Marcos 16

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ဥပုသ်နေ့လွန်သောအခါ မာရိယာမာဒလေးနာ၊ ယာကုပ်၏အမိ မာရိယာ နှင့် ဆာလို့မေတို့သည် သွား၍ ကိုယ်တော်အား လိမ်းကျံခြင်းငှာ နံ့သာဆီမွှေးများ ကိုဝယ်ယူခဲ့ကြ၏။-
1 Ora, passado o sábado, Maria Madalena, Maria, mãe de Tiago, e Salomé, compraram aromas para irem ungi-lo.
2 ရက်သတ္တပတ်၏ပထမနေ့ နံနက် စောစောနေထွက်ချိန်၌ သူတို့သည် သခင်္ျိုင်းတော်သို့ သွားကြ၏။-
2 E, no primeiro dia da semana, foram ao sepulcro muito cedo, ao levantar do sol.
3 ထိုအခါ သူတို့က ကျောက်တုံးကို သခင်္ျိုင်းဂူ၀မှ ငါတို့အတွက် မည်သူလှိမ့်ဖယ်ပေးမည်နည်းဟု အချင်းချင်းပြောဆို နေကြ၏။-
3 E diziam umas às outras: Quem nos revolverá a pedra da porta do sepulcro?
4 ထို့နောက် သူတို့ကြည့်ကြသောအခါ ကြီးမားလှသောကျောက်တုံးမှာ လှိမ့်ဖယ်ထားပြီး ဖြစ်သည်ကိုတွေ့ကြ၏။-
4 Mas, levantando os olhos, notaram que a pedra, que era muito grande, já estava revolvida;
5 သူတို့သည်လည်း သခင်္ျိုင်းဂူ အတွင်းသို့ဝင်ကြသောအခါ ဝတ်ရုံဖြူကိုဝတ်ဆင်ထား သောလူရွယ်တစ်ဦးသည် လက်ယာအခြမ်း၌ ထိုင်နေ သည်ကို မြင်ကြ၍ အလွန်ထိတ်လန့်အံ့ဩကြ၏။-
5 e entrando no sepulcro, viram um moço sentado à direita, vestido de alvo manto; e ficaram atemorizadas.
6 ထိုအခါ သူက သူတို့အားဆိုသည်မှာ မကြောက်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေဇူးကိုရှာနေကြ၏။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ကိုယ်တော်သည် ဤ နေရာ၌မရှိ။ ကိုယ်တော်အား သူတို့ထားခဲ့ကြသောနေရာကို ကြည့်ကြလော့။-
6 Ele, porém, lhes disse: Não vos atemorizeis; buscais a Jesus, o nazareno, que foi crucificado; ele ressurgiu; não está aqui; eis o lugar onde o puseram.
7 သင်တို့မူကား သွားကြပြီးလျှင် ကိုယ်တော်သည် ဂါလေလေးယနယ်သို့ သင်တို့အလျင် ဦးစွာကြွတော်မူမည့်အကြောင်းကို တပည့်တော်များနှင့် ပေတရုအား ပြောကြားကြလော့။ သင်တို့အား ကိုယ် တော်မိန့်မှာတော်မူခဲ့သည့်အတိုင်း သင်တို့သည် ကိုယ် တော်ကို ထိုအရပ်တွင် ဖူးမြင်ကြရလိမ့်မည်ဟု သူတို့အား ဆို၏။-
7 Mas ide, dizei a seus discípulos, e a Pedro, que ele vai adiante de vós para a Galiléia; ali o vereis, como ele vos disse.
8 သူတို့သည်လည်း သခင်္ျိုင်းဂူထဲမှထွက်၍ ပြေးကြလေ၏။ အကြောင်းမူကား သူတို့သည် ထိတ်လန့် တုန်လှုပ်၍ အံ့ဩနေ ကြသောကြောင့်ဖြစ်၏။ သူတို့သည် ကြောက်ရွံ့ ကြသဖြင့် မည်သူ့ကိုမျှစကားမပြောကြချေ။
8 E, saindo elas, fugiram do sepulcro, porque estavam possuídas de medo e assombro; e não disseram nada a ninguém, porque temiam.
9 ကိုယ်တော်သည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ရှင်ပြန်ထမြောက်တော်မူပြီးနောက် မာရိယာ မာဒလေးနာအား ပထမဦးစွာ ထင်ရှားပြတော်မူ၏။ မာရိယာမာဒလေးနာသည်ကား သူမထံမှ နတ်ဆိုး ခုနစ်ကောင်ကို ကိုယ်တော်နှင်ထုတ်ပေးခဲ့ဖူးသူဖြစ်၏။-
9 Ora, havendo Jesus ressurgido cedo no primeiro dia da semana, apareceu primeiramente a Maria Madalena, da qual tinha expulsado sete demônios.
10 သူမသည်သွား၍ ကိုယ်တော်နှင့်အတူရှိခဲ့ကြဖူးသောသူ တို့ကို ပြောကြားလေ၏။ ထိုအချိန်၌ သူတို့သည် ဝမ်း နည်းပူဆွေး၍ ငိုကြွေးလျက်ရှိနေခဲ့ကြ၏။-
10 Foi ela anunciá-lo aos que haviam andado com ele, os quais estavam tristes e chorando;
11 သို့သော် သူတို့သည် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် သူမသည် ကိုယ်တော့်ကို ဖူးမြင်ခဲ့ရကြောင်းကို ကြားကြ သောအခါ မယုံကြည်ဘဲရှိကြ၏။
11 e ouvindo eles que vivia, e que tinha sido visto por ela, não o creram.
12 ထို့နောက် ကိုယ်တော်သည် သူတို့ထဲမှ တောရွာ သို့ခရီးသွားနေကြသူနှစ်ယောက်တို့အား အခြားသော အသွင်ပုံစံဖြင့် ထင်ရှားပြတော်မူ၏။-
12 Depois disso manifestou-se sob outra forma a dois deles que iam de caminho para o campo,
13 သူတို့သည်လည်း ပြန်သွားကြ၍ အခြားသူများအား ပြောကြားကြသော် လည်း ထိုသူတို့သည် သူတို့ကို မယုံကြည်ကြချေ။
13 os quais foram anunciá-lo aos outros; mas nem a estes deram crédito.
14 ထို့နောက် တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည် စားပွဲတွင်ထိုင်၍ စားသောက်နေကြစဉ် ကိုယ်တော်သည် သူတို့ကို ထင်ရှားပြတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုနှင့် စိတ်နှလုံးခိုင်မာခြင်း တို့အတွက် သူတို့ကို အပြစ်တင်တော်မူ၏။ အကြောင်းမူကား သူတို့သည် ရှင်ပြန်ထမြောက်တော်မူသောမိမိအား တွေ့ မြင်ခဲ့ကြသူတို့၏စကားကို မယုံကြည်ခဲ့ကြသော ကြောင့်ဖြစ်၏။-
14 Por último, então, apareceu aos onze, estando eles reclinados à mesa, e lançou-lhes em rosto a sua incredulidade e dureza de coração, por não haverem dado crédito aos que o tinham visto já ressurgido.
15 ထို့နောက် ကိုယ်တော်က သူတို့ အား မိန့် တော်မူသည်ကား ကမ္ဘာအရပ်ရပ်သို့သွားကြ၍ ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားတော်ကို ဟော ပြောကြလော့။-
15 E disse-lhes: Ide por todo o mundo, e pregai o evangelho a toda criatura.
16 ယုံကြည်၍ ဆေးကြောခြင်းခံယူသော သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သော သူမူကား အပြစ်စီရင်ခြင်း ခံရလိမ့်မည်။-
16 Quem crer e for batizado será salvo; mas quem não crer será condenado.
17 ယုံကြည်သော သူတို့၌ ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။ သူတို့သည် ငါ၏နာမတော်ကိုအမှီပြုလျက် နတ်ဆိုးများကို နှင် ထုတ်နိုင်ကြလိမ့်မည်။ ဘာသာစကားအသစ်များကို လည်း ပြောဆိုကြလိမ့်မည်။-
17 E estes sinais acompanharão aos que crerem: em meu nome expulsarão demônios; falarão novas línguas;
18 သူတို့သည် မြွေဆိုးများကို ကိုင်ဖမ်းကြလိမ့်မည်။ သေစေနိုင်သောအရာကိုသောက် မိလျှင်လည်း ၎င်းသည် သူတို့ကို ဘေးဖြစ်စေလိမ့်မည် မဟုတ်။ သူတို့သည် လူနာများအပေါ်၌ မိမိတို့လက်ကို တင်၍ ထိုသူတို့သည်လည်း ပြန်လည်ကျန်းမာလာ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
18 pegarão em serpentes; e se beberem alguma coisa mortífera, não lhes fará dano algum; e porão as mãos sobre os enfermos, e estes serão curados.
19 ဤသို့ဖြင့် ယေဇူးသခင်သည် သူတို့အား မိန့်မှာတော်မူပြီးသည့်နောက် ကောင်းကင်ဘုံသို့ဆောင်ယူ ခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာဘက်၌ ထိုင်တော်မူ၏။-
19 Ora, o Senhor, depois de lhes ter falado, foi recebido no céu, e assentou-se à direita de Deus.
20 တပည့်တော်တို့သည်လည်း ထွက်သွားကြ၍ တရားတော်ကို အရပ်ရပ်၌ ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူလုပ်ဆောင်တော်မူ၍ သူတို့ဟောပြောသောတရားတော်မှန်ကန်ကြောင်းကို သက်သေပြရန် တန်ခိုးလက္ခဏာများ ဖြင့် ကူညီစောင်မ တော်မူလေ၏။ အာမင်။
20 Eles, pois, saindo, pregaram por toda parte, cooperando com eles o Senhor, e confirmando a palavra com os sinais que os acompanhavam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.