Marcos 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 ဘုရားသခင်၏သားတော်ဖြစ်သော ခရစ်တော် ယေဇူး၏ဧဝံဂေလိတရားအစသည်ကား ဤသို့ ဖြစ်သတည်း။
1 Este é o princípio das boas-novas a respeito de Jesus Cristo, o Filho de Deus.
2 ပရောဖက်အီဇာယကျမ်း၌ ရေးထားသည်မှာ ကြည့်လော့၊ သင့်အတွက် လမ်းကိုပြင်ဆင်ခြင်းငှာ ငါ၏တမန်တော်ကို သင်၏ ရှေ့၌ ငါစေလွှတ်မည်။-
2 Iniciou-se como o profeta Isaías escreveu: “Envio meu mensageiro adiante de ti, e ele preparará teu caminho.
3 တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား သခင်ဘုရားကြွ လာတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့၊ ကိုယ်တော် ၏လမ်းများကို ဖြောင့်တန်းစေကြလော့ဟူ၍ဖြစ်၏။
3 Ele é uma voz que clama no deserto: ‘Preparem o caminho para a vinda do Senhor! Abram a estrada para ele!’”.
4 ယောဟန်ဘတ္တိဇံသည် တောကန္တာရ၌ ထွက်ပေါ်လာ၍ အပြစ်များခွင့်လွှတ်ခြင်းခံရရန်အတွက် နောင်တတရားနှင့် ဆိုင်သော ဆေးကြောခြင်းအကြောင်းကိုဟော ပြောလျက်ရှိ၏။-
4 Esse mensageiro era João Batista. Ele apareceu no deserto, pregando o batismo como sinal de arrependimento para o perdão dos pecados.
5 ဂျူဒေးယပြည်တစ်ပြည်လုံးမှ လူများ နှင့် ဂျေရုဆလင်မြို့သားအပေါင်း တို့သည် သူ့ထံသို့ သွား ကြ၍ မိမိတို့၏အပြစ်များကို ထုတ်ဖော်ဝန်ခံကြလျက် ဂျော်ဒန်မြစ်တွင် သူ့ထံမှ ဆေးကြောခြင်း ကိုခံယူကြလေ၏။-
5 Gente de toda a Judeia, incluindo os moradores de Jerusalém, saía para ver e ouvir João. Quando confessavam seus pecados, ele os batizava no rio Jordão.
6 ယောဟန်သည် ကုလားအုပ်မွေးဖြင့်ရက်လုပ်ထားသော အဝတ်ကိုဝတ်ဆင်လျက် ခါးတွင်သားရေခါးစည်းကြိုးကို စည်းထား ပြီး ကျိုင်းကောင်နှင့် တောပျားရည်တို့ကိုသာ စားသောက်၏။-
6 João vestia roupas tecidas com pelos de camelo, usava um cinto de couro e alimentava-se de gafanhotos e mel silvestre.
7 သူက ဟောပြောသည်ကား ငါ့ထက် ပို၍တတ်စွမ်းနိုင်သောသူသည် ငါ့နောက်တွင်ကြွလာ တော်မူလိမ့်မည်။ ငါသည် ပျပ်ဝပ် လျက် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှာ မထိုက်တန်။-
7 João anunciava: “Depois de mim virá alguém mais poderoso que eu, alguém tão superior que não sou digno de me abaixar e desamarrar as correias de suas sandálias.
8 ငါသည် သင်တို့ကို ရေဖြင့်ဆေးကြော၏။ သို့သော် သူသည် သင်တို့ကို ဝိညာဉ် တော်မြတ်ဖြင့် ဆေးကြောတော်မူလိမ့်မည် ဟူ၍ဖြစ်သ တည်း။
8 Eu os batizo com água, mas ele os batizará com o Espírito Santo!”.
9 ထိုနေ့ရက်တို့၌ ယေဇူးသည် ဂါလေလေးယနယ်၊ နာဇရက်မြို့မှ ကြွလာတော်မူပြီး ဂျော်ဒန်မြစ်တွင် ယောဟန်ထံမှ ဆေးကြောခြင်းကိုခံတော်မူ၏။-
9 Certo dia, Jesus veio de Nazaré da Galileia, e João o batizou no rio Jordão.
10 ကိုယ်တော် သည် ရေထဲမှတက်လာတော်မူသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီး ဝိညာဉ်တော်သည် ချိုး ငှက်သဏ္ဌာန်ဖြင့် မိမိအပေါ်ဆင်းသက်လာသည်ကို မြင်တော်မူ၏။-
10 Enquanto saía da água, viu o céu se abrir e o Espírito Santo descer sobre ele como uma pomba.
11 ထို့နောက် ကောင်းကင်မှအသံထွက်ပေါ် လာသည်ကား သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ဟူ၍ဖြစ် ၏။
11 E uma voz do céu disse: “Você é meu Filho amado, que me dá grande alegria”.
12 ထို့နောက် ဝိညာဉ်တော်သည် ချက်ချင်းပင် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။-
12 Em seguida, o Espírito conduziu Jesus ao deserto,
13 ကိုယ်တော်သည်လည်း ထိုအရပ်၌ ရက်ပေါင်းလေးဆယ် ပတ်လုံးနေစဉ် နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်နှင့်အတူ သားရဲတိရစ္ဆာန်များလည်းရှိကြ၏။ ကောင်းကင်တမန်တော်များသည်လည်း ကိုယ်တော်အတွက် လိုရာကိစ္စ များကို ဆောင်ရွက်ပေးကြ၏။
13 onde ele foi tentado por Satanás durante quarenta dias. Estava entre animais selvagens, e anjos o serviam.
14 ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယေဇူးသည် ဂါလေလေးယနယ်သို့ကြွလာ၍ ဘုရားသခင်၏ သတင်းကောင်းကို ကြေညာဟောပြောလျက်၊-
14 Depois que João foi preso, Jesus foi para a Galileia, onde anunciou as boas-novas de Deus.
15 မိန့်တော်မူသည်ကား အချိန်ကာလသည် ပြည့်စုံလေပြီ။ ဘုရားသခင်၏နိုင်ငံတော်သည်လည်း တည်လုနီးပြီ။ နောင်တရ ကြ၍ ဧဝံဂေလိတရားတော်ကိုယုံကြည်ကြ လော့ဟူ၍ဖြစ်၏။
15 “Enfim chegou o tempo prometido!”, proclamava. “O reino de Deus está próximo! Arrependam-se e creiam nas boas-novas!”
16 ကိုယ်တော်သည် ဂါလေလေးယပင်လယ်ကမ်း နားတစ်လျှောက် ကြွသွားတော်မူစဉ် စီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့သည် ပင်လယ်တွင် ပိုက်ကွန်ချနေကြသည် ကို မြင်တော်မူ၏။ အကြောင်းမူကား သူတို့သည် တံငါ သည်များဖြစ်ကြ၏။-
16 Enquanto andava à beira do mar da Galileia, Jesus viu Simão e seu irmão André. Jogavam redes ao mar, pois viviam da pesca.
17 ထိုအခါ ယေဇူးက သူတို့အား ငါ့နောက်သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသောတံငါဖြစ်စေမည်ဟု မိန့်တော်မူ၏။-
17 Jesus lhes disse: “Venham! Sigam-me, e eu farei de vocês pescadores de gente”.
18 သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။-
18 No mesmo instante, deixaram suas redes e o seguiram.
19 ထို့နောက် ကိုယ်တော်သည် ရှေ့သို့ အနည်းငယ်ကြွသွားတော်မူသောအခါ ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ညီ ယောဟန်တို့ သည် မိမိတို့၏လှေထဲ၌ ပိုက်ကွန်များ ဖာထေးနေကြ သည်ကို မြင်တော်မူ၏။-
19 Pouco mais adiante, Jesus viu Tiago e João, filhos de Zebedeu, consertando redes num barco.
20 ထိုအခါ ကိုယ်တော်သည် ချက်ချင်းပင် သူတို့ကိုခေါ်တော်မူသဖြင့် သူတို့သည်လည်း မိမိတို့၏ဖခင် ဇေဘေဒေးဦးကို လှေပေါ်တွင် လူငှားများနှင့် ထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။
20 Chamou-os de imediato e eles também o seguiram, deixando seu pai, Zebedeu, no barco com os empregados.
21 ထို့နောက် သူတို့သည် ကာဖာနာအုမ်မြို့သို့ဝင်ကြ လေ၏။ ကိုယ်တော်သည်လည်း ဥပုသ်နေ့၌ ချက်ချင်းပင် တရားဇရပ် သို့ဝင်၍ သွန်သင်တော်မူ၏။-
21 Jesus e seus seguidores foram à cidade de Cafarnaum. Quando chegou o sábado, entrou na sinagoga e começou a ensinar.
22 ထိုအခါ လူတို့ သည် ကိုယ်တော်၏သွန်သင်ချက်ကို အလွန်အံ့ဩကြ ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ ်ဆရာ များကဲ့သို့မဟုတ်ဘဲ ဩဇာအာဏာရှိသောသူကဲ့သို့ သွန် သင်တော်မူသောကြောင့်ဖြစ်၏။-
22 O povo ficou admirado com seu ensino, pois ele falava com verdadeira autoridade, diferentemente dos mestres da lei.
23 ထိုအချိန်၌ သူတို့၏ တရားဇရပ်တွင် ညစ်ညူးသောနတ်ဆိုးပူးခြင်းခံရသည့် လူတစ်ယောက်ရှိ၏။-
23 De repente, um homem ali na sinagoga, possuído por um espírito impuro, gritou:
24 ထိုသူက နာဇရက်မြို့သား ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြုလိုပါသနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူပါသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းမြင့် မြတ်သောသူဖြစ်ပါသည်ဟု အော်ဟစ်လေ၏။-
24 “Por que vem nos importunar, Jesus de Nazaré? Veio para nos destruir? Sei quem é você: o Santo de Deus!”.
25 သို့သော် ယေဇူးသည် သူ့ကို ကြိမ်းမောင်းကာ တိတ်ဆိတ်စွာနေလော့၊ ဤသူ့ထံမှ ထွက်သွားလော့ဟု အမိန့်ပေးတော်မူ လျှင်၊-
25 “Cale-se!”, repreendeu-o Jesus. “Saia deste homem!”
26 ညစ်ညူး သောနတ်ဆိုးသည် ထိုသူ့ကို ပြင်းထန်စွာလှုပ်ခါ၍ ကျယ် သောအသံဖြင့် အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ ၏။-
26 Então o espírito impuro soltou um grito, sacudiu o homem violentamente e saiu dele.
27 လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤ အခြင်းအရာသည် မည်သို့သောအရာဖြစ်သနည်း။ ၎င်း သည် သွန်သင်ချက် အသစ်ပါတကား။ သူသည် နတ်ဆိုးတို့ကိုပင် အာဏာနှင့်အမိန့်ပေးသောအခါ ၎င်းတို့သည် သူ၏စကားကိုနား ထောင်ကြ ပေသည်ဟု အချင်းချင်းမေး မြန်းပြောဆိုကြ၏။-
27 Todos os presentes ficaram admirados e começaram a discutir o que tinha acontecido. “Que ensinamento novo é esse?”, perguntavam. “Como tem autoridade! Até os espíritos impuros obedecem às ordens dele!”
28 ကိုယ်တော်၏သတင်းကျော်ကြား ခြင်းသည်လည်း တစ်ခဏချင်းပင် ဂါလေလေးယနယ် ပတ်ဝန်းကျင်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
28 As notícias a respeito de Jesus se espalharam rapidamente por toda a região da Galileia.
29 ကိုယ်တော်သည် တရားဇရပ်မှထွက်လျှင်ထွက် ချင်း စီမွန်နှင့် အန္ဒြေးယတို့၏အိမ်သို့ ယာကုပ်၊ ယောဟန် တို့နှင့်အတူ ကြွဝင်တော်မူ၏။-
29 Depois que Jesus saiu da sinagoga com Tiago e João, foram à casa de Simão e André.
30 ထိုအချိန်တွင် စီမွန်၏ ယောက္ခမသည် ဖျား၍ အိပ်ရာထဲတွင်လဲနေကြောင်းကို ကိုယ်တော်အား ချက်ချင်းလျှောက် ထားကြ၏။-
30 A sogra de Simão estava de cama, com febre. Imediatamente, falaram a seu respeito para Jesus.
31 ကိုယ်တော်သည်လည်း ချဉ်းကပ်၍ သူမကိုလက်မှကိုင်လျက် ထူမလိုက်ရာ သူမသည် အဖျားပျောက်သဖြင့် သူတို့ကို ဧည့်ဝတ်ပြုလေ၏။
31 Ele foi até ela, tomou-a pela mão e ajudou-a a levantar-se. A febre a deixou, e ela passou a servi-los.
32 ထိုညနေခင်းနေဝင်ချိန်တွင် လူတို့သည် မကျန်းမာ သောသူများနှင့် နတ်ဆိုးပူးခြင်းခံရသောသူရှိသမျှတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။-
32 Ao entardecer, depois que o sol se pôs, trouxeram a Jesus muitos enfermos e possuídos por demônios.
33 ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါး၀တွင် စုဝေးလျက်ရှိကြ၏။-
33 Toda a cidade se reuniu à porta da casa para observar.
34 ကိုယ်တော် သည်လည်း ရောဂါအမျိုးမျိုးကြောင့် ဖျားနာနေကြသော သူအများအပြားကိုပျောက်ကင်းစေ၍ များစွာသောနတ် ဆိုးတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်မည်သူဖြစ်သည်ကိုသိကြသောကြောင့် ကိုယ် တော်သည် သူတို့အား စကားတစ်ခွန်းကိုမျှ ပြောစေခြင်း ငှာ ခွင့်ပြုတော်မမူချေ။
34 Então Jesus curou muitas pessoas que sofriam de diversas enfermidades e expulsou muitos demônios. Não permitia, porém, que os demônios falassem, pois sabiam quem ele era.
35 နံနက်မိုးမလင်းမီအချိန်တွင် ကိုယ်တော်သည် ထ၍ လူသူကင်းဝေးရာအရပ်သို့ကြွသွားပြီးလျှင် ထိုနေရာ၌ ဆုတောင်း တော်မူ၏။-
35 No dia seguinte, antes do amanhecer, Jesus se levantou e foi a um lugar isolado para orar.
36 ထိုအခါ စီမွန်နှင့် သူ၏အပေါင်း အဖော်များသည် ကိုယ်တော့်ကိုလိုက်ရှာကြလေ၏။-
36 Mais tarde, Simão e os outros saíram para procurá-lo.
37 သူတို့သည် ကိုယ်တော့်ကိုတွေ့ ကြသောအခါ လူအားလုံးသည် ကိုယ်တော့်ကို ရှာနေကြပါသည်ဟု လျှောက်ကြ၏။-
37 Quando o encontraram, disseram: “Todos estão à sua procura!”.
38 ကိုယ်တော်ကလည်း အနီးပတ်ဝန်းကျင်မြို့ရွာများသို့ ဆက်၍သွားကြစို့။ ထိုနေရာတို့တွင်လည်း သတင်းကောင်းကို ငါဟောကြားရမည်။ ဤအကြောင်းကြောင့် ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။-
38 Jesus respondeu: “Devemos prosseguir para outras cidades e lá também anunciar minha mensagem. Foi para isso que vim”.
39 ထို့ နောက် ကိုယ်တော်သည် ဂါလေလေးယနယ်တစ်နယ် လုံးသို့ ကြွသွား၍ သူတို့၏တရားဇရပ်များတွင် ဟောပြောပြီး နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
39 Então ele viajou por toda a região da Galileia, pregando nas sinagogas e expulsando demônios.
40 ထိုအခါ အနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦး သည် အထံတော်သို့လာ၍ ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက် ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟု တောင်းပန်လျှောက် ထားလေ၏။-
40 Um leproso veio e ajoelhou-se diante de Jesus, implorando para ser curado: “Se o senhor quiser, pode me curar e me deixar limpo”.
41 ယေဇူးသည် ထိုသူ့အပေါ် ကရုဏာသက် တော်မူသဖြင့် မိမိ၏လက်တော်ကို ဆန့်၍ သူ့ကိုတို့ ထိလျက် ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက် စေဟုမိန့်တော်မူလျှင်၊-
41 Cheio de compaixão, Jesus estendeu a mão e tocou nele. “Eu quero”, respondeu. “Seja curado e fique limpo!”
42 ချက်ချင်းပင် ထိုသူ၌ အနာကြီး ရောဂါပျောက်ကင်း၍ သူသည် စင်ကြယ်သွားလေ၏။-
42 No mesmo instante, a lepra desapareceu e o homem foi curado.
43 ထိုအခါ ကိုယ်တော်သည် မဆိုင်း မတွပင် သူ့ကိုအဝေးသို့ လွှတ်လျက် ကြပ်တည်းစွာမိန့်မှာသည်ကား၊-
43 Então Jesus se despediu dele com uma forte advertência:
44 သင်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောမိစေရန် သတိပြု လော့။ သို့သော် လူတို့ရှေ့တွင် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားသည့်အတိုင်း သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြသကာ သင်၏ပျောက်ကင်းစင်ကြယ်ခြင်း အတွက် ပူဇော်သကာကိုဆက်ကပ်လော့ဟု မိန့်တော်မူ ၏။-
44 “Não conte isso a ninguém. Vá e apresente-se ao sacerdote para que ele o examine. Leve a oferta que a lei de Moisés exige pela sua purificação. Isso servirá como testemunho”.
45 ထိုသူသည်ကား ထွက်သွားပြီးလျှင် ဤအကြောင်း ကို လူသိရှင်ကြား စတင်ကြေညာ၍ သတင်းတော်ကိုပျံ့နှံ့ စေလေ၏။ ထို့ကြောင့် ယေဇူးသည် မည်သည့်မြို့တွင်းကို မျှ ထင်ရှားစွာမဝင်နိုင်တော့ဘဲ လူသူကင်းဝေးရာမြို့ ပြင် အရပ်တွင်သာနေသဖြင့် လူတို့သည်လည်း အရပ်ရပ်မှ နေ၍ ကိုယ်တော်၏အထံတော်သို့ လာကြကုန်၏။
45 O homem, porém, saiu e começou a contar a todos o que havia acontecido. Por isso, em pouco tempo, grandes multidões cercaram Jesus, e ele já não conseguia entrar publicamente em cidade alguma. E, embora se mantivesse em lugares isolados, gente de toda parte vinha até ele.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.