လာကြ၍ သင်၏သမီးသေလေပြီ။ အဘယ်ကြောင့် ဆရာသခင်ကို ထပ်မံ၍ ဒုက္ခပေး မည်နည်းဟု ဆိုကြ၏။-
35 Enquanto ele ainda falava, vieram alguns da casa do governante da sinagoga, a quem disseram: A tua filha está morta; porque ainda incomodas o Mestre?
36 ယေဇူးမူကား သူတို့ပြောသော စကားကို လျစ်လျူရှုလျက် စိုးရိမ်ခြင်းမရှိလေနှင့်၊ ယုံကြည်ခြင်းသာရှိလော့ဟု တရားဇရပ် မှူးအား မိန့်တော်မူ၏။-
36 Mas Jesus, tão logo ouviu essas palavras, disse ao governante da sinagoga: Não temas, crê somente.
37 ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက် ခွင့်ပြုတော်မမူ။-
37 E ele não permitiu que nenhum homem o seguisse, senão Pedro, Tiago, e João, irmão de Tiago.
38 သူတို့သည် တရားဇရပ်မှူး ၏အိမ်သို့ရောက်ကြသောအခါ လူတို့သည် အုတ်အုတ် ကျက်ကျက်ဖြစ်လျက် ကျယ်လောင်စွာ ငိုကြွေးမြည် တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူ၏။-
38 E, tendo chegado à casa do governante da sinagoga, viu o alvoroço, e os que choravam e pranteavam muito.
39 ကိုယ်တော်သည်လည်း အိမ်ထဲသို့ဝင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်လျက် ငိုကြွေးနေ ကြသနည်း။ သူငယ်မသေသည်မဟုတ်။ အိပ်ပျော်လျက်သာရှိသည်ဟု သူတို့အား မိန့်တော်မူ၏။-
39 E ele entrando, disse-lhes: Por que fazeis alvoroço e chorais? A menina não está morta, mas dorme.
40 ထိုအခါ သူတို့သည် ကိုယ်တော့်ကိုလှောင်ပြောင်ရယ်မော ကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအားလုံးတို့ကို အပြင်သို့ ထွက်စေပြီးမှ မိမိနှင့်အတူပါလာသောသူတို့နှင့် သူငယ်မ၏မိဘတို့ကို ခေါ်တော်မူ၍ သူငယ်မရှိသော အခန်းထဲသို့ဝင်တော် မူ၏။-
40 E riam-se dele. Ele, porém, tendo feito sair a todos, tomou consigo o pai e a mãe da menina, e os que com ele estavam, e entrou onde a menina estava deitada.
41 ထို့နောက် ကိုယ်တော်သည် သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် တာလိသာကွမ်ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား သူငယ်မ၊ သင့်အား ငါအမိန့် ရှိသည်၊ ထလော့ဟု ဆိုလိုသတည်း။-
41 E ele tomando a menina pela mão, disse-lhe: Talita cumi; que, traduzido, é: Menina, a ti te digo, levanta-te.
42 ထိုခဏချင်းတွင်ပင် သူငယ်မသည်ထ၍ လမ်းလျှောက်လေ၏။ အဘယ် ကြောင့်ဆိုသော် သူမသည် အသက်တစ်ဆယ့် နှစ်နှစ်ရှိပြီဖြစ်၏။ သူတို့သည်လည်း အလွန်အံ့ဩကြ၏။-
42 E imediatamente a menina se levantou, e andava, pois ela tinha doze anos. E eles assombraram-se com grande espanto.
43 ထိုအခါ ကိုယ်တော်သည် ဤဖြစ်ရပ်ကို မည်သူမျှမသိစေရန် သူတို့အား ကြပ်တည်းစွာ တားမြစ်တော်မူ၍ သူငယ်မအား စားစရာတစ်စုံတစ်ခုပေးရန် မိန့်တော်မူ၏။
43 E ele ordenou-lhes expressamente que nenhum homem soubesse; e mandou que lhe dessem alguma coisa para ela comer.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.