Marcos 11
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ ချဉ်းကပ်လာရာ သံလွင်တောင်ခြေရင်းရှိ ဘက်ဖဂျေရွာ နှင့် ဘက်သနီရွာသို့ ရောက်သော အခါ ကိုယ်တော်သည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊-
1 Quando se aproximavam de Jerusalém, de Betfagé e Betânia, junto ao monte das Oliveiras, Jesus enviou dois dos seus discípulos
2 သူတို့အား မိန့်တော်မူသည်မှာ သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ သင်တို့ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေး သောမြည်းကလေးတစ်ကောင်ချည်ထားလျက်ရှိသည် ကိုတွေ့ရလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ဤနေရာသို့ယူခဲ့ကြ လော့။-
2 e disse-lhes:
3 အကယ်၍ တစ်စုံတစ်ယောက်က သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်းဟုမေးလျှင် ၎င်းကို သခင်အလိုရှိသည်၊ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါမည် ဟူ၍ ဖြေကြလော့ဟု မိန့်တော်မူ၏။-
3 Se alguém perguntar: “Por que estão fazendo isso?”, respondam: “O Senhor precisa dele e logo o mandará de volta para cá.”
4 သူတို့သည်လည်း သွားကြ၍ တံခါးတွင် ချည်ထားသောမြည်းကလေးကို လမ်းဘေး၌တွေ့သဖြင့် ၎င်းကို ကြိုးဖြေကြ၏။-
4 Então foram e acharam o jumentinho preso, junto ao portão, do lado de fora, na rua, e o desprenderam.
5 ထိုနေရာ ၌ရပ်နေကြသောသူတို့က သင်တို့သည်အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်းဟု သူတို့အား မေး ကြ၏။-
5 Alguns dos que ali estavam reclamaram: — O que estão fazendo, soltando o jumentinho?
6 သူတို့သည်လည်း ယေဇူးမိန့်မှာထားတော်မူသည့်အတိုင်း ပြောကြသဖြင့် ထိုသူတို့သည် သူတို့အား မြည်းကို ယူသွား စေကြ၏။-
6 Eles, porém, responderam conforme as instruções de Jesus. Então os deixaram ir.
7 ထိုအခါ သူတို့သည် မြည်းကလေးကို ယေဇူး၏အထံတော်သို့ ဆွဲလာကြပြီးနောက် မိမိတို့၏အဝတ်များကို မြည်း၏ကျောပေါ်၌ ခင်းကြ၍ ကိုယ်တော်သည် မြည်းကို စီးတော်မူ၏။-
7 Levaram o jumentinho a Jesus, puseram as suas capas sobre o animal, e Jesus montou nele.
8 များစွာသော လူတို့သည်လည်း မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ဖြန့်ခင်းကြ၏။ အချို့မူကား သစ်ပင်များမှ အခက်အလက် များ ကိုခုတ်ဖြတ်၍ လမ်းပေါ်၌ ခင်းထားကြ၏။-
8 Muitos estenderam as suas capas no caminho, e outros espalharam ramos que tinham cortado nos campos.
9 ကိုယ်တော် ၏ရှေ့တော်နှင့် နောက်တော်မှလိုက်ပါလာကြသောလူ တို့ကလည်း ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရား သခင်၏နာမတော်၌ ကြွလာသောသူသည် မင်္ဂလာရှိစေ သတည်း။-
9 Tanto os que iam adiante dele como os que o seguiam clamavam: “Hosana! Bendito o que vem em nome do Senhor!
10 ရောက်လာလတ္တံ့သော ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသော အရပ်၌ ဟိုဇားနာဖြစ်စေ သတည်းဟု ကြွေးကြော်ကြ၏။
10 Bendito o Reino que vem, o reino de Davi, nosso pai! Hosana nas maiores alturas!”
11 ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့တွင်း သို့ဝင်ရောက်ပြီးလျှင် ဗိမာန်တော်ထဲသို့ဝင်တော်မူ၏။ ကိုယ်တော်သည် ရှိရှိသမျှအရာတို့ကိုလှည့်လည်ကြည့် ရှုပြီးသောအခါ အချိန်လည်းနှောင်းပြီဖြစ်၍ တပည့်တော် တစ်ဆယ့်နှစ်ပါးနှင့်အတူ ဘက်သနီရွာသို့ကြွတော်မူ၏။
11 E Jesus entrou em Jerusalém, no templo. E, tendo observado tudo, como já era tarde, saiu para Betânia com os doze.
12 နောက်တစ်နေ့၌ သူတို့သည် ဘက်သနီရွာမှပြန် လာစဉ် ကိုယ်တော်သည် ဆာလောင်တော်မူ၏။-
12 No dia seguinte, quando saíram de Betânia, Jesus teve fome.
13 ထိုအခါ ကိုယ်တော်သည် အရွက်များဝေဆာနေသောသဖန်း ပင်တစ်ပင်ကို အဝေးမှမြင်လျှင် အသီးကိုတွေ့ရလိမ့်မည် ဟုထင်မှတ်လျက် အပင်ရှိရာသို့ သွားတော်မူ၏။ ကိုယ် တော်သည် အပင်ရှိရာသို့ရောက်သောအခါ သဖန်းသီး သီးချိန်မဟုတ် သောကြောင့် အရွက်များမှတစ်ပါး မည်သည့်အသီးကိုမျှတွေ့တော်မမူချေ။-
13 E, vendo de longe uma figueira com folhas, foi ver se nela acharia alguma coisa. Aproximando-se dela, nada achou, a não ser folhas; porque não era tempo de figos.
14 ထိုအခါ ကိုယ်တော်က သင်၏အသီးကို နောက်တစ်ဖန် မည်သူမျှမစားစေရဟု သဖန်းပင်အား မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ထိုစကားကိုကြားကြ၏။
14 Então Jesus disse à figueira: E os discípulos de Jesus ouviram isto.
15 သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ရှိကြသော အခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ ဝင်တော်မူ၍ ဗိမာန်တော်အတွင်း ရောင်းဝယ်နေကြသောသူများကို စတင်နှင်ထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ် သောသူတို့၏စားပွဲခုံများနှင့် ခိုများရောင်းချနေသူတို့၏ ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
15 E foram para Jerusalém. Quando Jesus entrou no templo, começou a expulsar os que ali vendiam e compravam. Derrubou as mesas dos cambistas e as cadeiras dos que vendiam pombas,
16 ဗိမာန်တော် အတွင်း ဖြတ်သန်း၍ ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ ကိုမျှ ကိုယ်တော်ခွင့်ပြုတော်မမူ။-
16 e não permitia que alguém atravessasse o templo carregando algum objeto.
17 ထို့နောက် ကိုယ်တော် က သွန်သင်တော်မူသည်မှာ ငါ၏အိမ်တော်သည် လူမျိုး အပေါင်းတို့၏ဆုတောင်းရာ အိမ်ဟု အခေါ်ခံရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားသည်မဟုတ်လော။ သင်တို့မူကား ၎င်းကို သူခိုးဓားပြခိုအောင်းရာနေရာ ဖြစ်စေကြ ပြီတကားဟု သူတို့အားဆို၏။-
17 Também os ensinava e dizia:
18 ရဟန်းအကြီးအကဲများ နှင့် ကျမ်းတတ်ဆရာတို့သည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော့်ကိုသတ်ရန် နည်းလမ်းရှာကြံကြ၏။ အကြောင်းမူကား လူအစုအဝေးတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော့်ကိုကြောက်ရွံ့ကြ၏။-
18 E os principais sacerdotes e escribas ouviram isso e procuravam uma maneira de matar Jesus, pois o temiam, porque toda a multidão se maravilhava de sua doutrina.
19 ထို့နောက် ညနေအချိန်ရောက်သောအခါ ကိုယ်တော်နှင့် တပည့် တော်တို့သည် မြို့တွင်းမှထွက်ခွာသွားကြ၏။
19 Em vindo a tarde, Jesus e os discípulos saíram da cidade.
20 နောက်တစ်နေ့နံနက်တွင် သူတို့သည် ဖြတ်သွား ကြစဉ် အမြစ်မှစ၍ ညှိုးခြောက်သွားသောသဖန်းပင်ကို မြင်ကြ၏။-
20 E, passando eles pela manhã, viram que a figueira estava seca desde a raiz.
21 ထိုအခါ ပေတရုသည်သတိရ၍ သခင်ဘုရား၊ ကြည့်တော်မူပါ၊ ကိုယ်တော်ကျိန်ဆိုခဲ့သောသဖန်းပင်သည် ညှိုးခြောက်သွား ပါပြီဟု ကိုယ်တော်အား လျှောက် လေ၏။-
21 Então Pedro, lembrando-se, falou: — Mestre, eis que a figueira que o senhor amaldiçoou ficou seca.
22 ထိုအခါ ယေဇူးက သူတို့အား မိန့်တော်မူသည်မှာ ဘုရားသခင်၌ယုံကြည်ခြင်း ရှိကြလော့။-
22 Ao que Jesus lhes disse:
23 သင်တို့အား ငါအမှန်ဆိုသည် ကား စိတ်ထဲ၌ ယုံမှားသံသယမရှိဘဲ မိမိ ပြောဆိုသည့်အတိုင်း ဖြစ်လာရမည်ဟု ယုံကြည်သော သူသည် ဤတောင်အား သင်ရွှေ့သွား၍ ပင်လယ်ထဲ သို့ဆင်းသက်လော့ဟုဆိုလျှင် သူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-
23 Porque em verdade lhes digo que, se alguém disser a este monte: “Levante-se e jogue-se no mar”, e não duvidar no seu coração, mas crer que se fará o que diz, assim será com ele.
24 ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား သင်တို့သည် ဆုတောင်းမေတ္တာပြုကြရာတွင် သင်တို့တောင်း သမျှဆုကိုရပြီဟု ယုံကြည်လော့။ ထိုအခါ သင်တို့တောင်း သောအရာတို့ကိုရရှိလိမ့်မည်။-
24 Por isso digo a vocês que tudo o que pedirem em oração, creiam que já o receberam, e assim será com vocês.
25 ထို့အတူ သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းမေတ္တာပြုသည့်အခါတိုင်း သူတစ်ပါးအပေါ် အပြစ်တင်စရာတစ်စုံ တစ်ခုရှိနေပါက ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ ရှိတော်မူ သော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များ ကို ခွင့်လွှတ်တော်မူလိမ့်မည်။-
25 E, quando estiverem orando, se tiverem alguma coisa contra alguém, perdoem, para que o Pai de vocês, que está nos céus, perdoe as ofensas de vocês.
26 သို့ရာတွင် သင်တို့သည် သူ တစ်ပါး၏အပြစ်ကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိ တော်မူသော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ် များကို ခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
26 [Mas, se vocês não perdoarem, também o Pai de vocês, que está nos céus, não perdoará as ofensas de vocês.]
27 သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်လာ ကြပြန်၏။ ကိုယ်တော်သည်လည်း ဗိမာန်တော်တွင် စင်္ကြံ လျှောက်နေစဉ် ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် သက်ကြီးဝါကြီးတို့သည် အထံတော်သို့ချဉ်းကပ် ကြ၍၊-
27 Então regressaram para Jerusalém. E enquanto Jesus andava pelo templo, os principais sacerdotes, os escribas e os anciãos vieram ao seu encontro
28 သင်သည် ဤအမှုအရာများကို မည်သည့်အခွင့် အာဏာနှင့်ပြုပါသနည်း။ ၎င်းတို့ကိုပြုလုပ်ရန် အခွင့်အာဏာကို သင့်အား မည်သူပေးသနည်းဟု မေးမြန်းကြ၏။-
28 e lhe perguntaram: — Com que autoridade você faz estas coisas? Ou quem lhe deu esta autoridade para fazer isto?
29 ထိုအခါ ယေဇူးက ငါသည်လည်း သင်တို့ကိုမေးခွန်းတစ်ခု မေးမည်။ သင်တို့ ငါ့ကိုဖြေကြလျှင် ငါသည်လည်း ဤအမှု အရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့အား ငါပြောမည်။-
29 Jesus respondeu:
30 ယောဟန်၏ဆေးကြောခြင်းသည် ကောင်းကင်မှလာသလော၊ သို့မဟုတ် လူတို့ထံမှလော။ ငါ့ကိုဖြေကြပါဟု သူတို့အား မိန့်တော်မူ၏။-
30 O batismo de João era do céu ou dos homens? Respondam!
31 ထိုအခါ သူတို့က အချင်းချင်းပြောဆိုကြသည်မှာ ကောင်းကင်မှလာ သည်ဟုငါတို့ဆိုကြပါက သို့ဖြစ်လျှင် သင်တို့သည် သူ့ကို အဘယ်ကြောင့် မယုံကြသနည်းဟု ငါတို့အား သူဆိုလိမ့်မည်။-
31 E eles discutiam entre si: — Se dissermos: “Do céu”, ele dirá: “Então por que não acreditaram nele?”
32 လူတို့ထံမှဟူ၍ ငါတို့ဆိုကြမည်လောဟု သူတို့ ဆွေးနွေးကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြ၏။ အကြောင်းမူကား လူအားလုံးတို့က ယောဟန်သည် ဧကန်အမှန်ပင် ပရောဖက်ဖြစ် သည်ဟု လက်ခံထားကြသော ကြောင့်ဖြစ်လေ၏။-
32 Se, porém, dissermos: “Dos homens”, é de temer o povo. Porque todos pensavam que João era realmente um profeta.
33 ထို့ ကြောင့် သူတို့က အကျွန်ုပ်တို့မသိပါဟု ယေဇူးအား ဖြေ ကြားကြ၏။ ယေဇူးကလည်း သို့ဖြစ်လျှင် ဤအမှုအရာ များကို မည်သည့်အခွင့်အာဏာနှင့် ငါပြုလုပ်ကြောင်း သင်တို့အား ငါပြောလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
33 Então responderam a Jesus: — Não sabemos. E Jesus, por sua vez, lhes disse:
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.