Marcos 10

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာတော်မူ၍ ဂျူဒေးယနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက် ကမ်းသို့ ကြွသွားတော်မူရာ လူအစုအဝေးတို့သည် အထံတော်သို့ တစ်ဖန်စုရုံးလာကြ၏။ ကိုယ်တော်သည်လည်း မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ကို ထပ်မံဟောပြောသွန် သင်တော်မူ၏။
1 Saindo dali, Jesus foi para o território da Judeia e para além do Jordão. E outra vez as multidões se reuniram junto a ele, e, de novo, ele as ensinava, segundo o seu costume.
2 ထိုအခါ ဖာရီဇေးဦးတို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ လူသည် မိမိ၏မယားနှင့်ကွာရှင်းအပ်သလော ဟု ကိုယ်တော့်ကို စုံစမ်းလိုသောအကြံနှင့် မေးမြန်းကြ၏။-
2 E, aproximando-se alguns fariseus, o puseram à prova, perguntando: — É lícito ao marido repudiar a sua mulher?
3 ကိုယ်တော်ကလည်း မိုးဇက်သည် သင်တို့ကို မည် ကဲ့သို့ပညတ်ထားသနည်းဟု သူတို့အား ပြန်မေးတော်မူ၏။-
3 Jesus respondeu:
4 သူတို့က ကွာရှင်းစာချုပ်ရေး၍ မိမိ၏မယားကိုကွာ ရှင်းရန် မိုးဇက်က အခွင့်ပြုခဲ့ပါသည်ဟု ဖြေကြ၏။-
4 Eles disseram: — Moisés permitiu escrever uma carta de divórcio e repudiar.
5 သို့သော် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့၏စိတ်နှလုံးခက်ထန်ခြင်းကြောင့် မိုးဇက်သည် ဤပညတ်ကို စီရင်ခဲ့၏။-
5 Mas Jesus lhes disse:
6 ဖန်ဆင်းခြင်း၏အစ၌မူကား ဘုရားသခင်သည် လူတို့ကို ယောက်ျားနှင့် မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။-
6 Porém, desde o princípio da criação, Deus os fez homem e mulher.
7 ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ ၏အမိနှင့် အဖတို့ကိုစွန့်ခွာ၍ မိမိ၏ဇနီးနှင့် ပေါင်းသင်း နေထိုင်ရလိမ့်မည်။-
7 “Por isso o homem deixará o seu pai e a sua mãe e se unirá à sua mulher,
8 ထိုအခါ သူတို့နှစ်ဦးသည် တစ်သား တစ်ကိုယ်တည်းဖြစ်ရမည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦး မဟုတ်၊ တစ်ဦးတည်း သာဖြစ်၏။-
8 tornando-se os dois uma só carne.” De modo que já não são mais dois, porém uma só carne.
9 ထို့ကြောင့် ဘုရား သခင်ပေါင်းဖက်ပေးထားတော်မူသောအရာကို လူသည် မခွဲခွာစေနှင့်ဟု မိန့်တော်မူ၏။
9 Portanto, que ninguém separe o que Deus ajuntou.
10 တပည့်တော်တို့သည် အိမ်တွင် ဤအကြောင်းကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။-
10 Em casa, os discípulos voltaram a fazer perguntas sobre esse assunto.
11 ကိုယ်တော်ကလည်း မည်သူမဆို မိမိ၏ဇနီးနှင့်ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် မိမိ၏ဇနီးအပေါ် ဖောက်ပြန် ရာရောက်၏။-
11 E Jesus lhes disse:
12 ဇနီးဖြစ်သူသည်လည်း မိမိ၏ခင်ပွန်းနှင့် ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် သူမသည် ဖောက်ပြန်ရာရောက် သည်ဟု မိန့်တော်မူ၏။
12 E, se ela repudiar o seu marido e casar com outro, comete adultério.
13 ထိုအခါ လူတို့သည် ကလေးသူငယ်များကို ကိုယ် တော်၏လက်ဖြင့် တို့ထိစေခြင်းငှာ အထံတော်သို့ခေါ် ဆောင်လာကြသဖြင့် တပည့်တော်တို့သည်လည်း သူ တို့ကို အပြစ်တင်ကြ၏။-
13 Então trouxeram algumas crianças a Jesus para que as abençoasse, mas os discípulos os repreendiam.
14 သို့သော် ထိုအခြင်းအရာကို ယေဇူးမြင်လျှင် အမျက်ထွက်၍ သူတို့အား မိန့်တော်မူ သည်ကား ကလေးသူငယ်တို့ကို ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ် ၏။-
14 Jesus, porém, vendo isto, indignou-se e disse-lhes:
15 သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ဤကလေးသူငယ်တစ်ဦးကဲ့သို့ လက်မခံသောသူမည် သူမဆို နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။-
15 Em verdade lhes digo: Quem não receber o Reino de Deus como uma criança de maneira nenhuma entrará nele.
16 ထို့နောက် ကိုယ်တော်သည် ကလေး သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်၌ လက်တော်ကိုတင်လျက် ကောင်းချီးပေး တော်မူ၏။
16 Então, tomando as crianças nos braços e impondo-lhes as mãos, as abençoava.
17 ကိုယ်တော်သည် ခရီးပြုရန်ထွက်ကြွလာတော်မူ စဉ် လူတစ်ယောက်သည် အထံတော်သို့ ပြေးလာ၍ ရှေ့တော်၌ ဒူးထောက်လျက် ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်အရာ ကိုပြုရပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
17 Pondo-se Jesus a caminho, um homem correu ao seu encontro e, ajoelhando-se diante dele, perguntou-lhe: — Bom Mestre, que farei para herdar a vida eterna?
18 ထိုအခါ ယေဇူးက သူ့အား အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရား သခင်မှတစ်ပါး မည်သူမျှကောင်းမြတ်သည်မဟုတ်။-
18 Jesus respondeu:
19 သင်သည် ပညတ်တော်များကိုသိ၏။ သူ့အသက်ကို မသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။သူ့ဥစ္စာကို မခိုးယူ နှင့်။ မဟုတ်မမှန်သက်သေခံခြင်းကိုမပြုနှင့်။ လိမ်လည်၍ ရယူခြင်းကိုမပြုနှင့်။ သင်၏မိဘတို့ကိုရိုသေလော့ဟု မိန့် တော်မူ၏။-
19 Você conhece os mandamentos: “Não mate, não cometa adultério, não furte, não dê falso testemunho, não defraude ninguém, honre o seu pai e a sua mãe.”
20 ထိုသူကလည်း ဆရာသခင်၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကစ၍ စောင့်ထိန်းခဲ့ပါပြီဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
20 Então o homem respondeu: — Mestre, tudo isso tenho observado desde a minha juventude.
21 ထိုအခါ ယေဇူးသည် သူ့ကိုကြည့်ပြီး ချစ်ခင်စိတ်ဖြစ်ပေါ်သဖြင့် သင်၌ တစ်ခုလိုနေသေး၏။ သွား၍ သင်၌ရှိသမျှ ဥစ္စာပစ္စည်း တို့ ကိုရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ဖြင့် သင်သည် ကောင်းကင်၌ ဘဏ္ဍာကိုရ လိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
21 E Jesus, olhando para ele com amor, disse:
22 သူသည် ဤစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းစွာထွက်ခွာသွားလေ၏။ အကြောင်းမူကား သူသည် ဥစ္စာ များစွာကြွယ်၀သောသူ ဖြစ်သောကြောင့်တည်း။
22 Ele, porém, contrariado com esta palavra, retirou-se triste, porque era dono de muitas propriedades.
23 ယေဇူးသည်လည်း လှည့်ကြည့်တော်မူပြီးမှ ကြွယ် ၀ချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော် သို့ဝင်ရောက်ရန် ခက်ခဲလွန်းလှပေသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
23 Então Jesus, olhando ao redor, disse aos seus discípulos:
24 တပည့်တော်တို့သည်လည်း ကိုယ်တော်၏စကားများကြောင့် အံ့ဩနေကြ၏။ သို့သော် ယေဇူးက ချစ်သားတို့၊ ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ခက်ခဲလှပေသည်။-
24 Os discípulos estranharam estas palavras, mas Jesus insistiu em dizer-lhes:
25 ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံသို့ဝင်ရခြင်းထက် ကုလားအုပ် သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်၏ဟု သူတို့အား ထပ်မံမိန့်တော်မူ၏။-
25 É mais fácil um camelo passar pelo fundo de uma agulha do que um rico entrar no Reino de Deus.
26 ထိုအခါ သူတို့သည် အလွန် အမင်းအံ့ဩကြလျက် ဤသို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။-
26 Eles ficaram muito admirados, dizendo entre si: — Sendo assim, quem pode ser salvo?
27 ယေဇူးသည် သူတို့ကိုကြည့်တော်မူ၍ ဤအမှုအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင် အတွက်မူ ဖြစ်နိုင်၏။ အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူသည်ဟု မိန့် တော်မူ၏။
27 Jesus, olhando para eles, disse:
28 ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှကို စွန့်၍ နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေ၏။-
28 Então Pedro começou a dizer-lhe: — Eis que nós deixamos tudo e seguimos o senhor.
29 ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆို ငါ့အတွက်နှင့် ဧဝံဂေလိတရားတော်အတွက် အိမ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားသမီးနှင့် မြေယာ များကိုစွန့်လွှတ်လျှင်၊-
29 Jesus respondeu:
30 ယခုဘ၀တွင် ညှဉ်းဆဲခံရခြင်းနှင့် တကွ အိမ်၊ ညီအစ်ကိုများ၊ နှမများ၊ မိခင်များ၊ သားသမီး များနှင့် မြေယာများကို အဆတစ်ရာမရဘဲ မနေသကဲ့သို့ နောင်ဘ၀တွင်လည်း ထာ၀ရအသက်ကို မရဘဲ မရှိရာ။-
30 que não receba, já no presente, cem vezes mais casas, irmãos, irmãs, mães, filhos e campos, com perseguições; e, no mundo por vir, receberá a vida eterna.
31 သို့သော် ပထမဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်။ နောက်ဆုံးသောသူတို့သည်လည်း ပထမဦးဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
31 Porém muitos primeiros serão últimos, e os últimos serão primeiros.
32 သူတို့သည် ဂျေရုဆလင်မြို့သို့ သွားကြသောအခါ လမ်းခရီးတွင် ယေဇူးသည် သူတို့၏ရှေ့မှ ကြွသွားတော်မူ၏။ တပည့်တော်တို့သည်လည်း အံ့ဩကြ၍ နောက်မှ လိုက်ကြသောသူတို့သည်လည်း ကြောက်ရွံ့နေကြ၏။ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်တော်မူ၍ မိမိ၌ဖြစ်ပျက်လတ္တံ့သောအရာများကို စတင်ပြောဆို တော်မူ၏။-
32 Estavam a caminho, subindo para Jerusalém, e Jesus ia adiante dos seus discípulos. Estes se admiravam e o seguiam tomados de apreensões. E Jesus, chamando outra vez os doze para um lado, começou a revelar-lhes as coisas que deviam acontecer com ele, dizendo:
33 ကိုယ်တော်က ငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသားသည် ရဟန်းအကြီးအကဲတို့နှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ ထိုသူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍ လူမျိုးခြားတို့ ၏လက်သို့ အပ်နှံကြလိမ့်မည်။-
33 — Eis que subimos para Jerusalém, e o Filho do Homem será entregue aos principais sacerdotes e aos escribas. Eles vão condená-lo à morte e entregá-lo aos gentios.
34 ထိုသူတို့ကပင် သူ့ကို လှောင်ပြောင်၍ တံတွေးနှင့်ထွေးပြီး ရိုက်နှက်ကာ အသေသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက် မြောက်သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏။
34 Vão zombar dele, cuspir nele, açoitá-lo e matá-lo; mas, depois de três dias, ressuscitará.
35 ထို့နောက် ဇေဘေဒေးဦး၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ် ကြ၍ ဆရာသခင်၊ တပည့်တော်တို့တောင်းခံရာမှန်သမျှ ကိုပေးသနားစေလိုပါသည်ဟု ကိုယ်တော်အား လျှောက်ကြ၏။-
35 Então se aproximaram dele Tiago e João, filhos de Zebedeu, dizendo: — Mestre, queremos que o senhor nos conceda o que vamos pedir.
36 ကိုယ်တော်ကလည်း သင်တို့အဖို့ ငါ့အား မည် သည့်အရာကိုပြုစေလိုသနည်းဟု သူတို့အား မေးတော်မူ၏။-
36 E Jesus lhes perguntou:
37 ထိုအခါ သူတို့က တပည့်တော်တို့နှစ်ဦးအား ကိုယ်တော်၏ဘုန်းဂုဏ်တော်၌ လက်ယာဘက်တွင်တစ်ယောက်၊ လက်ဝဲ ဘက်တွင်တစ်ယောက် ထိုင်ရသော အခွင့်ကိုပေးတော်မူပါဟုလျှောက်ထားကြ၏။-
37 Eles responderam: — Permite-nos que, na sua glória, nos assentemos um à sua direita e o outro à sua esquerda.
38 သို့သော် ယေဇူးက သင်တို့တောင်းသော အရာကို သင်တို့မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက်နိုင်ကြ မည်လော။ သို့မဟုတ် ငါခံယူသောဆေးကြောခြင်းကို သင်တို့ခံယူနိုင်ကြမည်လောဟု မေးတော်မူသောအခါ၊-
38 Mas Jesus lhes disse:
39 သူတို့က တပည့်တော်တို့တတ်နိုင်ပါ၏ဟု ပြန်လျှောက်ကြ၏။ ယေဇူးကလည်း ငါသောက်လတ္တံ့သောခွက်ကို သင်တို့ သောက်ကြရလိမ့်မည်။ ငါခံယူသောဆေးကြောခြင်းကိုလည်း သင်တို့ခံယူကြရလိမ့်မည်မှန်၏။-
39 Eles responderam: — Podemos. Então Jesus lhes disse:
40 သို့သော် ငါ၏လက်ယာဘက် နှင့် လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ၎င်းသည် ပြင်ဆင် ထားသောသူတို့အတွက်ဖြစ်သည်ဟု မိန့်တော်မူ၏။
40 Quanto a sentar à minha direita ou à minha esquerda, não me compete concedê-lo, pois é para aqueles a quem está preparado.
41 တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြသောအခါ ယာကုပ်နှင့် ယောဟန်တို့အပေါ် အမျက်ထွက်ကြ၏။-
41 Quando os outros dez discípulos ouviram isso, começaram a ficar indignados com Tiago e João.
42 ထိုအခါ ယေဇူးသည် သူတို့ကို အထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့အပေါ် အုပ်စိုးကြရသည့် ဘုရင်များ သည် သူတို့အပေါ် အစိုးတရ ပြုတတ်ကြ၍ သူတို့၏အကြီးအကဲများသည်လည်း သူ တို့အပေါ်၌ ဩဇာအာဏာပြတတ်ကြသည် ကို သင်တို့ သိကြ၏။-
42 Mas Jesus, chamando todos para junto de si, disse:
43 သင်တို့၌မူကား ထိုသို့မဖြစ်စေရ။ သင်တို့တွင် အကြီးဆုံးဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
43 Mas entre vocês não é assim; pelo contrário, quem quiser tornar-se grande entre vocês, que se coloque a serviço dos outros;
44 သင်တို့တွင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံး၏ကျွန်ဖြစ်ရမည်။-
44 e quem quiser ser o primeiro entre vocês, que seja servo de todos.
45 အကြောင်းမူကား လူသားသည် သူတစ်ပါးက အစေခံသည်ကိုခံယူရန်ကြွလာသည် မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက် ကိုစွန့်၍ လူများစွာကို ကယ်တင်ခြင်းငှာလည်းကောင်း ကြွလာသည်ဟုမိန့်တော်မူ၏။
45 Pois o próprio Filho do Homem não veio para ser servido, mas para servir e dar a sua vida em resgate por muitos.
46 ထို့နောက် သူတို့သည် ဂျေရီခိုမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည်လည်း တပည့်တော်တို့နှင့်အတူ ကြီးစွာသော လူအစုအဝေးနှင့် ဂျေရီခိုမြို့မှထွက်ခွာလာစဉ် တီမေးဦး၏သားဖြစ်သူ မျက်မမြင်ဘာတီမေးဦးသည် လမ်းဘေး၌ ထိုင်လျက် တောင်းစားနေလေ၏။-
46 E foram para Jericó. Quando Jesus saía de Jericó, juntamente com os discípulos e numerosa multidão, Bartimeu, um cego mendigo, filho de Timeu, estava sentado à beira do caminho
47 သူသည် နာဇရက်မြို့သား ယေဇူးကြွလာတော်မူကြောင်းကိုကြား လျှင် ဒါဝိဒ်၏သားတော် ယေဇူး၊ အကျွန်ုပ်ကို သနားတော် မူပါဟု စတင်အော်ဟစ်အသနားခံလေ၏။-
47 e, ouvindo que era Jesus, o Nazareno, começou a gritar: — Jesus, Filho de Davi, tenha compaixão de mim!
48 လူတို့သည် သူ့အား တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြ သော်လည်း သူက ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို သနား တော်မူပါဟု ပို၍ပင်ကျယ်လောင်စွာအော်ဟစ်လေ၏။-
48 E muitos o repreendiam para que se calasse, mas ele gritava cada vez mais: — Filho de Davi, tenha compaixão de mim!
49 ထိုအခါ ယေဇူးသည် ရပ်တန့်၍ သူ့ကိုခေါ်ခဲ့ကြလော့ဟု မိန့်တော်မူ၏။ သူတို့သည်လည်း မျက်မမြင်ကိုခေါ်ကြလျက် အားမငယ်နှင့်။ ထလော့၊ ကိုယ်တော်သည် သင့်ကိုခေါ်နေပြီဟု သူ့အားဆိုကြ၏။-
49 Jesus parou e disse: Chamaram, então, o cego, dizendo-lhe: — Coragem! Levante-se, porque ele está chamando você.
50 ထိုသူသည်လည်း မိမိ ၏ဝတ်ရုံကိုခွာပစ်၍ ခုန်ထကာ ယေဇူး၏အထံတော်သို့ လာလေ၏။-
50 Atirando a capa para o lado, o cego levantou-se de um salto e foi até onde estava Jesus,
51 ယေဇူးကလည်း သင့်အတွက် ငါ့အား မည် သည့်အရာကိုပြုလုပ်စေလိုသနည်းဟု မေးတော်မူလျှင် မျက်မမြင်က ဆရာသခင်၊ အကျွန်ုပ်ကို မျက်စိပြန်မြင်စေ တော်မူပါဟု လျှောက်လေ၏။-
51 que lhe perguntou: O cego respondeu: — Mestre, que eu possa ver de novo.
52 ထိုအခါ ယေဇူးက သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေ ပြီဟု မိန့်တော်မူလျှင် သူသည် ချက်ချင်းပင် မျက်စိမြင်၍ ကိုယ်တော်၏နောက်တော်သို့လိုက်လေ၏။
52 Então Jesus lhe disse: E imediatamente passou a ver e foi seguindo Jesus estrada afora.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.