Marcos 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ရက်အနည်းငယ်ကြာသောအခါ ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ ပြန်ကြွလာတော်မူသဖြင့် ကိုယ်တော်သည် အိမ်၌ရှိ ကြောင်း ကို လူတို့ကြား သိကြလေ၏။-
1 E alguns dias depois entrou outra vez em Cafarnaum, e soube-se que estava em casa.
2 ထိုအခါ များစွာသောလူတို့သည် စုရုံးလာ ကြသောကြောင့် အိမ်တံခါးအပြင်၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် လည်း ထိုသူတို့အား နှုတ်တော် ထွက်စကားကို ဟောပြောတော်မူ၏။
2 E logo se ajuntaram tantos, que nem ainda nos lugares junto à porta cabiam; e anunciava-lhes a palavra.
3 ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ဦးကို လူလေးယောက်ဖြင့်ထမ်း၍ အထံတော်သို့ဆောင်ယူခဲ့ကြ၏။-
3 E vieram ter com ele conduzindo um paralítico, trazido por quatro.
4 သူတို့သည်လည်း လူအစုအဝေးကြောင့် အထံတော်သို့မချဉ်းကပ်နိုင်ကြသဖြင့် ကိုယ်တော်၏အထက် မှအိမ်ခေါင်မိုးကို ဖောက်ပြီးလျှင် လေဖြတ်သောသူလဲ လျောင်းနေသည့်အိပ်ရာကို လျှောချကြလေ၏။-
4 E, não podendo aproximar-se dele, por causa da multidão, descobriram o telhado onde estava, e, fazendo um buraco, baixaram o leito em que jazia o paralítico.
5 ယေဇူးသည်လည်း သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေသောသူအား ငါ့သား၊ သင်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။-
5 E Jesus, vendo a fé deles, disse ao paralítico: Filho, perdoados estão os teus pecados.
6 ထိုနေရာတွင် ထိုင်နေကြသောကျမ်းတတ်ဆရာအချို့တို့က၊-
6 E estavam ali assentados alguns dos escribas, que arrazoavam em seus corações, dizendo:
7 အဘယ်ကြောင့် ဤသူသည် ထိုကဲ့သို့ပြောဆိုရသနည်း၊ ဤစကားသည် ဘုရားသခင်ကို ထိခိုက်ပြောဆိုခြင်းဖြစ်၏၊ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကို ခွင့်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌တွေးတောကြ၏။-
7 Por que diz este assim blasfêmias? Quem pode perdoar pecados, senão Deus?
8 ယေဇူးသည် လည်း ထိုသူတို့၏စိတ်ထဲ၌ ဤသို့ တွေးတောနေကြသည်ကို မိမိ၏စိတ်တော်ဖြင့် ချက်ချင်း ပင်သိတော်မူသဖြင့် သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ ဤသို့တွေးတောကြသနည်း။-
8 E Jesus, conhecendo logo em seu espírito que assim arrazoavam entre si, lhes disse: Por que arrazoais sobre estas coisas em vossos corações?
9 လေဖြတ်သောသူအား မည်သည့်စကားကိုပြောဆိုရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များမှာ ခွင့်လွှတ်ခြင်းခံရလေပြီ ဟုဆိုခြင်းလော၊ သို့မဟုတ် ထလော့၊ သင်၏အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟုဆိုခြင်းလော။-
9 Qual é mais fácil? dizer ao paralítico: Estão perdoados os teus pecados; ou dizer-lhe: Levanta-te, e toma o teu leito, e anda?
10 သို့သော် လူသားသည် ဤလောကတွင် အပြစ်များကိုခွင့်လွှတ်ပိုင် သောအာဏာရှိကြောင်း သင်တို့သိစေရန်ဖြစ်သည်ဟု ဆိုလျက် လေဖြတ်သောသူအား၊-
10 Ora, para que saibais que o Filho do homem tem na terra poder para perdoar pecados (disse ao paralítico),
11 သင့်အား ငါဆိုသည်ကား ထလော့၊ သင့်အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
11 A ti te digo: Levanta-te, toma o teu leito, e vai para tua casa.
12 ထိုအခါ သူသည်လည်း ထ၍ အိပ်ရာကို ချက်ချင်းယူပြီးလျှင် လူအပေါင်းတို့ရှေ့၌ပင် ထွက်ခွာသွား သဖြင့် သူတို့သည်လည်း အံ့ဩကြလျက် ငါတို့သည် ဤ ကဲ့သို့ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးပါတကားဟုဆိုကြ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော် ကိုချီးမွမ်း ကြ၏။
12 E levantou-se e, tomando logo o leito, saiu em presença de todos, de sorte que todos se admiraram e glorificaram a Deus, dizendo: Nunca tal vimos.
13 ယေဇူးသည် ပင်လယ်ကမ်းနားသို့ တစ်ဖန်ကြွသွား တော်မူလျှင် လူအစုအဝေးတို့သည် အထံတော်၌ လာရောက်စုရုံးကြ သဖြင့် ကိုယ်တော်သည်လည်း သူတို့ကို သွန်သင်တော်မူ၏။-
13 E tornou a sair para o mar, e toda a multidão ia ter com ele, e ele os ensinava.
14 ထို့နောက် ကိုယ်တော်သည် ဆက် လက်ကြွသွားတော်မူစဉ် အာလ်ဖေးဦး၏သား လေဝိ သည် အခွန်ရုံး၌ထိုင်လျက်ရှိသည် ကို မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်က ငါ့နောက်သို့လိုက်လော့ဟု သူ့အားမိန့်တော်မူလျှင် သူသည်လည်းထ၍ နောက်တော် သို့ လိုက်လေ၏။
14 E, passando, viu Levi, filho de Alfeu, sentado na alfândega, e disse-lhe: Segue-me. E, levantando-se, o seguiu.
15 ထို့နောက် ကိုယ်တော်သည် လေဝိ၏အိမ်၌ ညစာ သုံးဆောင်တော်မူစဉ် များစွာသောအခွန်ခံသူတို့နှင့် အပြစ်ရှိသောသူ တို့သည် ယေဇူးနှင့်အတူ သူ၏တပည့်တော်များနှင့်တကွ စားသောက်ကြလေ၏။ အကြောင်းမူကား ကိုယ်တော်၏ နောက်တော် သို့လိုက်သောသူများ စွာရှိကြ၏။-
15 E aconteceu que, estando sentado à mesa em casa deste, também estavam sentados à mesa com Jesus e seus discípulos muitos publicanos e pecadores; porque eram muitos, e o tinham seguido.
16 ထိုအခါ ဖာရီဇေးဦးဂိုဏ်းဝင် ကျမ်းတတ်ဆရာတို့သည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ ကိုယ်တော်စားသောက်နေ သည်ကို မြင်သောအခါ အဘယ်ကြောင့် သူသည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော် တို့အားဆိုကြ၏။-
16 E os escribas e fariseus, vendo-o comer com os publicanos e pecadores, disseram aos seus discípulos: Por que come e bebe ele com os publicanos e pecadores?
17 ယေဇူးသည်လည်း ဤစကားကိုကြားလျှင် ကျန်းမာသောသူသည် ဆေးဆရာကိုမလိုအပ်ပေ။ ဖျားနာသောသူမူကား လိုအပ်၏။ ငါသည် ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာသည်ဟု သူတို့ အား မိန့်တော်မူ၏။
17 E Jesus, tendo ouvido isto, disse-lhes: Os sãos não necessitam de médico, mas, sim, os que estão doentes; eu não vim chamar os justos, mas, sim, os pecadores ao arrependimento.
18 ထိုအချိန်တွင် ယောဟန်၏တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်လျက်ရှိကြ၏။ လူတို့သည်လည်း ကိုယ်တော့် ထံသို့လာ၍ အဘယ်ကြောင့် ယောဟန်၏ တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်ကြပြီး ကိုယ်တော်၏တပည့်တို့မူကား အစာမရှောင်ကြပါသ နည်းဟုမေးလျှောက်ကြ၏။-
18 Ora, os discípulos de João e os fariseus jejuavam; e foram e disseram-lhe: Por que jejuam os discípulos de João e os dos fariseus, e não jejuam os teus discípulos?
19 ထိုအခါ ယေဇူးက မင်္ဂလာဆောင်ပွဲသို့လာကြသောသူတို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေချိန်တွင် အစာရှောင်နိုင်ကြ ပါမည်လော။ သူတို့သည် မိမိတို့နှင့်အတူ မင်္ဂလာဆောင်သတို့သားရှိနေ သမျှကာလပတ်လုံး အစာမရှောင်နိုင်ကြပေ။-
19 E Jesus disse-lhes: Podem porventura os filhos das bodas jejuar enquanto está com eles o esposo? Enquanto têm consigo o esposo, não podem jejuar;
20 သို့သော် မင်္ဂလာဆောင်သတို့သားကို သူတို့ထံမှခေါ်ဆောင်သွား မည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုအခါ သူတို့ သည် ထိုနေ့တွင် အစာရှောင်ကြလိမ့်မည်။-
20 Mas dias virão em que lhes será tirado o esposo, e então jejuarão naqueles dias.
21 မည်သူမျှ အဝတ်ဟောင်းကို ပိတ်စသစ်နှင့် ဖာထေးလေ့မရှိ။ ထိုသို့ ပြုလျှင် ပိတ်စအသစ်သည် အဝတ်ဟောင်းမှရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ကျယ်လာတတ်၏။-
21 Ninguém deita remendo de pano novo em roupa velha; doutra sorte o mesmo remendo novo rompe o velho, e a rotura fica maior.
22 ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူးဟောင်းအတွင်း ထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် စပျစ်ရည်သစ်သည် သားရေဘူးများကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်၍ သားရေဘူးများလည်း ပျက်စီးလိမ့်မည်။ စပျစ်ရည်သစ်ကို သားရေဘူးသစ် များ၌သာ ထည့်ရ၏ဟု သူတို့အားမိန့်တော်မူ၏။
22 E ninguém deita vinho novo em odres velhos; doutra sorte, o vinho novo rompe os odres e entorna-se o vinho, e os odres estragam-se; o vinho novo deve ser deitado em odres novos.
23 ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကို ဖြတ်၍သွားတော်မူ၏။ ထိုသို့သူတို့သွားနေကြစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံစေ့များကို ဆွတ်ခူးကြ၏။ ထိုအခါ ဖာရီဇေးဦးတို့က ကိုယ်တော်အားကြည့်ပါ၊-
23 E aconteceu que, passando ele num sábado pelas searas, os seus discípulos, caminhando, começaram a colher espigas.
24 သူတို့သည် ဥပုသ်နေ့တွင်မပြုအပ်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်းဟု လျှောက်ကြ၏။-
24 E os fariseus lhe disseram: Vês? Por que fazem no sábado o que não é lícito?
25 ကိုယ်တော် ကလည်း ဒါဝိဒ်မင်းကြီးသည် မိမိနှင့် မိမိအပေါင်းအဖော် များဆာလောင်၍ အခက်ကြုံသောအခါ မည်ကဲ့သို့ပြုခဲ့ ကြောင်း သင်တို့မဖတ်ဖူးကြသလော။-
25 Mas ele disse-lhes: Nunca lestes o que fez Davi, quando estava em necessidade e teve fome, ele e os que com ele estavam?
26 သူသည် ရဟန်းအကြီးအကဲ အာဘိယသာလက်ထက်၌ ဘုရားသခင်၏အိမ်တော်သို့ဝင်လျက် ရဟန်းများမှတစ်ပါး မည်သူမျှ မစားအပ်သောရှေ့တော်တင်မုန့်ကိုယူ၍စားပြီးမှ မိမိနှင့် အတူရှိသောသူတို့အား ပေးခဲ့သည်ကို သင်တို့မဖတ်ဖူး ကြသလောဟု သူတို့အား မိန့်တော်မူ၏။-
26 Como entrou na casa de Deus, no tempo de Abiatar, sumo sacerdote, e comeu os pães da proposição, dos quais não era lícito comer senão aos sacerdotes, dando também aos que com ele estavam?
27 ထို့နောက် ကိုယ်တော်က ဥပုသ်နေ့ကို လူတို့အတွက် သတ်မှတ်ထားခြင်း ဖြစ်၏။ လူတို့ကို ဥပုသ်နေ့အတွက် ဖန်ဆင်းထားခြင်း မဟုတ်။-
27 E disse-lhes: O sábado foi feito por causa do homem, e não o homem por causa do sábado.
28 သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့၏အရှင်သခင် ပင်ဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
28 Assim o Filho do homem até do sábado é Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.