Marcos 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ကိုယ်တော်သည် တရားဇရပ်သို့တစ်ဖန်ကြွဝင်တော်မူ၏။ ထိုနေရာ၌ လက်တစ်ဖက်သေနေသော လူတစ်ယောက်ရှိ၏။-
1 Noutra ocasião ele entrou na sinagoga, e estava ali um homem com uma das mãos atrofiada.
2 ထိုအခါ သူတို့သည် ကိုယ်တော့်ကိုအပြစ်တင်စွပ်စွဲအံ့သောငှာ ဥပုသ်နေ့၌ ကိုယ်တော်သည် ထိုသူ့ကိုပျောက်ကင်းစေ လိမ့်မည် လောဟု စောင့်ကြည့်နေကြ၏။-
2 Alguns deles estavam procurando um motivo para acusar Jesus; por isso o observavam atentamente, para ver se ele iria curá-lo no sábado.
3 ကိုယ်တော်သည်လည်း လက်တစ်ဖက်သေသောသူအား ရှေ့သို့လာလော့ဟု မိန့်တော်မူ၏။-
3 Jesus disse ao homem da mão atrofiada: "Levante-se e venha para o meio".
4 ထို့နောက် ကိုယ်တော်က ဥပုသ်နေ့၌ ကောင်းမှုကို ပြုအပ်သလော၊ သို့မဟုတ် မကောင်းမှုကိုပြုအပ်သလော။ လူ့အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် သတ်အပ် သလောဟု သူတို့အား မေးတော်မူ၏။ သူတို့မူကား တိတ် ဆိတ်စွာနေကြ၏။-
4 Depois Jesus lhes perguntou: "O que é permitido fazer no sábado: o bem ou o mal, salvar a vida ou matar? " Mas eles permaneceram em silêncio.
5 ထိုအခါ ကိုယ်တော်သည် သူတို့ကို အမျက်ဒေါသဖြင့် လှည့်ကြည့်တော်မူ၏။ ထိုသူတို့၏စိတ် နှလုံးခိုင်မာခြင်းကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၍ လက်တစ်ဖက်သေနေသောသူအား သင်၏လက်ကို ဆန့်လော့ဟုမိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလေ၏။-
5 Irado, olhou para os que estavam à sua volta e, profundamente entristecido por causa dos seus corações endurecidos, disse ao homem: "Estenda a mão". Ele a estendeu, e ela foi restaurada.
6 ဖာရီဇေးဦးတို့သည် ထွက်သွားကြပြီးလျှင် ကိုယ်တော့်ကို မည်ကဲ့သို့လုပ်ကြံရမည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ကြ၏။
6 Então os fariseus saíram e começaram a conspirar com os herodianos contra Jesus, sobre como poderiam matá-lo.
7 ယေဇူးသည်လည်း သူ၏တပည့်တော်တို့နှင့်အတူ ပင်လယ်အနီးသို့ ထွက်ကြွသွားတော်မူလျှင် ဂါလေလေး ယပြည်မှ များစွာ သောလူအစုအဝေးတို့သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ ဂျုဒပြည်မှလည်းကောင်း၊-
7 Jesus retirou-se com os seus discípulos para o mar, e uma grande multidão vinda da Galiléia o seguia.
8 ဂျေရုဆလင်မြို့မှစ၍ အီဒူးမေးယနယ်၊ ဂျော်ဒန် မြစ်တစ်ဖက်ကမ်း၊ တီရာနှင့် စီဒွန်မြို့ပတ်ဝန်းကျင်မှလည်းကောင်း များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကို ကြားကြသဖြင့် အထံတော်သို့လာကြ၏။-
8 Quando ouviram a respeito de tudo o que ele estava fazendo, muitas pessoas procedentes da Judéia, de Jerusalém, da Iduméia e das regiões do outro lado do Jordão e dos arredores de Tiro e de Sidom foram atrás dele.
9 လူအစုအဝေးတို့ရှိနေသောကြောင့် လူတို့သည် မိမိကို တွန်းတိုက်ခြင်းမရှိစေရန် ကိုယ်တော်သည် တပည့်တော်တို့အား မိမိအတွက် လှေတစ်စင်းကိုအသင့်ပြင်ထားမည့်အကြောင်း အမိန့်ရှိတော်မူ၏။-
9 Por causa da multidão, ele disse aos discípulos que lhe preparassem um pequeno barco, para evitar que o comprimissem.
10 အကြောင်းမူကား ကိုယ်တော်သည် လူများစွာကို ရောဂါပျောက်ကင်းစေတော်မူသဖြင့် ရောဂါအမျိုးမျိုးစွဲကပ်နေသော လူတို့သည် ကိုယ်တော့်ကိုတို့ထိနိုင်ရန် အထံတော်သို့ တိုးဝင်ကြသောကြောင့်ဖြစ်၏။-
10 Pois ele havia curado a muitos, de modo que os que sofriam de doenças ficavam se empurrando para conseguir tocar nele.
11 ညစ်ညူးသောနတ်ဆိုးတို့သည်လည်း ကိုယ်တော့်ကို မြင်ကြသည့်အခါတိုင်း ရှေ့တော်၌ပျပ်ဝပ်လျက် ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါ သည်ဟု ဟစ်အော်ကြ၏။-
11 Sempre que os espíritos imundos o viam, prostravam-se diante dele e gritavam: "Tu és o Filho de Deus".
12 သို့သော် ကိုယ်တော်သည် မိမိအကြောင်းကို ထုတ်ဖော်မပြောစေရန် သူတို့ကို ကြပ် တည်းစွာ တားမြစ်တော်မူ၏။
12 Mas ele lhes dava ordens severas para que não dissessem quem ele era.
13 ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ မိမိအလို ရှိသောသူတို့ကို ခေါ်တော်မူလျှင် သူတို့သည် အထံတော် သို့လာကြ၏။-
13 Jesus subiu a um monte e chamou a si aqueles que ele quis, os quais vieram para junto dele.
14 ထို့နောက် ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးတို့ကို မိမိနှင့်အတူရှိစေခြင်းငှာလည်းကောင်း၊ တရားတော်ကို ဟောပြောရန် စေလွှတ်ခြင်းငှာလည်းကောင်း ရွေးချယ်ခန့်ထား၍၊-
14 Escolheu doze, designando-os como apóstolos, para que estivessem com ele, os enviasse a pregar
15 သူတို့အား နတ်ဆိုးများကိုနှင်ထုတ်နိုင်သောအခွင့် အာဏာ ကိုလည်းပေးတော်မူ၏။-
15 e tivessem autoridade para expulsar demônios.
16 ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော် အမည်ပေးထားသော စီမွန်၊-
16 Estes são os doze que ele escolheu: Simão, a quem deu o nome de Pedro;
17 မိုးကြိုး၏သားများဟု အဓိပ္ပာယ်ရသည့် ဘိုနာဂျေအမည်ဖြင့် ကိုယ်တော်မှည့် ခေါ်ထားသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ ညီယောဟန်၊-
17 Tiago, filho de Zebedeu, e João, seu irmão, aos quais deu o nome de Boanerges, que significa filhos do trovão;
18 အန္ဒြေးယ၊ ဖိလိပု၊ ဘာသိုလိုမေးဦး၊ မာတေးဦး၊ သောမ၊ အာလ်ဖေးဦး၏သား ယာကုပ်၊ သာ ဒေးဦး၊ ကာနန်နယ်သား စီမွန်နှင့်၊-
18 André; Filipe; Bartolomeu; Mateus; Tomé; Tiago, filho de Alfeu; Tadeu; Simão, o zelote,
19 ကိုယ်တော့်ကို သစ္စာ ဖောက်သော ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြသတည်း။
19 e Judas Iscariotes, que o traiu.
20 ကိုယ်တော်သည် အိမ်သို့ပြန်လာတော်မူ၏။- ထိုအခါ လူတို့သည် တစ်ဖန်စုဝေးလာကြသဖြင့် ကိုယ်တော်နှင့် တပည့်တော် တို့သည် အစာကိုပင် မစားနိုင်ကြချေ။-
20 Então Jesus entrou numa casa, e novamente reuniu-se ali uma multidão, de modo que ele e os seus discípulos não conseguiam nem comer.
21 ကိုယ်တော်သည် စိတ်ဖောက်ပြန်လျက်ရှိသည်ဟု လူတို့ကဆိုကြသောကြောင့် ကိုယ်တော်၏ဆွေမျိုးများ သည်လည်း ကိုယ်တော့်ကို ထိန်းရန်သွားကြ၏။-
21 Quando seus familiares ouviram falar disso, saíram para apoderar-se dele, pois diziam: "Ele está fora de si".
22 ဂျေရု ဆလင်မြို့မှလာသော ကျမ်းတတ်ဆရာတို့ကလည်း သူသည် ဘဲလ်ဇေဘုလ်ပူးဝင်ခြင်းခံရသဖြင့် ထိုနတ်ဆိုးတို့ ၏အကြီးအကဲကို အမှီပြုလျက် နတ်ဆိုးများကို နှင်ထုတ် ခြင်းဖြစ်သည်ဟု ဆိုကြ၏။-
22 E os mestres da lei que haviam descido de Jerusalém diziam: "Ele está com Belzebu! Pelo príncipe dos demônios é que ele expulsa demônios".
23 ထိုအခါ ကိုယ်တော်သည် သူတို့ကို အထံတော်သို့ခေါ်၍ ပုံဥပမာများဖြင့်မိန့်တော်မူသည်ကား စာတန်သည် စာတန်ကို မည်သို့နှင်ထုတ်နိုင်မည်နည်း။-
23 Então Jesus os chamou e lhes falou por parábolas: "Como pode Satanás expulsar Satanás?
24 တိုင်းနိုင်ငံတစ်ခု၌ အချင်းချင်းဆန့်ကျင်ကွဲပြားလျှင် ထိုနိုင်ငံသည် မတည်တံ့နိုင်ရာ။-
24 Se um reino estiver dividido contra si mesmo, não poderá subsistir.
25 ထို့အတူ အိမ်တစ်အိမ်၌ မိမိ အိမ်သားအချင်းချင်း ဆန့်ကျင်ကွဲပြားလျှင် ထိုအိမ်သည် မတည်တံ့နိုင်ရာ။-
25 Se uma casa estiver dividida contra si mesma, também não poderá subsistir.
26 စာတန်သည်လည်း မိမိကိုယ်ကို ဆန့်ကျင်၍ ကွဲပြားနေလျှင် သူသည် မတည်မြဲနိုင်ဘဲ ဆုံးခန်းသို့ရောက်လိမ့်မည်။-
26 E se Satanás se opuser a si mesmo e estiver dividido, não poderá subsistir; chegou o seu fim.
27 ခွန်အားကြီးသူတစ်ဦးကို အလျင်ဦးစွာချည်နှောင်ထိန်းချုပ်ခြင်းမရှိဘဲ သူ၏ အိမ်အတွင်းသို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ သူ့ကိုချည်နှောင်ထိန်းချုပ်ပြီးမှသာ သူ၏အိမ် ကိုဝင်ရောက်လုယူနိုင်လိမ့်မည်။
27 De fato, ninguém pode entrar na casa do homem forte e levar dali os seus bens, sem que antes o amarre. Só então poderá roubar a casa dele.
28 သင်တို့အား ငါအမှန်ဆိုသည်ကား လူတို့သည် မိမိ တို့၏အပြစ်များအားလုံးနှင့် ဘုရားသခင်ကို ထိခိုက်ပြစ်မှားမိသမျှသော အပြစ်များအတွက် အပြစ်လွှတ်ခြင်းခံရလိမ့်မည်။-
28 Eu lhes asseguro que todos os pecados e blasfêmias dos homens lhes serão perdoados,
29 သို့သော် ဝိညာဉ်တော်မြတ်အား ထိခိုက်ပြစ်မှားသောသူမှန်သမျှသည် မည်သည့်အခါမျှ အပြစ်မှချမ်းသာခွင့်ရလိမ့် မည်မဟုတ်။ ထိုသူသည် အစဉ်ထာ၀ရ အပြစ်ရှိသောသူဖြစ်၏ဟု မိန့်တော်မူ၏။-
29 mas quem blasfemar contra o Espírito Santo nunca terá perdão: é culpado de pecado eterno".
30 အကြောင်းမူ ကား ထိုသူတို့က ကိုယ်တော်၌ ညစ်ညူးသောနတ်ဆိုးရှိ သည်ဟု ဆိုကြသောကြောင့်ဖြစ်၏။
30 Jesus falou isso porque eles estavam dizendo: "Ele está com um espírito imundo".
31 ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့ သည် လာ၍ အပြင်၌ရပ်နေကြပြီး ကိုယ်တော့်ကိုခေါ်စေခြင်းငှာ လူစေ လွှတ်ကြ၏။-
31 Então chegaram a mãe e os irmãos de Jesus. Ficando do lado de fora, mandaram alguém chamá-lo.
32 လူအစုအဝေးသည် ကိုယ် တော်၏ထံတော်ပါး၌ ဝိုင်းလျက်ထိုင်နေကြသည်ဖြစ်၍ သူတို့က ကိုယ်တော်၏မယ်တော်နှင့် ညီအစ်ကိုတို့သည် ကိုယ်တော့်ကိုတွေ့လိုသဖြင့် အပြင်၌ရပ်နေကြပါသည် ဟု လျှောက်ကြ၏။-
32 Havia muita gente assentada ao seu redor; e lhe disseram: "Tua mãe e teus irmãos estão lá fora e te procuram".
33 ကိုယ်တော်ကလည်း ငါ၏အမိနှင့် ငါ၏ညီအစ်ကိုတို့ကား မည်သူတို့နည်းဟု မေးတော်မူပြီး နောက်၊-
33 "Quem é minha mãe, e quem são meus irmãos? ", perguntou ele.
34 မိမိအနီး၌ ဝိုင်းရံ၍ ထိုင်နေကြသောသူများကို ကြည့်တော်မူကာ ဤသူတို့သည်ကား ငါ၏အမိနှင့် ငါ၏ညီအစ်ကိုများ ပေတည်း။-
34 Então olhou para os que estavam assentados ao seu redor e disse: "Aqui estão minha mãe e meus irmãos!
35 ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမှန်သမျှသည် ငါ၏ညီအစ်ကို၊ ငါ၏ နှမနှင့် ငါ၏အမိတို့ဖြစ်ကြသတည်းဟု မိန့်တော်မူ၏။
35 Quem faz a vontade de Deus, este é meu irmão, minha irmã e minha mãe".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.