Marcos 14
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 အချိန်ကား ပါစကားပွဲနှင့် တဆေးမပါသော ပေါင်မုန့်ပွဲတော်ကျရောက်ရန် နှစ်ရက်ခန့်အလိုဖြစ်၏။ ရဟန်းအကြီး အကဲများ နှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို ပရိယာယ်ဖြင့် ဖမ်းဆီး၍ သတ်နိုင်ရန် နည်းလမ်းကိုရှာကြံနေကြ၏။-
1 Faltavam dois dias para a Festa da Páscoa e a Festa dos Pães sem Fermento . Os chefes dos sacerdotes e os mestres da Lei procuravam um jeito de prender Jesus em segredo e matá-lo.
2 သို့သော် သူတို့သည် လူအများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ပွဲ တော်ရက်အတွင်း မဖမ်းဆီးကြနှင့်ဟု ဆိုကြ၏။
2 Eles diziam: — Não vamos fazer isso durante a festa, para não haver uma revolta no meio do povo.
3 ကိုယ်တော်သည် ဘက်သနီရွာ၌ အနာကြီးရောဂါ သည် စီမွန်၏အိမ်တွင် စားပွဲ၌ ထိုင်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသောနာဒုဆီမွှေးအစစ်ပါသည့် ကျောက်ဖြူဘူးတစ်လုံးကိုယူလာ၍ အထံတော်သို့ ချဉ်းကပ်ပြီးလျှင် ဘူးကိုခွဲလျက် ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆီမွှေးကိုသွန်းလောင်းလေ၏။-
3 Jesus estava no povoado de Betânia, sentado à mesa na casa de Simão, o Leproso. Então uma mulher chegou com um frasco feito de alabastro , cheio de perfume de nardo puro, muito caro. Ela quebrou o gargalo do frasco e derramou o perfume na cabeça de Jesus.
4 သို့သော် တချို့သော သူတို့သည် အမျက်ထွက်ကြ၍ အချင်းချင်းပြောဆိုကြ သည်မှာ အဘယ်ကြောင့် ဆီမွှေးကို ဤကဲ့သို့ဖြုန်းတီးရ သနည်း။-
4 Alguns que estavam ali ficaram zangados e disseram uns aos outros: — Que desperdício!
5 အကြောင်းမူကား ဤဆီမွှေးကို ဒေနာရီသုံးရာ ထက်မကသောငွေဖြင့် ရောင်းချပြီး ဆင်းရဲသားတို့အား ပေးကမ်းသင့်သည်ဟု ဆိုကြလျက် သူမကို အပြစ်တင်ကြ၏။-
5 Esse perfume poderia ter sido vendido por mais de trezentas moedas de prata , que poderiam ser dadas aos pobres. Eles criticavam a mulher com dureza,
6 သို့သော် ယေဇူးက မိန့်တော်မူသည်ကား သူမပြု လိုရာကိုပြုပါစေ။ အဘယ်ကြောင့် သူမကို စိတ်အနှောင့် အယှက်ဖြစ်စေကြ သနည်း။ သူမသည် ငါ၌ ကောင်းသော အမှုကိုပြုလေပြီ။-
6 mas Jesus disse:
7 အကြောင်းမူကား ဆင်းရဲသားတို့ သည် သင်တို့နှင့် အစဉ်အမြဲရှိကြ၏။ သင်တို့အလိုရှိ သည့်အခါတိုင်း သူတို့ကို ကျေးဇူးပြု နိုင်ကြ၏။ ငါမူကား သင်တို့နှင့် အစဉ်အမြဲရှိလိမ့်မည်မဟုတ်။-
7 Pois os pobres estarão sempre com vocês, e, em qualquer ocasião que vocês quiserem, poderão ajudá-los. Mas eu não estarei sempre com vocês.
8 သူမသည် မိမိတတ်နိုင်သမျှကိုပြုခဲ့လေပြီ။ သူမသည် ငါ၏ခန္ဓာ ကိုယ်ကို ဆီမွှေးလိမ်းကျံခြင်းဖြင့် ငါ့ကိုသင်္ဂြိုဟ်ရန်အလို့ ငှာ ကြိုတင်ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။-
8 Ela fez tudo o que pôde, pois antes da minha morte veio perfumar o meu corpo para o meu sepultamento.
9 သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝန်းလုံးတွင် ဧဝံဂေလိ သတင်းကောင်းကိုဟောပြောသည့်နေရာတိုင်း၌ သူမကို အောက်မေ့သတိရကြစေရန် သူမပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်ဟု မိန့်တော်မူ၏။
9 Eu afirmo a vocês que isto é verdade: em qualquer lugar do mundo onde o
10 ထို့နောက် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ဂျုဒအစ္စကာရီယုဒ်သည် ကိုယ်တော့်ကို ရဟန်းအကြီးအကဲများ၏လက်သို့ အပ်နှံရန်အတွက် သူတို့ထံသို့သွားလေ၏။-
10 Judas Iscariotes, que era um dos doze discípulos, foi falar com os chefes dos sacerdotes para combinar como entregaria Jesus a eles.
11 ရဟန်းအကြီး အကဲတို့သည်လည်း ထိုအကြောင်းကိုကြားကြလျှင် ဝမ်းမြောက်ကြ၍ သူ့အား ငွေပေးရန် ကတိထားကြ၏။ သူသည်လည်း ကိုယ်တော့်ကို အပ်နှံရန် အခွင့်ကောင်း ကိုရှာလျက်ရှိ၏။
11 Quando ouviram o que ele disse, eles ficaram muito contentes e prometeram dar dinheiro a ele. Assim Judas começou a procurar uma oportunidade para entregar Jesus.
12 တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့အဖြစ် ပါစကားသိုးငယ်ကိုသတ်၍ ပူဇော်ရသောနေ့၌ တပည့်တော်တို့က ပါစကားပွဲညစာသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
12 No primeiro dia da Festa dos Pães sem Fermento , em que os judeus matavam carneirinhos para comemorarem a Páscoa , os discípulos perguntaram a Jesus: — Onde é que o senhor quer que a gente prepare o jantar da Páscoa para o senhor?
13 ကိုယ်တော်သည်လည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် မြို့တွင်းသို့သွား ကြလျှင် ရေအိုးကို သယ်ဆောင်လာသောသူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြလော့။-
13 Então Jesus enviou dois discípulos com a seguinte ordem:
14 ထို့နောက် သူဝင်သောအိမ်သို့ဝင်၍ အိမ်ရှင်အား ဆရာသခင်က ငါသည် ငါ၏တပည့်များနှင့်အတူ ပါစကား ညစာစားမည့် အခန်းကား အဘယ်မှာနည်းဟု အမိန့်ရှိ ကြောင်းပြောကြားလော့။-
14 e digam ao dono da casa em que ele entrar que o Mestre manda perguntar: “Onde fica a sala em que eu e os meus discípulos vamos comer o jantar da Páscoa?”
15 ထိုအခါ သူသည် အသင့်ပြင် ဆင်ခင်းကျင်းထားသော အပေါ်ထပ်မှခန်းမကြီးကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြ လော့ဟုမိန့်တော်မူ၏။-
15 Então ele mostrará a vocês no andar de cima uma sala grande, mobiliada e arrumada para o jantar. Preparem ali tudo para nós.
16 တပည့်တော်တို့သည်လည်း ထွက်သွားကြ၍ မြို့တွင်းသို့ဝင်သောအခါ မိမိတို့အား ကိုယ်တော်မိန့်မှာထားတော်မူသည့် အတိုင်း တွေ့ကြ၍ ပါစကားပွဲကို ပြင်ဆင်ကြ၏။
16 Os dois discípulos foram até a cidade e encontraram tudo como Jesus tinha dito. Então prepararam o jantar da Páscoa.
17 ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။-
17 Quando anoiteceu, Jesus chegou com os doze discípulos.
18 သူတို့သည် စားပွဲတွင်ထိုင်လျက် ညစာစားနေကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့် အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
18 Enquanto estavam à mesa, no meio do jantar, ele disse:
19 သူတို့သည် လည်း ဝမ်းနည်းကြသဖြင့် သခင်၊ တပည့်တော်ဖြစ်မည် လောဟု ကိုယ်တော့်ကိုအသီးသီးမေးလျှောက်ကြ၏။-
19 Eles ficaram tristes e, um por um, começaram a perguntar: — O senhor não está achando que sou eu, está?
20 ကိုယ်တော်ကလည်း တစ်ဆယ့်နှစ်ဦးထဲမှ ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။-
20 Jesus respondeu:
21 အကြောင်းမူကား လူသားသည် ကျမ်းစာ တော်မြတ်၌ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူသားကိုအပ်နှံ သော သူသည် ဒုက္ခရောက်လိမ့် မည်။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သူ့အတွက် ပို၍ ကောင်း၏ဟု မိန့်တော်မူ၏။
21 Pois o
22 သူတို့သည် ညစာစားနေကြစဉ် ယေဇူးသည် ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးတော်မူပြီးမှဖဲ့၍ မိမိတပည့်တော်တို့အား ပေးလျက် ဤအရာသည် ငါ၏ခန္ဓာကိုယ် ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူ၏။-
22 Enquanto estavam comendo, Jesus pegou o pão e deu graças a Deus. Depois partiu o pão e o deu aos discípulos, dizendo:
23 ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော် ကိုချီးမွမ်းပြီး တပည့်တော်တို့အား ပေးတော်မူလျှင် သူတို့ အားလုံးသည် ထိုခွက်ကိုယူ၍ သောက်ကြ၏။-
23 Em seguida, pegou o cálice de vinho e agradeceu a Deus. Depois passou o cálice aos discípulos, e todos beberam do vinho.
24 ကိုယ် တော်က ဤသည်ကား များစွာသောလူတို့အတွက် သွန်း လောင်းခံရမည့် ပဋိညာဉ်သစ်နှင့်ဆိုင်ရာ ငါ၏သွေးဖြစ်၏။-
24 Então Jesus disse:
25 သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်၌ စပျစ်ရည်သစ်ကိုသောက်ရသောနေ့တိုင် အောင်ငါသည် စပျစ်ရည်ကို နောက်တစ်ဖန်သောက်လိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။
25 Eu afirmo a vocês que isto é verdade: nunca mais beberei deste vinho até o dia em que beber com vocês um vinho novo no
26 ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆို ပြီးသောအခါ သံလွင်တောင်သို့ ထွက်ခွာသွားကြ၏။
26 Então eles cantaram canções de louvor e foram para o monte das Oliveiras.
27 ထို့နောက် ယေဇူးက တပည့်တော်တို့အား မိန့်တော် မူသည်မှာ သင်တို့အားလုံးသည် စွန့်ခွာထွက်ပြေးကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ သိုးထိန်းကို ငါတိုက်ခိုက်မည်၊ ထိုအခါ သိုးတို့သည် ကစဉ့်ကလျား ဖြစ်ကြလိမ့်မည်ဟူသတည်း။-
27 E Jesus disse aos discípulos:
28 သို့သော် ငါသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် သင်တို့ထက် အလျင်ဦးစွာ ဂါလေလေးယနယ်သို့သွားနှင့်မည်ဟု မိန့်တော်မူ၏။-
28 Mas, depois que eu for ressuscitado, irei adiante de vocês para a Galileia.
29 ထိုအခါ ပေတရုက သူတို့အား လုံးစွန့်ခွာထွက်ပြေးသော်လည်း တပည့်တော်သည် မည်သည့်အခါမျှ စွန့်ခွာလိမ့်မည် မဟုတ်ပါဟု လျှောက်လေ၏။-
29 Então Pedro disse a Jesus: — Eu nunca abandonarei o senhor, mesmo que todos o abandonem!
30 ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်နှစ်ခါမတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်းပယ် လိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
30 Mas Jesus lhe disse:
31 သို့ရာတွင် ပေတရုက တပည့်တော်သည် ကိုယ်တော်နှင့်အတူ သေရမည်ဆိုလျှင်ပင် ကိုယ်တော့်ကို မငြင်းပယ်ပါဟု အခိုင် အမာလျှောက်ထားလေ၏။ တပည့်တော်အားလုံး တို့သည်လည်း ထိုနည်းတူလျှောက်ထားကြလေ၏။
31 Mas Pedro repetia com insistência: — Eu nunca vou dizer que não o conheço, mesmo que eu tenha de morrer com o senhor! E todos os outros discípulos disseram a mesma coisa.
32 ထို့နောက် သူတို့သည် ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့သွားကြ၏။ ကိုယ်တော်က ငါဆုတောင်းနေစဉ် သင်တို့ ဤနေရာ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့ အားမိန့်တော်မူပြီး၊-
32 Jesus e os discípulos foram a um lugar chamado Getsêmani. E Jesus lhes disse:
33 ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော် သည် စတင်၍ စိတ်သောက ကြီးစွာရောက်လျက် စိတ်အနှောင့်အယှက်ဖြစ်လေ၏။-
33 Então Jesus foi, levando consigo Pedro, Tiago e João. Aí ele começou a sentir uma grande tristeza e aflição
34 ထိုအခါ ကိုယ်တော်က ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ပူဆွေးဝမ်းနည်း ခြင်းကို ခံစားနေရ၏။ ဤနေရာ၌နေ၍ နိုးကြားစွာ စောင့် နေကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
34 e disse a eles:
35 ထို့နောက် ကိုယ်တော်သည် ထိုနေရာမှ ရှေ့သို့အနည်းငယ်ကြွသွား၍ မြေပေါ်တွင် ပျပ်ဝပ်လျက် အကယ်၍ဖြစ်နိုင်လျှင် ဤ အချိန်နာရီသည် မိမိထံမှလွန်သွားပါမည့်အကြောင်း ဤသို့ဆုတောင်းလေ၏။-
35 Ele foi um pouco mais adiante, ajoelhou-se, encostou o rosto no chão e pediu a Deus que, se possível, afastasse dele aquela hora de sofrimento.
36 အိုအဖ၊ ကိုယ်တော်သည် အရာ ခပ်သိမ်းကိုတတ်နိုင်တော်မူပါ၏။ ဤခွက်ကို အကျွန်ုပ်ထံ မှဖယ်ရှားတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာဖြစ်ပါ စေဟုဆုတောင်းတော်မူ၏။-
36 Ele orava assim:
37 ထို့နောက် ကိုယ်တော်သည် တစ်ဖန်ကြွလာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့လျှင် ပေတရုအား စီမွန်၊ သင်သည် အိပ်ပျော်နေသလော။ သင်တို့သည် မအိပ်ဘဲ တစ်နာရီမျှမစောင့်နိုင်ကြ ပြီလော။-
37 Depois voltou e encontrou os três discípulos dormindo. Então disse a Pedro:
38 နှောင့်ယှက်ခြင်းသို့မကျရောက်စေရန် နိုးကြားစွာစောင့်လျက် ဆုတောင်းကြလော့။ စိတ်အားထက်သန်သည် မှန်သော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်းလှသည် ဟုမိန့်တော်မူ၏။-
38 Vigiem e orem para que não sejam tentados. É fácil querer resistir à tentação; o difícil mesmo é conseguir.
39 တစ်ဖန် ကိုယ်တော်သည် ထွက်သွား ၍ ယခင်က မြွက်ဆိုခဲ့သည့်အတိုင်း ဆုတောင်းပြန်၏။-
39 Jesus foi outra vez e orou, dizendo as mesmas palavras.
40 ထို့နောက် တစ်ဖန် ကိုယ်တော်သည် ပြန်လာတော်မူလျှင် သူတို့အိပ်ပျော်လျက်ရှိနေကြသည်ကိုတွေ့တော်မူ၏။ အကြောင်း မူကား သူတို့၏မျက်စိများသည် အလွန်လေး လံလျက် ရှိသောကြောင့်ဖြစ်၏။ သူတို့သည်လည်း ကိုယ် တော်အား မည်ကဲ့သို့ ပြန်ပြောရမည်ကို မသိကြ။-
40 Em seguida, voltou ao lugar onde os discípulos estavam e os encontrou de novo dormindo. Eles estavam com muito sono e não conseguiam ficar com os olhos abertos. E não sabiam o que responder a Jesus.
41 ကိုယ်တော်သည်လည်း သူတို့ထံသို့ တတိယအကြိမ်လာ၍ သင်တို့သည် အိပ်စက်အနားယူလျက်ရှိသေးသလော။ တော်လောက်ပြီ။ အချိန်နာရီရောက်လာလေပြီ။ လူသားသည် အပြစ်သားတို့၏လက်တွင်းသို့ အပ်နှံခြင်းခံရ တော့မည်။-
41 Quando voltou pela terceira vez, Jesus perguntou:
42 ထကြလော့။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူ သည် ရောက်လာလေပြီဟု မိန့်တော်မူ၏။
42 Levantem-se, e vamos embora. Vejam! Aí vem chegando o homem que está me traindo!
43 ထိုကဲ့သို့ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ် ပါးတို့တွင် အပါအဝင်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါ ကြီးများထံမှ လူအစုအဝေးတို့သည် တုတ်၊ ဓားများကိုင် ဆောင်လျက် ချက်ချင်း ရောက်လာကြ၏။-
43 Jesus ainda estava falando, quando chegou Judas, um dos doze discípulos. Vinha com ele uma multidão armada com espadas e porretes, que tinha sido mandada pelos chefes dos sacerdotes, pelos mestres da Lei e pelos líderes judeus.
44 ထိုအချိန်၌ ကိုယ်တော့်ကို သစ္စာဖောက်သောသူက ငါနမ်းသောသူသည် ထိုသူဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင် သွားကြလော့ဟုဆိုလျက် သူတို့အား ကြိုတင်အချက် ပေးထားလေ၏။-
44 O traidor tinha combinado com eles um sinal. Ele tinha dito: “Prendam e levem bem seguro o homem que eu beijar, pois é ele.”
45 ထို့ကြောင့် သူသည် ရောက်လာသည် နှင့်တစ်ပြိုင်နက် ကိုယ်တော့်ထံသို့ချဉ်းကပ်၍ အာဝေ၊ ရဗ္ဗီ ဟုဆိုကာ ကိုယ်တော့်ကို နမ်းလေ၏။-
45 Logo que chegou perto de Jesus, Judas disse: — Mestre! E o beijou.
46 ထိုသူတို့သည်လည်း လာကြ၍ ကိုယ်တော့်ကိုချုပ်ကိုင်ဖမ်းဆီးကြလေ၏။-
46 Então eles pegaram Jesus e o prenderam.
47 သို့သော် ကိုယ်တော့်ထံပါး၌ ရပ်နေသူတစ်ဦးသည် မိမိဓားကိုဆွဲထုတ်၍ ရဟန်းချုပ်၏အစေခံတစ်ယောက်ကိုခုတ်ကာ ထိုသူ၏နားရွက်ကိုဖြတ်လေ၏။-
47 Mas um dos que estavam ali tirou a espada, atacou um empregado do Grande Sacerdote e cortou uma orelha dele.
48 ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် တုတ်၊ ဓားများကိုကိုင်ဆောင်လျက် ဓားပြဖမ်းသကဲ့သို့ ငါ့ကိုဖမ်းဆီး ရန်လာကြသလော။-
48 Então Jesus disse para aquela gente:
49 ငါသည် ဗိမာန်တော် ၌ နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဟောပြော သွန်သင်နေစဉ် သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ကျမ်းစကားတို့သည် ပြည့်စုံကြပါစေဟု မိန့်တော်မူလေ၏။-
49 Eu estava com vocês todos os dias, ensinando no pátio do Templo, e vocês não me prenderam. Mas isso está acontecendo para se cumprir o que as
50 တပည့်တော်အားလုံးတို့သည်လည်း ကိုယ်တော့် ကိုထားခဲ့၍ ထွက်ပြေးကြလေ၏။
50 Então todos os discípulos abandonaram Jesus e fugiram.
51 မိမိ၏ကိုယ်ပေါ်တွင် ပိတ်စပိုင်းတစ်ခုကိုသာ ဝတ်ထားသောလူရွယ်တစ်ဦးမူကား ကိုယ်တော်၏နောက် တော်မှလိုက်လာ သဖြင့် ထိုသူတို့သည် သူ့ကို ဖမ်းဆီးကြ၏၊-
51 Um jovem, enrolado num lençol, seguia Jesus. Alguns tentaram prendê-lo,
52 သို့သော် သူသည် ပိတ်စပိုင်းကိုထားခဲ့၍ အဝတ်မပါဘဲ ကိုယ်ချည်းထွက် ပြေးလေ၏။
52 mas ele largou o lençol e fugiu nu.
53 ထိုအခါ သူတို့သည် ယေဇူးကို ရဟန်းချုပ်ထံသို့ ခေါ်ဆောင်သွားကြ၏။ အားလုံးသောရဟန်းအကြီး အကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာတို့ သည် စုဝေးနေကြ၏။-
53 Em seguida, levaram Jesus até a casa do Grande Sacerdote , onde estavam reunidos os chefes dos sacerdotes, alguns líderes dos judeus e alguns mestres da Lei.
54 ပေတရုသည်လည်း ကိုယ်တော် ၏နောက်တော်သို့ မလှမ်းမကမ်းမှလိုက်ပါလျက် ရဟန်း ချုပ်၏အိမ်တော်ဦးတိုင်အောင် ဝင်ပြီးလျှင် အစောင့်များနှင့်အတူ ထိုင်ကာ မီးလှုံနေလေ၏။-
54 Pedro seguiu Jesus de longe e entrou no pátio da casa do Grande Sacerdote. Ele sentou-se perto do fogo, com os guardas, para se esquentar.
55 ထိုအချိန်တွင် ရဟန်းအကြီးအကဲများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် ယေဇူးကို သေဒဏ်စီရင်ရန် သက်သေအထောက် အထားများရှာကြသော်လည်း မည်သည့်သက်သေကိုမျှ မတွေ့ကြချေ။-
55 Os chefes dos sacerdotes e todo o Conselho Superior estavam procurando encontrar alguma acusação contra Jesus a fim de o condenarem à morte. Mas não conseguiram nenhuma.
56 အကြောင်းမူကား များစွာသောလူတို့သည် မုသားသက်သေခံကြပြီး သူတို့၏သက်သေထွက် ချက်များမှာလည်း မကိုက်ညီကြပေ။-
56 Muitos diziam mentiras contra ele, mas as suas histórias não combinavam umas com as outras.
57 အချို့တို့သည် ထ၍ မဟုတ်မမှန် သက်သေထွက်ဆိုလျက် ကိုယ်တော့်ကို စွပ်စွဲပြောဆိုကြသည်မှာ၊-
57 Alguns se levantaram e acusaram Jesus com mentiras. Eles diziam:
58 ဤသူက ငါသည် လူတို့၏ လက်ဖြင့် ဆောက်လုပ်ထားသောဗိမာန်တော်ကို ဖြိုဖျက် ၍ လူတို့၏လက်ဖြင့်မတည်ဆောက် သော အခြားဗိမာန် တော်တစ်ခုကို သုံးရက်အတွင်းတည်ဆောက်မည်ဟု ပြောဆိုခဲ့ကြောင်း အကျွန်ုပ်တို့ကြားခဲ့ပါသည်ဟု ဆိုကြ ၏။-
58 — Nós ouvimos quando ele disse: “Vou destruir este Templo que foi construído por seres humanos e, em três dias, levantarei outro que não será construído por seres humanos.”
59 ထိုသို့ထွက်ဆိုကြသော်လည်း သူတို့၏သက်သေ ထွက်ချက်များမှာ ကိုက်ညီခြင်းမရှိကြချေ။
59 Mesmo assim as suas histórias não combinavam umas com as outras.
60 ထိုအခါ ရဟန်းချုပ်သည် သူတို့အလယ်၌ထ၍ သင်၌ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲထွက်ဆိုခဲ့ ကြသော ဤသူတို့၏သက်သေခံချက်တို့ကား အဘယ်အကြောင်းများနည်းဟု ယေဇူးအား မေးမြန်းလေ၏။-
60 Aí o Grande Sacerdote se levantou no meio de todos e perguntou a Jesus: — Você não vai se defender dessa acusação?
61 ကိုယ်တော်မူကား တိတ်ဆိတ်စွာနေ၍ မည်သို့မျှပြန်ဖြေ တော်မမူချေ။ တစ်ဖန် ရဟန်းချုပ်က သင်သည် ခရစ်တော် တည်းဟူသော မွန်မြတ်သောအရှင်သခင်၏သားတော် ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။-
61 Mas Jesus ficou calado e não respondeu nada. Então o Grande Sacerdote tornou a perguntar: — Você é o
62 ယေဇူးကလည်း ငါဖြစ်၏။ လူသားသည် ဘုန်းတန်ခိုးတော်ရှင် ၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်များပေါ်မှကြွလာ သည်ကို သင်တို့မြင်ကြရလိမ့်မည်ဟု သူ့အားမိန့်တော်မူ၏။-
62 Jesus respondeu:
63 ထိုအခါ ရဟန်းချုပ်သည် မိမိ၏အဝတ်များကိုဆုတ် လျက် ပြောဆိုသည်မှာ ငါတို့သည် မည်သည့်သက်သေ များလိုပါသေးသနည်း။-
63 Aí o Grande Sacerdote rasgou as suas próprias roupas e disse: — Não precisamos mais de testemunhas!
64 ဘုရားသခင်အား ထိခိုက်ပြော ဆိုသော သူ၏စကားကို သင်တို့ကြားကြရပြီ။ သင်တို့ မည်သို့စီရင်ဆုံးဖြတ်ကြမည်နည်း ဟုဆိုလျှင် ထိုသူအားလုံးတို့က ကိုယ်တော့်ကို သေဒဏ်ခံသင့်သည်ဟု စီရင်ဆုံးဖြတ်ကြ၏။-
64 Vocês ouviram esta blasfêmia contra Deus! Então, o que resolvem? Todos estavam contra Jesus e aí o condenaram à morte.
65 အချို့သောသူတို့သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြပြီး ကိုယ်တော်၏မျက်နှာတော်ကို ဖုံးအုပ်ကာ ရိုက်ပုတ်ကြလျက် ပရောဖက်ဉာဏ်ဖြင့်ဟောပါလော့ဟု ကိုယ်တော့်အား ဆိုကြလေ၏။ အစောင့်တို့ သည်လည်း ကိုယ်တော့်ကို ရိုက်နှက်ကြလေ ၏။
65 Então alguns começaram a cuspir nele. Cobriam o rosto dele, davam bofetadas nele e perguntavam: — Quem foi que bateu em você? Adivinhe! E também os guardas o pegaram e lhe deram bofetadas.
66 ပေတရုသည် အိမ်တော်ဝင်း၏အောက်ဘက်၌ရှိစဉ် ရဟန်းချုပ်၏အစေခံအမျိုးသမီးတစ်ဦးသည် လာ၍၊-
66 Pedro ainda estava lá embaixo no pátio, quando apareceu uma das empregadas do Grande Sacerdote .
67 ပေတရုမီးလှုံနေသည် ကိုမြင်လျှင် သူ့အား ကြည့်လျက် သင်သည်လည်း နာဇရက်မြို့သားယေဇူးနှင့်အတူရှိခဲ့ သည်ဟု ဆို၏။-
67 Ela viu Pedro se esquentando perto do fogo, olhou bem para ele e disse: — Você também estava com Jesus de Nazaré.
68 သို့သော် သူက သင်မည်သည့်အရာကို ပြောဆိုကြောင်း ငါသိလည်းမသိ၊ နားလည်းမလည်ဟု ငြင်းဆိုလေ၏။ ထို့နောက် သူသည် အိမ်တော်အဝင်၀ သို့ထွက်သွားစဉ် ကြက်ဖတွန်လေ၏။-
68 Mas ele negou, dizendo: — Eu não o conheço. Não sei do que é que você está falando. E saiu para o corredor. Naquele momento, o galo cantou.
69 ထိုအခါ အစေခံ အမျိုးသမီးသည် သူ့ကိုမြင်လျှင် တစ်ဖန်ပြန်၍ အနီးတွင် ရပ်နေသောသူများအား ဤသူသည် ထိုသူတို့ထဲမှ တစ်ဦး ဖြစ်သည်ဟု ဆိုလေ၏။-
69 Quando a empregada viu Pedro ali, começou a dizer aos que estavam perto: — Este homem é um deles.
70 သို့သော် သူသည် တစ်ဖန်ငြင်း ဆိုပြန်၏။ အချိန်အနည်းငယ်ကြာသောအခါ အနီးတွင် ရပ်နေသောသူများက ပေတရုအား အမှန်စင်စစ် သင်သည် ထိုသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်၏။ အကြောင်းမူကား သင်သည် ဂါလေလေးယနယ်သား တစ်ဦးဖြစ်သည် ဟုတစ်ဖန်ဆိုကြပြန်၏။-
70 Mas ele negou outra vez. Pouco depois, as pessoas que estavam ali disseram de novo a Pedro: — Não há dúvida de que você é um deles, pois você também é da Galileia.
71 သို့သော် ပေတရုက သင်တို့ ပြောဆိုနေသော ဤသူကို ငါမသိဟု ကျိန်တွယ်ပြောဆို လေ၏။-
71 Aí Pedro disse: — Juro que não conheço esse homem de quem vocês estão falando! Que Deus me castigue se não estou dizendo a verdade!
72 ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်ဖတွန် လေ၏။ ထိုအခါ ပေတရုသည် ကြက်ဖနှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်ဟု ယေဇူးမိန့်တော်မူသောစကားကို သတိရသဖြင့် ပြင်းထန် စွာငိုကြွေးလေ၏။
72 Naquele instante o galo cantou pela segunda vez, e Pedro lembrou que Jesus lhe tinha dito: “Antes que o galo cante duas vezes, você dirá três vezes que não me conhece.” Então Pedro caiu em si e começou a chorar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.