Lucas 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ကိုယ်တော်သည် တမန်တော် တစ်ဆယ့်နှစ်ပါးတို့ကို အတူတကွခေါ်ပြီးလျှင် နတ်ဆိုးအပေါင်းတို့ကို နှင်ထုတ်နိုင်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစေနိုင်ရန် တန်ခိုးအာဏာတို့ကို သူတို့အား ပေးတော်မူ၏။-
1 Reunindo os Doze, Jesus deu-lhes poder e autoridade para expulsar todos os demônios e curar doenças,
2 ထို့နောက် ကိုယ်တော်သည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကုသ ပျောက်ကင်းစေရန် သူတို့ကို စေလွှတ်တော်မူ၏။-
2 e os enviou a pregar o Reino de Deus e a curar os enfermos.
3 ကိုယ်တော်က သင်တို့သွားရမည့်လမ်းခရီးအတွက် မည်သည့်အရာကိုမျှ ယူဆောင်မသွားကြလေနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ စားစရာနှင့် ငွေကြေးတို့ကို သယ်ဆောင်မသွားကြနှင့်။ ဝတ်ရုံကိုလည်း နှစ်ထည်ယူမသွားလေနှင့်။-
3 E disse-lhes: "Não levem nada pelo caminho: nem bordão, nem saco de viagem, nem pão, nem dinheiro, nem túnica extra.
4 မည်သည့်အိမ်ကိုမဆို သင်တို့ဝင်ကြလျှင် ထိုအိမ်၌နေထိုင်၍ ထိုနေရာမှပင် ပြန်လည်ထွက်ခွာကြလော့။-
4 Na casa em que vocês entrarem, fiquem ali até partirem.
5 သင်တို့ကို လက်မခံသူများရှိလျှင် ထိုမြို့မှထွက်ခွာသောအခါ ထိုသူတို့အတွက် သက်သေခံဖြစ်စေခြင်းငှာ သင်တို့၏ ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
5 Se não os receberem, sacudam a poeira dos seus pés quando saírem daquela cidade, como testemunho contra eles".
6 သူတို့သည်လည်း ထွက်သွားကြ၍ မြို့ရွာများသို့ လှည့်လည်ကာ အရပ်ရပ်၌ ဧဝံဂေလိသတင်းကောင်းကို ဟောပြောလျက် အနာရောဂါများကို ပျောက်ကင်းစေကြ၏။
6 Assim, eles saíram e foram pelos povoados, pregando o evangelho e fazendo curas por toda parte.
7 ဘုရင်ခံဟေရုဒ်မင်းသည် ဖြစ်ပျက်သမျှအားလုံးကို ကြားလျှင် သူ့စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်လေ၏။ အကြောင်း မူကား အချို့က ယောဟန်သည် သေရာမှပြန်ရှင်လေပြီဟု ဆိုကြ၏။-
7 Herodes, o tetrarca, ouviu falar de tudo o que estava acontecendo e ficou perplexo, porque algumas pessoas estavam dizendo que João tinha ressuscitado dos mortos;
8 အချို့က ဧလိယပေါ်ထွန်းလာပြီ ဟူ၍လည်းကောင်း၊ အချို့က ရှေးကပရောဖက်တစ်ပါးပါး ရှင်ပြန်ထမြောက်လေပြီ ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။-
8 outros, que Elias tinha aparecido; e ainda outros, que um dos profetas do passado tinha voltado à vida.
9 ဟေရုဒ်မင်းက ငါသည် ယောဟန်၏ ဦးခေါင်းကိုဖြတ်ခဲ့ပြီဖြစ်၏။ သို့သော် ငါကြားနေရသော ဤသူသည်ကား မည်သူ ဖြစ်မည်နည်းဟုဆိုလျက် ကိုယ်တော့်ကိုတွေ့ မြင်ရန် ကြိုးစားလျက်နေလေ၏။
9 Mas Herodes disse: "João, eu decapitei! Quem, pois, é este de quem ouço essas coisas? " E procurava vê-lo.
10 တမန်တော်တို့သည် အထံတော်သို့ ပြန်လာကြသောအခါ မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကို ကိုယ်တော်အား လျှောက်ထား ကြ၏။ ကိုယ်တော်သည်လည်း သူတို့ကိုခေါ်၍ ဘက်ဇိုင်းဒါမြို့သို့ ထွက်ခွာသွားတော်မူ၏။-
10 Ao voltarem, os apóstolos relataram a Jesus o que tinham feito. Então ele os tomou consigo, e retiraram-se para uma cidade chamada Betsaida;
11 လူအစုအဝေးတို့သည် ဤအကြောင်းကိုကြားသိသောအခါ ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့ကို လက်ခံ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်လျက် ကုသခြင်းကို လိုအပ်သောသူတို့အား ကုသပျောက်ကင်းစေတော်မူ၏။-
11 mas as multidões ficaram sabendo, e o seguiram. Ele as acolheu, e falava-lhes acerca do Reino de Deus, e curava os que precisavam de cura.
12 ထိုအချိန်တွင် ညနေစောင်းပြီဖြစ်သောကြောင့် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည် ကိုယ်တော့်ထံသို့ ချဉ်းကပ်ကြလျက် လူအစုအဝေးတို့အား အနီးအနားရှိ ကျေးရွာများသို့သွား၍ တည်းခိုရန်နှင့် အစားအစာများကို ရှာဖွေနိုင်ရန် စေလွှတ်တော်မူပါ။ အကြောင်းမူကား တပည့်တော်တို့ ရောက်ရှိနေသော ဤနေရာသည် လူသူကင်းဝေးသည့်အရပ် ဖြစ်ပါသည်ဟုလျှောက်ကြ၏။-
12 Ao fim da tarde os Doze aproximaram-se dele e disseram: "Manda embora a multidão para que eles possam ir aos campos vizinhos e aos povoados, e encontrem comida e pousada, porque aqui estamos em lugar deserto".
13 သို့သော် ကိုယ်တော်က သင်တို့သည် သူတို့အား စားစရာကို ပေးကြလော့ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ သူတို့က လည်း ဤလူအားလုံးတို့အတွက် စားစရာကို တပည့်တော်တို့ သွား၍မဝယ်ပါက တပည့်တော်တို့၌ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ထက် ပို၍မရှိပါဟု လျှောက်ကြ၏။-
13 Ele, porém, respondeu: "Dêem-lhes vocês algo para comer". Eles disseram: "Temos apenas cinco pães e dois peixes — a menos que compremos alimento para toda esta multidão".
14 အကြောင်းမူကား ထိုနေရာ၌ ယောက်ျားဦးရေ ငါးထောင်ခန့်ရှိသောကြောင့်ဖြစ်၏။ ကိုယ်တော်ကလည်း ဤသူတို့ကို တစ်စုလျှင် လူငါးဆယ်စီစု၍ ထိုင်စေလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
14 ( E estavam ali cerca de cinco mil homens ). Mas ele disse aos seus discípulos: "Façam-nos sentar-se em grupos de cinqüenta".
15 တပည့်တော်တို့သည်လည်း အမိန့်တော်အတိုင်း ဆောင်ရွက်ကြ၍ လူအားလုံးတို့ကို ထိုင်စေကြ၏။-
15 Os discípulos assim fizeram, e todos se assentaram.
16 ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့မျှော်ကြည့်လျက် ကောင်းချီးပေးပြီးမှ ဖဲ့၍ ၎င်းတို့ကို လူအများရှေ့တွင် တည်ခင်းစေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။-
16 Tomando os cinco pães e os dois peixes, e olhando para o céu, deu graças e os partiu. Em seguida, entregou-os aos discípulos para que os servissem ao povo.
17 လူအပေါင်းတို့သည်လည်း စား၍၀ကြပြီးမှ တပည့်တော်တို့သည် ကြွင်းကျန်သော မုန့်အကျိုးအပဲ့များကို ကောက်သိမ်း ကြရာ တစ်ဆယ့်နှစ်တောင်းအပြည့် ရကြလေ၏။
17 Todos comeram e ficaram satisfeitos, e os discípulos recolheram doze cestos cheios de pedaços que sobraram.
18 တစ်နေ့သ၌ ကိုယ်တော်သည် မိမိတစ်ပါးတည်း ဆုတောင်းနေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူ ရှိကြ၏။ ထိုအခါ ကိုယ်တော်က လူအစုအဝေး တို့သည် ငါမည်သူဖြစ်ကြောင်း ပြောဆိုကြသနည်းဟု သူ တို့အား မေးတော်မူ၏။-
18 Certa vez Jesus estava orando em particular, e com ele estavam os seus discípulos; então lhes perguntou: "Quem as multidões dizem que eu sou? "
19 သူတို့ကလည်း အချို့က ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အခြားသူတို့က ရှေးပရော ဖက်တစ်ပါးပါး ပြန်ရှင်လာ သည်ဟူ၍ ပြောဆိုကြပါသည်ဟု ပြန်ဖြေကြ၏။-
19 Eles responderam: "Alguns dizem que és João Batista; outros, Elias; e, ainda outros, que és um dos profetas do passado que ressuscitou".
20 ကိုယ်တော်ကလည်း သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ပြောဆိုကြသနည်းဟု မေးတော်မူလျှင် ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော် ဖြစ်ပါသည်ဟု လျှောက်လေ၏။
20 "E vocês, o que dizem? ", perguntou. "Quem vocês dizem que eu sou? " Pedro respondeu: "O Cristo de Deus".
21 သို့သော် ကိုယ်တော်က ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား ကြပ်တည်းစွာ တားမြစ်တော်မူလျက်၊-
21 Jesus os advertiu severamente que não contassem isso a ninguém.
22 လူသားသည် ဒုက္ခများစွာခံရပြီး သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုခံရလိမ့်မည်။ သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏။
22 E disse: "É necessário que o Filho do homem sofra muitas coisas e seja rejeitado pelos líderes religiosos, pelos chefes dos sacerdotes e pelos mestres da lei, seja morto e ressuscite no terceiro dia".
23 ထို့နောက် ကိုယ်တော်က မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကို ငြင်းပယ်စေ။ မိမိလက်ဝါးကပ်တိုင်ကိုလည်း နေ့စဉ်ထမ်းယူ၍ ငါ့နောက်သို့လိုက်စေ။-
23 Jesus dizia a todos: "Se alguém quiser acompanhar-me, negue-se a si mesmo, tome diariamente a sua cruz e siga-me.
24 အကြောင်းမူကား မိမိအသက်ကို ကယ်ဆယ်လိုသောသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသော သူသည် အသက်ကိုရလိမ့်မည်။-
24 Pois quem quiser salvar a sua vida a perderá; mas quem perder a vida por minha causa, este a salvará.
25 လူသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိကိုယ်မိမိဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
25 Pois que adianta ao homem ganhar o mundo inteiro, e perder-se ou destruir a si mesmo?
26 မည်သူမဆို ငါ့အတွက်ကြောင့်သော်လည်းကောင်း၊ ငါ့စကားအတွက်သော်လည်းကောင်း ရှက်လျှင် လူသားသည် မိမိ အဖခမည်းတော်၏ ဘုန်းဂုဏ်တော်ကိုဆောင်၍ သန့်ရှင်းသော ကောင်းကင်တမန်တော်များ ခြံရံလျက် ကြွလာသောအခါ ထိုသူ့အတွက် ရှက်တော်မူလိမ့်မည်။-
26 Se alguém se envergonhar de mim e das minhas palavras, o Filho do homem se envergonhará dele, quando vier em sua glória e na glória do Pai e dos santos anjos.
27 သို့ရာတွင် သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ ရပ်နေကြသောသူ အချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မီ သေကြရလိမ့်မည် မဟုတ်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
27 Garanto-lhes que alguns que aqui se acham de modo nenhum experimentarão a morte antes de verem o Reino de Deus".
28 ထိုသို့မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့ကြွတော်မူ၏။-
28 Aproximadamente oito dias depois de dizer essas coisas, Jesus tomou consigo a Pedro, João e Tiago e subiu a um monte para orar.
29 ထို့နောက် ကိုယ်တော်သည် ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်၏ အသွင်သဏ္ဌာန်သည် ပြောင်းလဲ၍ အဝတ်တော် သည်လည်း ဖြူဖွေးတောက်ပလာလေ၏။-
29 Enquanto orava, a aparência de seu rosto se transformou, e suas roupas ficaram alvas e resplandecentes como o brilho de um relâmpago.
30 ထိုအချိန်တွင် လူနှစ်ယောက်သည် ကိုယ်တော်နှင့် စကားပြောလျက် ရှိကြ၏။ ထိုသူတို့သည်ကား မိုးဇက်နှင့်ဧလိယတို့ ဖြစ်ကြ၏။-
30 Surgiram dois homens que começaram a conversar com Jesus. Eram Moisés e Elias.
31 သူတို့သည် ဘုန်းတန်ခိုးနှင့် ထင်ရှားစွာပေါ်လာ၍ ဂျေရုဆလင်မြို့၌ ဖြစ်လတ္တံ့သော ကိုယ်တော်၏ အသေခံတော်မူခြင်း အကြောင်းကိုပြောဆိုကြလေ၏။-
31 Apareceram em glorioso esplendor, e falavam sobre a partida de Jesus, que estava para se cumprir em Jerusalém.
32 ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည်ကား မျက်စိများလေးလံ၍ ငိုက်မျဉ်းနေကြ၏။ သို့ရာတွင် သူတို့ နိုးလာကြ သောအခါ ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေကြသော သူနှစ်ဦးကိုလည်းကောင်း မြင်ကြ၏။-
32 Pedro e os seus companheiros estavam dominados pelo sono; acordando subitamente, viram a glória de Jesus e os dois homens que estavam com ele.
33 ထိုသူတို့သည် ကိုယ်တော့်ထံတော်မှ ထွက်ခွာအံ့ဆဲဆဲအချိန်တွင် ပေတရုက ဆရာသခင်၊ ဤအရပ်သည် တပည့်တော်တို့အဖို့ နေရန်အလွန်ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင် ဆောက်ကြပါစို့ဟူ၍ မိမိပြောဆိုသည့်အရာကို မသိဘဲ ကိုယ်တော်အား လျှောက်လေ၏။-
33 Quando estes estavam se retirando, Pedro disse a Jesus: "Mestre, é bom estarmos aqui. Façamos três tendas: uma para ti, uma para Moisés e uma para Elias". ( Ele não sabia o que estava dizendo. )
34 သူသည် ဤသို့လျှောက်ထားစဉ် မိုးတိမ်တစ်ခုသည် ပေါ်လာ၍ သူတို့အပေါ်၌လွှမ်းမိုးလေ၏။ သူတို့သည်လည်း မိုးတိမ် တိုက်ထဲသို့ရောက်ရှိသောအခါ ကြောက်ရွံ့လျက်ရှိကြ ၏။-
34 Enquanto ele estava falando, uma nuvem apareceu e os envolveu, e eles ficaram com medo ao entrarem na nuvem.
35 ထို့နောက် ဤသူသည် ငါ၏ချစ်သား၊ ငါရွေးချယ်ထားသောသူဖြစ်၏။ သူ့ကိုနားထောင်ကြလော့ဟူ၍ မိုးတိမ်ထဲမှအသံ ထွက်ပေါ်လာလေ၏။-
35 Dela saiu uma voz que dizia: "Este é o meu Filho, o Escolhido; ouçam a ele! "
36 ထိုအသံ ထွက်ပေါ်လာပြီးသည့်နောက် သူတို့သည် ယေဇူးတစ်ပါးတည်းကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့ သည်လည်း မိမိတို့ တွေ့မြင်ခဲ့သည့် အကြောင်းအရာများကို ထိုနေ့ရက်တို့၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
36 Tendo-se ouvido a voz, Jesus ficou só. Os discípulos guardaram isto somente para si; naqueles dias, não contaram a ninguém nada do que tinham visto.
37 နောက်တစ်နေ့၌ သူတို့သည် တောင်ပေါ်မှ ဆင်းလာကြသောအခါ များစွာသော လူအစုအဝေးသည် ကိုယ်တော့်ကို လာရောက်တွေ့ဆုံကြ၏။-
37 No dia seguinte, quando desceram do monte, uma grande multidão veio ao encontro dele.
38 ထိုအချိန်တွင် လူအစုအဝေးတို့ထဲမှ တစ်ယောက်က ဟစ်အော်သည်မှာ ဆရာသခင်၊ အကျွန်ုပ်၏သားကိုကြည့်ရှုပါရန် တောင်းပန်ပါသည်။ အကြောင်းမူကား သူသည် အကျွန်ုပ်၏ တစ်ဦးတည်းသောသား ဖြစ်ပါ၏။-
38 Um homem da multidão bradou: "Mestre, rogo-te que dês atenção ao meu filho, pois é o único que tenho.
39 နတ်ဆိုးသည် သူ၌ပူးဝင်သောကြောင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါသည်။ ၎င်းသည် သူ၏ပါးစပ်မှ အမြှုပ် ထွက်သည့်တိုင်အောင် သူ့ကို အပြင်းအထန်လှုပ်ခါ၍ နာကျင်စေပြီးမှသာ ခက်ခက်ခဲခဲထွက်သွားပါသည်။-
39 Um espírito o domina; de repente ele grita; lança-o em convulsões e o faz espumar; quase nunca o abandona, e o está destruindo.
40 ကိုယ်တော်၏ တပည့်တော်တို့အား နတ်ဆိုးကိုနှင်ထုတ်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါသော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်လေ၏။-
40 Roguei aos teus discípulos que o expulsassem, mas eles não conseguiram".
41 ယေဇူးကလည်း ယုံကြည်ခြင်းကင်းမဲ့၍ ဖောက်ပြန်တတ်သော လူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှကြာအောင်နေ၍ သင်တို့ကို သည်းခံရမည်နည်းဟုဆိုလျက် သင်၏သားကို ဤနေရာသို့ ခေါ်ခဲ့လော့ဟု ထိုသူအား မိန့်တော်မူ၏။-
41 Respondeu Jesus: "Ó geração incrédula e perversa, até quando estarei com vocês e terei que suportá-los? Traga-me aqui o seu filho".
42 ထိုသူငယ် ချဉ်းကပ်လာစဉ် နတ်ဆိုးသည် သူ့ကိုတွန်းလှဲပြီးမှ လှုပ်ခါ၍ တက်စေ၏။ သို့ရာတွင် ယေဇူးသည် ညစ်ညူးသော နတ်ဆိုးကို ကြိမ်းမောင်း၍ သူငယ်ကို ကုသပျောက်ကင်းစေပြီးမှ သူ့အား သူ၏ဖခင်ထံသို့ပြန်အပ်တော်မူ၏။-
42 Quando o menino vinha vindo, o demônio o lançou por terra, em convulsão. Mas Jesus repreendeu o espírito imundo, curou o menino e o entregou de volta a seu pai.
43 လူအပေါင်းတို့သည်ကား ဘုရားသခင်၏ ကြီးမြတ်သော ဘုန်းတန်ခိုးတော်ကို မြင်ရသောကြောင့် အံ့ဩကြလေ၏။
43 E todos ficaram atônitos ante a grandeza de Deus. Estando todos maravilhados com tudo o que Jesus fazia, ele disse aos seus discípulos:
44 သင်တို့သည် ဤစကားများကို ကောင်းစွာမှတ်သားကြလော့။ အကြောင်းမူကား လူသားသည် လူတို့၏လက်တွင် အပ်နှံခြင်း ခံရလိမ့်မည်ဟု မိန့်တော်မူ၏။-
44 "Ouçam atentamente o que vou lhes dizer: o Filho do homem será traído e entregue nas mãos dos homens".
45 သို့ရာတွင် သူတို့သည် ဤစကားကို နားမလည်ကြ။ ဤစကားကို သူတို့မသိနိုင်အောင် ဖုံးကွယ်ထားလျက်ရှိ၏။ သူတို့သည်လည်း ကိုယ်တော်အား ဤအကြောင်းကိုမေးရန် ကြောက်ရွံ့ ကြ၏။
45 Mas eles não entendiam o que isso significava; era-lhes encoberto, para que não o entendessem. E tinham receio de perguntar-lhe a respeito dessa palavra.
46 တပည့်တော်တို့သည် မိမိတို့ထဲတွင် မည်သူသည် အကြီးမြတ်ဆုံးနည်းဟူ၍ အချင်းချင်းငြင်းခုံနေကြ၏။-
46 Começou uma discussão entre os discípulos, acerca de qual deles seria o maior.
47 သို့ရာတွင် ယေဇူးသည် သူတို့၏စိတ်နှလုံးထဲမှ ထင်မြင်ခံစားချက်ကို သိမြင်တော်မူသဖြင့် သူငယ်တစ်ဦးကို မိမိ၏ အနီးတွင်ထားပြီးမှ၊-
47 Jesus, conhecendo os seus pensamentos, tomou uma criança e a colocou em pé, a seu lado.
48 ငါ၏နာမ၌ ဤသူငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း လက်ခံ၏။ အကြောင်းမူကား သင်တို့တွင် အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏ဟု သူတို့အား မိန့်တော်မူ၏။
48 Então lhes disse: "Quem recebe esta criança em meu nome, está me recebendo; e quem me recebe, está recebendo aquele que me enviou. Pois aquele que entre vocês for o menor, este será o maior".
49 ယောဟန်က ဆရာသခင်၊ ကိုယ်တော်၏နာမ၌ နတ်ဆိုးများကို နှင်ထုတ်သောသူတစ်ဦးကို တပည့်တော်တို့တွေ့ခဲ့ပါသည်။ သူသည် တပည့်တော်တို့နှင့်အတူ မလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်ဟု လျှောက်လေ၏။-
49 Disse João: "Mestre, vimos um homem expulsando demônios em teu nome e procuramos impedi-lo, porque ele não era um dos nossos. "
50 သို့သော် ယေဇူးက ထိုသူ့ကို မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့နှင့် ဆန့်ကျင်ဘက် မပြုသောသူသည် သင်တို့ဘက်၌ ရှိသည်ဟု သူ့အား မိန့်တော်မူ၏။
50 "Não o impeçam", disse Jesus, "pois quem não é contra vocês, é a favor de vocês".
51 ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရမည့်အချိန် နီးလာသောအခါ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။-
51 Aproximando-se o tempo em que seria elevado ao céu, Jesus partiu resolutamente em direção a Jerusalém.
52 ကိုယ်တော်သည် တမန်များကို ရှေ့တော်သို့ ကြိုတင်စေလွှတ်တော်မူသဖြင့် သူတို့သည် ကိုယ်တော့်အတွက် ပြင်ဆင်ခြင်းငှာ ဆမာရိယလူမျိုးတို့၏ ရွာတစ်ရွာသို့ဝင်ကြ၏။-
52 E enviou mensageiros à sua frente. Indo estes, entraram num povoado samaritano para lhe fazer os preparativos;
53 သို့သော် ထိုရွာမှ လူတို့သည် ကိုယ်တော့်ကိုလက်မခံကြ။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေသောကြောင့်ဖြစ်၏။-
53 mas o povo dali não o recebeu porque se notava em seu semblante que ele ia para Jerusalém.
54 ကိုယ်တော်၏ တပည့်တော်များ ဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်လည်း ဤအခြင်းအရာကို မြင်ကြသောအခါ သခင်ဘုရား၊ ကောင်းကင်မှမီး ကျလာ၍ သူတို့ကို လောင်ကျွမ်းပါစေဟူ၍ တပည့်တော်တို့အား ပြောစေရန် အလိုရှိပါသလောဟု မေးလျှောက်ကြ၏။-
54 Ao verem isso, os discípulos Tiago e João perguntaram: "Senhor, queres que façamos cair fogo do céu para destruí-los? "
55 သို့ရာတွင် ကိုယ်တော်သည် လှည့်၍ သူတို့ကို ပြစ်တင်ဆုံးမတော်မူ၏။-
55 Mas Jesus, voltando-se, os repreendeu, dizendo: "Vocês não sabem de que espécie de espírito são, pois o Filho do homem não veio para destruir a vida dos homens, mas para salvá-los";
56 ထို့နောက် သူတို့သည် အခြားရွာတစ်ရွာသို့ ထွက်ခွာသွားကြလေ၏။
56 e foram para outro povoado.
57 သူတို့သည် လမ်း၌သွားနေကြစဉ် လူတစ်ယောက်က ကိုယ်တော်ကြွသွားမည့် နေရာအရပ်ရပ်သို့ အကျွန်ုပ် လိုက်ပါမည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
57 Quando andavam pelo caminho, um homem lhe disse: "Eu te seguirei por onde quer que fores".
58 ထိုအခါ ယေဇူးက မြေခွေးတို့၌ တွင်းရှိ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူသား၌မူကား မိမိ၏ ခေါင်းချစရာ နေရာမရှိဟု သူ့အား မိန့်တော်မူ၏။-
58 Jesus respondeu: "As raposas têm suas tocas e as aves do céu têm seus ninhos, mas o Filho do homem não tem onde repousar a cabeça".
59 ကိုယ်တော်သည် အခြားသော သူတစ်ဦးအား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ သို့သော်လည်း ထိုသူက သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို သင်္ဂြိုဟ်ရန် ဦးစွာသွားပါရစေဟု လျှောက်လေ၏။-
59 A outro disse: "Siga-me". Mas o homem respondeu: "Senhor, deixa-me ir primeiro sepultar meu pai".
60 ထိုအခါ ကိုယ်တော်က လူသေတို့သည် မိမိတို့လူသေများကို သင်္ဂြိုဟ်ကြပါစေ။ သင်မူကား သွား၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောလော့ဟု သူ့အား မိန့်တော်မူ၏။-
60 Jesus lhe disse: "Deixe que os mortos sepultem os seus próprios mortos; você, porém, vá e proclame o Reino de Deus".
61 အခြားသော သူတစ်ဦးကလည်း သခင်ဘုရား၊ ကိုယ်တော်၏နောက်တော်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော် အကျွန်ုပ်၏ အိမ်တွင်ရှိသော သူတို့ကို ဦးစွာနှုတ်ဆက်ပါရစေဟု လျှောက်လေ၏။-
61 Ainda outro disse: "Vou seguir-te, Senhor, mas deixa-me primeiro voltar e me despedir da minha família".
62 ယေဇူးကလည်း ထွန်တုံးကိုကိုင်၍ နောက်သို့ လှည့်ကြည့်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်တန်ဟု သူ့အား မိန့်တော်မူ၏။
62 Jesus respondeu: "Ninguém que põe a mão no arado e olha para trás é apto para o Reino de Deus".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.