Marcos 13

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်မှထွက် လာတော်မူစဉ် တပည့်တော်တစ်ဦးက ဆရာသခင်၊ ကြည့်တော်မူပါ။ ကျောက်တုံးများနှင့် အဆောက် အအုံတို့သည် အလွန်တရာပင်ကြီးကျယ်ခမ်းနားလှပေ သည်ဟု လျှောက်ထားလေ၏။-
1 E, saindo ele do templo, disse-lhe um dos seus discípulos: Mestre, olha que pedras e que edifícios!
2 ယေဇူးကလည်း ကြီးကျယ်ခမ်းနားလှသော ဤအဆောက်အအုံများကို သင်တို့မြင်ကြသလော။ ဤနေရာတွင် ကျောက်တုံး တစ်တုံး ပေါ်တစ်တုံးတင်၍ မကျန်ရစ်သည့်တိုင်အောင် ပြိုပျက် လိမ့်မည်ဟု မိန့်တော်မူ၏။
2 E, respondendo Jesus, disse-lhe: Vês estes grandes edifícios? Não ficará pedra sobre pedra que não seja derribada.
3 ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေးယတို့သည် အခြားသူများမရှိခိုက် ကိုယ်တော်အား၊-
3 E, assentando-se ele no monte das Oliveiras, defronte do templo, Pedro, e Tiago, e João, e André lhe perguntaram em particular:
4 ထိုအရာများသည် မည်သည့်အချိန်တွင် ဖြစ်ပျက်ပါမည်နည်း။ ထိုအရာအားလုံး ဖြစ်ပျက်မည့်အချိန်တွင် မည်သို့သော နိမိတ်လက္ခဏာ ဖြစ်ပေါ်မည်နည်း။ တပည့်တော်တို့အား အမိန့်ရှိတော်မူ ပါဟု မေးလျှောက်ကြ၏။
4 Dize-nos quando serão essas coisas e que sinal haverá quando todas elas estiverem para se cumprir.
5 ထိုအခါ ယေဇူးသည် သူတို့အား စတင်မိန့်တော်မူသည်ကား သင်တို့ကို မည်သူကမျှမလှည့်ဖြားစေခြင်းငှာ သတိပြုကြ လော့။-
5 E Jesus, respondendo-lhes, começou a dizer: Olhai que ninguém vos engane,
6 အကြောင်းမူကား များစွာသောသူတို့က ငါသည် ထိုသူဖြစ်သည်ဟုဆိုလျက် ငါ၏အမည် ကိုခံ၍ လူတို့ကိုလှည့်ဖြားကြ လိမ့်မည်။-
6 porque muitos virão em meu nome, dizendo: Eu sou o
7 သင်တို့သည် တိုက်ပွဲများနှင့် စစ်ဖြစ်ခြင်းအကြောင်းတို့ကိုကြားကြသောအခါ ထိတ်လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ ဤအရာ တို့သည် ဖြစ်ပျက်ရမည်။ သို့သော်လည်း အဆုံးသော ကာလမရောက်သေး။-
7 E, quando ouvirdes de guerras e de rumores de guerras, não vos perturbeis, porque
8 အကြောင်းမူကား လူမျိုးတစ်မျိုး နှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြ လိမ့်မည်။ နေရာအနှံ့အပြားတွင် ငလျင်လှုပ်ခြင်းနှင့် ငတ် မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာများသည် ဆင်းရဲဒုက္ခများ၏အစမျှသာဖြစ်၏။
8 Porque se levantará nação contra nação, e reino, contra reino, e haverá terremotos em diversos lugares, e haverá fomes. Isso será o princípio de dores.
9 သင်တို့မူကား သတိရှိကြလော့။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သင်တို့ကို တရားရုံးတွင် အပ်နှံကြလိမ့်မည်။ တရားဇရပ် များ၌ သင်တို့ကို ရိုက်နှက်ကြလိမ့် မည်။ သင်တို့သည် ငါ့အတွက် သက်သေခံရန် မြို့ဝန်များ နှင့် ဘုရင်များ၏ ရှေ့သို့ရောက်ကြရ လိမ့်မည်။-
9 Mas olhai por vós mesmos, porque vos entregarão aos concílios e às sinagogas; sereis açoitados e sereis apresentados ante governadores e reis, por amor de mim, para lhes servir de testemunho.
10 လူမျိုးအ ပေါင်းတို့အား ဧဝံဂေလိသတင်းကောင်းကို ပထမဦးစွာ ဟောပြောကြရမည်။-
10 Mas importa que o evangelho seja primeiramente pregado entre todas as nações:
11 လူတို့သည် သင်တို့ကို တရားစီရင်ရာသို့ခေါ်ဆောင်၍ အပ်နှံကြသောအခါ သင်တို့သည် မည်သည့်အရာအား ပြောဆိုရ မည်ကို ကြိုတင်စိုးရိမ်ပူ ပန်ခြင်းမရှိကြနှင့်။ ထိုအချိန်နာရီ၌ သင်တို့ရရှိသောစကား များကိုသာ ပြောဆိုကြလော့။ အကြောင်း မူကား ပြောဆို မည့်သူသည် သင်တို့မဟုတ်ဘဲ ဝိညာဉ်တော်မြတ်သာ ဖြစ်သောကြောင့်တည်း။-
11 Quando, pois, vos conduzirem para vos entregarem, não estejais solícitos de antemão pelo que haveis de dizer; mas o que vos for dado naquela hora, isso falai; porque não sois vós os que falais, mas o Espírito Santo.
12 ညီအစ်ကိုချင်း တစ်ဦးကို တစ်ဦး သေစေရန် အပ်နှံကြလိမ့်မည်။ အဖသည် သားကို သေစေရန် အပ်နှံလိမ့်မည်။ သားသမီးတို့ သည်လည်း မိဘတို့ကို ရန်ဘက်ပြု၍ သူတို့ကို သတ်စေလိမ့်မည်။-
12 E o irmão entregará à morte o irmão, e o pai, o filho; e levantar-se-ão os filhos contra os pais e os farão morrer.
13 လူအားလုံးတို့သည် ငါ၏နာမကြောင့် သင်တို့ကိုမုန်းတီးကြ လိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်ခိုင်မာသော သူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
13 E sereis aborrecidos por todos por amor do meu nome; mas quem perseverar até ao fim, esse será salvo.
14 စက်ဆုပ်ဖွယ်ကောင်းသောဆိတ်သုဉ်းခြင်းသည် ၎င်းမရှိအပ်သောနေရာတွင် ဖြစ်ပေါ်လာသည်ကို သင်တို့ မြင်ကြသောအခါ (ဖတ်ရှုသောသူသည် နားလည်ပါစေ) ဂျူဒေးယပြည်တွင်ရှိသောလူတို့သည် တောင်များပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြစေ။-
14 Ora, quando vós virdes a abominação do assolamento, que foi predito, estar onde não deve estar (quem lê, que entenda), então, os que estiverem na Judeia, que fujam para os montes;
15 အိမ်ခေါင်မိုးပေါ်၌ရှိသော သူသည် အိမ်ထဲမှ ပစ္စည်းတစ်စုံတစ်ခုကိုယူရန် အောက်သို့မဆင်းစေနှင့်။-
15 e o que estiver sobre o telhado, que não desça para casa, nem entre a tomar coisa alguma de sua casa;
16 လယ်ထဲ၌ ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် အိမ်သို့မပြန်လေနှင့်။-
16 e o que estiver no campo, que não volte atrás, para tomar a sua veste.
17 ထိုနေ့ရက်တို့ တွင်မူကား ကိုယ်ဝန်ဆောင်မိန်းမတို့နှင့် သားသည်မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။-
17 Mas ai das grávidas e das que criarem naqueles dias!
18 ဤအခြင်းအရာ သည် ဆောင်းကာလတွင် မဖြစ်စေရန် ဆုတောင်းကြ လော့။-
18 Orai, pois, para que a vossa fuga não suceda no inverno,
19 အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်ဖူးသေးသော၊ နောင်တွင်လည်း ဖြစ်ပျက်လိမ့်မည်မဟုတ်သော ဆင်းရဲ ဒုက္ခကြီးသည် ထိုနေ့ရက်တို့တွင်ကျရောက်လိမ့်မည်။-
19 porque, naqueles dias, haverá
20 သခင်ဘုရားသည် ထိုနေ့ရက်တို့ကို မလျော့နည်းစေလျှင် မည်သည့်လူသားမျှ လွတ်မြောက်လိမ့်မည်မဟုတ်။ သို့သော် မိမိရွေးကောက်ထားတော်မူသောသူများအတွက် ကိုယ်တော်သည် ထိုနေ့ရက်များကိုလျော့နည်းစေတော်မူပြီ။-
20 E, se o Senhor não abreviasse aqueles dias, nenhuma carne se salvaria; mas, por causa dos escolhidos que escolheu, abreviou aqueles dias.
21 ထိုကာလ၌ တစ်စုံတစ်ယောက်က ကြည့်လော့၊ ခရစ်တော်သည် ဤအရပ်တွင် ရှိသည်၊ သို့မဟုတ် ထို အရပ်တွင် ရှိသည်ဟု သင်တို့အားဆိုလျှင် မယုံကြည်ကြနှင့်။-
21 E, então, se alguém vos disser: Eis aqui o Cristo, ou: Ei-lo ali, não acrediteis.
22 ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာကြ၍ ဖြစ်နိုင်ပါက ရွေးကောက် ခြင်းခံရသူတို့ ကိုပင် လှည့်ဖြားသွေးဆောင်ခြင်းငှာ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးများကိုပြကြလိမ့်မည်။-
22 Porque se levantarão falsos cristos e falsos profetas e farão sinais e prodígios, para enganarem, se
23 ထို့ကြောင့် သတိပြုကြလော့။ ငါသည် ဤအကြောင်း အရာများကို သင်တို့အား ကြိုတင်အသိပေးထားလေပြီ။
23 Mas vós vede; eis que de antemão vos tenho dito tudo.
24 သို့သော် ဘေးဒုက္ခများကျရောက်ပြီးနောက်ပိုင်း ကာလများတွင် နေသည် မှောင်မိုက်သွားလိမ့်မည်။ လ သည်လည်း ၎င်း၏ အလင်းကို မပေးဘဲနေလိမ့်မည်။-
24 Ora, naqueles dias, depois daquela aflição, o sol se escurecerá, e a lua não dará a sua luz.
25 ကောင်းကင်မှကြယ်များသည် ကြွေကျကြလိမ့်မည်။ကောင်းကင်ရှိစွမ်းအားများသည်လည်း လှုပ်ခါသွားကြ လိမ့်မည်။-
25 E as estrelas cairão do céu, e as forças que
26 ထို့နောက် လူသားသည် ကြီးမားသောဘုန်း တန်ခိုးအာနုဘော်နှင့် မိုးတိမ်များအတွင်းမှကြွလာတော် မူသည်ကို သူတို့တွေ့ မြင်ကြရလိမ့်မည်။-
26 E, então, verão vir o Filho do Homem nas nuvens, com grande poder e glória.
27 ထို့နောက် ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တော်များကို စေလွှတ်၍ ရွေးကောက်ခြင်းခံရသောသူတို့ကို ကမ္ဘာမြေ ကြီးအစွန်းမှ ကောင်းကင်အစွန်းတိုင်အောင် အရပ်လေး မျက်နှာမှ ခေါ်ယူစုရုံးတော်မူလိမ့်မည်။
27 E ele enviará os seus anjos e ajuntará os seus escolhidos, desde os quatro ventos, da extremidade da terra até a extremidade do céu.
28 သဖန်းပင်မှ သင်ခန်းစာကိုယူကြလော့။ အပင်၌ အခက်အလက်နုများထွက်၍ ရွက်သစ်များဝေဆာလာသောအခါ နွေရာသီ ရောက်လုနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။-
28 Aprendei, pois, a parábola da figueira: quando já o seu ramo se torna tenro, e brotam folhas, bem sabeis que
29 ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်း အရာများဖြစ်ပျက်သည်ကိုမြင်ကြသောအခါ ကိုယ်တော်သည် နီးကပ်လာ၍ တံခါး၀သို့ပင်ရောက်နေပြီဟုသိမှတ် ကြလော့။-
29 Assim também vós, quando virdes sucederem essas
30 သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာ အားလုံးတို့မဖြစ်ပျက်မီ ဤလူမျိုးဆက်သည် မကွယ် ပျောက်ရာ။-
30 Na verdade vos digo que não passará esta geração sem que todas essas coisas aconteçam.
31 ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွား လိမ့်မည်။ သို့သော် ငါ၏နှုတ်တော်ထွက်စကားမူကား မကွယ်ပျောက်ရာ။
31 Passará o céu e a terra, mas as minhas palavras não passarão.
32 ထိုနေ့ရက်နှင့် အချိန်နာရီကိုမူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်တမန်တော်များပင် မသိကြ။ သားတော်လည်းမသိချေ။-
32 Mas, daquele Dia e hora, ninguém sabe, nem os anjos que
33 ထိုအချိန်နာရီသည် မည်သည့်အခါတွင် ကျရောက်မည်ကို သင်တို့မသိကြ သောကြောင့် သတိရှိကြလော့။ အသင့်စောင့် နေကြလော့။-
33 Olhai, vigiai e orai, porque não sabeis quando chegará o tempo.
34 ယင်းသည် ရပ်ဝေးသို့ခရီးထွက်မည့်သူတစ်ဦးနှင့်တူ၏။ သူသည် အိမ်မှထွက်ခွာသောအခါ မိမိအစေခံတို့အား ၎င်းတို့၏ တာဝန်ကိုယ်စီလုပ်ဆောင်ရန် အပ်ထားခဲ့ပြီး တံခါးစောင့်ကိုလည်း နိုးကြားစွာစောင့်နေရန် မှာထားခဲ့၏။-
34 É como se um homem, partindo para fora da terra, deixasse a sua casa, e desse autoridade aos seus servos, e a cada um, a sua obra, e mandasse ao porteiro que vigiasse.
35 ထို့ကြောင့် အသင့်စောင့်နေကြလော့။ အကြောင်းမူကား အိမ်ရှင်သည် ညဉ့်ဦးယံအချိန်၊ သို့မဟုတ် ညသန်း ခေါင်အချိန်၊ သို့မဟုတ် လင်းကြက်တွန်ချိန်၊ သို့မဟုတ် နံနက်ချိန်တို့မှ မည်သည့်အချိန်တွင် ပြန်လာမည်ကို သင်တို့မသိကြ။-
35 Vigiai, pois, porque não sabeis quando virá o senhor da casa; se à tarde, se à meia-noite, se ao cantar do galo, se pela manhã,
36 သခင်သည် ရုတ်တရက်ပြန်လာ၍ သင်တို့ အိပ်ပျော်လျက်ရှိသည်ကိုမတွေ့စေရန် သတိနှင့်စောင့်ကြ လော့။-
36 para que, vindo de improviso, não vos ache dormindo.
37 သင်တို့အား ငါဆိုသည့်အတိုင်း အားလုံးသော သူတို့အားလည်း ငါဆို၏။ နိုးကြားစွာစောင့်နေကြလော့ဟု မိန့်တော်မူ၏။
37 E as coisas que vos digo digo-

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.